သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သုံးပြင့္ဆိုင္ညီၫြတ္ေရး ဘယ္ လိုတည္ေဆာက္ၾကမလဲ


NCA in 4 years
တိုက္႐ိုက္ လင့္ခ္

အခုအခါ ျမန္မာႏိုင္ငံမွာ "တပ္မေတာ္" "NLD အစိုးရ" နဲ႔ "တိုင္းရင္းသားလူနည္းစု၊ လူမ်ားစု" တို႔အၾကား သုံးပြင့္ဆိုင္ တင္းမာမႈ ပိုမို ႀကီးထြားလာေနတယ္လို႔ ျမန္မာ့ေရးရာ ကြၽမ္းက်င္သူ ပါေမာကၡ David Steinberg က မၾကာေသးမီက ေရးသားခဲ့တဲ့ သုံးသပ္ခ်က္ ေဆာင္းပါးတေစာင္မွာ ေျပာဆိုခဲ့ပါတယ္။ ဘာေၾကာင့္ အဲဒီလို ေျပာႏိုင္သလဲ၊ ဒါကိုထိန္းသိမ္းၿပီး ညီၫြတ္ေရးတည္ေဆာက္ဖို႔ သူအႀကံေပးတဲ့အခ်က္ေတြကေကာ ဘယ္ေလာက္ လက္ေတြ႔ျဖစ္ႏိုင္ေျခ ရွိပါသလဲ၊ အေမရိကန္ျပည္ေထာင္စု Georgetown တကၠသိုလ္ ဂုဏ္ထူးေဆာင္ပါေမာကၡ Steinberg နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဆရာႀကီး မၾကာေသးခင္က ေရးခဲ့တဲ့ ေဆာင္းပါးတစ္ခုထဲမွာ ျမန္မာႏုိင္ငံမွာ သံုးပြင့္ဆိုင္ တင္းမာမႈ ပိုမိုႀကီးထြားလာေနတယ္လို႔ က်ေနာ္ ဖတ္ရပါတယ္။ တပ္မေတာ္၊ NLD အစိုးရ နဲ႔ တုိင္းရင္းသားအင္အားစုေတြဆိုတဲ့ သံုးပြင့္ဆိုင္ကြဲလြဲမႈ ပိုၿပီးျမင့္လာတယ္လို႔ က်ေနာ္ နားလည္ပါတယ္။ ဆရာႀကီး ဘာေၾကာင့္ ဒီလိုေျပာရသလဲ။

ေျဖ ။ ။ ဘာေၾကာင့္လဲဆုိရင္ ယံုၾကည္ခ်က္ အလြန္နည္းပါးေနလို႔ ျဖစ္ပါတယ္။ လူ႔အဖြဲ႔အစည္းေတြၾကား ယံုၾကည္မႈကို ေခတ္သစ္ႏိုင္ငံေရးသိပၸံဘာသာရပ္စကားနဲ႔ ေျပာရရင္ Social capital လူမႈအရင္းအႏီွးလို႔ ဆိုရမွာပါ။ ဒါသိပ္နည္းပါးေနပါတယ္။ ဒါကလဲ သမိုင္းေၾကာင္းနဲ႔ ဆိုင္ပါတယ္။ NLD က စစ္တပ္ကို မယံုဘူးဆိုတာ ထင္ရွားပါတယ္။ စစ္တပ္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ ဒါမွမဟုတ္ NLD အေပၚ ယံုၾကည္မႈ မရိွပါဘူး။ တိုင္းရင္းသားေတြဟာ ဗဟိုအစိုးရကို တႀကိမ္မဟုတ္တႀကိမ္ တိုက္ခိုက္ခဲ့တာဆုိေတာ့ စစ္တပ္အေပၚ မယံုၾကည္သလို၊ NLD အေပၚ မယံုၾကည္မႈလည္း မရိွေတာ့ပါဘူး။ ရလဒ္ကေတာ့ အင္မတန္ ဝမ္းနည္းစရာေကာင္းၿပီး ျမန္မာျပည္သူေတြကိုယ္တိုင္ ေက်ာ္လႊားရမယ့္ အေျခအေန ျဖစ္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ ျမန္မာ့အိမ္နီးခ်င္း အေရွ ႔ေတာင္အာရွႏုိင္ငံတခ်ဳိ ႔ကိုၾကည့္ရင္ သူတို႔ေတြလည္း စစ္အုပ္ခ်ဳပ္ေရးကို ျဖတ္သန္းခဲ့ၾကတာပါ။ သို႔ေသာ္လဲ အခုအခါၾကေတာ့ သူတုိ႔ေတြက အဆင္ေျပေနၾကတယ္ဆိုေတာ့ သူတုိ႔က အခုန ဆရာႀကီးေျပာတဲ့ Social capital ေခၚတဲ့ လူမႈအရင္းအႏီွးကို ဘယ္လိုသဟဇာတျဖစ္ေအာင္ တည္ေဆာက္သြားၾကသလဲဆိုတာကို နည္းနည္းရွင္းျပေပးပါ။

ေျဖ ။ ။ အင္ဒိုနီးရွား၊ ထိုင္း၊ ပါကစၥတန္ စတဲ့ႏိုင္ငံေတြမွာ စစ္တပ္ဟာ အလြန္အေရးပါတဲ့ အခန္းက႑မွာ အခ်ိန္အေတာ္ၾကာ ရိွေနခဲ့တာကို က်ေနာ္တုိ႔ သိၾကပါတယ္။ ဒါေပမဲ့ သူတို႔ႏုိင္ငံေတြက စစ္တပ္လူမႈ႔အဖြဲ႔အစည္းတခုလံုးကို မထိန္းခ်ဳပ္ခဲ့ၾကပါဘူး။ ႏုိင္ငံျခားျဖစ္စဥ္ကို အခ်ိန္အတိုင္းအတာတခုအထိ ထိန္းခ်ဳပ္ခဲ့ၾကပါလိမ့္မယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံမွာေတာ့ ၁၉၆၂ ခုႏွစ္ကစၿပီးေတာ့ အရာရာကို ထိန္းခ်ဳပ္ထားခဲ့တာပါ။ ဆိုရွယ္လစ္ႏုိင္ငံဆိုေတာ့လဲ စစ္တပ္ရဲ ႔ထိန္းခ်ဳပ္မႈ၊ ျပင္ပမွာလည္း စီးပြားေရးဖြံ႔ၿဖိဳးမႈလဲ မရိွခဲ့ပါဘူး။ တစ္ပါတီစနစ္ေၾကာင့္ ႏိုင္ငံေရးအေျခအေနလည္း မတိုးတက္ခဲ့ပါဘူး။ အန္ဂ်ီအုိေတြလည္း မေပၚထြန္း။ ပညာေရးကိုလည္း စစ္တပ္က ခ်ဳပ္ကိုင္ထားခဲ့တာပါ။ စစ္တပ္ဟာ ဖြဲ႔စည္းပံုသစ္ ေရးဆြဲၿပီး၊ ဒီလိုဆက္လုပ္ဖို႔ ႀကိဳးစားေနေသးပါတယ္။ ဒါေပမဲ့ မေအာင္ျမင္ႏိုင္ပါဘူး။ က်ရႈံးပါလိမ့္မယ္။

ေမး ။ ။ ဆက္လက္ၿပီး ဆရာႀကီးက ဒီသံုးပြင့္ဆိုင္ တင္းမာမႈ ျဖစ္ေပၚေနတာကို ေျပလည္မႈရေအာင္ တပ္မေတာ္၊ NLD အစိုးရနဲ႔ တိုင္းရင္းသားေတြဘက္ကအသီးသီး သူတုိ႔ဘက္က ေလွ်ာ့ေပးညိွႏိႈင္းရမယ့္ကိစၥေတြကို ေဖာ္ျပထားပါတယ္။ ပထမဦးဆံုး စစ္တပ္ဘက္က သမိုင္းမွာ သူတုိ႔ဘယ္လိုမွတ္တမ္းတင္ က်န္ရစ္ခဲ့မယ္ဆိုတာကို သေဘာေပါက္ၿပီး ျပဳျပင္သင့္တယ္။ ဆုိေတာ့ စစ္တပ္က ဒီစိတ္မ်ဳိးဝင္လာမလား။ သူတို႔ဘာသာသူတို႔ သိလာမလား။ သို႔တည္းမဟုတ္ ျပင္ပဖိအား၊ ျပည္တြင္းဖိအား တစ္ခုခုနဲ႔ လုပ္ရမလား။

ေျဖ ။ ။ သူတုိ႔ဟာ သူတုိ႔ကိုယ္ပိုင္အက်ဳိးအတြက္ ျပန္လည္စဥ္းစားရလိမ့္မယ္လို႔ ထင္ပါတယ္။ သူတုိ႔ထဲက အမ်ားအျပားဟာ မ်ဳိးခ်စ္ေတြပါ။ သူတုိ႔ဟာ တုိင္းျပည္အက်ဳိး၊ ျပည္သူလူထုအက်ဳိး လုပ္ေဆာင္ခ်င္ၾကသူေတြလို႔ ထင္ပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ သူတုိ႔အဲဒီလို လုပ္ခ်င္ေပမယ့္ သူတုိ႔လုပ္ေနတဲ့ပံုစံနဲ႔ေတာ့ သူတုိ႔ျဖစ္ခ်င္တာ ျဖစ္လာမွာ မဟုတ္ပါဘူး။ သူတုိ႔ အမ်ဳိးသားစည္းလံုးညီညႊတ္ေရး National Unity - ကို လိုခ်င္ၾကပါတယ္။ လြတ္လပ္ေရးရၿပီးခ်ိန္ကစလို႔ အစိုးရေတြနဲ႔ စစ္တပ္က တိုင္းရင္းသားေတြ ခြဲမထြက္ရေလေအာင္ အားထုတ္လာခဲ့ၾကတာပါ။ ဒါေပမဲ့ သူတုိ႔လုပ္ေနပံုက မထိေရာက္ပါဘူး။

ေမး ။ ။ ဆရာႀကီးက တပ္မေတာ္က တုိင္းျပည္ကိုခ်စ္တယ္လို႔ဆိုတယ္။ ဒါေပမဲ့ လူအမ်ားစုေျပာေနတာက သူတုိ႔ဟာ သူတုိ႔လံုၿခံဳေရး၊ သူတုိ႔အာဏာ တည္ၿမဲေရး၊ သူတုိ႔ကိုယ္က်ဳိးစီးပြားကိုပဲ ဦးစားေပးေနတယ္လို႔လဲ ေျပာေနၾကပါတယ္။

ေျဖ ။ ။ က်ေနာ္ ဒီလိုေျပာပါရေစ … လူတဦးခ်င္းနဲ႔ဆိုင္တဲ့ ကိစၥကိုေတာ့ မေျပာႏုိင္ပါဘူး။ ဒါေပမဲ့ ဒီလိုေတာ့ ေျပာႏုိင္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ႏိုင္ငံေရးပါတီေတြဟာ သူတုိ႔ပါတီနဲ႔ သူတို႔ပါတီကို ေထာက္ခံသူေတြကိုသာ ကိုယ္စားျပဳၿပီး တပ္မေတာ္ဟာ တႏုိင္ငံလံုးကို ကိုယ္စားျပဳတယ္လို႔ အတိအလင္း ေျပာၾကားထားပါတယ္။ ဒါဟာ လံုးဝမမွန္ပါဘူး။ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္ေတြ၊ အရာရိွေတြထဲမွာ ဗုဒၶဘာသာ မဟုတ္သူ ဘယ္ႏွစ္ေယာက္ပါလို႔လဲ။ ခရစ္ယာန္မပါဘူး။ မူစလင္မပါဘူး။ ဗုဒၶဘာသာတိုင္းရင္းသား လူနည္းစု တစ္ေယာက္ႏွစ္ေယာက္ ပါေကာင္းပါမယ္။ ဒါကို တႏုိင္ငံလံုးကိုယ္စားျပဳတယ္လုိ႔ မဆိုႏိုင္ပါဘူး။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္အေနနဲ႔ စစ္တကၠသိုလ္မွာ တိုင္းရင္းသားလူနည္းစုေတြ ထည့္သြင္းဖုိ႔ ႀကိဳးစားေနတယ္လို႔ က်ေနာ္ နားလည္ပါတယ္။ ဒါေပမဲ့ သူတုိ႔ေတြ ရာထူးႀကီးေတြ ရလာဖို႔ ႏွစ္ေပါင္းမ်ားစြာ ၾကာပါလိမ့္္အံုးမယ္။ တိုင္းရင္းသားလူနည္းစုေတြရဲ ႔ သံသယေတြက ရိွေနၿပီသားပါ။

ေမး ။ ။ ေနာက္ ဆရာႀကီးကေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာလဲ သူ႔အေဖေမွ်ာ္လင့္ခဲ့တဲ့ ႏုိင္ငံသစ္တည္ေဆာက္ေရးကို အခုလက္ရိွ ကမာၻ႔ႏုိင္ငံေရး အခင္းအက်င္း၊ ႏုိင္ငံတကာမွာ ထြန္းကားေနတဲ့ လူ႔အခြင့္အေရးစံေတြနဲ႔ညိွၿပီး ကိုက္ညီေအာင္ လုပ္ရမယ္လို႔ ဆိုထားပါတယ္။ ဆိုေတာ့ ျမန္မာလူထုအမ်ားစုရဲ ႔ သေဘာထားကို ဆရာႀကီးထည့္သြင္းစဥ္းစားပါရဲ ႔လား ဒီလိုေျပာတဲ့ေနရာမွာ။ ေဒၚေအာင္ဆန္းစုၾကည္က သူဟာ ႏုိင္ငံေရးသမားတေယာက္ ျဖစ္တယ္လို႔ ေၾကညာထားတာ ျဖစ္ပါတယ္။ ဆုိေတာ့ ႏုိင္ငံသားေတြရဲ ႔ သေဘာထားကို ပစ္ပယ္ၿပီးေတာ့ ႏုိင္ငံတကာ သေဘာထားအတုိင္း လုိက္ညိွရင္ သူ႔ရဲ႔ လူႀကိဳက္မ်ားမႈကို စြန္႔စားသင့္တယ္လုိ႔ ဆရာႀကီး ထင္ပါသလား။

ေျဖ ။ ။ ဒါဟာ အင္မတန္ခက္ခဲတဲ့ကိစၥပါ။ က်ေနာ့္ေဆာင္းပါးမွာ ေဖာ္ျပထားသလိုပါပဲ။ ဒုဝန္ႀကီးမစၥတာဘန္းစ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပထမဦးဆံုးေတြ႔ေတာ့ ေဒၚေအာင္ဆန္းစုၾကည္အဖုိ႔ ႏိုင္ငံေရးသမားအျဖစ္နဲ႔ ႏိုိင္ငံတကာလူ႔အခြင့္အေရးသမားအျဖစ္ တခ်ိန္တည္းျဖစ္ႏုိင္ဖို႔ဆုိတာ အင္မတန္ခက္ခဲတယ္လို႔ ဆုိထားပါတယ္။ ဒီႏွစ္ခုၾကားမွာ ကြဲလြဲမႈရိွပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အင္မတန္ခက္ခဲတဲ့ အေနအထား က်ေရာက္ေနပါတာဟာ အထူးဝမ္းနည္းစရာေကာင္းပါတယ္။ ဒါဟာသိပ္ေပၚလြင္ထင္ရွားပါတယ္။ သူ႔အတြက္ မလြယ္ကူလွပါဘူး။ ဒါေပမဲ့ ဒီထက္ေကာင္းေအာင္ လုပ္ႏုိင္လိမ့္မယ္လုိ႔ က်ေနာ္ထင္ပါတယ္။

ေမး ။ ။ ဘယ္လိုလုပ္ရမလဲ။

ေျဖ ။ ။ စစ္တပ္နဲ႔ ယံုၾကည္မႈ တည္ေဆာက္ခဲ့သင့္ပါတယ္။ သူနဲ႔ NLD က ပထမဦးဆံုး ႏိုင္ငံေတာ္အတုိင္ပင္ခံရာထူး ဖန္တီးယူတယ္။ အဲဒါက ဖြဲ႔စည္းပံုမွာ မပါဘူး။ ဖြဲ႔စည္းပံုကို ေကြ႔ပတ္ၿပီးလုပ္ခဲ့တာ။

ေမး ။ ။ ဒါေပမဲ့ တုိင္းရင္းသားလူနည္းစုေတြက ေဒၚေအာင္ဆန္းစုၾကည္က စစ္တပ္ကို နွစ္သိမ့္ဖို႔သာ ႀကိဳးပမ္းေနတယ္။ တကယ့္တိုင္းရင္းသားေတြရဲ ႔ ျပႆနာမွန္ကို ကိုင္တြယ္ဖို႔ မႀကိဳးစားဘူးလို႔ သူတုိ႔ေျပာေနတာကို ဆရာႀကီးၾကားရမွာပါ။

ေျဖ ။ ။ ဒါက ႏုိင္ငံေရးသမားေတြ လုပ္ႏုိင္တဲ့ကိစၥပါ။ အဲဒီႏွစ္ဘက္ကို ညီမွ်ေအာင္ ထိန္းညိွရမွာပါ။ သူမလုပ္ႏုိင္ေသးပါဘူး။ တုိင္းရင္းသားေတြမွာ လက္နက္ကိုင္အုပ္စု ကိုယ္စီနဲ႔ပါ။ ဒါကို စစ္တပ္က မလိုလားဘူးဆိုတာ ေသခ်ာပါတယ္။ ဒါေၾကာင့္ တိုက္တယ္။ ဒီေနရာမွာ တုိင္းရင္းသားေတြ ေက်နပ္ေအာင္ ေဒၚေအာင္ဆန္းစုၾကည္ ဘာလုပ္မလဲ။ သူတုိ႔ေဒသတြင္း လုပ္ပိုင္ခြင့္အာဏာတခ်ဳိ ႔ကို ေပးရမယ္။ တခ်ိန္တည္းမွာပဲ စစ္တပ္ကိုလည္း ေက်နပ္ေအာင္လုပ္ရမယ္။ ဒါဟာ သိပ္ကိုခက္ခဲပါတယ္။ ဒါေပမဲ့ အစကတည္းက စစ္တပ္နဲ႔ တခုခုညိွႏိႈင္းၿပီး လုပ္ခဲသင့္တယ္ ထင္ပါတယ္။ က်ေနာ္သာ ေဒၚေအာင္ဆန္းစုၾကည္ေနရာမွာဆိုရင္ ခြဲထြက္ခြင့္ မရိွရဘူးဆိုတာ က်မ သေဘာတူတယ္။ တိုင္းရင္းသားစည္းလံုးညီညႊတ္ေရးကို ယံုၾကည္တယ္။ ရွင္တုိ႔လဲ လိုခ်င္တယ္။ လူထုကလဲ လိုခ်င္တယ္။ ဒါကို ဘယ္လိုလုပ္ၾကမလဲ။ ဆင္ခ်င္တံုတရားနဲ႔အညီ လုပ္ၾကရေအာင္လို႔ ေျပာမွာပါ။ အဲဒီလိုဆုိရင္ စစ္တပ္ႀကီးစိုးမႈကို အခ်ိန္အတိုင္းအတာတခုအထိေနၿပီး ယံုၾကည္မႈ ခုိင္မာလာတာနဲ႔အမွ် ဒါဟာေျပာင္းလဲသြားမွာပါ။ စစ္တပ္ကိုယ္တုိင္ကလဲ ဒီလိုေျပာထားပါတယ္။

ေမး ။ ။ ျမန္မာျပည္မွာ လူအမ်ားစုက သံုးသပ္ၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ အခုအခါမွာ စစ္တပ္ရဲ ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ၊ ရက္စက္က်ဴးလြန္မႈေတြကို ႏုိုင္ငံတကာစင္ျမင္မွာ အကာအကြယ္ေပးရင္းနဲ႔ သူ႔ရဲ ႔ဂုဏ္သိကၡာကို ထိခိုက္က်ဆင္းေအာင္ လုပ္ေနၾကတယ္လုိ႔ ေျပာၾကပါတယ္။ ဒါဟာ စစ္တပ္ရဲ ႔ ယံုၾကည္မႈရဖို႔အတြက္ လံုေလာက္တဲ့ လုပ္ေဆာင္ခ်က္လို႔ ဆရာႀကီး မထင္ဘူးလား။

ေျဖ ။ ။ သိပ္ခက္ခဲတဲ့ အေနအထားပါ။ ရိုဟင္ဂ်ာ ျပႆနာဟာ သိပ္ကိုအေရးႀကီးပါတယ္။ ကမာၻက ဒါကိုအာရံုစိုက္ေနပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆိုခ်က္ေတြက ႏုိင္ငံတကာအသိုင္းအဝိုင္းၾကားမွာ မထိေရာက္ပါဘူး။ စစ္တပ္ရဲ ႔ အင္အားအလြန္အကၽြံသံုးမႈကို အျပစ္မဆိုဘူး။ ၿပီးေတာ့ တုိင္းရင္းသားလူနည္းစုေတြကိုလည္း ေကာင္းေကာင္းမြန္မြန္ သေဘာေပါက္နားလည္ပံု မရပါဘူး။ ရိုဟင္ဂ်ာျပႆနာမက၊ ရခိုင္ေအေအ ကိစၥကိုပဲၾကည့္ပါ။ ေအေအရဲ ႔ အခန္းက႑၊ ေအေအအေပၚ လူထုေထာက္ခံမႈ မ်ားသထက္မ်ားလာတာကို အစိုးရက ဘာေၾကာင့္သေဘာမေပါက္ႏုိင္တာလဲ။ ဒီအခ်က္ကို အသိအမွတ္မျပဳတာ ျပႆနာပါပဲ။ က်ရံႈးေစမယ့္ကိစၥပါ။ ေအေအအေပၚ ေထာက္ခံမႈက ပိုၿပီးပိုၿပီးႀကီးထြားလာပါတယ္။ ရခိုင္ဟာ တခ်ိန္က ကိုယ့္မင္းကိုယ့္ခ်င္း ႏုိင္ငံတခုပါ။ ၁၇၈၅ ခုႏွစ္မွာ ဗမာက သိမ္းပိုက္ခဲ့တာပါ။ ဒါက ျမန္မာ့သမိုင္းမွာ တမူထူးျခားပါတယ္။ ထူးျခားတဲ့အမ်ဳိးသားေရးဝါဒပါ။ ဒါကို အစိုးရ၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စစ္တပ္တို႔ တနည္းနည္းနဲ႔ သေဘာေပါက္ဖုိ႔ လုိအပ္ပါတယ္။

ေမး ။ ။ ဆရာႀကီးက တိုင္းရင္းသားလူမ်ဳိးစုေတြနဲ႔ ပတ္သက္ၿပီးေတာ့လဲ တုိိင္းရင္းသားလူမ်ုိးစုေတြဘက္က အေပးအယူလုပ္ ညိွႏိႈင္းဖို႔ လိုအပ္တယ္လို႔ ေထာက္ျပထားတာကို ေတြ႔ရပါတယ္။ အခုအခါမွာ တိုင္းရင္းသားလူမ်ဳိးစုေတြဟာ ခြဲထြက္ေရးကို ဘယ္သူမွ မေတာင္းဆိုၾကေတာ့ဘူး။ အကုန္လံုး စြန္႔လႊတ္လိုက္ၾကၿပီ ျဖစ္ပါတယ္။ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို သူတုိ႔လိုခ်င္ေနၾကတာပါ။ ဒါထက္ပိုၿပီး သူတုိ႔ဘက္က ဘာမ်ားအေလွ်ာ့ေပး ေစ့စပ္လုပ္သင့္သလဲ။

ေျဖ ။ ။ မွန္ပါတယ္။ ဘယ္လို ကိုယ္ပိုင္ autonomy လဲ၊ ဘယ္လိုကိုယ္ပိုင္အုပ္ခ်ဳပ္မႈမ်ဳိးလဲဆိုတာ ရိွပါတယ္။ သူတုိ႔အမ်ားစုက ခြဲထြက္ခြင့္ကို စြန္႔လႊတ္ခဲ့ၾကၿပီဆုိတာကို က်ေနာ္လက္ခံပါတယ္။ ဘယ္လုိကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ လိုခ်င္ၾကသလဲဆိုတာကို အခုေတာ့ တေယာက္တမ်ဳိး ေတာင္းေနၾကပါတယ္။ တကယ္ေတာ့ ဖြဲ႔စည္းပံုေအာက္ကေန စၿပီးေတာ့ လုပ္သင့္ပါတယ္။ သူတုိ႔မွာ ေဒသတြင္းလႊတ္ေတာ္ ရိွတယ္။ အဲဒီမွာ အာဏာေတြ ပိုေပးသင့္တယ္။ ေဒသအစိုးရေတြကို အာဏာပိုေပးသင့္တယ္။ ဒီလိုနဲ႔ ယံုၾကည္မႈတည္ေဆာက္သင့္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ဆရာႀကီးက ၂၀၀၈ ဖြဲ႔စည္းပံုကို အျပစ္မတင္ဘူးဆိုတဲ့ သေဘာေပါ့။ ဖြဲ႔စည္းပံုဆိုင္ရာ ျပႆနာေတြ မဟုတ္ဘူး။ ဒါေတြဟာ ဖြဲ႔စည္းပံုကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အားနည္းတဲ့ကိစၥသာ ျဖစ္တယ္လုိ႔ဆိုတဲ့ သေဘာလား။

ေျဖ ။ ။ ဖြဲ႔စည္းပံုကို ျပန္လည္ျပင္ဆင္ေရးဆြဲသင့္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဒါေပမဲ့ လက္ေတြ႔မွာ စစ္တပ္က သေဘာတူမွ ျပန္ျပင္ႏိုင္မွာ ျဖစ္ပါတယ္။ စစ္တပ္သေဘာတူေအာင္ ဘယ္လိုလုပ္မလဲဆိုရင္ အခ်ိန္ယူၿပီး ယံုၾကည္မႈတည္ေဆာက္ရမယ္။ ေနာက္တခုက တိုင္းရင္းသားေတြအေနနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရိွတယ္ဆိုတဲ့ ခံစားခ်က္ တစံုတရာရေအာင္ လုပ္ေပးရပါမယ္။ ဒါဟာ လႊတ္ေတာ္ကတဆင့္ လုပ္ေပးႏုိင္တယ္ဆိုတာကို ဖြဲ႔စည္းပံုက ျပဌာန္းထားပါတယ္။ ဒါကို လံုးဝလုပ္လို႔ရတယ္။ ေဒသတြင္း အေရြးခံရတဲ့ ေခါင္းေဆာင္ေတြကို ဗဟိုအစိုးရက အသိအမွတ္ျပဳရမယ္ဆိုတာကို ဘာေၾကာင့္လုပ္လို႔ မရမွာလဲ။

==Unicode==

အခုအခါ မြန်မာနိုင်ငံမှာ "တပ်မတော်" "NLD အစိုးရ" နဲ့ "တိုင်းရင်းသားလူနည်းစု၊ လူများစု" တို့အကြား သုံးပွင့်ဆိုင် တင်းမာမှု ပိုမို ကြီးထွားလာနေတယ်လို့ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ David Steinberg က မကြာသေးမီက ရေးသားခဲ့တဲ့ သုံးသပ်ချက် ဆောင်းပါးတစောင်မှာ ပြောဆိုခဲ့ပါတယ်။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ၊ ဒါကိုထိန်းသိမ်းပြီး ညီညွတ်ရေးတည်ဆောက်ဖို့ သူအကြံပေးတဲ့အချက်တွေကကော ဘယ်လောက် လက်တွေ့ဖြစ်နိုင်ခြေ ရှိပါသလဲ၊ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဆရာကြီး မကြာသေးခင်က ရေးခဲ့တဲ့ ဆောင်းပါးတစ်ခုထဲမှာ မြန်မာနိုင်ငံမှာ သုံးပွင့်ဆိုင် တင်းမာမှု ပိုမိုကြီးထွားလာနေတယ်လို့ ကျနော် ဖတ်ရပါတယ်။ တပ်မတော်၊ NLD အစိုးရ နဲ့ တိုင်းရင်းသားအင်အားစုတွေဆိုတဲ့ သုံးပွင့်ဆိုင်ကွဲလွဲမှု ပိုပြီးမြင့်လာတယ်လို့ ကျနော် နားလည်ပါတယ်။ ဆရာကြီး ဘာကြောင့် ဒီလိုပြောရသလဲ။

ဖြေ ။ ။ ဘာကြောင့်လဲဆိုရင် ယုံကြည်ချက် အလွန်နည်းပါးနေလို့ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေကြား ယုံကြည်မှုကို ခေတ်သစ်နိုင်ငံရေးသိပ္ပံဘာသာရပ်စကားနဲ့ ပြောရရင် Social capital လူမှုအရင်းအနှီးလို့ ဆိုရမှာပါ။ ဒါသိပ်နည်းပါးနေပါတယ်။ ဒါကလဲ သမိုင်းကြောင်းနဲ့ ဆိုင်ပါတယ်။ NLD က စစ်တပ်ကို မယုံဘူးဆိုတာ ထင်ရှားပါတယ်။ စစ်တပ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် NLD အပေါ် ယုံကြည်မှု မရှိပါဘူး။ တိုင်းရင်းသားတွေဟာ ဗဟိုအစိုးရကို တကြိမ်မဟုတ်တကြိမ် တိုက်ခိုက်ခဲ့တာဆိုတော့ စစ်တပ်အပေါ် မယုံကြည်သလို၊ NLD အပေါ် မယုံကြည်မှုလည်း မရှိတော့ပါဘူး။ ရလဒ်ကတော့ အင်မတန် ဝမ်းနည်းစရာကောင်းပြီး မြန်မာပြည်သူတွေကိုယ်တိုင် ကျော်လွှားရမယ့် အခြေအနေ ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ မြန်မာ့အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတချို့ကိုကြည့်ရင် သူတို့တွေလည်း စစ်အုပ်ချုပ်ရေးကို ဖြတ်သန်းခဲ့ကြတာပါ။ သို့သော်လဲ အခုအခါကြတော့ သူတို့တွေက အဆင်ပြေနေကြတယ်ဆိုတော့ သူတို့က အခုန ဆရာကြီးပြောတဲ့ Social capital ခေါ်တဲ့ လူမှုအရင်းအနှီးကို ဘယ်လိုသဟဇာတဖြစ်အောင် တည်ဆောက်သွားကြသလဲဆိုတာကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ အင်ဒိုနီးရှား၊ ထိုင်း၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ စစ်တပ်ဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ အချိန်အတော်ကြာ ရှိနေခဲ့တာကို ကျနော်တို့ သိကြပါတယ်။ ဒါပေမဲ့ သူတို့နိုင်ငံတွေက စစ်တပ်လူမှု့အဖွဲ့အစည်းတခုလုံးကို မထိန်းချုပ်ခဲ့ကြပါဘူး။ နိုင်ငံခြားဖြစ်စဉ်ကို အချိန်အတိုင်းအတာတခုအထိ ထိန်းချုပ်ခဲ့ကြပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ၁၉၆၂ ခုနှစ်ကစပြီးတော့ အရာရာကို ထိန်းချုပ်ထားခဲ့တာပါ။ ဆိုရှယ်လစ်နိုင်ငံဆိုတော့လဲ စစ်တပ်ရဲ့ထိန်းချုပ်မှု၊ ပြင်ပမှာလည်း စီးပွားရေးဖွံ့ဖြိုးမှုလဲ မရှိခဲ့ပါဘူး။ တစ်ပါတီစနစ်ကြောင့် နိုင်ငံရေးအခြေအနေလည်း မတိုးတက်ခဲ့ပါဘူး။ အန်ဂျီအိုတွေလည်း မပေါ်ထွန်း။ ပညာရေးကိုလည်း စစ်တပ်က ချုပ်ကိုင်ထားခဲ့တာပါ။ စစ်တပ်ဟာ ဖွဲ့စည်းပုံသစ် ရေးဆွဲပြီး၊ ဒီလိုဆက်လုပ်ဖို့ ကြိုးစားနေသေးပါတယ်။ ဒါပေမဲ့ မအောင်မြင်နိုင်ပါဘူး။ ကျရှုံးပါလိမ့်မယ်။

မေး ။ ။ ဆက်လက်ပြီး ဆရာကြီးက ဒီသုံးပွင့်ဆိုင် တင်းမာမှု ဖြစ်ပေါ်နေတာကို ပြေလည်မှုရအောင် တပ်မတော်၊ NLD အစိုးရနဲ့ တိုင်းရင်းသားတွေဘက်ကအသီးသီး သူတို့ဘက်က လျှော့ပေးညှိနှိုင်းရမယ့်ကိစ္စတွေကို ဖော်ပြထားပါတယ်။ ပထမဦးဆုံး စစ်တပ်ဘက်က သမိုင်းမှာ သူတို့ဘယ်လိုမှတ်တမ်းတင် ကျန်ရစ်ခဲ့မယ်ဆိုတာကို သဘောပေါက်ပြီး ပြုပြင်သင့်တယ်။ ဆိုတော့ စစ်တပ်က ဒီစိတ်မျိုးဝင်လာမလား။ သူတို့ဘာသာသူတို့ သိလာမလား။ သို့တည်းမဟုတ် ပြင်ပဖိအား၊ ပြည်တွင်းဖိအား တစ်ခုခုနဲ့ လုပ်ရမလား။

ဖြေ ။ ။ သူတို့ဟာ သူတို့ကိုယ်ပိုင်အကျိုးအတွက် ပြန်လည်စဉ်းစားရလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ထဲက အများအပြားဟာ မျိုးချစ်တွေပါ။ သူတို့ဟာ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး လုပ်ဆောင်ချင်ကြသူတွေလို့ ထင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူတို့အဲဒီလို လုပ်ချင်ပေမယ့် သူတို့လုပ်နေတဲ့ပုံစံနဲ့တော့ သူတို့ဖြစ်ချင်တာ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ အမျိုးသားစည်းလုံးညီညွှတ်ရေး National Unity - ကို လိုချင်ကြပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကစလို့ အစိုးရတွေနဲ့ စစ်တပ်က တိုင်းရင်းသားတွေ ခွဲမထွက်ရလေအောင် အားထုတ်လာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့လုပ်နေပုံက မထိရောက်ပါဘူး။

မေး ။ ။ ဆရာကြီးက တပ်မတော်က တိုင်းပြည်ကိုချစ်တယ်လို့ဆိုတယ်။ ဒါပေမဲ့ လူအများစုပြောနေတာက သူတို့ဟာ သူတို့လုံခြုံရေး၊ သူတို့အာဏာ တည်မြဲရေး၊ သူတို့ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးနေတယ်လို့လဲ ပြောနေကြပါတယ်။

ဖြေ ။ ။ ကျနော် ဒီလိုပြောပါရစေ … လူတဦးချင်းနဲ့ဆိုင်တဲ့ ကိစ္စကိုတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုတော့ ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးပါတီတွေဟာ သူတို့ပါတီနဲ့ သူတို့ပါတီကို ထောက်ခံသူတွေကိုသာ ကိုယ်စားပြုပြီး တပ်မတော်ဟာ တနိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ အတိအလင်း ပြောကြားထားပါတယ်။ ဒါဟာ လုံးဝမမှန်ပါဘူး။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ အရာရှိတွေထဲမှာ ဗုဒ္ဓဘာသာ မဟုတ်သူ ဘယ်နှစ်ယောက်ပါလို့လဲ။ ခရစ်ယာန်မပါဘူး။ မူစလင်မပါဘူး။ ဗုဒ္ဓဘာသာတိုင်းရင်းသား လူနည်းစု တစ်ယောက်နှစ်ယောက် ပါကောင်းပါမယ်။ ဒါကို တနိုင်ငံလုံးကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ စစ်တက္ကသိုလ်မှာ တိုင်းရင်းသားလူနည်းစုတွေ ထည့်သွင်းဖို့ ကြိုးစားနေတယ်လို့ ကျနော် နားလည်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ရာထူးကြီးတွေ ရလာဖို့ နှစ်ပေါင်းများစွာ ကြာပါလိမ့််အုံးမယ်။ တိုင်းရင်းသားလူနည်းစုတွေရဲ့ သံသယတွေက ရှိနေပြီသားပါ။

မေး ။ ။ နောက် ဆရာကြီးကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလဲ သူ့အဖေမျှော်လင့်ခဲ့တဲ့ နိုင်ငံသစ်တည်ဆောက်ရေးကို အခုလက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ နိုင်ငံတကာမှာ ထွန်းကားနေတဲ့ လူ့အခွင့်အရေးစံတွေနဲ့ညှိပြီး ကိုက်ညီအောင် လုပ်ရမယ်လို့ ဆိုထားပါတယ်။ ဆိုတော့ မြန်မာလူထုအများစုရဲ့ သဘောထားကို ဆရာကြီးထည့်သွင်းစဉ်းစားပါရဲ့လား ဒီလိုပြောတဲ့နေရာမှာ။ ဒေါ်အောင်ဆန်းစုကြည်က သူဟာ နိုင်ငံရေးသမားတယောက် ဖြစ်တယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဆိုတော့ နိုင်ငံသားတွေရဲ့ သဘောထားကို ပစ်ပယ်ပြီးတော့ နိုင်ငံတကာ သဘောထားအတိုင်း လိုက်ညှိရင် သူ့ရဲ့ လူကြိုက်များမှုကို စွန့်စားသင့်တယ်လို့ ဆရာကြီး ထင်ပါသလား။

ဖြေ ။ ။ ဒါဟာ အင်မတန်ခက်ခဲတဲ့ကိစ္စပါ။ ကျနော့်ဆောင်းပါးမှာ ဖော်ပြထားသလိုပါပဲ။ ဒုဝန်ကြီးမစ္စတာဘန်းစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဦးဆုံးတွေ့တော့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံရေးသမားအဖြစ်နဲ့ နိုင်ငံတကာလူ့အခွင့်အရေးသမားအဖြစ် တချိန်တည်းဖြစ်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ်လို့ ဆိုထားပါတယ်။ ဒီနှစ်ခုကြားမှာ ကွဲလွဲမှုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အင်မတန်ခက်ခဲတဲ့ အနေအထား ကျရောက်နေပါတာဟာ အထူးဝမ်းနည်းစရာကောင်းပါတယ်။ ဒါဟာသိပ်ပေါ်လွင်ထင်ရှားပါတယ်။ သူ့အတွက် မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ဒီထက်ကောင်းအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

မေး ။ ။ ဘယ်လိုလုပ်ရမလဲ။

ဖြေ ။ ။ စစ်တပ်နဲ့ ယုံကြည်မှု တည်ဆောက်ခဲ့သင့်ပါတယ်။ သူနဲ့ NLD က ပထမဦးဆုံး နိုင်ငံတော်အတိုင်ပင်ခံရာထူး ဖန်တီးယူတယ်။ အဲဒါက ဖွဲ့စည်းပုံမှာ မပါဘူး။ ဖွဲ့စည်းပုံကို ကွေ့ပတ်ပြီးလုပ်ခဲ့တာ။

မေး ။ ။ ဒါပေမဲ့ တိုင်းရင်းသားလူနည်းစုတွေက ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို နှစ်သိမ့်ဖို့သာ ကြိုးပမ်းနေတယ်။ တကယ့်တိုင်းရင်းသားတွေရဲ့ ပြဿနာမှန်ကို ကိုင်တွယ်ဖို့ မကြိုးစားဘူးလို့ သူတို့ပြောနေတာကို ဆရာကြီးကြားရမှာပါ။

ဖြေ ။ ။ ဒါက နိုင်ငံရေးသမားတွေ လုပ်နိုင်တဲ့ကိစ္စပါ။ အဲဒီနှစ်ဘက်ကို ညီမျှအောင် ထိန်းညှိရမှာပါ။ သူမလုပ်နိုင်သေးပါဘူး။ တိုင်းရင်းသားတွေမှာ လက်နက်ကိုင်အုပ်စု ကိုယ်စီနဲ့ပါ။ ဒါကို စစ်တပ်က မလိုလားဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် တိုက်တယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေ ကျေနပ်အောင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ။ သူတို့ဒေသတွင်း လုပ်ပိုင်ခွင့်အာဏာတချို့ကို ပေးရမယ်။ တချိန်တည်းမှာပဲ စစ်တပ်ကိုလည်း ကျေနပ်အောင်လုပ်ရမယ်။ ဒါဟာ သိပ်ကိုခက်ခဲပါတယ်။ ဒါပေမဲ့ အစကတည်းက စစ်တပ်နဲ့ တခုခုညှိနှိုင်းပြီး လုပ်ခဲသင့်တယ် ထင်ပါတယ်။ ကျနော်သာ ဒေါ်အောင်ဆန်းစုကြည်နေရာမှာဆိုရင် ခွဲထွက်ခွင့် မရှိရဘူးဆိုတာ ကျမ သဘောတူတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ယုံကြည်တယ်။ ရှင်တို့လဲ လိုချင်တယ်။ လူထုကလဲ လိုချင်တယ်။ ဒါကို ဘယ်လိုလုပ်ကြမလဲ။ ဆင်ချင်တုံတရားနဲ့အညီ လုပ်ကြရအောင်လို့ ပြောမှာပါ။ အဲဒီလိုဆိုရင် စစ်တပ်ကြီးစိုးမှုကို အချိန်အတိုင်းအတာတခုအထိနေပြီး ယုံကြည်မှု ခိုင်မာလာတာနဲ့အမျှ ဒါဟာပြောင်းလဲသွားမှာပါ။ စစ်တပ်ကိုယ်တိုင်ကလဲ ဒီလိုပြောထားပါတယ်။

မေး ။ ။ မြန်မာပြည်မှာ လူအများစုက သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကျူးလွန်မှုတွေကို နိုင်ငံတကာစင်မြင်မှာ အကာအကွယ်ပေးရင်းနဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းအောင် လုပ်နေကြတယ်လို့ ပြောကြပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ယုံကြည်မှုရဖို့အတွက် လုံလောက်တဲ့ လုပ်ဆောင်ချက်လို့ ဆရာကြီး မထင်ဘူးလား။

ဖြေ ။ ။ သိပ်ခက်ခဲတဲ့ အနေအထားပါ။ ရိုဟင်ဂျာ ပြဿနာဟာ သိပ်ကိုအရေးကြီးပါတယ်။ ကမ္ဘာက ဒါကိုအာရုံစိုက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တွေက နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ မထိရောက်ပါဘူး။ စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးမှုကို အပြစ်မဆိုဘူး။ ပြီးတော့ တိုင်းရင်းသားလူနည်းစုတွေကိုလည်း ကောင်းကောင်းမွန်မွန် သဘောပေါက်နားလည်ပုံ မရပါဘူး။ ရိုဟင်ဂျာပြဿနာမက၊ ရခိုင်အေအေ ကိစ္စကိုပဲကြည့်ပါ။ အေအေရဲ့ အခန်းကဏ္ဍ၊ အေအေအပေါ် လူထုထောက်ခံမှု များသထက်များလာတာကို အစိုးရက ဘာကြောင့်သဘောမပေါက်နိုင်တာလဲ။ ဒီအချက်ကို အသိအမှတ်မပြုတာ ပြဿနာပါပဲ။ ကျရှုံးစေမယ့်ကိစ္စပါ။ အေအေအပေါ် ထောက်ခံမှုက ပိုပြီးပိုပြီးကြီးထွားလာပါတယ်။ ရခိုင်ဟာ တချိန်က ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတခုပါ။ ၁၇၈၅ ခုနှစ်မှာ ဗမာက သိမ်းပိုက်ခဲ့တာပါ။ ဒါက မြန်မာ့သမိုင်းမှာ တမူထူးခြားပါတယ်။ ထူးခြားတဲ့အမျိုးသားရေးဝါဒပါ။ ဒါကို အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်တို့ တနည်းနည်းနဲ့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ ဆရာကြီးက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပတ်သက်ပြီးတော့လဲ တိုင်းရင်းသားလူမျိုးစုတွေဘက်က အပေးအယူလုပ် ညှိနှိုင်းဖို့ လိုအပ်တယ်လို့ ထောက်ပြထားတာကို တွေ့ရပါတယ်။ အခုအခါမှာ တိုင်းရင်းသားလူမျိုးစုတွေဟာ ခွဲထွက်ရေးကို ဘယ်သူမှ မတောင်းဆိုကြတော့ဘူး။ အကုန်လုံး စွန့်လွှတ်လိုက်ကြပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးကို သူတို့လိုချင်နေကြတာပါ။ ဒါထက်ပိုပြီး သူတို့ဘက်က ဘာများအလျှော့ပေး စေ့စပ်လုပ်သင့်သလဲ။

ဖြေ ။ ။ မှန်ပါတယ်။ ဘယ်လို ကိုယ်ပိုင် autonomy လဲ၊ ဘယ်လိုကိုယ်ပိုင်အုပ်ချုပ်မှုမျိုးလဲဆိုတာ ရှိပါတယ်။ သူတို့အများစုက ခွဲထွက်ခွင့်ကို စွန့်လွှတ်ခဲ့ကြပြီဆိုတာကို ကျနော်လက်ခံပါတယ်။ ဘယ်လိုကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်ကြသလဲဆိုတာကို အခုတော့ တယောက်တမျိုး တောင်းနေကြပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံအောက်ကနေ စပြီးတော့ လုပ်သင့်ပါတယ်။ သူတို့မှာ ဒေသတွင်းလွှတ်တော် ရှိတယ်။ အဲဒီမှာ အာဏာတွေ ပိုပေးသင့်တယ်။ ဒေသအစိုးရတွေကို အာဏာပိုပေးသင့်တယ်။ ဒီလိုနဲ့ ယုံကြည်မှုတည်ဆောက်သင့်ပါတယ်။

မေး ။ ။ ဆိုတော့ ဆရာကြီးက ၂၀၀၈ ဖွဲ့စည်းပုံကို အပြစ်မတင်ဘူးဆိုတဲ့ သဘောပေါ့။ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေ မဟုတ်ဘူး။ ဒါတွေဟာ ဖွဲ့စည်းပုံကို အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းတဲ့ကိစ္စသာ ဖြစ်တယ်လို့ဆိုတဲ့ သဘောလား။

ဖြေ ။ ။ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရေးဆွဲသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စစ်တပ်က သဘောတူမှ ပြန်ပြင်နိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်သဘောတူအောင် ဘယ်လိုလုပ်မလဲဆိုရင် အချိန်ယူပြီး ယုံကြည်မှုတည်ဆောက်ရမယ်။ နောက်တခုက တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်ဆိုတဲ့ ခံစားချက် တစုံတရာရအောင် လုပ်ပေးရပါမယ်။ ဒါဟာ လွှတ်တော်ကတဆင့် လုပ်ပေးနိုင်တယ်ဆိုတာကို ဖွဲ့စည်းပုံက ပြဌာန်းထားပါတယ်။ ဒါကို လုံးဝလုပ်လို့ရတယ်။ ဒေသတွင်း အရွေးခံရတဲ့ ခေါင်းဆောင်တွေကို ဗဟိုအစိုးရက အသိအမှတ်ပြုရမယ်ဆိုတာကို ဘာကြောင့်လုပ်လို့ မရမှာလဲ။

XS
SM
MD
LG