သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ ေဆြးေႏြးလို႔ ၿငိမ္းခ်မ္းေရး ဘယ္ေလာက္ ခရီးေပါက္ႏိုင္သလဲ


စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ ဝျပည္ေသြးစည္းညီညြတ္ေရးပါတီ ဒုဥကၠ႒ဦးေလာ့ယာကုတို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ (ဓာတ္ပံု-တပ္မေတာ္ျပန္ၾကားေရး/ေမ ၃၀၊ ၂၀၂၂)

ျမန္မာႏိုင္ငံမွာ လြတ္လပ္ေရးရၿပီးကတည္းက က်င့္သုံးလာခဲ့တဲ့ ဖြဲ႔စည္းပုံအေျခခံ (၃) ရပ္စလုံးမွာ တိုင္းရင္းသားေတြအတြက္ ျပည္နယ္ေတြ ဖန္တီးေပးထားတယ္ဆိုေပမဲ့၊ တိုင္းရင္းသားေတြဟာ ကိုယ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုေတာင္ ကိုယ္တိုင္ေရးခ်ယ္ပိုင္ခြင့္ မရရွိခဲ့ၾကပါဘူး။ အခုစစ္ေကာင္စီက ဖိတ္ေခၚလို႔ သြားေရာက္ေဆြေႏြးမႈေတြကေကာ တိုင္းရင္းသားေတြ လိုခ်င္ေတာင္းဆိုေနၾကတဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္ရွိေသာ စစ္မွန္တဲ့ ဖက္ဒရယ္အဆင့္အတန္းကို ရရွိႏိုင္မယ့္အလားအလာ ဘယ္ေလာက္ ရွိပါသလဲ။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) ဥကၠဌ စိုင္းၫြန႔္လြင္နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ဖိတ္ေခၚရတဲ့ အေၾကာင္းရင္းကေတာ့ အခုစစ္ေကာင္စီက ဖိတ္ေခၚၿပီးေတာ့ ေဆြးေႏြးေနတဲ့ တိုင္းရင္းသားေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲအလားအလာနဲ႔ ပတ္သက္ၿပီးေတာ့ ေဆြးေႏြးခ်င္လို႔ ျဖစ္ပါတယ္။ ဆိုေတာ့ က်ေနာ္က ဒီတုိင္းရင္းသားမ်ားျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ အေရးအႀကီးဆံုးကေတာ့ ကိုယ္ပိုင္ျပဌာန္းခြင့္ Self-determination - ကိုယ္ပိုင္ျပဌာန္းခြင့္ကို တခါမွ မေပးခဲ့ဘူး။ လြတ္လပ္ေရးရၿပီး ၁၉၄၇ ဥပေဒကစၿပီး၊ ၁၉၇၄ နဲ႔ ၂၀၀၈ ေကာ - ျပည္နယ္ေတြ ျပည္မေတြဆိုတာ ဖြဲ႔ထားတယ္။ ဒါေပမဲ့ ျပည္နယ္ေတြမွာ ဘယ္ေတာ့မွ စစ္မွန္တဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္၊ အုပ္ခ်ဳပ္ပိုင္ခြင့္၊ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္ စသည္ျဖင့္ ဘယ္ေတာ့မွ မရခဲ့ဘူး။ ဝန္ႀကီးခ်ဳပ္ကိုလည္း ဗဟိုအစိုးရကပဲခန္႔တယ္။ ျပည္နယ္လႊတ္ေတာ္က ဘယ္ေလာက္ပဲႏုိင္ႏုိင္၊ ဘယ္ေတာ့မွ မခန္႔ခဲ့ရဘူးဆိုေတာ့ အခုတခါမွာေကာ ျဖစ္ပါ့မလားဆိုတာ၊ အစကတည္းက က်ေနာ္ သံသယျဖစ္ေနတယ္ဆိုရင္၊ က်ေနာ္အေနနဲ႔ အဆိုးျမင္လြန္ရာက်ေနမလား။ ပမာဏအေနနဲ႔ က်ေနာ္ စဥ္းစားမိပါတယ္။

ေျဖ ။ ။ မမွားပါဘူး။ သံသယအျမင္ က်ေနာ္ကိုယ္တိုင္ မရိွဘူးဆိုေပမဲ့ သမိုင္းေၾကာင္းေတြကို ျပန္ေျပာင္းၾကည့္လိုက္မယ္ဆိုရင္ ၁၉၄၇ တုန္းက ေပးခဲ့တဲ့ ကတိကဝတ္ေတြက ၁၉၆၂ မွာ ဖ်က္သိမ္းခံရတယ္။ ၁၉၅၈ မွာ ျပည္သူ႔ကို လႊဲေပးတယ္ဆုိၿပီးေတာ့ တကယ္ေတာ့ ျပည္သူလက္ထဲကို အာဏာမက်ေရာက္ခဲ့ဘူး။ ၁၉၆၂ က်ေတာ့ အာဏာသိမ္းတယ္။ ဒီအတုိင္းပဲ ဆက္သြားတယ္။ ၁၉၇၄ က်ေတာ့ အေျခခံဥပေဒသစ္ ေရးတယ္။ ပင္လံု ကတိကဝတ္ေတြ မပါလာဘူး။ ၁၉၈၈ က်ေတာ့ ဒီလိုပဲ - ၁၉၈၈ ၿပီးေတာ့ ၁၉၉၀ ေရြးေကာက္ပြဲ ရလဒ္ေတြကို အေကာင္အထည္ မေဖာ္ခဲ့ဘူး။ ဆိုေတာ့ ပိုေတာင္ေဝးသြားတယ္။ တျဖည္းျဖည္းနဲ႔ ေဝးသြားခဲ့တယ္။ ၂၀၀၄ ေလာက္က်ေတာ့ အမ်ဳိးသားညီလာခံကို က်ေနာ္တုိ႔ မတက္ခဲ့တဲ့အတြက္ ဖမ္းဆီးတယ္။ ေထာင္ဒဏ္ေတြ ႏွစ္ရာဂဏန္းနီးပါး ခ်ခဲ့တယ္။ ၂၀၀၈ ကို အၿပီးသတ္လုပ္တယ္။ အခု ၂၀၀၈ ကေန လာျပန္ၿပီ၊ အခုတခါ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္တဦးက အာဏာသိမ္းတယ္။ အာဏာထိန္းလိုက္တဲ့အခါၾကေတာ့ အခုထက္ထိ ႏွစ္ေပါင္း (၇၀) ေလာက္က ေျပာမယ္ဆိုရင္ ဘာမွမရိွခဲ့ဘူး။ မရိွတဲ့အခါၾကေတာ့ ဒီေန႔ဒီအခ်ိန္အခါမွာ EAOs ေခၚ EROs တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔ေတြက အထူးသျဖင့္ ယံုၾကည္မႈဆိုတာ တအားခက္တယ္။ က်ေနာ္တုိ႔ ႏိုင္ငံေရးပါတီေတြကေတာင္ တအားႀကိဳးစားၿပီးေတာ့ အတင္းေျပာေပမဲ့လဲ အခုက တေန႔က က်ေနာ္ေျပာခဲ့သလိုပဲ က်ေနာ္တို႔ႏုိင္ငံက လက္နက္နဲ႔ပဲ တည္ေဆာက္ေနၾကတာ။ လက္နက္ရိွမွ လူရာဝင္တယ္။ လက္နက္မရိွရင္ လူရာမဝင္သလို ျဖစ္ေနေတာ့၊ ႏုိင္ငံေရးပါတီေတြက ေျပာေရးဆိုခြင့္က သိပ္ေတာ့မရိွဘူး။ အခုန ဦးေက်ာ္ဇံသာေျပာတဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္တို႔ ဘာတို႔ဆိုတာေတာ့ အိပ္မက္ေတာင္ မမက္ႏိုင္ပါဘူး။

ေမး ။ ။ ဆိုေတာ့ ကိုယ္ပိုင္ျပဌာန္းခြင့္ ျပႆနာဟာ အဓိကက်တဲ့ တုိင္းရင္းသားေတြ ၿငိမ္းခ်မ္းေရးရဖို႔ဆိုတာ အဲဒီဟာက အဓိကျဖစ္တယ္ဆိုတာကို ဦးစိုင္းညႊန္႔လြင္ လက္ခံပါသလား။ အဲဒါထက္ အေရးႀကီးတာ ဘာမ်ားရိွပါသလဲ။

ေျဖ ။ ။ အခုကေတာ့ ႏွစ္ေပါင္းေတာ္ေတာ္ၾကာလာၿပီးဆိုေတာ့ အခုနေျပာတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ၊ တဆင့္တက္ၿပီးေတာ့ ကိုယ္ပိုင္ျပဌာန္းခြင့္ အဲဒီေလာက္ထိေအာင္မွ တခ်ဳိ ႔တခ်ဳိ ႔ေတြက သိပ္လက္မခံခ်င္ၾကေတာ့တဲ့ အေနအထားနဲ႔ ရိွၾကတယ္။ ဘယ္ေလာက္မွန္တယ္ဆိုတာေတာ့ မသိဘူး။ ဒီထက္ပိုၿပီးေတာ့ ေတာင္းဆိုလာတာေတြ ရိွတယ္။ လက္နက္အင္အား၊ လူအင္အား ႀကီးမားလာတဲ့ လူေတြက ပိုၿပီးေတာ့ ေတာင္းဆိုလာႏုိင္တာေပါ့။ ဒါကို စဥ္းစားၾကည့္ရင္ သိႏိုင္ပါတယ္။

ေမး ။ ။ တဘက္က သူတုိ႔ အတင္းသိမ္းသြင္းလုပ္ဖို႔ လုပ္ေနသလို၊ တဘက္ကလဲ တန္းတူတြန္းကန္မႈအားက ပိုမ်ားလာတဲ့သေဘာေပါ့။ ဒါလဲ နိယာမလို႔ ထင္ပါတယ္။

ေျဖ ။ ။ မွန္တာေပါ့။ ဘာေခၚမလဲ - နည္းေပါင္းစံုနဲ႔ တေယာက္ပုခံုးလႊဲရင္နဲ႔ ဒီလိုထိန္းလာတဲ့အခါ ႏွစ္ (၇၀) ေလာက္ၾကာတဲ့အခါ ဒီအတိုင္း ဆက္မထိန္းႏုိင္ေတာ့ဘူး။ ဒါက အမွန္တရားမွ မဟုတ္ဘဲ။ လက္နက္နဲ႔ လူဦးေရနဲ႔ စသည္ျဖင့္ အသာစီးရယူၿပီးေတာ့ အဲဒီလိုနဲ႔ ထိန္းသိမ္းယူခဲ့တာ။ အဲဒီလို ထိန္းသိမ္းထားတဲ့ အခ်ိန္ကာလမွာ တိုင္းျပည္တိုးတက္ေအာင္ လုပ္ႏုိင္တယ္။ နယ္ေတြမွာလဲ ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ေပးႏိုင္တယ္ဆိုရင္ မဆိုးဘူးေပါ့။ ဒါေပမဲ့ အဲဒီလိုမ်ဳိး ထိန္းသိမ္းေပမဲ့လဲ နယ္ေတြမွာ ပိုၿပီးေတာ့ ဆိုးဝါးလာတယ္။ ႏိုင္ငံတႏုိင္ငံလံုးမွာလဲ ဆင္းရဲဒုကၡေရာက္ခဲ့ၾကတယ္။ စစ္မက္ေဘးေတြက ေရွာင္မလႊဲ ရင္ဆိုင္ေနခဲ့ရတယ္။ ဆိုတဲ့အခါၾကေတာ့ လူထုေတြဘက္ကနဲ႔ ႏိုင္ငံေရးသမားေတြဘက္က၊ ေခါင္းေဆာင္ေတြဘက္က မယံုမၾကည္ ျဖစ္တယ္ဆိုတာ အျပစ္တင္လုိ႔ မရပါဘူး။ အဲဒါကို အျပစ္တင္မယ္ဆိုရင္ မွားပါလိမ့္မယ္။ သူတုိ႔ရဲ ႔ သံသယေတြ။ တကယ္ေတာ့ သံသယေတာင္ မဟုတ္ေတာ့ဘူး၊ လက္ေတြ႔ျဖစ္တဲ့ ကိစၥေလ။ လူေတြက စာေတြမွာ ေရးၾကေျပာၾကတာ သံသယရိွတယ္၊ သံသယျဖစ္တယ္ဆိုတာ အဲဒီလိုမဟုတ္ဘူးလို႔ က်ေနာ္ထင္တယ္။ သံသယအစစ္ မဟုတ္ေတာ့ဘူး၊ လက္ေတြ႔ဘဝ ခံစားေနရတယ္လို႔ က်ေနာ္ထင္တယ္။ အဲဒါေတြကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ရိွေနတဲ့အခ်ိန္မွာ ဒါကို ရွင္းႏိုင္မရွင္းႏိုင္ - ဒီအခ်ိန္မွာ သူက အာဏာ (၃) ရပ္လံုး သူ႔လက္ထဲမွာ ရိွေနခ်ိန္ဆိုေတာ့ ရွင္းတဲ့အခါမွာလဲ အားလံုးပါဝင္ဖို႔ လိုတယ္လို႔ က်ေနာ္ထင္တယ္။ ေနာက္ အားလံုးေက်နပ္ေလာက္ေအာင္လဲ ရွင္းဖို႔ေတာ့ လိုမယ္လို႔ ထင္တယ္။ အဲဒါမွ ကိုယ္နဲ႔နီးစပ္တဲ့ လူေတြကို ဟိုေပးဒီေပးဆိုရင္ေတာ့လဲ အဲဒီသံသရာႀကီးက ဆက္ၿပီးေတာ့ သြားေနအံုးမွာပဲ။

ေမး ။ ။ အခု ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က အာဏာ (၃) ရပ္လံုး သူ႔လက္ထဲမွာ ရိွေနတဲ့အတြက္ေၾကာင့္ အလားအလာ ျဖစ္ႏိုင္တယ္ဆိုေတာ့ ဗိုလ္ခ်ဳပ္ေနဝင္းလည္း အာဏာေတြ အကုန္လံုး သူကိုင္ထားခဲ့တာပဲ။ ဆိုေတာ့ သူ႔လက္ထက္မွာလဲ ဟန္ျပပဲ တိုင္းရင္းသားေတြေခၚၿပီး ေဆြးေႏြးတယ္။ တခ်ဳိ ႔လက္သင့္တဲ့ အဖြဲ႔ေတြက လက္ခံသြားတာေတြ ရိွတယ္။ ဒါေပမဲ့ ဘာမွမထူးျခားခဲ့ပါဘူး။ အခုလဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္လဲ ဗိုလ္ခ်ဳပ္ေနဝင္း ခ်ခင္းခဲ့တဲ့ လမ္းအတိုင္းပဲ၊ အာဏာသိမ္းၿပီးေတာ့ တက္လာတယ္ဆိုေတာ့၊ အာဏာ (၃) ရပ္ကို သူက ပိုင္ဆိုင္ထားတယ္ဆိုေပမဲ့ အဲဒါကို ေမွ်ာ္လင့္ေလာက္ပါရဲ ႔လား။ က်ေနာ္အေနနဲ႔ အဲဒါကိုလဲ သံသယ ရိွေနပါတယ္။

ေျဖ ။ ။ အဲဒါကေတာ့ က်ေနာ္က ေမွ်ာ္လင့္တယ္၊ မေမွ်ာ္လင့္ဘူး မေျပာတတ္ဘူး။ အဲဒါက ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ေပၚ မူတည္တယ္။ သူက ဦးေနဝင္းလိုပဲ ဆက္ခံလုပ္မယ္ဆိုရင္ေတာ့ အဲဒီအတိုင္းပဲ ဆက္ျဖစ္ေနမွာပဲ။ သူက ျမန္မာျပည္ကို ခ်စ္တယ္။ ျမန္မာျပည္ေထာင္စုႀကီးကို တည္ေထာင္ခ်င္တယ္၊ တကယ္ပဲ အမွန္တကယ္ လုပ္ခ်င္တယ္ဆိုရင္ေတာ့ ဦးေနဝင္းလမ္းေၾကာင္းကေန အမွန္တကယ္ ခြဲထြက္ရမယ္။ သူက ဦးေနဝင္းလမ္းေၾကာင္းက မခြဲထြက္ဘဲ၊ ဦးေနဝင္းလမ္းေၾကာင္းအတိုင္း ဆက္သြားမယ္ဆိုရင္ေတာ့ ဦးေနဝင္းနာမည္ဆိုးသလိုပဲ၊ ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္လည္း နာမည္ဆိုးရသြားႏိုင္တယ္။ ဒါကိုေတာ့ က်ေနာ္ထင္တယ္ သူသိပါလိမ့္မယ္။

ေမး ။ ။ ေနာက္တခုက ႏုိင္ငံေရးပါတီေတြကို အခုေလာေလာဆယ္မွာေတာ့ ဖိတ္ေခၚေဆြးေႏြးမယ္ဆိုတာ မေတြ႔ရေသးဘူး။ တုိင္းရင္းသားပါတီေတြကို။ လက္နက္ကိုင္အင္အားစုေတြကိုပဲ ဖိတ္ေခၚေဆြးေႏြးေနတယ္ဆိုတာလဲပဲ ဒါလဲ ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္။ အေစာက ဦးစိုင္းညႊန္႔လြင္လည္းေျပာတယ္ - ႏုိုင္ငံေရးပါတီေတြလည္း ပါဝင္သင့္တာေပါ့။ ပါဝင္သင့္တယ္ဆိုတဲ့ လူေတြအားလံုးထဲမွာ။

ေျဖ ။ ။ အခုအခ်ိန္မွာ ႏုိင္ငံေရးပါတီေတြက ဘာမွအသံုးမဝင္ပါဘူး။ မေန႔တေန႔ကပဲ က်ေနာ္တို႔ပါတီကြန္ဂရက္မွာ ပါတီမိန္႔ခြန္း ေျပာခဲ့ပါတယ္။ အခုက စစ္ေရးစစ္ေဘာင္ေတြပဲ တအားက်ယ္ေနတယ္။ အားလံုးက ႏုိင္ငံေတာ္ကို စစ္ေရးနဲ႔ပဲ တည္ေဆာက္သလို ျဖစ္ေနတယ္။ ဒါက ေကာင္းတဲ့အလားအလာေတာ့ မဟုတ္ဘူး။ သို႔ေသာ္လဲ ဘာမွမတတ္ႏုိင္ဘူး။ လက္ေတြ႔အေျခအေနက ဒီလိုျဖစ္ေနတာ။ ဆိုေတာ့ အဓိကေတာ့ EAOs ေတြ၊ EAOs ေခၚလား၊ EROs ေခၚလား မသိဘူး၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ေတာ့ ေျပလည္ဖို႔လိုၾကတယ္။ ဒါကေတာ့ ဟိုဘက္ကလဲ စည္းရံုးမယ္၊ ဒီဘက္ကလဲ စည္းရံုးမယ္။ ဒီသေဘာတရားပါပဲ။ က်ေနာ္က အဲဒီလိုပဲ ျမင္ပါတယ္။

ေမး ။ ။ တခ်ိန္တည္းမွာပဲ NUG ဘက္က NUCC ဘက္က လုပ္ေနတဲ့ ဖက္ဒရယ္ပဋိညာဥ္ ဆိုတာလဲ ၾကားပါတယ္။ အဲဒီဘက္ကလဲ ႀကိဳးပမ္းေနတယ္။ တုိင္းရင္းသားေတြနဲ႔ ညိွႏိႈင္းေဆြးေႏြးေနတယ္လို႔ ဆိုပါတယ္။ အဲဒီဘက္က အလားအလာကိုေရာ ဘယ္လိုျမင္ပါသလဲ။

ေျဖ ။ ။ ဒါကေတာ့ သူတုိ႔လုပ္ရမွာပဲ။ ဒါက စည္းရံုးေရးတခုလို႔ပဲ ျမင္တယ္။ ဒီေအာင္ပြဲကို ေမွ်ာ္လင့္ေအာင္၊ အစိုးရတရပ္သစ္တက္ရင္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကိုေပးၿပီးေတာ့ လုပ္တယ္လို႔ ျမင္တယ္။ ဒါေပမဲ့ စိတ္္ရင္းေစတနာ တကယ္မွန္ေနတယ္ဆိုရင္ေတာ့ က်ေနာ္တို႔က ႀကိဳဆိုရမွာပဲ။ ဘယ္သူပဲျဖစ္ျဖစ္ NUG ျဖစ္ျဖစ္၊ SAC ပဲျဖစ္ျဖစ္ စိတ္ေစတနာ မွန္မွန္ကန္ကန္ လုပ္တယ္ဆိုရင္ေတာ့ က်ေနာ္တို႔က ႀကိဳဆိုသင့္တယ္။ အဲဒီလိုမ်ဳိးပဲျမင္တယ္။ အခုေလာေလာဆယ္ေတာ့ အေျဖက ဘာလဲေပါ့။ အခုေလာေလာဆယ္ အေရးႀကီးတဲ့ Stakeholders ေတြ အခ်င္းခ်င္း ဘယ္ေလာက္အထိ Compromise အေပးအယူ သေဘာတူညီမႈ လုပ္ႏုိင္မလဲ။ အဲဒါက ေတာ္ေတာ္ေလး အေရးႀကီးတယ္လုိ႔ ထင္တယ္။ က်ေနာ္တို႔ေတာ့ မပါႏုိင္ဘူး။ က်ေနာ္တို႔က ဒီေလာက္အထိ ၾသဇာ မရိွဘူး။ သူတုိ႔ဖိတ္တယ္ - ၾသဇာရိွတဲ့ Stakeholders ေတြက စဥ္းစားသင့္ၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ တိုင္းျပည္အေျခအေနက တအားဆိုးေနၿပီ။ ရန္ကုန္မွာဆိုရင္ တျဖည္းျဖည္းနဲ႔ ေန႔တုိင္းေန႔တိုင္းလို ဓါးျပမႈေတြ၊ လုယက္မႈေတြက မကင္းေတာ့ဘူး။ ဆိုေတာ့ တရားဥပေဒစိုးမုိးေရးက တျဖည္းျဖည္း ပ်က္ျပားလာသလုိ ျဖစ္သလို၊ အားလံုးကေတာ့ စဥ္းစားသင့္ၿပီလို႔ က်ေနာ္ထင္တယ္။ အားလံုးက မွန္မွန္ကန္ကန္ စဥ္းစားၿပီးေတာ့ ကိုယ့္တိုင္းျပည္ကုိ ကယ္တင္သင့္ၿပီ။

=== Unicode ===

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ကျင့်သုံးလာခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ (၃) ရပ်စလုံးမှာ တိုင်းရင်းသားတွေအတွက် ပြည်နယ်တွေ ဖန်တီးပေးထားတယ်ဆိုပေမဲ့၊ တိုင်းရင်းသားတွေဟာ ကိုယ်ပြည်နယ်ဝန်ကြီးချုပ်ကိုတောင် ကိုယ်တိုင်ရေးချယ်ပိုင်ခွင့် မရရှိခဲ့ကြပါဘူး။ အခုစစ်ကောင်စီက ဖိတ်ခေါ်လို့ သွားရောက်ဆွေနွေးမှုတွေကကော တိုင်းရင်းသားတွေ လိုချင်တောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်တဲ့ ဖက်ဒရယ်အဆင့်အတန်းကို ရရှိနိုင်မယ့်အလားအလာ ဘယ်လောက် ရှိပါသလဲ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဌ စိုင်းညွန့်လွင်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကတော့ အခုစစ်ကောင်စီက ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးနေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအလားအလာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်လို့ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်က ဒီတိုင်းရင်းသားများပြဿနာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အရေးအကြီးဆုံးကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် Self-determination - ကိုယ်ပိုင်ပြဌာန်းခွင့်ကို တခါမှ မပေးခဲ့ဘူး။ လွတ်လပ်ရေးရပြီး ၁၉၄၇ ဥပဒေကစပြီး၊ ၁၉၇၄ နဲ့ ၂၀၀၈ ကော - ပြည်နယ်တွေ ပြည်မတွေဆိုတာ ဖွဲ့ထားတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာ ဘယ်တော့မှ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် စသည်ဖြင့် ဘယ်တော့မှ မရခဲ့ဘူး။ ဝန်ကြီးချုပ်ကိုလည်း ဗဟိုအစိုးရကပဲခန့်တယ်။ ပြည်နယ်လွှတ်တော်က ဘယ်လောက်ပဲနိုင်နိုင်၊ ဘယ်တော့မှ မခန့်ခဲ့ရဘူးဆိုတော့ အခုတခါမှာကော ဖြစ်ပါ့မလားဆိုတာ၊ အစကတည်းက ကျနော် သံသယဖြစ်နေတယ်ဆိုရင်၊ ကျနော်အနေနဲ့ အဆိုးမြင်လွန်ရာကျနေမလား။ ပမာဏအနေနဲ့ ကျနော် စဉ်းစားမိပါတယ်။

ဖြေ ။ ။ မမှားပါဘူး။ သံသယအမြင် ကျနော်ကိုယ်တိုင် မရှိဘူးဆိုပေမဲ့ သမိုင်းကြောင်းတွေကို ပြန်ပြောင်းကြည့်လိုက်မယ်ဆိုရင် ၁၉၄၇ တုန်းက ပေးခဲ့တဲ့ ကတိကဝတ်တွေက ၁၉၆၂ မှာ ဖျက်သိမ်းခံရတယ်။ ၁၉၅၈ မှာ ပြည်သူ့ကို လွှဲပေးတယ်ဆိုပြီးတော့ တကယ်တော့ ပြည်သူလက်ထဲကို အာဏာမကျရောက်ခဲ့ဘူး။ ၁၉၆၂ ကျတော့ အာဏာသိမ်းတယ်။ ဒီအတိုင်းပဲ ဆက်သွားတယ်။ ၁၉၇၄ ကျတော့ အခြေခံဥပဒေသစ် ရေးတယ်။ ပင်လုံ ကတိကဝတ်တွေ မပါလာဘူး။ ၁၉၈၈ ကျတော့ ဒီလိုပဲ - ၁၉၈၈ ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တွေကို အကောင်အထည် မဖော်ခဲ့ဘူး။ ဆိုတော့ ပိုတောင်ဝေးသွားတယ်။ တဖြည်းဖြည်းနဲ့ ဝေးသွားခဲ့တယ်။ ၂၀၀၄ လောက်ကျတော့ အမျိုးသားညီလာခံကို ကျနော်တို့ မတက်ခဲ့တဲ့အတွက် ဖမ်းဆီးတယ်။ ထောင်ဒဏ်တွေ နှစ်ရာဂဏန်းနီးပါး ချခဲ့တယ်။ ၂၀၀၈ ကို အပြီးသတ်လုပ်တယ်။ အခု ၂၀၀၈ ကနေ လာပြန်ပြီ၊ အခုတခါ ဗိုလ်ချုပ်မင်းအောင်လှိုင်တဦးက အာဏာသိမ်းတယ်။ အာဏာထိန်းလိုက်တဲ့အခါကြတော့ အခုထက်ထိ နှစ်ပေါင်း (၇၀) လောက်က ပြောမယ်ဆိုရင် ဘာမှမရှိခဲ့ဘူး။ မရှိတဲ့အခါကြတော့ ဒီနေ့ဒီအချိန်အခါမှာ EAOs ခေါ် EROs တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက အထူးသဖြင့် ယုံကြည်မှုဆိုတာ တအားခက်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေကတောင် တအားကြိုးစားပြီးတော့ အတင်းပြောပေမဲ့လဲ အခုက တနေ့က ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့နိုင်ငံက လက်နက်နဲ့ပဲ တည်ဆောက်နေကြတာ။ လက်နက်ရှိမှ လူရာဝင်တယ်။ လက်နက်မရှိရင် လူရာမဝင်သလို ဖြစ်နေတော့၊ နိုင်ငံရေးပါတီတွေက ပြောရေးဆိုခွင့်က သိပ်တော့မရှိဘူး။ အခုန ဦးကျော်ဇံသာပြောတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဘာတို့ဆိုတာတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။

မေး ။ ။ ဆိုတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာဟာ အဓိကကျတဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးရဖို့ဆိုတာ အဲဒီဟာက အဓိကဖြစ်တယ်ဆိုတာကို ဦးစိုင်းညွှန့်လွင် လက်ခံပါသလား။ အဲဒါထက် အရေးကြီးတာ ဘာများရှိပါသလဲ။

ဖြေ ။ ။ အခုကတော့ နှစ်ပေါင်းတော်တော်ကြာလာပြီးဆိုတော့ အခုနပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ တဆင့်တက်ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့် အဲဒီလောက်ထိအောင်မှ တချို့တချို့တွေက သိပ်လက်မခံချင်ကြတော့တဲ့ အနေအထားနဲ့ ရှိကြတယ်။ ဘယ်လောက်မှန်တယ်ဆိုတာတော့ မသိဘူး။ ဒီထက်ပိုပြီးတော့ တောင်းဆိုလာတာတွေ ရှိတယ်။ လက်နက်အင်အား၊ လူအင်အား ကြီးမားလာတဲ့ လူတွေက ပိုပြီးတော့ တောင်းဆိုလာနိုင်တာပေါ့။ ဒါကို စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

မေး ။ ။ တဘက်က သူတို့ အတင်းသိမ်းသွင်းလုပ်ဖို့ လုပ်နေသလို၊ တဘက်ကလဲ တန်းတူတွန်းကန်မှုအားက ပိုများလာတဲ့သဘောပေါ့။ ဒါလဲ နိယာမလို့ ထင်ပါတယ်။

ဖြေ ။ ။ မှန်တာပေါ့။ ဘာခေါ်မလဲ - နည်းပေါင်းစုံနဲ့ တယောက်ပုခုံးလွှဲရင်နဲ့ ဒီလိုထိန်းလာတဲ့အခါ နှစ် (၇၀) လောက်ကြာတဲ့အခါ ဒီအတိုင်း ဆက်မထိန်းနိုင်တော့ဘူး။ ဒါက အမှန်တရားမှ မဟုတ်ဘဲ။ လက်နက်နဲ့ လူဦးရေနဲ့ စသည်ဖြင့် အသာစီးရယူပြီးတော့ အဲဒီလိုနဲ့ ထိန်းသိမ်းယူခဲ့တာ။ အဲဒီလို ထိန်းသိမ်းထားတဲ့ အချိန်ကာလမှာ တိုင်းပြည်တိုးတက်အောင် လုပ်နိုင်တယ်။ နယ်တွေမှာလဲ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်တယ်ဆိုရင် မဆိုးဘူးပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုး ထိန်းသိမ်းပေမဲ့လဲ နယ်တွေမှာ ပိုပြီးတော့ ဆိုးဝါးလာတယ်။ နိုင်ငံတနိုင်ငံလုံးမှာလဲ ဆင်းရဲဒုက္ခရောက်ခဲ့ကြတယ်။ စစ်မက်ဘေးတွေက ရှောင်မလွှဲ ရင်ဆိုင်နေခဲ့ရတယ်။ ဆိုတဲ့အခါကြတော့ လူထုတွေဘက်ကနဲ့ နိုင်ငံရေးသမားတွေဘက်က၊ ခေါင်းဆောင်တွေဘက်က မယုံမကြည် ဖြစ်တယ်ဆိုတာ အပြစ်တင်လို့ မရပါဘူး။ အဲဒါကို အပြစ်တင်မယ်ဆိုရင် မှားပါလိမ့်မယ်။ သူတို့ရဲ့ သံသယတွေ။ တကယ်တော့ သံသယတောင် မဟုတ်တော့ဘူး၊ လက်တွေ့ဖြစ်တဲ့ ကိစ္စလေ။ လူတွေက စာတွေမှာ ရေးကြပြောကြတာ သံသယရှိတယ်၊ သံသယဖြစ်တယ်ဆိုတာ အဲဒီလိုမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ သံသယအစစ် မဟုတ်တော့ဘူး၊ လက်တွေ့ဘဝ ခံစားနေရတယ်လို့ ကျနော်ထင်တယ်။ အဲဒါတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရှိနေတဲ့အချိန်မှာ ဒါကို ရှင်းနိုင်မရှင်းနိုင် - ဒီအချိန်မှာ သူက အာဏာ (၃) ရပ်လုံး သူ့လက်ထဲမှာ ရှိနေချိန်ဆိုတော့ ရှင်းတဲ့အခါမှာလဲ အားလုံးပါဝင်ဖို့ လိုတယ်လို့ ကျနော်ထင်တယ်။ နောက် အားလုံးကျေနပ်လောက်အောင်လဲ ရှင်းဖို့တော့ လိုမယ်လို့ ထင်တယ်။ အဲဒါမှ ကိုယ်နဲ့နီးစပ်တဲ့ လူတွေကို ဟိုပေးဒီပေးဆိုရင်တော့လဲ အဲဒီသံသရာကြီးက ဆက်ပြီးတော့ သွားနေအုံးမှာပဲ။

မေး ။ ။ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာ (၃) ရပ်လုံး သူ့လက်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် အလားအလာ ဖြစ်နိုင်တယ်ဆိုတော့ ဗိုလ်ချုပ်နေဝင်းလည်း အာဏာတွေ အကုန်လုံး သူကိုင်ထားခဲ့တာပဲ။ ဆိုတော့ သူ့လက်ထက်မှာလဲ ဟန်ပြပဲ တိုင်းရင်းသားတွေခေါ်ပြီး ဆွေးနွေးတယ်။ တချို့လက်သင့်တဲ့ အဖွဲ့တွေက လက်ခံသွားတာတွေ ရှိတယ်။ ဒါပေမဲ့ ဘာမှမထူးခြားခဲ့ပါဘူး။ အခုလဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လဲ ဗိုလ်ချုပ်နေဝင်း ချခင်းခဲ့တဲ့ လမ်းအတိုင်းပဲ၊ အာဏာသိမ်းပြီးတော့ တက်လာတယ်ဆိုတော့၊ အာဏာ (၃) ရပ်ကို သူက ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ အဲဒါကို မျှော်လင့်လောက်ပါရဲ့လား။ ကျနော်အနေနဲ့ အဲဒါကိုလဲ သံသယ ရှိနေပါတယ်။

ဖြေ ။ ။ အဲဒါကတော့ ကျနော်က မျှော်လင့်တယ်၊ မမျှော်လင့်ဘူး မပြောတတ်ဘူး။ အဲဒါက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ် မူတည်တယ်။ သူက ဦးနေဝင်းလိုပဲ ဆက်ခံလုပ်မယ်ဆိုရင်တော့ အဲဒီအတိုင်းပဲ ဆက်ဖြစ်နေမှာပဲ။ သူက မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ထောင်စုကြီးကို တည်ထောင်ချင်တယ်၊ တကယ်ပဲ အမှန်တကယ် လုပ်ချင်တယ်ဆိုရင်တော့ ဦးနေဝင်းလမ်းကြောင်းကနေ အမှန်တကယ် ခွဲထွက်ရမယ်။ သူက ဦးနေဝင်းလမ်းကြောင်းက မခွဲထွက်ဘဲ၊ ဦးနေဝင်းလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဦးနေဝင်းနာမည်ဆိုးသလိုပဲ၊ ဗိုလ်ချုပ်မင်းအောင်လှိုင်လည်း နာမည်ဆိုးရသွားနိုင်တယ်။ ဒါကိုတော့ ကျနော်ထင်တယ် သူသိပါလိမ့်မယ်။

မေး ။ ။ နောက်တခုက နိုင်ငံရေးပါတီတွေကို အခုလောလောဆယ်မှာတော့ ဖိတ်ခေါ်ဆွေးနွေးမယ်ဆိုတာ မတွေ့ရသေးဘူး။ တိုင်းရင်းသားပါတီတွေကို။ လက်နက်ကိုင်အင်အားစုတွေကိုပဲ ဖိတ်ခေါ်ဆွေးနွေးနေတယ်ဆိုတာလဲပဲ ဒါလဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အစောက ဦးစိုင်းညွှန့်လွင်လည်းပြောတယ် - နိုင်ငံရေးပါတီတွေလည်း ပါဝင်သင့်တာပေါ့။ ပါဝင်သင့်တယ်ဆိုတဲ့ လူတွေအားလုံးထဲမှာ။

ဖြေ ။ ။ အခုအချိန်မှာ နိုင်ငံရေးပါတီတွေက ဘာမှအသုံးမဝင်ပါဘူး။ မနေ့တနေ့ကပဲ ကျနော်တို့ပါတီကွန်ဂရက်မှာ ပါတီမိန့်ခွန်း ပြောခဲ့ပါတယ်။ အခုက စစ်ရေးစစ်ဘောင်တွေပဲ တအားကျယ်နေတယ်။ အားလုံးက နိုင်ငံတော်ကို စစ်ရေးနဲ့ပဲ တည်ဆောက်သလို ဖြစ်နေတယ်။ ဒါက ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။ သို့သော်လဲ ဘာမှမတတ်နိုင်ဘူး။ လက်တွေ့အခြေအနေက ဒီလိုဖြစ်နေတာ။ ဆိုတော့ အဓိကတော့ EAOs တွေ၊ EAOs ခေါ်လား၊ EROs ခေါ်လား မသိဘူး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ပြေလည်ဖို့လိုကြတယ်။ ဒါကတော့ ဟိုဘက်ကလဲ စည်းရုံးမယ်၊ ဒီဘက်ကလဲ စည်းရုံးမယ်။ ဒီသဘောတရားပါပဲ။ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။

မေး ။ ။ တချိန်တည်းမှာပဲ NUG ဘက်က NUCC ဘက်က လုပ်နေတဲ့ ဖက်ဒရယ်ပဋိညာဉ် ဆိုတာလဲ ကြားပါတယ်။ အဲဒီဘက်ကလဲ ကြိုးပမ်းနေတယ်။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ အဲဒီဘက်က အလားအလာကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒါကတော့ သူတို့လုပ်ရမှာပဲ။ ဒါက စည်းရုံးရေးတခုလို့ပဲ မြင်တယ်။ ဒီအောင်ပွဲကို မျှော်လင့်အောင်၊ အစိုးရတရပ်သစ်တက်ရင်ဆိုတဲ့ မျှော်လင့်ချက်ကိုပေးပြီးတော့ လုပ်တယ်လို့ မြင်တယ်။ ဒါပေမဲ့ စိတ်ရင်းစေတနာ တကယ်မှန်နေတယ်ဆိုရင်တော့ ကျနော်တို့က ကြိုဆိုရမှာပဲ။ ဘယ်သူပဲဖြစ်ဖြစ် NUG ဖြစ်ဖြစ်၊ SAC ပဲဖြစ်ဖြစ် စိတ်စေတနာ မှန်မှန်ကန်ကန် လုပ်တယ်ဆိုရင်တော့ ကျနော်တို့က ကြိုဆိုသင့်တယ်။ အဲဒီလိုမျိုးပဲမြင်တယ်။ အခုလောလောဆယ်တော့ အဖြေက ဘာလဲပေါ့။ အခုလောလောဆယ် အရေးကြီးတဲ့ Stakeholders တွေ အချင်းချင်း ဘယ်လောက်အထိ Compromise အပေးအယူ သဘောတူညီမှု လုပ်နိုင်မလဲ။ အဲဒါက တော်တော်လေး အရေးကြီးတယ်လို့ ထင်တယ်။ ကျနော်တို့တော့ မပါနိုင်ဘူး။ ကျနော်တို့က ဒီလောက်အထိ သြဇာ မရှိဘူး။ သူတို့ဖိတ်တယ် - သြဇာရှိတဲ့ Stakeholders တွေက စဉ်းစားသင့်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အခြေအနေက တအားဆိုးနေပြီ။ ရန်ကုန်မှာဆိုရင် တဖြည်းဖြည်းနဲ့ နေ့တိုင်းနေ့တိုင်းလို ဓါးပြမှုတွေ၊ လုယက်မှုတွေက မကင်းတော့ဘူး။ ဆိုတော့ တရားဥပဒေစိုးမိုးရေးက တဖြည်းဖြည်း ပျက်ပြားလာသလို ဖြစ်သလို၊ အားလုံးကတော့ စဉ်းစားသင့်ပြီလို့ ကျနော်ထင်တယ်။ အားလုံးက မှန်မှန်ကန်ကန် စဉ်းစားပြီးတော့ ကိုယ့်တိုင်းပြည်ကို ကယ်တင်သင့်ပြီ။

XS
SM
MD
LG