သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေသစားလွ်ပ္စစ္ဓါတ္အားလိုင္း


Myanmar energy source
အေသစားလွ်ပ္စစ္ဓါတ္အားလိုင္း
please wait

No media source currently available

0:00 0:05:34 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာတျပည္လံုး ၂၀၃၀ ျပည့္ႏွစ္မွာ လွွ်ပ္စစ္ဓါတ္အားသံုးမယ္လို႔ အမ်ဳိးသားလွ်ပ္စစ္ဓါတ္အား ရရိွေရးစီမံကိန္းက ခန္႔မွန္းထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ၾသဂုတ္လအထိ အိမ္ေထာင္စု (၄၅) ရာခိုင္ႏႈန္းဟာ လွ်ပ္စစ္ဓါတ္အား သံုးႏိုင္ေနၿပီျဖစ္လို႔ ဒီႏွစ္ကုန္ေလာက္ဆိုရင္ (၅၅) ရာခိုင္ႏႈန္းအထိ လွ်ပ္စစ္ဓါတ္အား သံုးႏိုင္ဖြယ္ရိွေၾကာင္း သိရပါတယ္။ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္မႈနဲ႔ သံုးစြဲမႈဟာ ႏွစ္စဥ္ (၁၀) ရာခိုင္ႏႈန္း တိုးပြားေနတာမို႔ ၂၀၃၀ ေရာက္ရင္ ရာႏႈန္းျပည့္ သံဳးစြဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ၂၀၁၅ မွာ မဂၢါဝပ္ (၂၃၀၀) ထုတ္လုပ္သံုးစြဲရာက အခုအခ်ိန္မွာ (၃၇၀၀) အထိ ထုတ္လုပ္သံုးစြဲေနပါတယ္။

လွ်ပ္စစ္ဓါတ္အားစီမံကိန္းမွာ ရင္ဆိုင္ေနရတဲ့ ျပႆနာ (၂) ခု ရိွပါတယ္။ မဟာဓါတ္အားလိုင္း ကြန္ရက္လို႔ေခၚတဲ့ ပင္မဓါတ္အားလိုင္း တိုးခ်ဲႏုိင္ေရးနဲ႔ လက္နက္ကိုင္ပဋိပကၡျဖစ္ရာ ေဒသအပါအဝင္ ေက်းလက္ေဒသေတြကို ဓါတ္အားေပးႏိုင္ေရး ျဖစ္ပါတယ္။ ဒီေနရာမွာ ျပန္လည္ျဖည့္ၿဖိဳးၿမဲစြမ္းအင္လို႔ေခၚတဲ့ ေနေရာင္ျခည္သံုးလွ်ပ္စစ္နဲ႔ ေရအားလွ်ပ္စစ္အေသးစားေတြ အေရးပါပံုကို လြန္ခဲ့တဲ့ ၾသဂုတ္လထုတ္ ယိုရိွကာဝါ တည္းျဖတ္တဲ့ အာဆီယံသုေတသနစာတမ္းမွာ ေဖာ္ျပထားပါတယ္။ ေနေရာင္ျခည္စြမ္းအင္နဲ႔ ေရအားလွ်ပ္စစ္အျပင္ ဇီဝပစၥည္းစြမ္းအင္ကို အာရွဖြံ႔ၿဖိဳးေရးဘဏ္က ေထာက္ခံအားေပးပါတယ္။

အေသးစားလွ်ပ္စစ္ဓါတ္အားလိုင္း တည္ေဆာက္ရာမွာ ကုန္က်စရိတ္ (၆၀) ရာခိုင္ႏႈန္းကို အစိုးရကစိုက္ထုတ္ၿပီး၊ ဓါတ္အားကုမၸဏီက (၂၀) ရာခိုင္ႏႈန္္း၊ ေဒသခံေတြက (၂၀) ရာခိုင္ႏႈန္း ရင္းႏီွးၾကပါတယ္။ မဟာဓါတ္အားလိုင္းကြန္ရက္ကို ၿမိဳ ႔ေတြက (၈၀) ရာခိုင္ႏႈန္းသံုးၿပီး ေက်းလက္က (၁၂) ရာခိုင္နႈန္းေလာက္ သံုးပါတယ္။ ေက်းလက္ေဒသအမ်ားစုကေတာ့ ဓါတ္အားလိုင္းအေသးစားကို သံုးၾကပါတယ္။ ဒီဇယ္ကိုသံုးတဲ့ အေသးစားဓါတ္အားလိုင္း (၁၃၀၀၀) ရိွၿပီး၊ အေသးစားေရအားလွ်ပ္စစ္က (၂၄၀၀)၊ ဇီဝေလာင္စာက (၁၂၀၀) နဲ႔ ေနေရာင္ျခည္စြမ္းအင္သံုး ဓါတ္အားလိုင္းက (၁၅၀) ရိွပါတယ္။ ဒီလိုအေသးစားဓါတ္အားလိုင္းေတြကို သံုးတဲ့အတြက္ ေက်းရြာစုစုေပါင္း (၆) ေသာင္းေက်ာ္ (၆၃၂၇၇) မွာ (၃) ေသာင္းေက်ာ္ (၃၃၈၉၄) ကို လွ်ပ္စစ္ဓါတ္အား ေပးႏုိင္ေနပါၿပီ။ (၅၀) ရာခိုင္ႏႈန္းေက်ာ္ မီးရေနတာ ျဖစ္ပါတယ္။

ေရအားလွ်ပ္စစ္ဟာ သန္႔ရွင္းၿပီး ျပန္လည္ျပည့္ၿဖိဳးစြမ္းအင္ျဖစ္ေပမယ့္ အႀကီးစားေရအားလွ်ပ္စစ္ေတြဟာ ျမန္မာျပည္မွာ နာမည္ေကာင္း မရႏုိင္ဘဲ ျဖစ္ေနပါတယ္။ ေရကာတာ တစ္ရာေက်ာ္ရိွတဲ့အနက္ ျမန္မာမ်ားတဲ့ တိုင္း (၇) တုိင္းမွာ (၂၈) ခု၊ တိုင္းရင္းသားမ်ားတဲ့ ျပည္နယ္ (၇) ခုမွာ (၇၆) ခု ရိွေနပါတယ္။ ေရအားလွ်ပ္စစ္အႀကီးစားေတြ တည္ေဆာက္တုိင္း ေဒသခံတုိင္းရင္းသားေတြ ဒုကၡေရာက္ပါတယ္။ ဥပမာ ေလာပီတေရအားလွ်ပ္စစ္စက္ရံုကို ၁၉၆၀ မွာ တည္ေဆာက္စဥ္က ေဒသခံေတြ အတင္းအက်ပ္ ေရႊ ႔ေျပာင္းခံၾကရပါတယ္။ ဒီေရအားလွ်ပ္စစ္ တည္ေဆာက္ၿပီး အႏွစ္ (၅၀) ေက်ာ္ၾကာမွ လိြဳင္ေကာ္နဲ႔ ဖယ္ခံုၿမိဳ ႔ဟာ လွ်ပ္စစ္ဓါတ္အားကို သံုးႏိုင္ပါတယ္။ ျပည္နယ္ေတြမွာ လွ်ပ္စစ္ဓါတ္အားသံုးစြဲႏုိင္တာ သိပ္မၾကာေသးပါဘူး။ မဂၢါဝပ္ (၃၀) မေက်ာ္တဲ့ ဓါတ္အားေပးစက္ကို ျပည္နယ္အစိုးရေတြက တည္ေဆာက္ခြင့္ ရိွပါတယ္။

ျပန္လည္ျပည့္ၿဖိဳးၿမဲျဖစ္တဲ့ ေနေရာင္ျခည္စြမ္းအင္ကိုသံုးသူ အနည္းဆံုး ျဖစ္ေနပါတယ္။ အပူပိုင္းေဒသျဖစ္တဲ့ မေကြး၊ မႏၱေလးနဲ႔ စစ္ကိုင္းတိုင္းက ရြာ (၁၂) ရြာကို ေနေရာင္ျခည္ဓါတ္အားလိုင္းစနစ္နဲ႔ လွ်ပ္စစ္မီးေပးတဲ့ စီမံကိန္းကို ADB (အာရွဖြံ႔ၿဖိဳးေရးဘဏ္) က အေကာင္အထည္ ေဖာ္ထားပါတယ္။ ကုန္က်စရိတ္ (၈၀) ရာခိုင္ႏႈန္း ADB က စိုက္ထုတ္ၿပီး ေဒသခံေတြက (၂၀) ရာခိုင္ႏႈန္း စိုက္ပါတယ္။ ဂ်ပန္အစိုးရကလည္း ေထာက္ပံ့ပါတယ္။ ဒီလိုအေသးစားဓါတ္အားလိုင္းစနစ္မွာ လွ်ပ္စစ္မီးသံုးစြဲသူေတြဟာ ဓါတ္အားလိုင္းကို ထိန္းသိမ္းတတ္ဖို႔ လိုပါတယ္။ ေနေရာင္ျခည္စြမ္းအင္ သံုးစြဲသူေတြဟာ ဓါတ္အားလိုင္းအတတ္ပညာနဲ႔ ဘ႑ာေရးရာကိစၥေတြကို နားလည္တတ္ကၽြမ္းဖို႔ လိုပါတယ္။ အာဆီယံသုေတသနဌာန ေလ့လာခ်က္အရ ေနေရာင္ျခည္စြမ္းအင္ဟာ ဒီဇယ္ဓါတ္အားေပးစက္ထက္ စရိတ္သက္သာတာ ထင္ရွားပါတယ္။

ေနေရာင္ျခည္စြမ္းအင္ကို ကုန္ထုတ္လုပ္ငန္းေတြက ေန႔ခင္းပိုင္းမွာ သံုးႏုိင္ရင္ ပိုၿပီးအက်ဳိးရိွမယ္လို႔ ဆိုပါတယ္။ ေနခင္းပိုင္းမွာ ထုတ္လုပ္တဲ့ လွ်ပ္စစ္စြမ္းအင္ကို ဘကၳရီေတြမွာ သိုေလွာင္ၿပီး ညဘက္ပိုင္းမွာ မီးေပးတာေလာက္ပဲ ရည္မွန္းရင္ေတာ့ ေနေရာင္ျခည္စြမ္းအင္စနစ္ဟာ ႀကီးထြားဖို႔ မလြယ္ပါဘူး။ ဒါေၾကာင့္ ေန႔ခင္းဘက္မွာ စက္ရံု၊ အလုပ္ရံုေတြမွာ အသံုးျပဳႏိုင္ဖို႔ လိုအပ္ပါတယ္။ ေနေရာင္ျခည္စြမ္းအင္ ဓါတ္အားလိုင္း တည္ေဆာက္ရာမွာ ေငြရင္းအမ်ားႀကီး စိုက္ထုတ္ရပါတယ္။ ေငြရင္းျပန္ရေအာင္ မီတာခကို တိုးျမင့္လိုက္ရင္ သံုးစြဲသူ နည္းသြားႏိုင္ပါတယ္။ ဒါေပမဲ့ စီးပြားေရးအရလည္း တြက္ေခ်ကိုက္ဖို႔ လိုပါတယ္။

မဟာဓါတ္အားလိုင္းကြန္ရက္မွာ အိမ္သံုးမီတာခကို အနည္းဆံုးေကာက္ယူတဲ့အတြက္ မီတာခခ်င္း ႏိႈင္းယွဥ္လိုက္ရင္ ေနေရာင္ျခည္စြမ္းအင္ ဓါတ္အားလိုင္းက ပိုမ်ားတာမ်ဳိးလည္း ရိွႏိုင္ပါတယ္။ ဒါေပမဲ့ ဒီဇယ္မီးစက္နဲ႔ ယွဥ္လိုက္ရင္ေတာ့ ေနေရာင္ျခည္စြမ္းအင္က အမ်ားႀကီးစရိတ္သက္သာတယ္လို႔ အာဆီယံသုေတသနစာတမ္းမွာ ေဖာ္ျပထားပါတယ္။ ညဥ္႔နက္တဲ့အထိ မီးရတဲ့အတြက္ လူမႈဘဝအေျခအေန ေကာင္းမြန္လာတာကေတာ့ သံသယရိွစရာ မလိုပါဘူး။ ဒါေၾကာင့္ ေက်းရြာလွ်ပ္စစ္ေကာ္မတီက ပိုင္ဆိုင္ႀကီးၾကပ္စီမံခန္႔ခြဲတဲ့ အေသးစား လွ်ပ္စစ္ဓါတ္အားလုိင္းစနစ္ဟာ ျမန္မာ့ေက်းလက္နဲ႔ အသင့္ေတာ္ဆံုးျဖစ္တယ္လို႔ လြန္ခဲ့တဲ့ ၾသဂုတ္လထုတ္ အာဆီယံသုေတသနစာတမ္းမွာ ေထာက္ခံတင္ျပထားပါတယ္။

==Unicode==

မြန်မာတပြည်လုံး ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ်ဓါတ်အားသုံးမယ်လို့ အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်းက ခန့်မှန်းထားပါတယ်။ လွန်ခဲ့တဲ့နှစ် သြဂုတ်လအထိ အိမ်ထောင်စု (၄၅) ရာခိုင်နှုန်းဟာ လျှပ်စစ်ဓါတ်အား သုံးနိုင်နေပြီဖြစ်လို့ ဒီနှစ်ကုန်လောက်ဆိုရင် (၅၅) ရာခိုင်နှုန်းအထိ လျှပ်စစ်ဓါတ်အား သုံးနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှုဟာ နှစ်စဉ် (၁၀) ရာခိုင်နှုန်း တိုးပွားနေတာမို့ ၂၀၃၀ ရောက်ရင် ရာနှုန်းပြည့် သုံးစွဲနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၁၅ မှာ မဂ္ဂါဝပ် (၂၃၀၀) ထုတ်လုပ်သုံးစွဲရာက အခုအချိန်မှာ (၃၇၀၀) အထိ ထုတ်လုပ်သုံးစွဲနေပါတယ်။

လျှပ်စစ်ဓါတ်အားစီမံကိန်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာ (၂) ခု ရှိပါတယ်။ မဟာဓါတ်အားလိုင်း ကွန်ရက်လို့ခေါ်တဲ့ ပင်မဓါတ်အားလိုင်း တိုးချဲနိုင်ရေးနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရာ ဒေသအပါအဝင် ကျေးလက်ဒေသတွေကို ဓါတ်အားပေးနိုင်ရေး ဖြစ်ပါတယ်။ ဒီနေရာမှာ ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်လို့ခေါ်တဲ့ နေရောင်ခြည်သုံးလျှပ်စစ်နဲ့ ရေအားလျှပ်စစ်အသေးစားတွေ အရေးပါပုံကို လွန်ခဲ့တဲ့ သြဂုတ်လထုတ် ယိုရှိကာဝါ တည်းဖြတ်တဲ့ အာဆီယံသုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ နေရောင်ခြည်စွမ်းအင်နဲ့ ရေအားလျှပ်စစ်အပြင် ဇီဝပစ္စည်းစွမ်းအင်ကို အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ခံအားပေးပါတယ်။

အသေးစားလျှပ်စစ်ဓါတ်အားလိုင်း တည်ဆောက်ရာမှာ ကုန်ကျစရိတ် (၆၀) ရာခိုင်နှုန်းကို အစိုးရကစိုက်ထုတ်ပြီး၊ ဓါတ်အားကုမ္ပဏီက (၂၀) ရာခိုင်နှုန်း၊ ဒေသခံတွေက (၂၀) ရာခိုင်နှုန်း ရင်းနှီးကြပါတယ်။ မဟာဓါတ်အားလိုင်းကွန်ရက်ကို မြို့တွေက (၈၀) ရာခိုင်နှုန်းသုံးပြီး ကျေးလက်က (၁၂) ရာခိုင်နှုန်းလောက် သုံးပါတယ်။ ကျေးလက်ဒေသအများစုကတော့ ဓါတ်အားလိုင်းအသေးစားကို သုံးကြပါတယ်။ ဒီဇယ်ကိုသုံးတဲ့ အသေးစားဓါတ်အားလိုင်း (၁၃၀၀၀) ရှိပြီး၊ အသေးစားရေအားလျှပ်စစ်က (၂၄၀၀)၊ ဇီဝလောင်စာက (၁၂၀၀) နဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားလိုင်းက (၁၅၀) ရှိပါတယ်။ ဒီလိုအသေးစားဓါတ်အားလိုင်းတွေကို သုံးတဲ့အတွက် ကျေးရွာစုစုပေါင်း (၆) သောင်းကျော် (၆၃၂၇၇) မှာ (၃) သောင်းကျော် (၃၃၈၉၄) ကို လျှပ်စစ်ဓါတ်အား ပေးနိုင်နေပါပြီ။ (၅၀) ရာခိုင်နှုန်းကျော် မီးရနေတာ ဖြစ်ပါတယ်။

ရေအားလျှပ်စစ်ဟာ သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးစွမ်းအင်ဖြစ်ပေမယ့် အကြီးစားရေအားလျှပ်စစ်တွေဟာ မြန်မာပြည်မှာ နာမည်ကောင်း မရနိုင်ဘဲ ဖြစ်နေပါတယ်။ ရေကာတာ တစ်ရာကျော်ရှိတဲ့အနက် မြန်မာများတဲ့ တိုင်း (၇) တိုင်းမှာ (၂၈) ခု၊ တိုင်းရင်းသားများတဲ့ ပြည်နယ် (၇) ခုမှာ (၇၆) ခု ရှိနေပါတယ်။ ရေအားလျှပ်စစ်အကြီးစားတွေ တည်ဆောက်တိုင်း ဒေသခံတိုင်းရင်းသားတွေ ဒုက္ခရောက်ပါတယ်။ ဥပမာ လောပီတရေအားလျှပ်စစ်စက်ရုံကို ၁၉၆၀ မှာ တည်ဆောက်စဉ်က ဒေသခံတွေ အတင်းအကျပ် ရွှေ့ပြောင်းခံကြရပါတယ်။ ဒီရေအားလျှပ်စစ် တည်ဆောက်ပြီး အနှစ် (၅၀) ကျော်ကြာမှ လွိုင်ကော်နဲ့ ဖယ်ခုံမြို့ဟာ လျှပ်စစ်ဓါတ်အားကို သုံးနိုင်ပါတယ်။ ပြည်နယ်တွေမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်တာ သိပ်မကြာသေးပါဘူး။ မဂ္ဂါဝပ် (၃၀) မကျော်တဲ့ ဓါတ်အားပေးစက်ကို ပြည်နယ်အစိုးရတွေက တည်ဆောက်ခွင့် ရှိပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်ကိုသုံးသူ အနည်းဆုံး ဖြစ်နေပါတယ်။ အပူပိုင်းဒေသဖြစ်တဲ့ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းက ရွာ (၁၂) ရွာကို နေရောင်ခြည်ဓါတ်အားလိုင်းစနစ်နဲ့ လျှပ်စစ်မီးပေးတဲ့ စီမံကိန်းကို ADB (အာရှဖွံ့ဖြိုးရေးဘဏ်) က အကောင်အထည် ဖော်ထားပါတယ်။ ကုန်ကျစရိတ် (၈၀) ရာခိုင်နှုန်း ADB က စိုက်ထုတ်ပြီး ဒေသခံတွေက (၂၀) ရာခိုင်နှုန်း စိုက်ပါတယ်။ ဂျပန်အစိုးရကလည်း ထောက်ပံ့ပါတယ်။ ဒီလိုအသေးစားဓါတ်အားလိုင်းစနစ်မှာ လျှပ်စစ်မီးသုံးစွဲသူတွေဟာ ဓါတ်အားလိုင်းကို ထိန်းသိမ်းတတ်ဖို့ လိုပါတယ်။ နေရောင်ခြည်စွမ်းအင် သုံးစွဲသူတွေဟာ ဓါတ်အားလိုင်းအတတ်ပညာနဲ့ ဘဏ္ဍာရေးရာကိစ္စတွေကို နားလည်တတ်ကျွမ်းဖို့ လိုပါတယ်။ အာဆီယံသုတေသနဌာန လေ့လာချက်အရ နေရောင်ခြည်စွမ်းအင်ဟာ ဒီဇယ်ဓါတ်အားပေးစက်ထက် စရိတ်သက်သာတာ ထင်ရှားပါတယ်။

နေရောင်ခြည်စွမ်းအင်ကို ကုန်ထုတ်လုပ်ငန်းတွေက နေ့ခင်းပိုင်းမှာ သုံးနိုင်ရင် ပိုပြီးအကျိုးရှိမယ်လို့ ဆိုပါတယ်။ နေခင်းပိုင်းမှာ ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ဘက္ထရီတွေမှာ သိုလှောင်ပြီး ညဘက်ပိုင်းမှာ မီးပေးတာလောက်ပဲ ရည်မှန်းရင်တော့ နေရောင်ခြည်စွမ်းအင်စနစ်ဟာ ကြီးထွားဖို့ မလွယ်ပါဘူး။ ဒါကြောင့် နေ့ခင်းဘက်မှာ စက်ရုံ၊ အလုပ်ရုံတွေမှာ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်စွမ်းအင် ဓါတ်အားလိုင်း တည်ဆောက်ရာမှာ ငွေရင်းအများကြီး စိုက်ထုတ်ရပါတယ်။ ငွေရင်းပြန်ရအောင် မီတာခကို တိုးမြင့်လိုက်ရင် သုံးစွဲသူ နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးအရလည်း တွက်ချေကိုက်ဖို့ လိုပါတယ်။

မဟာဓါတ်အားလိုင်းကွန်ရက်မှာ အိမ်သုံးမီတာခကို အနည်းဆုံးကောက်ယူတဲ့အတွက် မီတာခချင်း နှိုင်းယှဉ်လိုက်ရင် နေရောင်ခြည်စွမ်းအင် ဓါတ်အားလိုင်းက ပိုများတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဇယ်မီးစက်နဲ့ ယှဉ်လိုက်ရင်တော့ နေရောင်ခြည်စွမ်းအင်က အများကြီးစရိတ်သက်သာတယ်လို့ အာဆီယံသုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ ညဉ့်နက်တဲ့အထိ မီးရတဲ့အတွက် လူမှုဘဝအခြေအနေ ကောင်းမွန်လာတာကတော့ သံသယရှိစရာ မလိုပါဘူး။ ဒါကြောင့် ကျေးရွာလျှပ်စစ်ကော်မတီက ပိုင်ဆိုင်ကြီးကြပ်စီမံခန့်ခွဲတဲ့ အသေးစား လျှပ်စစ်ဓါတ်အားလိုင်းစနစ်ဟာ မြန်မာ့ကျေးလက်နဲ့ အသင့်တော်ဆုံးဖြစ်တယ်လို့ လွန်ခဲ့တဲ့ သြဂုတ်လထုတ် အာဆီယံသုတေသနစာတမ်းမှာ ထောက်ခံတင်ပြထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG