သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖက္ဒရယ္စနစ္ႏွင့္ ကိုက္ညီမည့္ အမ်ိဳးသားေရးဝါဒ ဘာလဲ (အပိုင္း ၁)


APTOPIX Myanmar Ethnic Wars

ဒီကေန႔ ျမန္မာႏိုင္ငံမွာ စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ထြန္းေရး ရည္မွန္းခ်က္ေတြ၊ ကတိစကားေတြ နဲ႔အတူ ေဆြးေႏြးညႇိႏႈိင္းမႈေတြလဲ ၾကားေနရပါတယ္။ တခ်ိန္တည္းမွာပဲ လူမ်ိဳးတမ်ိဳးခ်င္းစီကို အေျချပဳတဲ့ Ethnic-nationalism ဟာလဲ အရွိန္အဟုန္ ျမင့္မားေနတယ္ဆိုရင္ မွားမယ္မဟုတ္ပါဘူး။ ဒီ လူမ်ိဳးအေျချပဳအမ်ိဳးသားေရးဝါဒသည္ တန္းတူညီမွ်မႈကို အေျခခံေသာ ဖက္ဒရယ္စနစ္နဲ႔ ကိုက္ညီပါရဲ႕လား၊ ဖက္ဒရယ္ျပည္ေထာင္စုအတြက္ တကယ္လိုအပ္တဲ့ အမ်ိဳးသားေရးဝါဒက ဘယ္လို ျဖစ္သင့္ပါသလဲ။ ဖယ္ဒရယ္ေရးတက္ႂကြသူ သုေတသီေဆာင္းပါးရွင္ စိုင္းဝမ္ဆိုင္း နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ေဆြးေႏြးခ်င္တာကေတာ့ အခု ျမန္မာႏိုင္ငံမွာ အာဏာရထားတဲ့ စစ္ေကာင္စီနဲ႔ ဒီမိုကေရစီေရးအတြက္ တုိက္ပြဲဝင္ေနတဲ့ အမ်ဳိးသားညီညႊတ္ေရးအစိုးရ (NUG) ဘက္ကေရာ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု ေဖာ္ေဆာင္ေရးအတြက္ က်ယ္က်ယ္ေလာင္ေလာင္ပဲ ေျပာဆိုေနၾကပါတယ္။ တခ်ိန္္တည္းမွာပဲ တိုင္းရင္းသားအားလံုးလိုလိုကလဲ သူတုိ႔တုိင္းရင္းသားေတြရဲ ႔ တိုင္းရင္းသားအမ်ဳိးသားေရးဝါဒ Ethnic Nationalism or Ethnonationalism သူတုိ႔ယဥ္ေက်းမႈ၊ သူတုိ႔ေဒသကို အေျခခံတဲ့ အမ်ဳိိးသားေရးစိတ္ဓါတ္ကို အစြမ္းကုန္ျမွင့္တင္ၿပီးေတာ့ ေၾကြးေၾကာ္ေနၾကတဲ့ အခ်ိန္ ျဖစ္ပါတယ္။ ဆိုေတာ့ တဘက္မွာ စစ္မွန္တဲ့ ျပည္ေထာင္စုျဖစ္ေအာင္ တေပါင္းတစုတည္း ဖြဲ႔စည္းၾကမယ္။ အျခားတဘက္မွာေတာ့ တုိင္းရင္းသားေတြဟာ အကုန္လံုး သူ႔အမ်ဳိးသားေရးဝါဒကို သီးျခားစီ ေၾကြးေၾကာ္ေနၾကတယ္ဆိုေတာ့ ဒီလုိျဖစ္စဥ္ႏွစ္ခုဟာ တူညီတဲ့လမ္းကို သြားေနၾကပါရဲ ႔လား။ တစည္းတလံုးတည္းေသာ ျပည္ေထာင္စုျဖစ္တည္ေရးကို ဦးတည္ေနပါသလား။ သို႔တည္းမဟုတ္ အဲဒီလမ္းနဲ႔မ်ား ဖီလာဆန္႔က်င္ျဖစ္ေနသလား။ စိုင္းဝမ္ဆိုင္ ဘယ္လိုသံုးသပ္မိပါသလဲ။

ေျဖ ။ ။ က်ေနာ့္အျမင္မွာေတာ့ ဒီေန႔ေခတ္တိုးတက္ေနတဲ့ ႏုိင္ငံေရးအေျခအေနကို ေထာက္ၾကည့္လို႔ရိွရင္ေတာ့ အေကာင္းျမင္ဝါဒဘက္ကေန က်ေနာ္ ၾကည့္လို႔ရတယ္။ အခု ျမန္မာျပည္ရဲ ႔ သမုိင္းမွာ တခါမွမျဖစ္ဘူးေသးတဲ့ ဗမာမဟုတ္တဲ့ တုိင္းရင္းသားေတာ္လွန္ေရးအဖြဲ႔အစည္း၊ ႏိုင္ငံေရးအဖြဲ႔အစည္းေတြနဲ႔ ဒီမုိကေရစီလိုလားတဲ့ အင္အားစုေတြ ေပါင္းစည္းသြားတယ္လို႔ က်ေနာ္က အဲဒီလိုျမင္တယ္။ ဒါက ေကာင္းတဲ့ တိုးတက္ျဖစ္ေပၚမႈလိုပဲ ယူဆတယ္။

ေမး ။ ။ ဒါေပမဲ့ က်ေနာ္ အဓိကသိခ်င္တာက တခ်ိန္တည္းမွာပဲ တုိင္းရင္းသားေတြက သူတုိ႔သီးျခားအမ်ဳိးသားေရးဝါဒကို အမ်ားႀကီးအစြမ္းကုန္ျမွင့္ၿပီးေတာ့ ေၾကြးေၾကာ္ေနၾကပါတယ္။ ဒီလိုတုိင္းရင္းသားေတြရဲ ႔ သီးျခားအမ်ဳိးသားေရးဝါဒကို ေၾကြးေၾကာ္လာျခင္းသည္ ဘာနဲ႔ဆက္စပ္ေနသလဲဆိုေတာ့ တခ်ိန္တုန္းက ဗမာတုိ႔ရဲ ႔ Chauvinism လူမ်ဳိးႀကီးဝါဒကို သူတို႔လက္မခံဘူးဆိုတဲ့ သေဘာနဲ႔ တလမ္းတည္းသြားေနတယ္လို႔ ေျပာလို႔ရတယ္။ ဆိုေတာ့ က်ေနာ္က အဲဒါကို ေမးခ်င္တာ။ အယူဝါဒအားျဖင့္ အဲဒီလိုေျပာေနျခင္းသည္ ဖက္ဒရယ္ျပည္ေထာင္စု တခုတည္းျဖစ္ေျမာက္ေရးအတြက္ ဘယ္လိုရိုက္ခတ္ႏိုင္သလဲ။ ကန္ထြက္ခ်င္တဲ့ သေဘာလား။ စုစည္းခ်င္တဲ့သေဘာလား - သေဘာတရားအားျဖင့္။

ေျဖ ။ ။ ေနာက္ဆံုးျဖစ္ေပၚေနတဲ့ အေျခအေနကေတာ့ က်ေနာ္ကေတာ့ စုစည္းခ်င္တဲ့သေဘာလုိ႔ ယူဆတယ္။ ဘာေၾကာင့္ အဲဒီလိုယူဆသလဲဆိုေတာ့ လက္နက္ကိုင္ တုိင္းရင္းသားေတာ္လွန္ေရးအင္အားစုေတြကလည္း တထီးတနန္း တည္ေထာင္ဖို႔ကလည္း မျဖစ္ႏုိင္ဘူးဆိုတာ သူတုို႔က ေသခ်ာသိေနၾကတယ္။ အျပည္ျပည္ဆိုင္ရာ Norm ရဲ ႔ ျဖစ္ေပၚမႈအေျခအေနေပၚမွာ မူတည္ၿပီးေတာ့ ၾကည့္လိုက္တဲ့အခါမွာ အရင္တုန္းက ကခ်င္၊ ရွမ္း၊ ကရင္အားလံုးက လြတ္လပ္ေရးပဲ သူတုိ႔က ေျပာတာ။ လံုးဝလြတ္လပ္ေရး။ အခုေတာ့ သူတုိ႔က ဖက္ဒရယ္စနစ္ Federalism ေျပာလာတယ္။ ဆိုေတာ့ သူတုိ႔က အတူတူပူးေပါင္းေနထိုင္ေရးကို လိုလားတယ္လို႔ က်ေနာ္က ယူဆတယ္။ အဲဒါေၾကာင့္မို႔ အစိတ္စိတ္အမႊာမႊာ ကြဲသြားတဲ့ တိုင္းျပည္ျဖစ္ဖို႔ဆုိတာ သိပ္ၿပီးအေျခအေန မေပးဘူးလို႔ က်ေနာ္ကေတာ့ အဲဒီလိုယူဆတယ္။ အဲဒါေၾကာင့္မို႔ ဒီေန႔ျဖစ္ေပၚတိုးတက္ေနတဲ့ အေျခအေနက စုစည္းမႈကို ပိုၿပီးသြားတယ္လို႔ ေတြ႔ရတယ္။

ေမး ။ ။ ေနာက္တခုက တန္းတူျဖစ္မႈကို အေျခခံရမယ္။ သူတုိ႔ အဓိကလိုခ်င္ၾကတာ။ တိုင္းရင္းသားေတြအတြက္ ဖန္တီးေပမယ့္ ျပည္နယ္ေတြ။ တိုင္းရင္းသားေတြဟာ ဖက္ဒရယ္ျပည္ေထာင္စုထဲမွာပါတဲ့ အစိတ္အပိုင္းေတြ။ ဖက္ဒရယ္ယူနစ္ေတြအျဖစ္ သူတုုိ႔ေဒသေတြက ပါဝင္လာမယ္။ အဲဒီေဒသေတြက ရရိွလိုတဲ့ အခြင့္အေရးကိုေကာ ျပည္ေထာင္စုဗဟိုအစိုးရအေနနဲ႔ ဘယ္ေလာက္အထိ လိုက္ေလ်ာႏုိင္မယ့္ အတိုင္းအတာ ရိွပါသလဲ။ အဲဒီကိစၥမွာေကာ ျပႆနာမေပၚႏုိင္ဘဲနဲ႔ အဆင္ေခ်ာေမြ႔သြားလိမ့္မယ္လို႔ ယူဆပါသလား။

ေျဖ ။ ။ အခုေလာေလာဆယ္ ဗဟိုအစိုးရလုိ႔ က်ေနာ္တုိ႔ ေျပာတဲ့အခါမွာ စစ္အုပ္စုက ေမာင္းမယ္စီးထားတဲ့ အစိုးရရယ္၊ စစ္အုပ္စုကို ေတာ္လွန္ေနတဲ့ NUG အစုိးရ ႏွစ္ဖြဲ႔ရိွတယ္။ ႏွစ္ဖြဲ႔စလံုးကေျပာတာ သူတုိ႔က ဖက္ဒရယ္စနစ္ကို သြားမယ္။ ဒါေပမဲ့ NUG ကေတာ့ ပိုၿပီးေတာ့ သမာသမတ္ရိွတဲ့ ဗမာေတြလႊမ္းမိုးထားတဲ့ အဖြဲ႔အစည္းလို႔ ေျပာႏိုင္တယ္။ ဆိုေတာ့ အဲဒီအဖြဲ႔အစည္းနဲ႔ တြဲၿပီးေတာ့ အတူတူအလုပ္လုပ္မယ္ဆိုရင္ ႏုိင္ငံေရးျဖစ္ေပၚတုိးတက္မႈက အေကာင္းဘက္ကိုသြားမယ္။ ဒါေပမဲ့ အဲဒီအေကာင္းဘက္ကိုသြားဖို႔ဆိုတဲ့ေနရာမွာ က်ေနာ္တို႔က ႏုိုင္ငံေရးအရ အေတြးအေခၚအသစ္ေတြလိုတယ္။ အဲဒီအသစ္က ဘာလဲဆိုေတာ့ Civic Nationalism လို႔ေခၚတဲ့ ျပည္သူ႔အမ်ဳိးသားေရးဝါဒ ျဖစ္တယ္။ သို႔မဟုတ္ ျပည္သူအေျခခံ အမ်ဳိးသားေရးဝါဒ။ အဲဒီဝါဒကို က်ေနာ္တို႔က အေတြးအေခၚ သို႔မဟုတ္ သီအုိရီအရ အျမင္က်ယ္တဲ့အျမင္ အသံုးျပဳမယ္ဆိုရင္ အဲဒီေနရာမွာ အသံုးျပဳလို႔ရမယ္။ အဲဒီအေျခအေနမ်ဳုိးကေနသြားမယ္ဆိုရင္ က်ေနာ္ထင္တာ ႏုိင္ငံေရးေျခလွမ္းေတြက ေကာင္းလာလိမ့္မယ္။

ေမး ။ ။ က်ေနာ္ ဒီေနရာမွာ ဆက္ေျပာခ်င္တာက အခုလို Ethnonationalism, Culture-nationalism ကေန Civic-nationalism လို႔ေခၚတဲ့ ျပည္သူ႔အမ်ိးသားေရးဝါဒ အကုန္္လံုးျပည္သူကို တေဘာင္တည္းကိုယ္စားျပဳတယ္ေပါ့။ အဲဒီအထဲမွာ မတူကြဲျပားသူေတြလည္းပါမယ္။ ဒီဟာေတြကိုလည္း သူတုိ႔လက္ခံရမယ္ဆိုုေတာ့ အဲဒီလို အေတြးအေခၚမ်ဳိး။ အဲဒီအမ်ဳိးသားေရးဝါဒမ်ဳိး ျဖစ္ထြန္းလာဖို႔အတြက္ NUG အစိုးရဘက္ကေရာ အဆင္သင့္ျဖစ္ၿပီလို႔ ထင္ပါသလား။ ဘာေတြမ်ား ဆက္လုပ္ဖုိ႔ လုိပါေသးလဲ။ အဲဒီလိုျဖစ္ေၾကာင္း ျပသဖုိ႔အတြက္။ ျပည္သူေတြ လက္ခံလာေအာင္လုိ႔။

ေျဖ ။ ။ NUG အစိုးရက Federal Charter ဆိုတာကို ထုတ္ထားတယ္။ အဲဒီ Federal Charter ကေတာ့ ၾကည့္ရတာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒၾကမ္း အဲဒါကို NUG နဲ႔ ေတာ္လွန္ေရးအဖြဲ႔အစည္းေတြနဲ႔ ႏုိင္ငံေရးအဖြဲ႔အစည္းေတြနဲ႔ ေပါင္းၿပီးေတာ့ ထုတ္ထားတာ။ အဲဒီအေပၚမွာ သူတို႔က ေတာ္ေတာ္အေျခခံတယ္။ အဲဒါကို အေျခခံတယ္ဆိုရင္ေတာ့ Ethnic Nationalism အေပါင္း Civic Nationalism ကို ညႊန္ေနတဲ့ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံုအေျခခံ ဥပေဒလုိ႔ ျမင္လို႔ရတဲ့အတြက္ အဲဒါကျဖစ္မယ္။

ေမး ။ ။ ဒါကေတာ့ ေခါင္းေဆာင္ပိုင္းေပါ့။ တုိင္းရင္းသားေတြနဲ႔ ဗမာျပည္သူေတြၾကားမွာ ဒီလိုျဖစ္လာႏိုင္မယ့္ အလားအလာ ျမင္ပါသလား။ ျဖစ္လာႏိုင္မယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ ပထမေျပာမယ္ဆိုလို႔ရိွရင္ People’s Defense Force (PDF) ျပည္သူ႔ကာကြယ္ေရးတပ္ကလည္း တကယ္တမ္းက ဖြဲ႔စည္းေပးလိုက္တာလဲ NUG က ဖြဲ႔စည္းေပးလိုက္တာ။ ဒါေပမဲ့ အဲဒီအဖြဲ႔အစည္းေတြက သူတုိ႔က ဗမာေတြအမ်ားစုေနတဲ့ ေနရာမွာတင္ ျဖစ္ေနတာမဟုတ္ဘဲနဲ႔ တုိင္းရင္းသားေတြေနတဲ့ ျပည္နယ္ေတြမွာလည္း အကုန္လံုးသြားျပန္႔ေနတယ္။ တုိင္းရင္းသားေတြေနတဲ့ ျပည္နယ္က လူေတြကလည္း သူတို႔နဲ႔ တက်ိတ္တည္းတဥာဏ္တည္း အတူတူသြားခ်င္တဲ့ ပံုစံရိွတယ္။ အဲဒီအခါၾကေတာ့ က်ေနာ္တို႔လုပ္ခ်င္တာကိုလဲ ဆက္စပ္ၿပီး လုပ္လို႔ရတယ္။ က်ယ္ျပန္႔လာမယ္။

ေမး ။ ။ စိုင္းဝမ္ဆိုင္းကေတာ့ ႏိုင္ငံေရးအေျခအေနကို အဓိကဦးစားေပးၿပီးေတာ့ ေျပာေနတယ္။ အဲဒါက ႏုိင္ငံေရးအေျခအေနေျပာင္းရင္ ဘယ္လိုျဖစ္လာမယ္ ဘာညာ။ က်ေနာ္ကေတာ့ လူထုရဲ ႔ အေတြးအေခၚ ေျပာင္းလဲေရးနဲ႔ ပတ္သက္ၿပီးေတာ့ ပညာေရးေတြ ဘာေတြေကာ ျပဳျပင္ဖို႔ မလိုဘူးလား။ ဆိုၾကပါစို႔ ျမန္မာႏုိင္ငံမွာ အစဥ္အဆက္ သမိုင္းသင္လာၾကတာ ဗမာေက်ာရိုးျပဳ Burman Centrist History သင္လာခဲ့တာ။ အဲဒီသမုိင္းထဲမွာ တုိင္းရင္းသားေတြရဲ ႔ အစဥ္အလာ၊ တုိင္းရင္းသားေတြရဲ ႔ ႏုိင္ငံေရးအဆင့္အတန္း ဘာညာကို သိပ္အသိအမွတ္ျပဳထားတဲ့ သမိုင္းမ်ဳိး မဟုတ္ဘူး။ တခ်ဳိ ႔က အဲဒါျပၿပီး ေထာက္ျပၾကတယ္။ ဒီဟာေတြကစၿပီး ျပင္ရမယ္ ဘာညာ။ အဲဒါနဲ႔ ကိုက္ညီတဲ့ Civic Nationalism ထြန္းကားေနေအာင္ လူမႈေရး အေတြးအေခၚပိုင္းေကာ ျပဳျပင္ဖုိ႔ မလိုဘူးလား။

ေျဖ ။ ။ တကယ္တမ္းကေတာ့ Awareness Building ေခၚ လူထုကို ပညာေပးတာ - ႏုိုင္ငံေရးအရ မွန္ကန္တဲ့လမ္းစဥ္ေရာက္ေအာင္။ အဲဒီအပိုင္းက က်ေနာ္တုိ႔မွာ အာဏာမရိွရင္ လုပ္ရတာေႏွးၿပီး၊ အာဏာရိွရင္ လုပ္ရတာျမန္မယ္။ ဆိုေတာ့ကာ အာဏာရိွတယ္ဆိ္ိုလို႔ရိွရင္ ေတာ္လွန္ေရးအဖြဲ႔အစည္းေတြ အာဏာရိွတဲ့ေနရာမွာ သူတုိ႔လႊမ္းၿခံဳစိုးမုိးထားတဲ့ ေနရာေတြမွာ သူတုိ႔လုပ္လို႔ရတယ္။ အဲဒါကိုလဲ တခ်ဳိ ႔အပိုင္းေတြမွာ လုပ္ေနၾကတယ္။ အင္တာနက္ေတြ ဘာေတြမွာ ေတြ႔ေနရတယ္။ ဦးေက်ာ္ဇံသာေျပာသလို ထိထိေရာက္ေရာက္ Program တခုအေနနဲ႔ လုပ္မယ္ဆိုရင္လဲ ဒါက ေကာင္းတဲ့အလုပ္ေပါ့။ မလုပ္ဘဲနဲ႔ သီအုိရီအရ ရိွေနမယ္ဆိုရင္လဲ အလုပ္မျဖစ္ဘူး။ ဆိုေတာ့ လူထုကို အျမင္က်ယ္တဲ့ implementation ေဘာင္တခုကို နားလည္ေအာင္ အသိပညာရွင္၊ အတတ္ပညာရွင္ေတြက ရွင္းျပမယ္။ ေနာက္ၿပီးေတာ့ အဲဒီလမ္းစဥ္ကိုလည္း ဆန္႔က်င္ဘက္ေခါင္းေဆာင္ေတြက လက္ခံမယ္ဆိုရင္ေတာ့ က်ေနာ္ထင္တယ္ လုပ္လို႔ရတယ္။

ေမး ။ ။ စိုင္းဝမ္ဆိုင္းကေတာ့ NUG နဲ႔ NUCC တိုိ႔က ေရးဆြဲထားတဲ့ ျပည္ေထာင္စုပဋိညာဥ္ကို ေစ့ေစ့ေလ့လာထားၿပီးၿပီလို ထင္ပါတယ္။ အဲဒီအထဲမွာ ၾကည့္ရတာ Civic Nationalism ျပည္သူကိုအေျချပဳေသာ အမ်ဳိးသားေရးဝါဒ၊ တုိင္းရင္းသားတဦးခ်င္း၊ ယဥ္ေက်းမႈတခုခ်င္းကို အေျချပဳတဲ့ အမ်ဳိးသားေရးဝါဒ မဟုတ္ေသာ၊ ျပည္သူအားလံုးကို အေျချပဳေသာ အမ်ဳိးသားေရးဝါဒအတြက္ အဲဒီထဲမွာ ဘယ္ေလာက္အထိမ်ား အဲဒီသေဘာတရားကို ေဖာ္ညႊန္ထားပါသလဲ။

ေျဖ ။ ။ အမွန္တိုင္းေျပာရရင္ အဲဒါကို က်ေနာ္ ဂဃနဏ မဖတ္ထားဘူး။ ဒါေပမဲ့ သူ႔ရဲ ႔ Basic Points ေတြကို ၾကည့္ရတာေတာ့ အဲဒီလမ္းကို သြားေနတယ္လို႔ က်ေနာ္က အဲဒီလိုယူဆတယ္။ အဲဒီလမ္းကို သြားေနတယ္ဆိုရင္ေတာ့ သူတုိ႔က Ethnic Nationalism လို႔ေခၚတဲ့ လူမ်ဳိးအေျခခံ အမ်ဳိးသားေရးဝါဒ မေကာင္းတဲံအပိုင္းေတြကို ပယ္ဖ်က္ၿပီး၊ ေကာင္းတဲ့အပိုင္းေတြကိုယူ။ ေနာက္ၿပီး Civic Nationalism လို႔ေခၚတဲ့ ျပည္သူ႔အေျချပဳ အမ်ဳိးသားေရးဝါဒမွာ ေကာင္းတဲ့အပိုင္းေတြကို ေပါင္းၿပီးေတာ့ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒကို အဲဒါနဲ႔အညီ ေရးဆြဲမယ္ဆိုလို႔ရိွရင္ က်န္တဲ့ဟာေတြက ဆက္လုပ္လုိ႔ရတယ္။ ဆိုေတာ့ က်ေနာ္ကေတာ့ NUG ကို လံုးဝအားထားတယ္ဆိုတဲ့ ပံုစံမ်ဳိး ေျပာေနတာ မဟုတ္ဘူး။ က်ေနာ္က Theoretically သူတုိ႔ ဒီလိုလုပ္လို႔ရိွရင္ ဒီလိုျဖစ္မယ္ဆိုတာမ်ဳိး အျမင္နဲ႔ ေျပာေနတာ။

ဖက္ဒရယ္စနစ္ ႏွင့္ ကိုက္ညီမယ့္ အမ်ိဳးသားေရးဝါဒ (ဒုတိယပိုင္းကို ေနာက္အပတ္မွာ ဆက္လက္နားဆင္ၾကပါ။)

===Unicode ===

ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေး ရည်မှန်းချက်တွေ၊ ကတိစကားတွေ နဲ့အတူ ဆွေးနွေးညှိနှိုင်းမှုတွေလဲ ကြားနေရပါတယ်။ တချိန်တည်းမှာပဲ လူမျိုးတမျိုးချင်းစီကို အခြေပြုတဲ့ Ethnic-nationalism ဟာလဲ အရှိန်အဟုန် မြင့်မားနေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒီ လူမျိုးအခြေပြုအမျိုးသားရေးဝါဒသည် တန်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီပါရဲ့လား၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် တကယ်လိုအပ်တဲ့ အမျိုးသားရေးဝါဒက ဘယ်လို ဖြစ်သင့်ပါသလဲ။ ဖယ်ဒရယ်ရေးတက်ကြွသူ သုတေသီဆောင်းပါးရှင် စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ အခု မြန်မာနိုင်ငံမှာ အာဏာရထားတဲ့ စစ်ကောင်စီနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဘက်ကရော စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် ကျယ်ကျယ်လောင်လောင်ပဲ ပြောဆိုနေကြပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားအားလုံးလိုလိုကလဲ သူတို့တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသားအမျိုးသားရေးဝါဒ Ethnic Nationalism or Ethnonationalism သူတို့ယဉ်ကျေးမှု၊ သူတို့ဒေသကို အခြေခံတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို အစွမ်းကုန်မြှင့်တင်ပြီးတော့ ကြွေးကြော်နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ဆိုတော့ တဘက်မှာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်အောင် တပေါင်းတစုတည်း ဖွဲ့စည်းကြမယ်။ အခြားတဘက်မှာတော့ တိုင်းရင်းသားတွေဟာ အကုန်လုံး သူ့အမျိုးသားရေးဝါဒကို သီးခြားစီ ကြွေးကြော်နေကြတယ်ဆိုတော့ ဒီလိုဖြစ်စဉ်နှစ်ခုဟာ တူညီတဲ့လမ်းကို သွားနေကြပါရဲ့လား။ တစည်းတလုံးတည်းသော ပြည်ထောင်စုဖြစ်တည်ရေးကို ဦးတည်နေပါသလား။ သို့တည်းမဟုတ် အဲဒီလမ်းနဲ့များ ဖီလာဆန့်ကျင်ဖြစ်နေသလား။ စိုင်းဝမ်ဆိုင် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ။ ကျနော့်အမြင်မှာတော့ ဒီနေ့ခေတ်တိုးတက်နေတဲ့ နိုင်ငံရေးအခြေအနေကို ထောက်ကြည့်လို့ရှိရင်တော့ အကောင်းမြင်ဝါဒဘက်ကနေ ကျနော် ကြည့်လို့ရတယ်။ အခု မြန်မာပြည်ရဲ့ သမိုင်းမှာ တခါမှမဖြစ်ဘူးသေးတဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ ပေါင်းစည်းသွားတယ်လို့ ကျနော်က အဲဒီလိုမြင်တယ်။ ဒါက ကောင်းတဲ့ တိုးတက်ဖြစ်ပေါ်မှုလိုပဲ ယူဆတယ်။

မေး ။ ။ ဒါပေမဲ့ ကျနော် အဓိကသိချင်တာက တချိန်တည်းမှာပဲ တိုင်းရင်းသားတွေက သူတို့သီးခြားအမျိုးသားရေးဝါဒကို အများကြီးအစွမ်းကုန်မြှင့်ပြီးတော့ ကြွေးကြော်နေကြပါတယ်။ ဒီလိုတိုင်းရင်းသားတွေရဲ့ သီးခြားအမျိုးသားရေးဝါဒကို ကြွေးကြော်လာခြင်းသည် ဘာနဲ့ဆက်စပ်နေသလဲဆိုတော့ တချိန်တုန်းက ဗမာတို့ရဲ့ Chauvinism လူမျိုးကြီးဝါဒကို သူတို့လက်မခံဘူးဆိုတဲ့ သဘောနဲ့ တလမ်းတည်းသွားနေတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ ကျနော်က အဲဒါကို မေးချင်တာ။ အယူဝါဒအားဖြင့် အဲဒီလိုပြောနေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု တခုတည်းဖြစ်မြောက်ရေးအတွက် ဘယ်လိုရိုက်ခတ်နိုင်သလဲ။ ကန်ထွက်ချင်တဲ့ သဘောလား။ စုစည်းချင်တဲ့သဘောလား - သဘောတရားအားဖြင့်။

ဖြေ ။ ။ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ကျနော်ကတော့ စုစည်းချင်တဲ့သဘောလို့ ယူဆတယ်။ ဘာကြောင့် အဲဒီလိုယူဆသလဲဆိုတော့ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကလည်း တထီးတနန်း တည်ထောင်ဖို့ကလည်း မဖြစ်နိုင်ဘူးဆိုတာ သူတို့က သေချာသိနေကြတယ်။ အပြည်ပြည်ဆိုင်ရာ Norm ရဲ့ ဖြစ်ပေါ်မှုအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကြည့်လိုက်တဲ့အခါမှာ အရင်တုန်းက ကချင်၊ ရှမ်း၊ ကရင်အားလုံးက လွတ်လပ်ရေးပဲ သူတို့က ပြောတာ။ လုံးဝလွတ်လပ်ရေး။ အခုတော့ သူတို့က ဖက်ဒရယ်စနစ် Federalism ပြောလာတယ်။ ဆိုတော့ သူတို့က အတူတူပူးပေါင်းနေထိုင်ရေးကို လိုလားတယ်လို့ ကျနော်က ယူဆတယ်။ အဲဒါကြောင့်မို့ အစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုတာ သိပ်ပြီးအခြေအနေ မပေးဘူးလို့ ကျနော်ကတော့ အဲဒီလိုယူဆတယ်။ အဲဒါကြောင့်မို့ ဒီနေ့ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေက စုစည်းမှုကို ပိုပြီးသွားတယ်လို့ တွေ့ရတယ်။

မေး ။ ။ နောက်တခုက တန်းတူဖြစ်မှုကို အခြေခံရမယ်။ သူတို့ အဓိကလိုချင်ကြတာ။ တိုင်းရင်းသားတွေအတွက် ဖန်တီးပေမယ့် ပြည်နယ်တွေ။ တိုင်းရင်းသားတွေဟာ ဖက်ဒရယ်ပြည်ထောင်စုထဲမှာပါတဲ့ အစိတ်အပိုင်းတွေ။ ဖက်ဒရယ်ယူနစ်တွေအဖြစ် သူတို့ဒေသတွေက ပါဝင်လာမယ်။ အဲဒီဒေသတွေက ရရှိလိုတဲ့ အခွင့်အရေးကိုကော ပြည်ထောင်စုဗဟိုအစိုးရအနေနဲ့ ဘယ်လောက်အထိ လိုက်လျောနိုင်မယ့် အတိုင်းအတာ ရှိပါသလဲ။ အဲဒီကိစ္စမှာကော ပြဿနာမပေါ်နိုင်ဘဲနဲ့ အဆင်ချောမွေ့သွားလိမ့်မယ်လို့ ယူဆပါသလား။

ဖြေ ။ ။ အခုလောလောဆယ် ဗဟိုအစိုးရလို့ ကျနော်တို့ ပြောတဲ့အခါမှာ စစ်အုပ်စုက မောင်းမယ်စီးထားတဲ့ အစိုးရရယ်၊ စစ်အုပ်စုကို တော်လှန်နေတဲ့ NUG အစိုးရ နှစ်ဖွဲ့ရှိတယ်။ နှစ်ဖွဲ့စလုံးကပြောတာ သူတို့က ဖက်ဒရယ်စနစ်ကို သွားမယ်။ ဒါပေမဲ့ NUG ကတော့ ပိုပြီးတော့ သမာသမတ်ရှိတဲ့ ဗမာတွေလွှမ်းမိုးထားတဲ့ အဖွဲ့အစည်းလို့ ပြောနိုင်တယ်။ ဆိုတော့ အဲဒီအဖွဲ့အစည်းနဲ့ တွဲပြီးတော့ အတူတူအလုပ်လုပ်မယ်ဆိုရင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုက အကောင်းဘက်ကိုသွားမယ်။ ဒါပေမဲ့ အဲဒီအကောင်းဘက်ကိုသွားဖို့ဆိုတဲ့နေရာမှာ ကျနော်တို့က နိုင်ငံရေးအရ အတွေးအခေါ်အသစ်တွေလိုတယ်။ အဲဒီအသစ်က ဘာလဲဆိုတော့ Civic Nationalism လို့ခေါ်တဲ့ ပြည်သူ့အမျိုးသားရေးဝါဒ ဖြစ်တယ်။ သို့မဟုတ် ပြည်သူအခြေခံ အမျိုးသားရေးဝါဒ။ အဲဒီဝါဒကို ကျနော်တို့က အတွေးအခေါ် သို့မဟုတ် သီအိုရီအရ အမြင်ကျယ်တဲ့အမြင် အသုံးပြုမယ်ဆိုရင် အဲဒီနေရာမှာ အသုံးပြုလို့ရမယ်။ အဲဒီအခြေအနေမျိုုးကနေသွားမယ်ဆိုရင် ကျနော်ထင်တာ နိုင်ငံရေးခြေလှမ်းတွေက ကောင်းလာလိမ့်မယ်။

မေး ။ ။ ကျနော် ဒီနေရာမှာ ဆက်ပြောချင်တာက အခုလို Ethnonationalism, Culture-nationalism ကနေ Civic-nationalism လို့ခေါ်တဲ့ ပြည်သူ့အမျိးသားရေးဝါဒ အကုန်လုံးပြည်သူကို တဘောင်တည်းကိုယ်စားပြုတယ်ပေါ့။ အဲဒီအထဲမှာ မတူကွဲပြားသူတွေလည်းပါမယ်။ ဒီဟာတွေကိုလည်း သူတို့လက်ခံရမယ်ဆိုတော့ အဲဒီလို အတွေးအခေါ်မျိုး။ အဲဒီအမျိုးသားရေးဝါဒမျိုး ဖြစ်ထွန်းလာဖို့အတွက် NUG အစိုးရဘက်ကရော အဆင်သင့်ဖြစ်ပြီလို့ ထင်ပါသလား။ ဘာတွေများ ဆက်လုပ်ဖို့ လိုပါသေးလဲ။ အဲဒီလိုဖြစ်ကြောင်း ပြသဖို့အတွက်။ ပြည်သူတွေ လက်ခံလာအောင်လို့။

ဖြေ ။ ။ NUG အစိုးရက Federal Charter ဆိုတာကို ထုတ်ထားတယ်။ အဲဒီ Federal Charter ကတော့ ကြည့်ရတာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြမ်း အဲဒါကို NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ထုတ်ထားတာ။ အဲဒီအပေါ်မှာ သူတို့က တော်တော်အခြေခံတယ်။ အဲဒါကို အခြေခံတယ်ဆိုရင်တော့ Ethnic Nationalism အပေါင်း Civic Nationalism ကို ညွှန်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေလို့ မြင်လို့ရတဲ့အတွက် အဲဒါကဖြစ်မယ်။

မေး ။ ။ ဒါကတော့ ခေါင်းဆောင်ပိုင်းပေါ့။ တိုင်းရင်းသားတွေနဲ့ ဗမာပြည်သူတွေကြားမှာ ဒီလိုဖြစ်လာနိုင်မယ့် အလားအလာ မြင်ပါသလား။ ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပထမပြောမယ်ဆိုလို့ရှိရင် People’s Defense Force (PDF) ပြည်သူ့ကာကွယ်ရေးတပ်ကလည်း တကယ်တမ်းက ဖွဲ့စည်းပေးလိုက်တာလဲ NUG က ဖွဲ့စည်းပေးလိုက်တာ။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေက သူတို့က ဗမာတွေအများစုနေတဲ့ နေရာမှာတင် ဖြစ်နေတာမဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေနေတဲ့ ပြည်နယ်တွေမှာလည်း အကုန်လုံးသွားပြန့်နေတယ်။ တိုင်းရင်းသားတွေနေတဲ့ ပြည်နယ်က လူတွေကလည်း သူတို့နဲ့ တကျိတ်တည်းတဉာဏ်တည်း အတူတူသွားချင်တဲ့ ပုံစံရှိတယ်။ အဲဒီအခါကြတော့ ကျနော်တို့လုပ်ချင်တာကိုလဲ ဆက်စပ်ပြီး လုပ်လို့ရတယ်။ ကျယ်ပြန့်လာမယ်။

မေး ။ ။ စိုင်းဝမ်ဆိုင်းကတော့ နိုင်ငံရေးအခြေအနေကို အဓိကဦးစားပေးပြီးတော့ ပြောနေတယ်။ အဲဒါက နိုင်ငံရေးအခြေအနေပြောင်းရင် ဘယ်လိုဖြစ်လာမယ် ဘာညာ။ ကျနော်ကတော့ လူထုရဲ့ အတွေးအခေါ် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ပညာရေးတွေ ဘာတွေကော ပြုပြင်ဖို့ မလိုဘူးလား။ ဆိုကြပါစို့ မြန်မာနိုင်ငံမှာ အစဉ်အဆက် သမိုင်းသင်လာကြတာ ဗမာကျောရိုးပြု Burman Centrist History သင်လာခဲ့တာ။ အဲဒီသမိုင်းထဲမှာ တိုင်းရင်းသားတွေရဲ့ အစဉ်အလာ၊ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအဆင့်အတန်း ဘာညာကို သိပ်အသိအမှတ်ပြုထားတဲ့ သမိုင်းမျိုး မဟုတ်ဘူး။ တချို့က အဲဒါပြပြီး ထောက်ပြကြတယ်။ ဒီဟာတွေကစပြီး ပြင်ရမယ် ဘာညာ။ အဲဒါနဲ့ ကိုက်ညီတဲ့ Civic Nationalism ထွန်းကားနေအောင် လူမှုရေး အတွေးအခေါ်ပိုင်းကော ပြုပြင်ဖို့ မလိုဘူးလား။

ဖြေ ။ ။ တကယ်တမ်းကတော့ Awareness Building ခေါ် လူထုကို ပညာပေးတာ - နိုင်ငံရေးအရ မှန်ကန်တဲ့လမ်းစဉ်ရောက်အောင်။ အဲဒီအပိုင်းက ကျနော်တို့မှာ အာဏာမရှိရင် လုပ်ရတာနှေးပြီး၊ အာဏာရှိရင် လုပ်ရတာမြန်မယ်။ ဆိုတော့ကာ အာဏာရှိတယ်ဆိုလို့ရှိရင် တော်လှန်ရေးအဖွဲ့အစည်းတွေ အာဏာရှိတဲ့နေရာမှာ သူတို့လွှမ်းခြုံစိုးမိုးထားတဲ့ နေရာတွေမှာ သူတို့လုပ်လို့ရတယ်။ အဲဒါကိုလဲ တချို့အပိုင်းတွေမှာ လုပ်နေကြတယ်။ အင်တာနက်တွေ ဘာတွေမှာ တွေ့နေရတယ်။ ဦးကျော်ဇံသာပြောသလို ထိထိရောက်ရောက် Program တခုအနေနဲ့ လုပ်မယ်ဆိုရင်လဲ ဒါက ကောင်းတဲ့အလုပ်ပေါ့။ မလုပ်ဘဲနဲ့ သီအိုရီအရ ရှိနေမယ်ဆိုရင်လဲ အလုပ်မဖြစ်ဘူး။ ဆိုတော့ လူထုကို အမြင်ကျယ်တဲ့ implementation ဘောင်တခုကို နားလည်အောင် အသိပညာရှင်၊ အတတ်ပညာရှင်တွေက ရှင်းပြမယ်။ နောက်ပြီးတော့ အဲဒီလမ်းစဉ်ကိုလည်း ဆန့်ကျင်ဘက်ခေါင်းဆောင်တွေက လက်ခံမယ်ဆိုရင်တော့ ကျနော်ထင်တယ် လုပ်လို့ရတယ်။

မေး ။ ။ စိုင်းဝမ်ဆိုင်းကတော့ NUG နဲ့ NUCC တို့က ရေးဆွဲထားတဲ့ ပြည်ထောင်စုပဋိညာဉ်ကို စေ့စေ့လေ့လာထားပြီးပြီလို ထင်ပါတယ်။ အဲဒီအထဲမှာ ကြည့်ရတာ Civic Nationalism ပြည်သူကိုအခြေပြုသော အမျိုးသားရေးဝါဒ၊ တိုင်းရင်းသားတဦးချင်း၊ ယဉ်ကျေးမှုတခုချင်းကို အခြေပြုတဲ့ အမျိုးသားရေးဝါဒ မဟုတ်သော၊ ပြည်သူအားလုံးကို အခြေပြုသော အမျိုးသားရေးဝါဒအတွက် အဲဒီထဲမှာ ဘယ်လောက်အထိများ အဲဒီသဘောတရားကို ဖော်ညွှန်ထားပါသလဲ။

ဖြေ ။ ။ အမှန်တိုင်းပြောရရင် အဲဒါကို ကျနော် ဂဃနဏ မဖတ်ထားဘူး။ ဒါပေမဲ့ သူ့ရဲ့ Basic Points တွေကို ကြည့်ရတာတော့ အဲဒီလမ်းကို သွားနေတယ်လို့ ကျနော်က အဲဒီလိုယူဆတယ်။ အဲဒီလမ်းကို သွားနေတယ်ဆိုရင်တော့ သူတို့က Ethnic Nationalism လို့ခေါ်တဲ့ လူမျိုးအခြေခံ အမျိုးသားရေးဝါဒ မကောင်းတဲံအပိုင်းတွေကို ပယ်ဖျက်ပြီး၊ ကောင်းတဲ့အပိုင်းတွေကိုယူ။ နောက်ပြီး Civic Nationalism လို့ခေါ်တဲ့ ပြည်သူ့အခြေပြု အမျိုးသားရေးဝါဒမှာ ကောင်းတဲ့အပိုင်းတွေကို ပေါင်းပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အဲဒါနဲ့အညီ ရေးဆွဲမယ်ဆိုလို့ရှိရင် ကျန်တဲ့ဟာတွေက ဆက်လုပ်လို့ရတယ်။ ဆိုတော့ ကျနော်ကတော့ NUG ကို လုံးဝအားထားတယ်ဆိုတဲ့ ပုံစံမျိုး ပြောနေတာ မဟုတ်ဘူး။ ကျနော်က Theoretically သူတို့ ဒီလိုလုပ်လို့ရှိရင် ဒီလိုဖြစ်မယ်ဆိုတာမျိုး အမြင်နဲ့ ပြောနေတာ။

ဖက်ဒရယ်စနစ် နှင့် ကိုက်ညီမယ့် အမျိုးသားရေးဝါဒ (ဒုတိယပိုင်းကို နောက်အပတ်မှာ ဆက်လက်နားဆင်ကြပါ။)

XS
SM
MD
LG