သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ မီဒီယာႏွိပ္ကြပ္မႈအေပၚ RSF အျမင္


Myanmar journalists say government failing to protect press freedom: survey

စစ္ေကာင္စီအေနနဲ႔ သတင္းသမားေတြကို ဖမ္းဆီးႏွိပ္ကြပ္ေနတာဟာ သတင္းသမားေတြက သူတို႔ကိုဆန႔္က်င္ ေတာ္လွန္ေနၾကလို႔ မဟုတ္ဘဲ၊ သူတို႔စစ္ေကာင္စီ ေျပာသမွ်ကိုသာ လူေတြၾကားေစသိေစခ်င္၊ လက္ခံေစခ်င္ၿပီး သူတို႔ေျပာတာနဲ႔ ကြဲလြဲတဲ့ ေျပာဆိုတင္ျပမႈအားလုံးကို ႏွိပ္ကြပ္ခ်င္တာ ျဖစ္တယ္လို႔ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔ (RSF) ရဲ႕ အာရွပစိဖိတ္ ၫႊန္ၾကားေရးမႉး Daniel Bustard (ဘူခ်ာ့) က ဆိုပါတယ္။ Daniel Bastard နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ဆက္သြယ္ရတာကေတာ့ ျမန္မာစစ္ေကာင္စီရဲ ႔ သတင္းသမားေတြေပၚ ကိုင္တြယ္မႈ၊ တနည္းေျပာရရင္ ျမန္မာစစ္ေကာင္စီရဲ ႔ မီဒီယာေပၚ သေဘာထားနဲ႔ ပတ္သက္ၿပီးေတာ့ ေဆြးေႏြးခ်င္လို႔ ျဖစ္ပါတယ္။ တေလာတုန္းက ျမန္မာစစ္ေကာင္စီက သူတုိ႔ဖမ္းဆီးထားတဲ့ အက်ဥ္းသားေတာ္ေတာ္မ်ားမ်ားကို လြတ္ၿငိမ္းခြင့္ေပးပါတယ္။ အဲဒီထဲမွာ ႏုိင္ငံေရးသမားေတြပါသလို၊ သတင္းသမားတခ်ဳိ ႔လည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီသတင္းသမားေတြလြတ္ၿပီး မၾကာခင္မွာ ေနာက္ထပ္ႏွစ္ေယာက္ကို ထပ္ဖမ္းျပန္တယ္။ ဆိုေတာ့ ဒါက သူတုိ႔ရဲ ႔ မီဒီယာေပၚထားရိွတဲ့ သေဘာထား အေတာ္နားလည္ရခက္တဲ့ အေျခအေနမ်ဳိးလို႔ ေျပာရမလား။

ေျဖ ။ ။ ဒီလိုလြတ္ေပးလိုက္တာနဲ႔ က်ေနာ္တို႔ အလွည့္စားမခံရဖို႔ သတိထားရပါမယ္။ လြတ္လာတဲ့ အက်ဥ္းသားေတြထဲမွာ သတင္းသမား ေျခာက္ေယာက္ပါတာ မွန္ပါတယ္။ အခု က်ေနာ္ေျပာေနတဲ့အခ်ိန္မွာ သတင္းသမား ၆၂ ေယာက္ ေထာင္ထဲမွာ ရိွေနပါေသးတယ္။ အခုလြတ္ေပးတဲ့ ေျခာက္ေယာက္ကို ဘာေၾကာင့္လြတ္ေပးတယ္ဆိုတာ စစ္ေကာင္စီက အေၾကာင္းတစံုတရာ မျပပါဘူး။ ေထာင္ထဲမွာ က်န္ေနေသးတဲ့ ၆၂ ေယာက္ကိုေရာ ဘာေၾကာင့္ဖမ္းထားရတယ္ဆိုတာကို သူတို႔အေနနဲ႔ အေၾကာင္းျပစရာမရိွဘူး ျဖစ္ပါတယ္။ အေၾကာင္းမဲ့ ဖမ္းထားတယ္ဆိုတာ ေပၚလြင္ပါတယ္။ အက်ဥ္းသားေတြလႊတ္တဲ့ကိစၥ သူတုိ႔ေၾကညာခ်က္ထဲမွာလည္း ႏုိင္ငံေရးအက်ဥ္းသားေတြအပါအဝင္၊ အက်ဥ္းသားအခ်ဳိ ႔ကို သက္ညွာေသာအားျဖင့္ လႊတ္ေပးတယ္ ဘာညာေျပာပါတယ္။ တကယ္ေတာ့ ဒါဟာ ျမန္မာျပည္သူေတြအေပၚ သူတုိ႔ရဲ ႔ အၾကမ္းဖက္ဖိႏိွပ္မႈေတြကို ပံုမွန္အေျခအေနျဖစ္ေအာင္ လုပ္ျပဖို႔ ႀကိဳးပမ္းတာ ျဖစ္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ တခ်ိန္တည္းမွာ ေနာက္ထပ္သတင္းသမား ႏွစ္ေယာက္ကို ဖမ္းဆီးျပန္ပါတယ္။ ဆုိေတာ့ ဘာေၾကာင့္လဲ။ တကယ္ေတာ့ ဘာေၾကာင့္လဲဆုိတာထက္ သတင္းသမားေတြကို စစ္ေကာင္စီက ဘာျဖစ္လို႔ ေၾကာက္ေနသလဲလို႔ ေမးရင္၊ ပိုၿပီးမွန္မယ္ထင္ပါတယ္။

ေျဖ ။ ။ စစ္ေကာင္စီက သူတို႔ေျပာစကား၊ သူတုိ႔ narrative ကိုပဲ တင္စီးခ်င္လို႔၊ ျပဌာန္းခ်င္လို႔ ျဖစ္ပါတယ္။ သတင္းအခ်က္အလက္ေတြကို သူတုိ႔ပဲ ထိန္းခ်ဳပ္ထားမယ္။ သူတုိ႔စစ္ဗိုလ္ခ်ဳပ္ေတြက ေပးတဲ့သတင္းမဟုတ္ရင္၊ သူတို႔မၾကားခ်င္၊ မလိုလားၾကပါဘူး။ ဒါေၾကာင့္လဲ သတင္းသမားေတြကို သူတုိ႔အလုပ္ လုပ္ခြင့္မေပးတာ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ စစ္ေကာင္စီက သူတုိိ႔နဲ႔ နီးစပ္တယ္ဆိုတဲ့ သတင္းသမားႏွစ္ေယာက္ကို ဖမ္းဆီးလိုက္တာကိုၾကည့္ရင္ ရွင္းလင္းေပၚလြင္ေနပါတယ္။ ဒီႏွစ္ေယာက္ကို စစ္ေကာင္စီက သူတို႔သတင္းစာ ရွင္းလင္းပြဲကိုဖိတ္တယ္။ အဲဒီမွာ သူတုိ႔က KNU နဲ႔လုပ္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈနဲ႔ ကုန္ေစ်းႏႈန္းတက္ေနတဲ့ ကိစၥရပ္ေတြကို ရဲရဲဝံ့ဝံ့ ေမးခဲ့ၾကပါတယ္။ စစ္ေကာင္စီက ေမးေစခ်င္တဲ့ ေမးခြန္းတခ်ဳိ ႔ကိုလည္း ေမးခဲ့ပါတယ္။ ဒါနဲ႔ပဲ သူတုိ႔ကို ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ သူတုိ႔ဟာ သတင္းစာရွင္းလင္းပြဲမွာ ေမးခြန္းေမးရံုနဲ႔ပဲ အဖမ္းခံရတာ ျဖစ္ပါတယ္။ NUG ကို လိုလားေထာက္ခံသူေတြလည္း မဟုတ္ပါဘူး။ စစ္ေကာင္စီကို ဆန္႔က်င္တဲ့ အၾကမ္းဖက္အဖြဲ႔ဆိုတဲ့ အုပ္စုေတြနဲ႔လည္း မပတ္သက္ပါဘူး။ သတင္းစာရွင္းလင္းပြဲမွာ ေမးခြန္းေမးတယ္ဆိုိတာ ဘယ္အုပ္ခ်ဳပ္ေရးစနစ္ပဲ က်င့္သံုးက်င့္သံုး သတင္းသမားေတြအလုပ္ပါ။ တရုတ္ျပည္မွာလည္း ဒီလုိပဲ ေမးၾကပါတယ္။ ဒါေၾကာင့္ စစ္ေကာင္စီက သူတုိ႔ေပးတဲ့ ထိန္းခ်ဳပ္ထားတဲ့ သတင္းအခ်က္အလက္ကလြဲၿပီး အျခားဘယ္သူေမးတာကိုမွ၊ ဘယ္လိုသတင္းမ်ဳိးကိုမွ သည္းညီးမခံႏိုင္ဘူးဆိုတာ၊ ႏိွပ္ကြပ္ေနတာ ျဖစ္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ အျခားသူေတြကေကာ ယံုသလား။ အဲဒီလို သူတုိ႔ေျပာတဲ့ အခ်က္အလက္ေတြကို။ ဒါကို သူတုိ႔မစဥ္းစားဘူးလား မသိပါဘူး။ Social Media - လူမႈ႔ကြန္ရက္မီဒီယာေတြျဖစ္တဲ့ Facebook, Twitter တို႔မွာလည္း လူေတြက သတင္းျဖစ္ရပ္ေတြကို အၿမဲတင္ျပေနၾကေတာ့ လူေတြက အဲဒါေတြကို ေစာင့္ၾကည့္ၿပီး ဖတ္ေနၾကတယ္ဆုိေတာ့ သတင္းအခ်က္အလက္ အမွန္ကို သူတုိ႔က ႏိုင္ထက္စီးနင္းပိတ္ပင္ထားသည့္တိုင္ေအာင္ စစ္ေကာင္စီက သူတုို႔ အဲဒီလိုလုပ္လို႔ ရမယ္လို႔မ်ား တကယ္ယံုၾကည္ေနၾကသလား။

ေျဖ ။ ။ စစ္ေကာင္စီနဲ႔ ေနျပည္ေတာ္မွာရိွတဲ့ အာဏာပိုင္ေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္ (၃၀) ကလိုပဲ ထင္ေနၾကပါတယ္။ အဲဒီတုန္းကလဲ အာဏာရယူထားတဲ့ စစ္အစိုးရက သူတုိ႔ေျပာခ်င္တဲ့ သတင္းအခ်က္အလက္ေတြကိုပဲ ေျပာတယ္။ လူေတြက ယံုၾကမွာပဲလုိ႔ ထင္ေနၾကပါတယ္။ အခုေတာ့ ကမာၻႀကီးက ေျပာင္းလဲခဲ့ပါၿပီ။ စစ္ေကာင္စီေျပာတာကို လူေတြ မယံုၾကည္ၾကပါဘူး။ ဒါေတြက အလိမ္အညာေတြပဲဆိုတာကို လူေတြသိၾကပါတယ္။ ဝါဒျဖန္႔တယ္ဆိုတာကို သိပါတယ္။ ဒီမိိုကေရစီအေတြ႔အႀကံဳ ဆယ္ႏွစ္ရိွခဲ့ၿပီးေနာက္ လူေတြ အမ်ားႀကီးႏိုးၾကားလာသလို၊ လူမႈကြန္ရက္မီဒီယာေတြလည္း အမ်ားႀကီးရိွေနပါၿပီ။ ဒါ့အျပင္ သတင္းအမွား၊ သတင္းအတုေတြကို တန္ျပန္ဖို႔အတြက္ အမွန္ကို စီစစ္တင္ျပေနတဲ့ အရပ္ဘက္အဖြဲ႔အစည္းေတြလည္း အမ်ားအျပား ရိွေနပါတယ္။ သူတုိ႔ေတြလည္း ျမန္မာျပည္သူေတြ သိႏိုင္ဖို႔ အခ်က္အလက္မွန္ သတင္းေတြကို အၿမဲတမ္းေဖာ္ထုတ္ေနပါတယ္။

ေမး ။ ။ တဆက္တည္းမွာပဲ စစ္ေကာင္စီရဲ ႔ သတင္းစာရွင္းလင္းပြဲနဲ႔ ပတ္သက္တဲ့ ေမးခြန္းတခုလည္း က်ေနာ္ေမးခ်င္ပါတယ္။ သူတုိ႔ရွင္းလင္းပြဲမွာ စစ္ေကာင္စီအလုိက် ေမးခြန္းေတြကို ထထေမးေနတဲ့ လူတခ်ဳိ ႔ကိုလည္း ေတြ႔ရပါတယ္။ တနည္းအားျဖင့္ စစ္ေကာင္စီ ေျပာလာမယ့္စကားေတြအတြက္ လမ္းခင္းေပးတယ္၊ လိုက္ေလ်ာညီေထြျဖစ္ေအာင္ လုပ္ေပးတယ္။ အဲဒီလိုလူေတြ ေမးခြန္းေမးေနတာကို ေတြ႔ရပါတယ္။ သူတုိ႔ကိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက ေတာ္ေတာ္မ်က္မုန္းက်ဳိးၾကတယ္။ ဒီလူေတြကေတာ့ စစ္ေကာင္စီရဲ ႔ ဒလန္စုေတြ၊ သတင္းသမား အစစ္အမွန္ မဟုတ္ဘူးဆုိၿပီး ရွဳတ္ခ်ၾကတယ္။ အတုအေယာင္ေတြ ျဖစ္တယ္လို႔ သတ္မွတ္ၾကပါတယ္။ အဲဒီလူေတြကို Daniel တို႔ RSF က ဘယ္လိုသတ္မွတ္ပါသလဲ။

ေျဖ ။ ။ အခုစစ္ေကာင္စီလက္ေအာက္ ျမန္မာႏိုင္ငံမွာ သတင္းသမားျဖစ္ဖို႔၊ ဂ်ာနယ္လစ္ျဖစ္ဖို႔ဆိုတာ အင္မတန္ခက္ခဲတယ္ဆိုတာ သိရပါတယ္။ စစ္ေကာင္စီကို ေဝဖန္တဲ့ သတင္းသမားေတြအတြက္ ပိုၿပီးေတာ့ မွန္ပါတယ္။ က်န္တဲ့သတင္းသမားေတြအဖို႔လည္း သူတုိ႔ေမးသင့္တဲ့ ေမးခြန္းကို ေမးပိုင္ခြင့္ မရိွပါဘူး။ ခင္မ်ားေျပာတဲ့ လူေတြရဲ ႔ အျပစ္မဟုတ္ဘူးလို႔ပဲ က်ေနာ္က ထင္ပါတယ္။ သူတုိ႔ဟာ တကယ္ေတာ့ စနစ္ရဲ ႔ သားေကာင္ေတြ Victims of the System ျဖစ္ေနတာပါ။ က်ေနာ္က သူတုိ႔ကို အသံုးမက်တဲ့ သတင္းသမားေတြ၊ စစ္ေကာင္စီ ဝါဒျဖန္႔တဲ့လူေတြလို႔ မေခၚခ်င္ပါဘူး။ သူတုိ႔အလုပ္ကို လုပ္ႏုိင္သေလာက္ လုပ္ေနၾကတဲ့လူေတြလိုပဲ ေခၚခ်င္ပါတယ္။ တကယ္ဆိုးဝါးတဲ့ လူေတြက စစ္ေကာင္စီနဲ႔ စစ္ဗိုလ္ခ်ဳပ္ေတြသာ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ သူ႔ရဲ ႔စစ္တပ္က တကယ့္ျပႆနာသမားစစ္စစ္ေတြ Real Problematic People ေတြ ျဖစ္ပါတယ္။ သူတုိ႔လုပ္စရာရိွတာ လုပ္ႏုိင္သေလာက္ လုပ္ေနတဲ့ ဂ်ာနယ္လစ္ေတြပါ။ ဝါဒျဖန္႔တယ္ဆိုတာလဲ စစ္အာဏာရွင္လက္ေအာက္ လုပ္ရကိုင္ရေတာ့ ဒါမ်ဳိးေတြလည္း ရိွေနအံုးမွာ ျဖစ္ပါတယ္။

ေမး ။ ။ အခုလႊတ္လိုက္တဲ့ သတင္းသမားေတြထဲမွာ ႏုိင္ငံျခားသားသတင္းသမား ဂ်ပန္သတင္းသမား Toru Kubota လည္း ပါပါတယ္။ ဒါဟာ ဂ်ပန္အစိုးရရဲ ႔ ဖိအားေၾကာင့္၊ ဂ်ပန္အစိုးရ ဖိအားကိုေၾကာက္လုိ႔ လႊတ္ေပးတယ္ဆိုၿပီး လူေတြက ေျပာၾကပါတယ္။ ဟုတ္လည္းဟုတ္မွာပါ။ ဒါေပမဲ့ က်န္တဲ့သတင္းေထာက္ေတြအတြက္ ႏုိင္ငံတကာအသိုင္းအဝိုင္းက လက္ပိုက္ၾကည့္ေနၾကသလား။ ဖိအားမေပးၾကဘူးလား ဆိုတာလည္း စဥ္းစားစရာ ျဖစ္ေနပါတယ္။ တနည္းအားျဖင့္ မမွ်တသလိုပဲေပ့ါ။ ျမန္မာႏုိင္ငံသား သတင္းေထာက္ေတြၾကေတာ့ ထိထိေရာက္ေရာက္ ေျပာတာေတြ မရိွလို႔လား။ သူတုိ႔ၾကေတာ့ လြတ္မလာဘူးဆိုတာလည္း ေျပာၾကပါတယ္။ အဲဒါကို ဘယ္လိုေျပာလုိပါသလဲ။

ေျဖ ။ ။ က်ေနာ္တို႔ နယ္စီးမျခား သတင္းေထာက္မ်ားအေနနဲ႔ေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္းက ျမန္မာႏုိင္ငံမွာ ျဖစ္ပြားေနတဲ့ ေၾကာက္မက္ဖြယ္အေျခအေနကို ရပ္တန္႔ေအာင္ ပိုၿပီးဖိအားေပးရမယ္လို႔ ယူဆပါတယ္။ ဒီိလိုဖိအားေပးဖို႔ နည္းလမ္းေတြအမ်ဳိးမ်ဳိး ရိွပါတယ္။ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြအေပၚ ဒဏ္ခတ္အေရးယူမႈေတြကို လုပ္ၾကပါတယ္။ ဒါေပမဲ့ ဒါေတြက ပိုမုိထိေရာက္စူးရွတဲ့ ဒဏ္ခတ္မႈမ်ဳိးျဖစ္ဖို႔ လိုအပ္ေနပါတယ္။ ေနာက္တမ်ဳိးကေတာ့ ျမန္မာစစ္ေကာင္စီနဲ႔ စီးပြားေရးလုပ္ေနတဲ့ ႏိုင္ငံျခားကုမၸဏီေတြပါ။ ဒီလိုလုပ္ေနတဲ့အတြက္ သူတုိ႔ဟာလည္း ျမန္မာျပည္မွာျဖစ္ေနတဲ့ ေၾကာက္မက္ဖြယ္ ရာဇဝတ္မႈေတြနဲ႔ အာဏာရွင္စနစ္အတြက္ တာဝန္မကင္းတဲ့ ေပါင္းဖက္တရားခံေတြ ျဖစ္ေနတယ္ဆိုတာကိုလည္း သိထား၊ သေဘာေပါက္ထားၾကရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏုိင္ငံတကာအသိုင္းအဝိုင္းေတြ၊ အစိုးရေတြနဲ႔ ကုလတို႔က တဘက္မွာ ျမန္မာစစ္အရာရိွေတြကို အေရးယူတာ၊ တကယ္ထိထိေရာက္ေရာက္ ရိွေစဖုိ႔ လုပ္ေဆာင္ၿပီး၊ တျခားတဘက္မွာလဲ ႏိုင္ငံတကာစီးပြားေရး အသိုင္းအဝိုင္းေတြနဲ႔ ျမန္မာျပည္တြင္းက ရက္စက္ႏိွပ္ကြပ္မႈေတြနဲ႔ ပတ္သက္ေနတဲ့ ေပါင္းဖက္တရားခံေတြကိုလည္း ထိုက္သင့္သလို အေရးယူေဆာင္ရြက္ၾကဖို႔ လိုအပ္ပါတယ္။

ေမး ။ ။ မီဒီယာလြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီး၊ ေမးသင့္တယ္ထင္တဲ့ ေမးခြန္းတခုကို စဥ္းစားမိလို႔ ေမးပါရေစ။ အဲဒါက ဘာလဲဆိုေတာ့ NLD အစိုးရလက္ထက္မွာ သတင္းလြတ္လပ္ခြင့္ - အဲဒီတုန္းကလဲ သတင္းလြတ္လပ္ခြင့္ အျပည့္အဝ မရခဲ့ဘူး။ သတင္းသမားေတြကို သိပ္ၿပီးဦးစားမေပးဘူး။ သတင္းသမားေတြ ပစ္ပယ္ထားတယ္။ ခ်ဳပ္ခ်ယ္မႈရိွတယ္လို႔ ေဝဖန္ခံခဲ့ရပါတယ္။ ဆိုေတာ့ အခုေခတ္နဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ သိသိသာသာ ကြာျခားေနတာေပါ့။ သို႔ေပမဲ့လဲ ဒီမွာ က်ေနာ္ စဥ္းစားမိတာက မီဒီယာလြတ္လပ္ခြင့္ဆိုတာ အစိုးရစနစ္ ဘယ္လိုေတြေျပာင္းေျပာင္း လူမႈ႔အဖြဲ႔အစည္းတခုလံုးနဲ႔ ပတ္သက္ေနသလား။ ႏုိင္ငံအလုိက္မ်ား ဒီမိုကေရစီျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ ကြာဟမႈေတြ ရိွေနသလားဆိုတာကို က်ေနာ္ စဥ္းစားမိတာ ျဖစ္ပါတယ္။ အဲဒါကို ႏိႈင္းယွဥ္ၿပီးေတာ့ ရွင္းျပေပးပါ။

ေျဖ ။ ။ သတင္းမီဒီယာ လြတ္လပ္ခြင့္နဲ႔ ပတ္သက္ရင္ ျမန္မာႏုိင္ငံနဲ႔ အျခားႏုိင္ငံေတြၾကားမွာ ကြဲလြဲမႈေတာ့ မရိွပါဘူး။ ျမန္မာႏုိင္ငံဟာ ဒီမိုကေရစီကို ေမွ်ာ္လင့္လိုလားေနတဲ့ ျပည္သူေတြရဲ ႔ တုိင္းျပည္တျပည္ပါ။ တခ်ဳိ ႔အာဏာရိွသူေတြကေတာ့ ဒီမိုကေရစီကို မေပးခ်င္ၾကပါဘူး။ ေနာက္အခ်က္ ႏွစ္ခုကို က်ေနာ္ေျပာပါမယ္။ စစ္တပ္အာဏာသိမ္းတဲ့ ၂၀၂၁ ေဖေဖၚဝါရီမတုိင္မီက ျမန္မာႏုိင္ငံမွာ အက်ဥ္းက်ေနတဲ့ သတင္းေထာက္ႏွစ္ေယာက္ ရိွပါတယ္။ အခုအာဏာသိမ္းၿပီး ႏွစ္ႏွစ္အၾကာမွာ အက်ဥ္းက်သတင္းသမား ၆၂ ေယာက္ ရိွပါတယ္။ အဆသံုးဆယ္ ပိုမ်ားလာပါတယ္။ သိပ္ကြာပါတယ္။ ဒါေပမဲ့ ၂၀၁၁ နဲ႔ အာဏာျပန္မသိမ္းခင္ ၂၀၂၁ ၾကားမွာလည္း Press Freedom သတင္းလြတ္လပ္ခြင့္ဟာ ျမန္မာႏုိင္ငံမွာ အေတာ္ျပႆနာ ရိွခဲ့ပါတယ္။ ရခုိုင္ျပည္နယ္က လူအစုအလိုက္အၿပံဳလိုက္ သတ္ျဖတ္မႈကို စံုစမ္းခဲ့တဲ့ ရိုက္တာသတင္းသမားႏွစ္ေယာက္ အက်ဥ္းက်ခံခဲ့ရပါတယ္။ ျပစ္ဒဏ္က်ခံၿပီး၊ လြတ္ၿငိမ္းခြင့္မရဘဲ ေထာင္ထဲမွာ ၇ ႏွစ္ ေနခဲ့ရပါတယ္။ ဒါဟာ သူတုိ႔အလုပ္ကိုလုပ္လို႔ ခံရတာပါ။ အဲဒီအတြက္ ျမန္မာႏုိင္ငံ ဒီမိုကေရစီအစိုးရက ျပစ္ဒဏ္ခ်ခဲ့တာပါ။ အခုအခါမွာ NUG အေနနဲ႔ သတင္းလြတ္လပ္ခြင့္ေပးဖို႔ ဆႏၵရိွေၾကာင္း ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ ကမာၻကိုျပသဖို႔ က်ေနာ္ RSF က ေတာင္းဆိုပါတယ္။ ျမန္မာႏုိင္ငံအနာဂတ္မွာ ပိုမုိေကာင္းမြန္တဲ့ သတင္းလြတ္လပ္ခြင့္ေတြ ထြန္းကားဖုိ႔ က်ေနာ္တုိ႔ ေမွ်ာ္လင့္ခ်င္ပါတယ္။ တေန႔မွာ စစ္ေကာင္စီ ျပဳတ္က်မယ္လို႔လည္း က်ေနာ္တုိ႔ ေမွ်ာ္လင့္ထားပါတယ္။

ေမး ။ ။ က်ေနာ္လည္း အဲဒီကိစၥကို ေနာက္ဆံုးေမးခြန္းအေနနဲ႔ ေမးခ်င္တာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံ သတင္းလြတ္လပ္ခြင့္ အျပည့္အဝထြန္းကားလာမယ့္ အနာဂတ္ ဘယ္ေတာ့မ်ား ျဖစ္ႏုိင္မလဲဆိုတာကို Daniel အာရွပစိဖိတ္ေဒသတခုလံုးရဲ ႔ သတင္းေလာကို ေစာင့္ၾကည့္ေနတဲ့ ပုဂၢိဳလ္တေယာက္အေနနဲ႔ ခန္႔မွန္းေပးဖို႔ပါ။

ေျဖ ။ ။ ေလာေလာဆယ္မွာေတာ့ ျမန္မာႏုိင္ငံရဲ ႔ သတင္းလြတ္လပ္ခြင့္ အဆင့္အတန္းဟာ ကမာၻ႔ႏုိင္ငံ ၁၈၀ အနက္မွာ ၁၇၆ အဆင့္မွာ ရိွေနပါတယ္။ က်ေနာ္တို႔ RSF ရဲ ႔ Press Freedom Index အညြန္းကိန္းအရ ေျပာရတာပါ။ ကမာၻေပၚမွာ ျမန္မာႏုိင္ငံထက္ လြတ္လပ္ခြင့္ကင္းမဲ့တဲ့ႏုိင္ငံ မရိွသေလာက္ပဲလို႔ ဆိုရမွာပါ။ ေျမာက္ကိုရီးယားအဆင့္ေလာက္ ရိွေနပါတယ္။ ျမန္မာႏိုင္ငံမွာ အစိုးရမေျပာင္းလဲသမွ် သတင္းလြတ္လပ္ခြင့္ မရိွႏိုင္ပါဘူး။ ဆိုေတာ့ က်ေနာ္တုိ႔အေနနဲ႔ စစ္ေကာင္စီ ျပဳတ္က်ဖို႔၊ ဒါမွမဟုတ္ စစ္ေကာင္စီက တနည္းနည္းနဲ႔ အာဏာစြန္႔လႊတ္ဖို႔ကိုပဲ ေမွ်ာ္လင့္ရမွာပါ။ ဒါမွလဲ သတင္းလြတ္လပ္ခြင့္ ထြန္းကားတဲ့ ျမန္မာႏိုင္ငံ ျဖစ္လာမွာပါ။

==== Unicode ===

စစ်ကောင်စီအနေနဲ့ သတင်းသမားတွေကို ဖမ်းဆီးနှိပ်ကွပ်နေတာဟာ သတင်းသမားတွေက သူတို့ကိုဆန့်ကျင် တော်လှန်နေကြလို့ မဟုတ်ဘဲ၊ သူတို့စစ်ကောင်စီ ပြောသမျှကိုသာ လူတွေကြားစေသိစေချင်၊ လက်ခံစေချင်ပြီး သူတို့ပြောတာနဲ့ ကွဲလွဲတဲ့ ပြောဆိုတင်ပြမှုအားလုံးကို နှိပ်ကွပ်ချင်တာ ဖြစ်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ အာရှပစိဖိတ် ညွှန်ကြားရေးမှူး Daniel Bustard (ဘူချာ့) က ဆိုပါတယ်။ Daniel Bustard နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆက်သွယ်ရတာကတော့ မြန်မာစစ်ကောင်စီရဲ့ သတင်းသမားတွေပေါ် ကိုင်တွယ်မှု၊ တနည်းပြောရရင် မြန်မာစစ်ကောင်စီရဲ့ မီဒီယာပေါ် သဘောထားနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်လို့ ဖြစ်ပါတယ်။ တလောတုန်းက မြန်မာစစ်ကောင်စီက သူတို့ဖမ်းဆီးထားတဲ့ အကျဉ်းသားတော်တော်များများကို လွတ်ငြိမ်းခွင့်ပေးပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးသမားတွေပါသလို၊ သတင်းသမားတချို့လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီသတင်းသမားတွေလွတ်ပြီး မကြာခင်မှာ နောက်ထပ်နှစ်ယောက်ကို ထပ်ဖမ်းပြန်တယ်။ ဆိုတော့ ဒါက သူတို့ရဲ့ မီဒီယာပေါ်ထားရှိတဲ့ သဘောထား အတော်နားလည်ရခက်တဲ့ အခြေအနေမျိုးလို့ ပြောရမလား။

ဖြေ ။ ။ ဒီလိုလွတ်ပေးလိုက်တာနဲ့ ကျနော်တို့ အလှည့်စားမခံရဖို့ သတိထားရပါမယ်။ လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ သတင်းသမား ခြောက်ယောက်ပါတာ မှန်ပါတယ်။ အခု ကျနော်ပြောနေတဲ့အချိန်မှာ သတင်းသမား ၆၂ ယောက် ထောင်ထဲမှာ ရှိနေပါသေးတယ်။ အခုလွတ်ပေးတဲ့ ခြောက်ယောက်ကို ဘာကြောင့်လွတ်ပေးတယ်ဆိုတာ စစ်ကောင်စီက အကြောင်းတစုံတရာ မပြပါဘူး။ ထောင်ထဲမှာ ကျန်နေသေးတဲ့ ၆၂ ယောက်ကိုရော ဘာကြောင့်ဖမ်းထားရတယ်ဆိုတာကို သူတို့အနေနဲ့ အကြောင်းပြစရာမရှိဘူး ဖြစ်ပါတယ်။ အကြောင်းမဲ့ ဖမ်းထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အကျဉ်းသားတွေလွှတ်တဲ့ကိစ္စ သူတို့ကြေညာချက်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်၊ အကျဉ်းသားအချို့ကို သက်ညှာသောအားဖြင့် လွှတ်ပေးတယ် ဘာညာပြောပါတယ်။ တကယ်တော့ ဒါဟာ မြန်မာပြည်သူတွေအပေါ် သူတို့ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ပုံမှန်အခြေအနေဖြစ်အောင် လုပ်ပြဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ တချိန်တည်းမှာ နောက်ထပ်သတင်းသမား နှစ်ယောက်ကို ဖမ်းဆီးပြန်ပါတယ်။ ဆိုတော့ ဘာကြောင့်လဲ။ တကယ်တော့ ဘာကြောင့်လဲဆိုတာထက် သတင်းသမားတွေကို စစ်ကောင်စီက ဘာဖြစ်လို့ ကြောက်နေသလဲလို့ မေးရင်၊ ပိုပြီးမှန်မယ်ထင်ပါတယ်။

ဖြေ ။ ။ စစ်ကောင်စီက သူတို့ပြောစကား၊ သူတို့ narrative ကိုပဲ တင်စီးချင်လို့၊ ပြဌာန်းချင်လို့ ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေကို သူတို့ပဲ ထိန်းချုပ်ထားမယ်။ သူတို့စစ်ဗိုလ်ချုပ်တွေက ပေးတဲ့သတင်းမဟုတ်ရင်၊ သူတို့မကြားချင်၊ မလိုလားကြပါဘူး။ ဒါကြောင့်လဲ သတင်းသမားတွေကို သူတို့အလုပ် လုပ်ခွင့်မပေးတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ စစ်ကောင်စီက သူတို့နဲ့ နီးစပ်တယ်ဆိုတဲ့ သတင်းသမားနှစ်ယောက်ကို ဖမ်းဆီးလိုက်တာကိုကြည့်ရင် ရှင်းလင်းပေါ်လွင်နေပါတယ်။ ဒီနှစ်ယောက်ကို စစ်ကောင်စီက သူတို့သတင်းစာ ရှင်းလင်းပွဲကိုဖိတ်တယ်။ အဲဒီမှာ သူတို့က KNU နဲ့လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ကုန်ဈေးနှုန်းတက်နေတဲ့ ကိစ္စရပ်တွေကို ရဲရဲဝံ့ဝံ့ မေးခဲ့ကြပါတယ်။ စစ်ကောင်စီက မေးစေချင်တဲ့ မေးခွန်းတချို့ကိုလည်း မေးခဲ့ပါတယ်။ ဒါနဲ့ပဲ သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းမေးရုံနဲ့ပဲ အဖမ်းခံရတာ ဖြစ်ပါတယ်။ NUG ကို လိုလားထောက်ခံသူတွေလည်း မဟုတ်ပါဘူး။ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အကြမ်းဖက်အဖွဲ့ဆိုတဲ့ အုပ်စုတွေနဲ့လည်း မပတ်သက်ပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းမေးတယ်ဆိုတာ ဘယ်အုပ်ချုပ်ရေးစနစ်ပဲ ကျင့်သုံးကျင့်သုံး သတင်းသမားတွေအလုပ်ပါ။ တရုတ်ပြည်မှာလည်း ဒီလိုပဲ မေးကြပါတယ်။ ဒါကြောင့် စစ်ကောင်စီက သူတို့ပေးတဲ့ ထိန်းချုပ်ထားတဲ့ သတင်းအချက်အလက်ကလွဲပြီး အခြားဘယ်သူမေးတာကိုမှ၊ ဘယ်လိုသတင်းမျိုးကိုမှ သည်းညီးမခံနိုင်ဘူးဆိုတာ၊ နှိပ်ကွပ်နေတာ ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အခြားသူတွေကကော ယုံသလား။ အဲဒီလို သူတို့ပြောတဲ့ အချက်အလက်တွေကို။ ဒါကို သူတို့မစဉ်းစားဘူးလား မသိပါဘူး။ Social Media - လူမှု့ကွန်ရက်မီဒီယာတွေဖြစ်တဲ့ Facebook, Twitter တို့မှာလည်း လူတွေက သတင်းဖြစ်ရပ်တွေကို အမြဲတင်ပြနေကြတော့ လူတွေက အဲဒါတွေကို စောင့်ကြည့်ပြီး ဖတ်နေကြတယ်ဆိုတော့ သတင်းအချက်အလက် အမှန်ကို သူတို့က နိုင်ထက်စီးနင်းပိတ်ပင်ထားသည့်တိုင်အောင် စစ်ကောင်စီက သူတို့ အဲဒီလိုလုပ်လို့ ရမယ်လို့များ တကယ်ယုံကြည်နေကြသလား။

ဖြေ ။ ။ စစ်ကောင်စီနဲ့ နေပြည်တော်မှာရှိတဲ့ အာဏာပိုင်တွေကတော့ လွန်ခဲ့တဲ့ နှစ် (၃၀) ကလိုပဲ ထင်နေကြပါတယ်။ အဲဒီတုန်းကလဲ အာဏာရယူထားတဲ့ စစ်အစိုးရက သူတို့ပြောချင်တဲ့ သတင်းအချက်အလက်တွေကိုပဲ ပြောတယ်။ လူတွေက ယုံကြမှာပဲလို့ ထင်နေကြပါတယ်။ အခုတော့ ကမ္ဘာကြီးက ပြောင်းလဲခဲ့ပါပြီ။ စစ်ကောင်စီပြောတာကို လူတွေ မယုံကြည်ကြပါဘူး။ ဒါတွေက အလိမ်အညာတွေပဲဆိုတာကို လူတွေသိကြပါတယ်။ ဝါဒဖြန့်တယ်ဆိုတာကို သိပါတယ်။ ဒီမိုကရေစီအတွေ့အကြုံ ဆယ်နှစ်ရှိခဲ့ပြီးနောက် လူတွေ အများကြီးနိုးကြားလာသလို၊ လူမှုကွန်ရက်မီဒီယာတွေလည်း အများကြီးရှိနေပါပြီ။ ဒါ့အပြင် သတင်းအမှား၊ သတင်းအတုတွေကို တန်ပြန်ဖို့အတွက် အမှန်ကို စီစစ်တင်ပြနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေလည်း အများအပြား ရှိနေပါတယ်။ သူတို့တွေလည်း မြန်မာပြည်သူတွေ သိနိုင်ဖို့ အချက်အလက်မှန် သတင်းတွေကို အမြဲတမ်းဖော်ထုတ်နေပါတယ်။

မေး ။ ။ တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတခုလည်း ကျနော်မေးချင်ပါတယ်။ သူတို့ရှင်းလင်းပွဲမှာ စစ်ကောင်စီအလိုကျ မေးခွန်းတွေကို ထထမေးနေတဲ့ လူတချို့ကိုလည်း တွေ့ရပါတယ်။ တနည်းအားဖြင့် စစ်ကောင်စီ ပြောလာမယ့်စကားတွေအတွက် လမ်းခင်းပေးတယ်၊ လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးတယ်။ အဲဒီလိုလူတွေ မေးခွန်းမေးနေတာကို တွေ့ရပါတယ်။ သူတို့ကိုတော့ လူတော်တော်များများက တော်တော်မျက်မုန်းကျိုးကြတယ်။ ဒီလူတွေကတော့ စစ်ကောင်စီရဲ့ ဒလန်စုတွေ၊ သတင်းသမား အစစ်အမှန် မဟုတ်ဘူးဆိုပြီး ရှုတ်ချကြတယ်။ အတုအယောင်တွေ ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ အဲဒီလူတွေကို Daniel တို့ RSF က ဘယ်လိုသတ်မှတ်ပါသလဲ။

ဖြေ ။ ။ အခုစစ်ကောင်စီလက်အောက် မြန်မာနိုင်ငံမှာ သတင်းသမားဖြစ်ဖို့၊ ဂျာနယ်လစ်ဖြစ်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်ဆိုတာ သိရပါတယ်။ စစ်ကောင်စီကို ဝေဖန်တဲ့ သတင်းသမားတွေအတွက် ပိုပြီးတော့ မှန်ပါတယ်။ ကျန်တဲ့သတင်းသမားတွေအဖို့လည်း သူတို့မေးသင့်တဲ့ မေးခွန်းကို မေးပိုင်ခွင့် မရှိပါဘူး။ ခင်များပြောတဲ့ လူတွေရဲ့ အပြစ်မဟုတ်ဘူးလို့ပဲ ကျနော်က ထင်ပါတယ်။ သူတို့ဟာ တကယ်တော့ စနစ်ရဲ့ သားကောင်တွေ Victims of the System ဖြစ်နေတာပါ။ ကျနော်က သူတို့ကို အသုံးမကျတဲ့ သတင်းသမားတွေ၊ စစ်ကောင်စီ ဝါဒဖြန့်တဲ့လူတွေလို့ မခေါ်ချင်ပါဘူး။ သူတို့အလုပ်ကို လုပ်နိုင်သလောက် လုပ်နေကြတဲ့လူတွေလိုပဲ ခေါ်ချင်ပါတယ်။ တကယ်ဆိုးဝါးတဲ့ လူတွေက စစ်ကောင်စီနဲ့ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်တပ်က တကယ့်ပြဿနာသမားစစ်စစ်တွေ Real Problematic People တွေ ဖြစ်ပါတယ်။ သူတို့လုပ်စရာရှိတာ လုပ်နိုင်သလောက် လုပ်နေတဲ့ ဂျာနယ်လစ်တွေပါ။ ဝါဒဖြန့်တယ်ဆိုတာလဲ စစ်အာဏာရှင်လက်အောက် လုပ်ရကိုင်ရတော့ ဒါမျိုးတွေလည်း ရှိနေအုံးမှာ ဖြစ်ပါတယ်။

မေး ။ ။ အခုလွှတ်လိုက်တဲ့ သတင်းသမားတွေထဲမှာ နိုင်ငံခြားသားသတင်းသမား ဂျပန်သတင်းသမား Toru Kubota လည်း ပါပါတယ်။ ဒါဟာ ဂျပန်အစိုးရရဲ့ ဖိအားကြောင့်၊ ဂျပန်အစိုးရ ဖိအားကိုကြောက်လို့ လွှတ်ပေးတယ်ဆိုပြီး လူတွေက ပြောကြပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ဒါပေမဲ့ ကျန်တဲ့သတင်းထောက်တွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ပိုက်ကြည့်နေကြသလား။ ဖိအားမပေးကြဘူးလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ တနည်းအားဖြင့် မမျှတသလိုပဲပေ့ါ။ မြန်မာနိုင်ငံသား သတင်းထောက်တွေကြတော့ ထိထိရောက်ရောက် ပြောတာတွေ မရှိလို့လား။ သူတို့ကြတော့ လွတ်မလာဘူးဆိုတာလည်း ပြောကြပါတယ်။ အဲဒါကို ဘယ်လိုပြောလိုပါသလဲ။

ဖြေ ။ ။ ကျနော်တို့ နယ်စီးမခြား သတင်းထောက်များအနေနဲ့တော့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ်အခြေအနေကို ရပ်တန့်အောင် ပိုပြီးဖိအားပေးရမယ်လို့ ယူဆပါတယ်။ ဒီလိုဖိအားပေးဖို့ နည်းလမ်းတွေအမျိုးမျိုး ရှိပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို လုပ်ကြပါတယ်။ ဒါပေမဲ့ ဒါတွေက ပိုမိုထိရောက်စူးရှတဲ့ ဒဏ်ခတ်မှုမျိုးဖြစ်ဖို့ လိုအပ်နေပါတယ်။ နောက်တမျိုးကတော့ မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေပါ။ ဒီလိုလုပ်နေတဲ့အတွက် သူတို့ဟာလည်း မြန်မာပြည်မှာဖြစ်နေတဲ့ ကြောက်မက်ဖွယ် ရာဇဝတ်မှုတွေနဲ့ အာဏာရှင်စနစ်အတွက် တာဝန်မကင်းတဲ့ ပေါင်းဖက်တရားခံတွေ ဖြစ်နေတယ်ဆိုတာကိုလည်း သိထား၊ သဘောပေါက်ထားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွေ၊ အစိုးရတွေနဲ့ ကုလတို့က တဘက်မှာ မြန်မာစစ်အရာရှိတွေကို အရေးယူတာ၊ တကယ်ထိထိရောက်ရောက် ရှိစေဖို့ လုပ်ဆောင်ပြီး၊ တခြားတဘက်မှာလဲ နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းတွေနဲ့ မြန်မာပြည်တွင်းက ရက်စက်နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်နေတဲ့ ပေါင်းဖက်တရားခံတွေကိုလည်း ထိုက်သင့်သလို အရေးယူဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

မေး ။ ။ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး၊ မေးသင့်တယ်ထင်တဲ့ မေးခွန်းတခုကို စဉ်းစားမိလို့ မေးပါရစေ။ အဲဒါက ဘာလဲဆိုတော့ NLD အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် - အဲဒီတုန်းကလဲ သတင်းလွတ်လပ်ခွင့် အပြည့်အဝ မရခဲ့ဘူး။ သတင်းသမားတွေကို သိပ်ပြီးဦးစားမပေးဘူး။ သတင်းသမားတွေ ပစ်ပယ်ထားတယ်။ ချုပ်ချယ်မှုရှိတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဆိုတော့ အခုခေတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ သိသိသာသာ ကွာခြားနေတာပေါ့။ သို့ပေမဲ့လဲ ဒီမှာ ကျနော် စဉ်းစားမိတာက မီဒီယာလွတ်လပ်ခွင့်ဆိုတာ အစိုးရစနစ် ဘယ်လိုတွေပြောင်းပြောင်း လူမှု့အဖွဲ့အစည်းတခုလုံးနဲ့ ပတ်သက်နေသလား။ နိုင်ငံအလိုက်များ ဒီမိုကရေစီဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ကွာဟမှုတွေ ရှိနေသလားဆိုတာကို ကျနော် စဉ်းစားမိတာ ဖြစ်ပါတယ်။ အဲဒါကို နှိုင်းယှဉ်ပြီးတော့ ရှင်းပြပေးပါ။

ဖြေ ။ ။ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေကြားမှာ ကွဲလွဲမှုတော့ မရှိပါဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို မျှော်လင့်လိုလားနေတဲ့ ပြည်သူတွေရဲ့ တိုင်းပြည်တပြည်ပါ။ တချို့အာဏာရှိသူတွေကတော့ ဒီမိုကရေစီကို မပေးချင်ကြပါဘူး။ နောက်အချက် နှစ်ခုကို ကျနော်ပြောပါမယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီမတိုင်မီက မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သတင်းထောက်နှစ်ယောက် ရှိပါတယ်။ အခုအာဏာသိမ်းပြီး နှစ်နှစ်အကြာမှာ အကျဉ်းကျသတင်းသမား ၆၂ ယောက် ရှိပါတယ်။ အဆသုံးဆယ် ပိုများလာပါတယ်။ သိပ်ကွာပါတယ်။ ဒါပေမဲ့ ၂၀၁၁ နဲ့ အာဏာပြန်မသိမ်းခင် ၂၀၂၁ ကြားမှာလည်း Press Freedom သတင်းလွတ်လပ်ခွင့်ဟာ မြန်မာနိုင်ငံမှာ အတော်ပြဿနာ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်က လူအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စုံစမ်းခဲ့တဲ့ ရိုက်တာသတင်းသမားနှစ်ယောက် အကျဉ်းကျခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကျခံပြီး၊ လွတ်ငြိမ်းခွင့်မရဘဲ ထောင်ထဲမှာ ၇ နှစ် နေခဲ့ရပါတယ်။ ဒါဟာ သူတို့အလုပ်ကိုလုပ်လို့ ခံရတာပါ။ အဲဒီအတွက် မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရက ပြစ်ဒဏ်ချခဲ့တာပါ။ အခုအခါမှာ NUG အနေနဲ့ သတင်းလွတ်လပ်ခွင့်ပေးဖို့ ဆန္ဒရှိကြောင်း ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကမ္ဘာကိုပြသဖို့ ကျနော် RSF က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံအနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ သတင်းလွတ်လပ်ခွင့်တွေ ထွန်းကားဖို့ ကျနော်တို့ မျှော်လင့်ချင်ပါတယ်။ တနေ့မှာ စစ်ကောင်စီ ပြုတ်ကျမယ်လို့လည်း ကျနော်တို့ မျှော်လင့်ထားပါတယ်။

မေး ။ ။ ကျနော်လည်း အဲဒီကိစ္စကို နောက်ဆုံးမေးခွန်းအနေနဲ့ မေးချင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အပြည့်အဝထွန်းကားလာမယ့် အနာဂတ် ဘယ်တော့များ ဖြစ်နိုင်မလဲဆိုတာကို Daniel အာရှပစိဖိတ်ဒေသတခုလုံးရဲ့ သတင်းလောကို စောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ခန့်မှန်းပေးဖို့ပါ။

ဖြေ ။ ။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်အတန်းဟာ ကမ္ဘာ့နိုင်ငံ ၁၈၀ အနက်မှာ ၁၇၆ အဆင့်မှာ ရှိနေပါတယ်။ ကျနော်တို့ RSF ရဲ့ Press Freedom Index အညွန်းကိန်းအရ ပြောရတာပါ။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံထက် လွတ်လပ်ခွင့်ကင်းမဲ့တဲ့နိုင်ငံ မရှိသလောက်ပဲလို့ ဆိုရမှာပါ။ မြောက်ကိုရီးယားအဆင့်လောက် ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရမပြောင်းလဲသမျှ သတင်းလွတ်လပ်ခွင့် မရှိနိုင်ပါဘူး။ ဆိုတော့ ကျနော်တို့အနေနဲ့ စစ်ကောင်စီ ပြုတ်ကျဖို့၊ ဒါမှမဟုတ် စစ်ကောင်စီက တနည်းနည်းနဲ့ အာဏာစွန့်လွှတ်ဖို့ကိုပဲ မျှော်လင့်ရမှာပါ။ ဒါမှလဲ သတင်းလွတ်လပ်ခွင့် ထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာမှာပါ။

XS
SM
MD
LG