သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးလမ္း ပိတ္ဆို႔ေနသလား


ရခိုင္တပ္မေတာ္ AA နဲ႔ အစိုးရတပ္ၾကား ရခိုင္ေဒသတြင္းစစ္ပဲြေတြေၾကာင့္ ထြက္ေျပးေနရသူမ်ား (AFP)
ၿငိမ္းခ်မ္းေရးလမ္း ပိတ္ဆို႔ေနသလား
please wait

No media source currently available

0:00 0:11:19 0:00
တိုက္႐ိုက္ လင့္ခ္

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့သဘောထား မပြောင်းလဲအတွက် NLD အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းရ ခက်နေတယ်လို့ ANC ရခိုင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး ဦးထွန်းဇော်က ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအကြိုမှာ တပ်မတော်နဲ့ NLD အကြား ပွတ်တိုက်မှုတွေ ပိုတွေ့လာရတယ်လို့လည်း သူက သုံးသပ်ပါတယ်။ အသေးစိတ်ကို ဦးထွန်းဇော်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။ လက်ရှိ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဦးထွန်းဇော် က အခုလို စပြောပါတယ်။

ဖြေ ။ ။ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်မှု မရှိလို့ ဖြစ်တယ်လို့ ကျနော်က ရှု့မြင်ပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကျနော်တို့က ငြိမ်းချမ်းစွာအဖြေရှာဖို့ ကြိုးပမ်းခဲ့တာ ရှိပါတယ်။ လက်ရှိ NCA တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ပြင်ဆင်ရေးဆွဲတုန်းက အခုတိုက်ပွဲဖြစ်နေတဲ့ ULA အဖွဲ့က ဒီဖြစ်စဉ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ကျနော်တို့ ULA အပါအဝင် ကျန်တဲ့ (၅) ဖွဲ့၊ စုစုပေါင်း (၆) ဖွဲ့ကို တပ်မတော်ဘက်က အသိအမှတ်မပြုဘူး။ ပထမတော့ တပ်မတော်ဘက်က Condition တွေ အမျိုးမျိုးပေးတယ်။ ပထမတဆင့်ပေးတာက ဘာလဲဆိုတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်လို့ ပြောတယ်။ မဆလအစိုးရ ဦးနေဝင်းသုံးခဲ့တဲ့မူပဲ ဖြစ်တယ်။ နောက်တော့ သူတို့ညှိနှိုင်းတယ်။ ညှိနှိုင်းကြတော့ အဲဒီလက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်ဆိုတဲ့စကားလုံးအစား နောက်ထပ်စကားလုံးတလုံးကို သုံးလာတယ်။ ဒီမိုကရေစီ ငြိမ်းချမ်းတဲ့နည်းလမ်းကို လျှောက်လှမ်းတာကို လက်ခံရမယ်ပေါ့။ လက်နက်ကိုင်အကြမ်းဖက်မှုကို မလုပ်ရဘူး အဲဒီလို သဘောဆန်တဲ့ စကားလုံးနဲ့ ညှိပြန်တယ်။
အဓိပ္ပါယ်ကတော့ လက်နက်စွန့်ခိုင်းတာပါပဲ။ လက်နက်ဖြုတ်တာဆိုတာက လက်နက်ကိုကိုင်ထားလို့ ရပေမယ့် အဲဒီလမ်းစဉ်ကို စွန့်ရမယ်လို့ ပြောလိုက်ခြင်းဟာ လက်နက်ကိုင်ထားပေမယ့်လဲ ယုံကြည်ချက်ကို ခဝါချလိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာပေါ့။ အခုနောက်ဆုံးကတော့ မြောက်ပိုင်းမဟာမိတ်ဆိုပြီးတော့ ဖွဲ့စည်းတယ်။ KIO ပါလာတယ်ဆိုတော့ KIO အပါအဝင် လေးဖွဲ့နဲ့ ပြန်ညှိကြပြန်တယ်။ အခုထက်ထိ ပြေလည်မှုမရဘူး။ ဘာကြောင့် ပြေလည်မှုမရဘူးလဲဆိုတော့ တပ်မတော်ဘက်က သူ့ရဲ့အခြေခံမူဝါဒတွေ၊ သူ့ရဲ့ရပ်တည်ချက်တွေက တရားသေဆန်နေတဲ့ သဘောဖြစ်နေတော့ သူ့ရဲ့ရပ်တည်ချက်ကို မပြောင်းလဲဘူး။

မေး ။ ။ တကယ်တမ်းကြတော့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်ဆိုတဲ့ကိစ္စက လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို ဦးတည်ပြီးလုပ်ကြတာပဲ။ ဆိုတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခိုင်းတယ်ဆိုတဲ့ ကိစ္စကလဲ တကယ်တော့ အဆင်ပြေရင် စွန့်မယ်ဆိုတဲ့ သဘောမျိုးကော မပြောနိုင်ဘူးလား။

ဖြေ ။ ။ အမှန်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ အဲဒီလိုမျိုး တဆင့်ချင်းသွားရမယ့် အနေအထား ဖြစ်ပါတယ်။ ဒီနေ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ဆိုတဲ့ စာချုပ်ကြီးမပေါ်ခင်မှာ တဖွဲ့ချင်းဆီက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဆိုပြီးတော့ Bilateral နှစ်ဘက်သဘောတူညီချက်တွေ လုပ်ကြတယ်။ အဲဒီနှစ်ဘက်သဘောတူညီချက်နဲ့ မလုံလောက်လို့ တနိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်ခတ်ရပ်စဲရေးကို ဖော်ဆောင်ချင်လို့ NCA စာချုပ်ကြီးကို ထပ်လုပ်ကြတယ်။ NCA စာချုပ်ကြီးလည်း ရလာတယ်။ သို့ပေမဲ့ NCA စာချုပ်မှာ အားလုံးပါဝင်မှုကို တပ်မတော်က လက်မခံတဲ့အခါကြတော့ NCA ဆိုတာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်လို့ ကျနော်တို့က နာမည်ပေးထားပေမယ့်လို့ လက်မှတ်ရေးထိုးထားသူတွေအနေနဲ့ ဖော်ဆောင်နိုင်ခြင်း မရှိတဲ့အခါကြတော့ ဒီဘူတာကို စိုက်တာပေါ့။ ပြန်ချုပ်ပြောရရင်တော့ အခုန ဦးကျော်ဇံသာမေးတဲ့ မေးခွန်းမှာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်ဆိုတဲ့ဟာ ဒါက နောက်ဆုံးအဖြေရလဒ်ပေါ့။ အဲဒါက ဘယ်အပေါ်အခြေခံလဲဆိုတော့ Political settlement လို့ခေါ်တဲ့ နိုင်ငံရေးအရ အဖြေရှာနိုင်မှုပေါ်မှာ မူတည်တယ်။ အဲဒါကြောင့် လက်နက်ကိုင်လမ်းစဉ်စွန့်ခြင်း၊ လက်နက်ဖျက်သိမ်းခြင်း၊ တပ်ဖျက်ခြင်း၊ အရပ်ဘက်အသွင်ပြောင်းခြင်းစတဲ့ ဖြစ်စဉ်တွေက မလွဲမသွေရင်ဆိုင်ရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအနေအထားကို ရောက်ဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က စဉ်ဆက်မပြတ် စနစ်တကျနဲ့ တဆင့်ချင်းဆီ သွားမနေဘူး။ NCA စာချုပ်ကနေတဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ လုပ်နေတယ်။ နိုင်ငံရေးဆွေးနွေးပွဲကို ရောက်ပြန်တော့လဲ နိုင်ငံရေးဆွေးနွေးပွဲက တန်းတူရည်တူရှိမှု၊ ဂုဏ်သိက္ခာရှိမှုတို့နဲ့ အဲဒီအနှစ်သာရနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကစံတန်းဖိုးတွေဖြစ်တဲ့ အဲဒါတွေ ပျောက်ကွယ်နေတယ်။

မေး ။ ။ ပြောရမယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေး၊ လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းရေးဟာ အဓိကဖြစ်တယ်။ ဒါပေမဲ့ ဒီဟာတွေက နိုင်ငံရေးအရ သဘောတူညီမှ ဖြစ်မယ့်ကိစ္စ။ ဆိုတော့ နိုင်ငံရေးအရ သဘောတူညီအောင် ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဓိက ဒီနေရာမှာ အခက်အခဲ ရှိနေတယ်။

ဖြေ ။ ။ မှန်ပါတယ်။

မေး ။ ။ ဆိုတော့ အဲဒီနေရာမှာ အရင်ဦးသိန်းစိန်လက်ထက်က ပိုပြီးတော့ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အလားအလာ ရှိခဲ့တယ်။ တပ်မတော်ကို ဦးသိန်းစိန်က ပိုပြီးတော့တွန်းပြီးလုပ်နိုင်တယ်။ NLD က ဒီလိုမျိုး မလုပ်နိုင်ဘူးလို့ ဆိုကြတယ်။ အဲဒီတော့ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စဟာ တပ်မတော်အပေါ်မှာပဲ မူတည်နေတယ်သဘောမျိုး စဉ်းစားလို့ရမလား။

ဖြေ ။ ။ NLD အစိုးရ တက်လာတဲ့အခါမှာ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ (၁၇) လကြာ ဆွေးနွေးခဲ့ရတဲ့ အတွေ့အကြုံအရဆိုရင် NLD အစိုးရရဲ့ ရပ်တည်ချက်မူက ဘာရှိလဲဆိုရင် သူက အရာအားလုံးကို ဆွေးနွေးညှိနှိုင်းလို့ရတယ်။ Everything is negotiable လို့ တဖွဖွပြောပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေမှာ အဲဒီရပ်တည်ချက်သဘောထား မရှိဘူး။ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေမှာ ပေးထားချက်သဘောထားက ဘာလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်၊ နောက်ပြီးတော့မှ NCA ကို ပါဝင်ပြီးမှ လက်မှတ်ရေးထိုးရမယ်။ NCA ကို ပြုပြင်လို့မရဘူး။ ပြန်လည်သုံးသပ်လို့လဲ မရဘူး။ ပြောမယ်ဆိုရင် NCA ကို တို့လို့ထိလို့ မရဘူးပေါ့။ အဲဒီလို တရားသေရပ်တည်ချက်၊ တင်းမာတဲ့ သဘောထားနဲ့ လုပ်ထားတယ်။ ဆိုတဲ့အခါကြတော့ NLD အစိုးရရဲ့ ကိုယ်စားလှယ်နဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေက ရပ်တည်ချက် မတူဘူး ဖြစ်နေတယ်။ ဒီအနေအထားအောက်မှာ NLD အစိုးရက ဘာမှလုပ်မရဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

မေး ။ ။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားဘူးလား။ သူတို့က အမြဲတမ်းပြောတယ် ငြိမ်းချမ်းရေးကို အလိုလားဆုံးဟာ စစ်သားပါတဲ့။ သူတို့ပဲ သေရတာဆိုပြီး မကြာခဏ ပြောကြဆိုကြတာကို ကြားဖူးပါတယ်။ တကယ်လဲ ဒါကလဲ ယုတ်တိရှိတဲ့ အပြောအဆို ဖြစ်ပါတယ်။ ဒီလိုဘာကြောင့် မဖြစ်နိုင်ဘူးဆိုတာကို သိပ်မေးစရာပါပဲ။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ အဓွန့်ရှည်နေချင်သလား တပ်မတော်က။ အဓိကအားဖြင့် ရှင်းရှင်းလင်းလင်း ဒီကိစ္စ ဒဲ့ဒိုးပြောရရင် ဘယ်လိုပြောရမလဲ။

ဖြေ ။ ။ အရင်းစစ်လိုက်တော့ အမြစ်ပေါ်သလိုမျိုးပေါ့ - နဝတ၊ နအဖ လက်ထက်တုန်းကလည်း အပစ်ခတ်ရပ်စဲရေးတွေ လုပ်တာပဲ။ KIO တို့လို စာချုပ်စာတမ်းနဲ့ သဘောတူညီချက် အခိုင်အမာလုပ်ထားတဲ့ အဖွဲ့အစည်းတွေတောင် (၁၇) နှစ်ကြာ သူတို့ရပ်စဲပြီးမှ ပြန်ဖြစ်ကြတာ ရှိပါတယ်။ ကျန်တဲ့ UWSA, NDAA မိုင်းလအဖွဲ့တို့လို အဖွဲ့အစည်းတွေကြပြန်တော့လဲ သူတို့က KIO အဖွဲ့အစည်းလို စာရွက်ပေါ်မှာ စနစ်တကျနဲ့ သဘောတူညီမှု လုပ်ထားတာတော့ မဟုတ်ဘူး။ Gentlemen agreement ဆန်တဲ့ပုံစံမျိုးတော့ ရှိတယ်။ အဲဒီအပစ်အခတ်ရပ်စဲရေး ကြပြန်တော့လဲ ဒီနေ့ဒီအချိန်အထိ တည်မြဲနေတဲ့သဘောမှာ တွေ့ရတယ်။ ဒါတွေက ဘာလဲဆိုတော့ တပ်မတော်ရဲ့သဘောထားက ဘာလဲဆိုတော့ စံအမျိုးမျိုးနဲ့ ကျင့်သုံးတာပေါ့။ တိုင်းရင်းသားတွေကို တနည်းအားဖြင့် ပြောမယ်ဆိုရင် တိုင်းရင်းသားတွေဘက်က၊ ကျနော်တို့ဘက်က အမြဲတမ်းရှုမြင်တာကတော့ Divide and Rule ခွဲခြားအုပ်ချုပ်တယ်။ သွေးခွဲအုပ်ချုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အဲဒီဟာကို ထင်ဟပ်ပြနေတယ်။ NCA စာချုပ်လုပ်ခဲ့တဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုတောင် သူက ပါဝင်လက်မှတ်ရေးထိုးခွင့် မပေးဘူး။ လက်မှတ်ရေးထိုးမယ်ဆိုရင်လဲ Condition တွေနဲ့ တပ်ဖွဲ့မရှိကြောင်း ဝင်ခံရမယ်။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ် စသည်ဖြင့် အဲဒီလိုမျိုးတွေ စံအမျိုးမျိုးထားပြီးတော့ Double-standard, Triple-standard, Multiple-standard လို့ ပြောလို့ရတယ်။

NCA စာချုပ်ကတော့ စာချုပ်တခုတည်းပဲ။ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း EAO တွေကတော့ စံတခုတည်းပေါ်မှာ ရပ်တည်ပြီးမှ လက်မှတ်ရေးထိုးတယ်။ သို့ပေမဲ့ တပ်မတော်ဘက်က NCA စာချုပ်ကို စံအမျိုးမျိုးနဲ့ ကျင့်သုံးတယ်။ အချုပ်အားဖြင့်ပြောရရင်တော့ ဒီနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ အဓိကကျတဲ့ အခြေခံထားတဲ့ NCA စာချုပ်ကြီးဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကြတော့ ဒါက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားဖို့အတွက် နိုင်ငံရေးအဖြေရှာဖို့အတွက် နိုင်ငံရေးအခြေခံကောင်းတခု။
ဒါပေမဲ့ တပ်မတော်အတွက်ကြတော့ ဒါက သူ့ရဲ့စစ်ရေးရည်မှန်းချက်ကို ပြည်မီအောင်လုပ်ဖို့အတွက် စစ်ရေးလက်နက်သဖွယ် သူက အသုံးချတယ်။ ဒီနေ့ NLD အစိုးရကလည်း ဘာမှလုပ်မရ ဖြစ်နေတယ်။

မေး ။ ။ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနော် မေးချင်တာ တစ်ခုနှစ်ခု ကျန်နေပါသေးတယ်။ ပထမတစ်ခုက တပ်မတော်က အပစ်ခတ်ရပ်စဲရေး ကြေညာတုန်းက ရခိုင်ပြည်နယ်တစ်ခုတည်းကို ကွက်ပြီးချန်ထားခဲ့တယ်။ ARSA ဘာညာရှိလို့ဆိုပြီး ပြောခဲ့တယ်။ အဲဒီဟာကို ဘယ်လို သုံးသပ်လိုပါလဲ။ ပြန်ကြည့်ရင် အဲဒီဟာက ဘာကြောင့် သူတို့ အဲဒီဒေသကို ကွက်ပြီးချန်ခဲ့တာ။ အဓိက ဘာကြောင့်ဖြစ်မယ်လို့ ထင်ပါလဲ။

ဖြေ ။ ။ ဒါကတော့ သူ့ရဲ့စစ်ရေး လိုအပ်ချက်အရ မကြေညာချင်တာပဲ ဖြစ်ချင်ဖြစ်မယ်။ ARSA ပေါ်လာလို့ဆိုတာကတော့ အကြောင်းပြချက်ပဲ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

မေး ။ ။ အဓိက AA ကို ငြိုးပြီးတော့ အပြတ်ချေမှုန်းချင်လို့ အဲဒီလို ချန်လှပ်ထားခဲ့တဲ့ သဘောပေါ့။
ဖြေ ။ ။ AA ဘက်က ကြည့်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ရန်ဘက်ကို အမြစ်ပြုတ်ချေမှုန်းဖို့အတွက် နည်းနာအမျိုးစုံကို သုံးမှာပဲ ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကြတော့ အဲဒီလိုသဘောမျိုး မထားဘူးလား။

ဖြေ ။ ။ အဲဒီအချိန်မှာ မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတာ ကချင်ပြည်နယ်ပါတယ်။ ရှမ်းမြောက်ပါတယ်။ အဲဒီဒေသတွေမှာ ရပ်ဆိုင်းပေးတယ်။ ဒါပေမဲ့ ရခိုင်ပြည်ဘက်ကို မရပ်စဲဘူးဆိုတာ အဲဒီမတိုင်ခင်ကတည်းက သူက ရခိုင်ပြည်ဘက်မှာ နိုင်ငံရေးအရရော နှိပ်ကွပ်ထားတာ ဖြစ်တယ်လို့ ကျနော်မြင်တယ်။ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းကနေ ULA နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် မဖြစ်ဘူး။ ULA လှုပ်ရှားမှုလည်း အဲဒီလောက် ကြီးကြီးမားမား မရှိဘူး။ အဲဒီကာလမျိုးမှာတောင် သူတို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မပြုဘူးဆိုတော့ ဒါကတော့ ကျနော်တို့ရခိုင်ဘက်ကို နိုင်ငံရေးအရ နှိပ်ကွပ်ခြင်းသဘောတမျိုးပဲလို့ ကျနော်ကမြင်တယ်။ အခုက စစ်ရေးလှုပ်ရှားမှု ပေါ်လာတဲ့အခါကြတော့ စစ်ရေးအရ နှိပ်ကွပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

မေး ။ ။ ဆိုတော့ စစ်ရေးအလားအလာကို နည်းနည်းသုံးသပ်ပေးပါ။ အခုအခါမှာ ရွေးကောက်ပွဲလည်း နီးလာတယ်။ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ခရစ်ယာန်၊ မူစလင်အဖွဲ့အစည်းတွေနဲ့ သွားပြီးတော့တွေ့တယ်။ ငြိမ်းချမ်းရေးစကားတွေ ပြောတယ်။ ကူညီထောက်ပံ့ပေးမယ် စကားတွေ ကမ်းလှမ်းတာတွေ ရှိတယ်။ ဒါက တိုးတက်တဲ့လက္ခဏာတွေလို့ သုံးသပ်ကြပါတယ်။ NLD အစိုးရကလည်း ထိုနည်းလည်းကောင်း တိုင်းရင်းသား ငြိမ်းချမ်းရေးအတွက် ဘယ်လိုလုပ်မယ်ဆိုပြီး ပြောလာကြတယ်ဆိုတော့ ဒါတွေကို လွှမ်းခြုံပြီး စဉ်းစားရင် ရှေ့အလားအလာက ဘယ်လောက်အထိ ကောင်းလာလိမ့်မယ်လို့ မြင်ပါသလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ မြင်နေရတာတော့ လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်နဲ့ NLD အစိုးရကြားမှာ အနည်းငယ် ပွတ်တိုက်မှု လက္ခဏာတွေ တွေ့နေရတယ်။ ရှေ့မှာ ပွတ်တိုက်မှုက ဘယ်လောက် ပြင်းထန်လာမလဲ။ မီးစမီးပွားတွေများ ထွက်လာမလား။ ဒါက တစ်ခုရှိတယ်။ နောက်တစ်ခုကတော့ အမျိုးဘာသာ၊ သာသနာဆိုပြီးတော့ တံဆိပ်ကပ်ပြီးတော့ လမ်းပေါ်ထွက်ပြီးတော့ လှုပ်ရှားကြတာတွေ တွေ့ရတယ်။ ဒါတွေက တပ်မတော်ကနေ နိုင်ငံရေးဆန္ဒ ဘယ်လောက်ရှိသလဲဆိုတဲ့ပေါ် မူတည်တယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနေတဲ့ အင်အားစုတွေနဲ့ ဖယ်ဒရယ်ဘက်ကို သွားချင်တဲ့ ဖယ်ဒရယ်အင်အားစုတွေ ဘယ်လောက်အတိုင်းအတာအထိ ရင်ကြားစေ့နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

ရင်ကြားမစေ့နိုင်ရင်တော့ မြေပေါ်နိုင်ငံရေးအခင်းအကျင်းကလည်း တည်ငြိမ်မှုမရှိဘူး။ တပြိုင်တည်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပါဝင်သူတွေအားလုံးကို ပါဝင်ခွင့်မပေးဘဲ၊ ပိတ်ပင်ပြီးတော့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကိုလည်း မရပ်စဲနိုင်ဘူးဆိုလို့ရှိရင်တော့ ၂၀၂၀ အခင်းအကျင်းကတော့ အလားအလာကောင်းတဲ့ ပုံသဏ္ဍာန်မတွေ့ရဘူးလို့ ရှုမြင်မိပါတယ်။


==ZawGyi==

ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ တပ္မေတာ္ရဲ႕သေဘာထား မေျပာင္းလဲအတြက္ NLD အစိုးရဟာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ညႇိႏႈိင္းရ ခက္ေနတယ္လို႔ ANC ရခိုင္အမ်ိဳးသားအစည္းအ႐ုံး အတြင္းေရးမႉး ဦးထြန္းေဇာ္က ဆိုပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲအႀကိဳမွာ တပ္မေတာ္နဲ႔ NLD အၾကား ပြတ္တိုက္မႈေတြ ပိုေတြ႔လာရတယ္လို႔လည္း သူက သုံးသပ္ပါတယ္။ အေသးစိတ္ကို ဦးထြန္းေဇာ္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။ လက္ရွိ အခင္းအက်င္းနဲ႔ ပတ္သက္ၿပီး ဦးထြန္းေဇာ္ က အခုလို စေျပာပါတယ္။

ေျဖ ။ ။ အဓိက ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အားလံုးပါဝင္မႈ မရိွလို႔ ျဖစ္တယ္လို႔ က်ေနာ္က ရႈ ႔ျမင္ပါတယ္။ ၿပီးခဲ့တဲ့ ဦးသိန္းစိန္အစိုးရ လက္ထက္မွာ က်ေနာ္တုိ႔က ၿငိမ္းခ်မ္းစြာအေျဖရွာဖို႔ ႀကိဳးပမ္းခဲ့တာ ရိွပါတယ္။ လက္ရိွ NCA တႏိုင္ငံလံုး အပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ ျပင္ဆင္ေရးဆြဲတုန္းက အခုတိုက္ပြဲျဖစ္ေနတဲ့ ULA အဖြဲ႔က ဒီျဖစ္စဥ္ထဲမွာ ပါဝင္ခဲ့ပါတယ္။ က်ေနာ္တို႔ ULA အပါအဝင္ က်န္တဲ့ (၅) ဖြဲ႔၊ စုစုေပါင္း (၆) ဖြဲ႔ကို တပ္မေတာ္ဘက္က အသိအမွတ္မျပဳဘူး။ ပထမေတာ့ တပ္မေတာ္ဘက္က Condition ေတြ အမ်ဳိးမ်ဳိးေပးတယ္။ ပထမတဆင့္ေပးတာက ဘာလဲဆိုေတာ့ လက္နက္ကိုင္လမ္းစဥ္ကို စြန္႔ရမယ္လို႔ ေျပာတယ္။ မဆလအစိုးရ ဦးေနဝင္းသံုးခဲ့တဲ့မူပဲ ျဖစ္တယ္။ ေနာက္ေတာ့ သူတို႔ညိွႏိႈင္းတယ္။ ညိွႏိႈင္းၾကေတာ့ အဲဒီလက္နက္ကိုင္လမ္းစဥ္ကို စြန္႔ရမယ္ဆိုတဲ့စကားလံုးအစား ေနာက္ထပ္စကားလံုးတလံုးကို သံုးလာတယ္။ ဒီမိုကေရစီ ၿငိမ္းခ်မ္းတဲ့နည္းလမ္းကို ေလွ်ာက္လွမ္းတာကို လက္ခံရမယ္ေပါ့။ လက္နက္ကိုင္အၾကမ္းဖက္မႈကို မလုပ္ရဘူး အဲဒီလို သေဘာဆန္တဲ့ စကားလံုးနဲ႔ ညိွျပန္တယ္။
အဓိပၸါယ္ကေတာ့ လက္နက္စြန္႔ခိုင္းတာပါပဲ။ လက္နက္ျဖဳတ္တာဆိုတာက လက္နက္ကိုကိုင္ထားလို႔ ရေပမယ့္ အဲဒီလမ္းစဥ္ကို စြန္႔ရမယ္လို႔ ေျပာလိုက္ျခင္းဟာ လက္နက္ကိုင္ထားေပမယ့္လဲ ယံုၾကည္ခ်က္ကို ခဝါခ်လိုက္တယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္တာေပါ့။ အခုေနာက္ဆံုးကေတာ့ ေျမာက္ပိုင္းမဟာမိတ္ဆိုၿပီးေတာ့ ဖြဲ႔စည္းတယ္။ KIO ပါလာတယ္ဆုိေတာ့ KIO အပါအဝင္ ေလးဖြဲ႔နဲ႔ ျပန္ညိွၾကျပန္တယ္။ အခုထက္ထိ ေျပလည္မႈမရဘူး။ ဘာေၾကာင့္ ေျပလည္မႈမရဘူးလဲဆိုေတာ့ တပ္မေတာ္ဘက္က သူ႔ရဲ ႔အေျခခံမူဝါဒေတြ၊ သူ႔ရဲ ႔ရပ္တည္ခ်က္ေတြက တရားေသဆန္ေနတဲ့ သေဘာျဖစ္ေနေတာ့ သူ႔ရဲ ႔ရပ္တည္ခ်က္ကို မေျပာင္းလဲဘူး။

ေမး ။ ။ တကယ္တမ္းၾကေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးတယ္၊ ညိွႏိႈင္းတယ္ဆိုိတဲ့ကိစၥက လက္နက္ကိုင္ပဋိပကၡ ခ်ဳပ္ၿငိမ္းေရးကို ဦးတည္ၿပီးလုပ္ၾကတာပဲ။ ဆိုေတာ့ လက္နက္ကိုင္လမ္းစဥ္ကို စြန္႔ခိုင္းတယ္ဆုိတဲ့ ကိစၥကလဲ တကယ္ေတာ့ အဆင္ေျပရင္ စြန္႔မယ္ဆိုတဲ့ သေဘာမ်ဳိးေကာ မေျပာႏိုင္ဘူးလား။

ေျဖ ။ ။ အမွန္ေတာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ဆိုတာ အဲဒီလိုမ်ဳိး တဆင့္ခ်င္းသြားရမယ့္ အေနအထား ျဖစ္ပါတယ္။ ဒီေန႔ တႏုိင္ငံလံုး အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ဆိုတဲ့ စာခ်ဳပ္ႀကီးမေပၚခင္မွာ တဖြဲ႔ခ်င္းဆီက ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ဆိုၿပီးေတာ့ Bilateral ႏွစ္ဘက္သေဘာတူညီခ်က္ေတြ လုပ္ၾကတယ္။ အဲဒီႏွစ္ဘက္သေဘာတူညီခ်က္နဲ႔ မလံုေလာက္လို႔ တႏိုင္ငံလံုး လႊမ္းၿခံဳတဲ့ အပစ္ခတ္ရပ္စဲေရးကို ေဖာ္ေဆာင္ခ်င္လို႔ NCA စာခ်ဳပ္ႀကီးကို ထပ္လုပ္ၾကတယ္။ NCA စာခ်ဳပ္ႀကီးလည္း ရလာတယ္။ သို႔ေပမဲ့ NCA စာခ်ဳပ္မွာ အားလံုးပါဝင္မႈကို တပ္မေတာ္က လက္မခံတဲ့အခါၾကေတာ့ NCA ဆိုတာ တႏိုင္ငံလံုး အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္လို႔ က်ေနာ္တို႔က နာမည္ေပးထားေပမယ့္လို႔ လက္မွတ္ေရးထုိုးထားသူေတြအေနနဲ႔ ေဖာ္ေဆာင္ႏုိင္ျခင္း မရိွတဲ့အခါၾကေတာ့ ဒီဘူတာကို စိုက္တာေပါ့။ ျပန္ခ်ဳပ္ေျပာရရင္ေတာ့ အခုန ဦးေက်ာ္ဇံသာေမးတဲ့ ေမးခြန္းမွာ လက္နက္ကိုင္လမ္းစဥ္ကို စြန္႔ရမယ္ဆိုတဲ့ဟာ ဒါက ေနာက္ဆံုးအေျဖရလဒ္ေပါ့။ အဲဒါက ဘယ္အေပၚအေျခခံလဲဆိုေတာ့ Political settlement လို႔ေခၚတဲ့ ႏုိင္ငံေရးအရ အေျဖရွာႏုိင္မႈေပၚမွာ မူတည္တယ္။ အဲဒါေၾကာင့္ လက္နက္ကိုင္လမ္းစဥ္စြန္႔ျခင္း၊ လက္နက္ဖ်က္သိမ္းျခင္း၊ တပ္ဖ်က္ျခင္း၊ အရပ္ဘက္အသြင္ေျပာင္းျခင္းစတဲ့ ျဖစ္စဥ္ေတြက မလြဲမေသြရင္ဆိုင္ရမယ့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါဝင္တဲ့ အစိတ္အပိုင္းတခု ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီအေနအထားကို ေရာက္ဖို႔အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က စဥ္ဆက္မျပတ္ စနစ္တက်နဲ႔ တဆင့္ခ်င္းဆီ သြားမေနဘူး။ NCA စာခ်ဳပ္ကေနတဆင့္ ႏုိင္ငံေရးေဆြးေႏြးပြဲကိုသြားဖို႔ လုပ္ေနတယ္။ ႏုိင္ငံေရးေဆြးေႏြးပြဲကို ေရာက္ျပန္ေတာ့လဲ ႏုိင္ငံေရးေဆြးေႏြးပြဲက တန္းတူရည္တူရိွမႈ၊ ဂုဏ္သိကၡာရိွမႈတို႔နဲ႔ အဲဒီအနွစ္သာရနဲ႔ အဓိပၸါယ္ျပည့္ဝတဲ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အဓိကစံတန္းဖိုးေတြျဖစ္တဲ့ အဲဒါေတြ ေပ်ာက္ကြယ္ေနတယ္။

ေမး ။ ။ ေျပာရမယ္ဆိုရင္ လက္နက္ကိုင္လမ္းစဥ္ စြန္႔လႊတ္ေရး၊ လက္နက္ကိုင္တိုက္ပြဲေတြ ခ်ဳပ္ၿငိမ္းေရးဟာ အဓိကျဖစ္တယ္။ ဒါေပမဲ့ ဒီဟာေတြက ႏုိင္ငံေရးအရ သေဘာတူညီမွ ျဖစ္မယ့္ကိစၥ။ ဆုိေတာ့ ႏုိင္ငံေရးအရ သေဘာတူညီေအာင္ ဘာမွမလုပ္ႏိုင္ဘူး ျဖစ္ေနတယ္။ အဓိက ဒီေနရာမွာ အခက္အခဲ ရိွေနတယ္။

ေျဖ ။ ။ မွန္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အဲဒီေနရာမွာ အရင္ဦးသိန္းစိန္လက္ထက္က ပိုၿပီးေတာ့ ေဆြးေႏြးညိွႏိႈင္းႏုိင္တဲ့ အလားအလာ ရိွခဲ့တယ္။ တပ္မေတာ္ကို ဦးသိန္းစိန္က ပိုၿပီးေတာ့တြန္းၿပီးလုပ္ႏုိင္တယ္။ NLD က ဒီလိုမ်ဳိး မလုပ္ႏုိင္ဘူးလို႔ ဆုိၾကတယ္။ အဲဒီေတာ့ ဒီေနရာမွာ ျမန္မာႏုိင္ငံရဲ ႔ ၿငိမ္းခ်မ္းေရးကိစၥဟာ တပ္မေတာ္အေပၚမွာပဲ မူတည္ေနတယ္သေဘာမ်ဳိး စဥ္းစားလို႔ရမလား။

ေျဖ ။ ။ NLD အစိုးရ တက္လာတဲ့အခါမွာ ေဒါက္တာတင္မ်ဳိးဝင္း ဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ (၁၇) လၾကာ ေဆြးေႏြးခဲ့ရတဲ့ အေတြ႔အႀကံဳအရဆုိရင္ NLD အစိုးရရဲ ႔ ရပ္တည္ခ်က္မူက ဘာရိွလဲဆိုရင္ သူက အရာအားလံုးကို ေဆြးေႏြးညိွႏိႈင္းလို႔ရတယ္။ Everything is negotiable လို႔ တဖြဖြေျပာပါတယ္။ ဒါေပမဲ့ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြမွာ အဲဒီရပ္တည္ခ်က္သေဘာထား မရိွဘူး။ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြမွာ ေပးထားခ်က္သေဘာထားက ဘာလဲဆိုေတာ့ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ ႔ ၿငိမ္းခ်မ္းေရးမူဝါဒ (၆) ရပ္၊ ေနာက္ၿပီးေတာ့မွ NCA ကို ပါဝင္ၿပီးမွ လက္မွတ္ေရးထိုးရမယ္။ NCA ကို ျပဳျပင္လုိ႔မရဘူး။ ျပန္လည္သံုးသပ္လို႔လဲ မရဘူး။ ေျပာမယ္ဆိုရင္ NCA ကို တို႔လို႔ထိလို႔ မရဘူးေပါ့။ အဲဒီလို တရားေသရပ္တည္ခ်က္၊ တင္းမာတဲ့ သေဘာထားနဲ႔ လုပ္ထားတယ္။ ဆိုတဲ့အခါၾကေတာ့ NLD အစိုးရရဲ ႔ ကိုယ္စားလွယ္နဲ႔ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြက ရပ္တည္ခ်က္ မတူဘူး ျဖစ္ေနတယ္။ ဒီအေနအထားေအာက္မွာ NLD အစိုးရက ဘာမွလုပ္မရဘူးဆိုတဲ့ အဓိပၸါယ္ပါပဲ။

ေမး ။ ။ တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးကို မလိုလားဘူးလား။ သူတုိ႔က အၿမဲတမ္းေျပာတယ္ ၿငိမ္းခ်မ္းေရးကို အလိုလားဆံုးဟာ စစ္သားပါတဲ့။ သူတို႔ပဲ ေသရတာဆိုၿပီး မၾကာခဏ ေျပာၾကဆိုၾကတာကို ၾကားဖူးပါတယ္။ တကယ္လဲ ဒါကလဲ ယုတ္တိရိွတဲ့ အေျပာအဆုိ ျဖစ္ပါတယ္။ ဒီလိုဘာေၾကာင့္ မျဖစ္ႏုိင္ဘူးဆိုတာကို သိပ္ေမးစရာပါပဲ။ ျမန္မာႏုိင္ငံမွာ တုိက္ပြဲေတြ ဆက္လက္ၿပီးေတာ့ အဓြန္႔ရွည္ေနခ်င္သလား တပ္မေတာ္က။ အဓိကအားျဖင့္ ရွင္းရွင္းလင္းလင္း ဒီကိိစၥ ဒဲ့ဒိုးေျပာရရင္ ဘယ္လိုေျပာရမလဲ။

ေျဖ ။ ။ အရင္းစစ္လိုက္ေတာ့ အျမစ္ေပၚသလိုမ်ဳိးေပါ့ - နဝတ၊ နအဖ လက္ထက္တုန္းကလည္း အပစ္ခတ္ရပ္စဲေရးေတြ လုပ္တာပဲ။ KIO တို႔လို စာခ်ဳပ္စာတမ္းနဲ႔ သေဘာတူညီခ်က္ အခိုင္အမာလုပ္ထားတဲ့ အဖြဲ႔အစည္းေတြေတာင္ (၁၇) ႏွစ္ၾကာ သူတုိ႔ရပ္စဲၿပီးမွ ျပန္ျဖစ္ၾကတာ ရိွပါတယ္။ က်န္တဲ့ UWSA, NDAA မိုင္းလအဖြဲ႔တို႔လို အဖြဲ႔အစည္းေတြၾကျပန္ေတာ့လဲ သူတုိ႔က KIO အဖြဲ႔အစည္းလို စာရြက္ေပၚမွာ စနစ္တက်နဲ႔ သေဘာတူညီမႈ လုပ္ထားတာေတာ့ မဟုတ္ဘူး။ Gentlemen agreement ဆန္တဲ့ပံုစံမ်ဳိးေတာ့ ရိွတယ္။ အဲဒီအပစ္အခတ္ရပ္စဲေရး ၾကျပန္ေတာ့လဲ ဒီေန႔ဒီအခ်ိန္အထိ တည္ၿမဲေနတဲ့သေဘာမွာ ေတြ႔ရတယ္။ ဒါေတြက ဘာလဲဆိုေတာ့ တပ္မေတာ္ရဲ ႔သေဘာထားက ဘာလဲဆိုေတာ့ စံအမ်ဳိးမ်ဳိးနဲ႔ က်င့္သံုးတာေပါ့။ တိုင္းရင္းသားေတြကို တနည္းအားျဖင့္ ေျပာမယ္ဆိုရင္ တိုင္းရင္းသားေတြဘက္က၊ က်ေနာ္တုိ႔ဘက္က အၿမဲတမ္းရႈျမင္တာကေတာ့ Divide and Rule ခြဲျခားအုပ္ခ်ဳပ္တယ္။ ေသြးခြဲအုပ္ခ်ဳပ္တယ္ဆိုတဲ့ အဓိပၸါယ္ေပါ့။ အဲဒီဟာကို ထင္ဟပ္ျပေနတယ္။ NCA စာခ်ဳပ္လုပ္ခဲ့တဲ့ ပါဝင္ခဲ့တဲ့ အဖြဲ႔အစည္းေတြကိုေတာင္ သူက ပါဝင္လက္မွတ္ေရးထိုးခြင့္ မေပးဘူး။ လက္မွတ္ေရးထိုးမယ္ဆိုရင္လဲ Condition ေတြနဲ႔ တပ္ဖြဲ႔မရိွေၾကာင္း ဝင္ခံရမယ္။ လက္နက္ကိုင္လမ္းစဥ္ကို စြန္႔ရမယ္ စသည္ျဖင့္ အဲဒီလိုမ်ဳိးေတြ စံအမ်ဳိးမ်ဳိးထားၿပီးေတာ့ Double-standard, Triple-standard, Multiple-standard လို႔ ေျပာလို႔ရတယ္။

NCA စာခ်ဳပ္ကေတာ့ စာခ်ဳပ္တခုတည္းပဲ။ လက္မွတ္ေရးထုိးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္း EAO ေတြကေတာ့ စံတခုတည္းေပၚမွာ ရပ္တည္ၿပီးမွ လက္မွတ္ေရးထိုးတယ္။ သို႔ေပမဲ့ တပ္မေတာ္ဘက္က NCA စာခ်ဳပ္ကို စံအမ်ဳိးမ်ဳိးနဲ႔ က်င့္သံုးတယ္။ အခ်ဳပ္အားျဖင့္ေျပာရရင္ေတာ့ ဒီေန႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေပၚမွာ အဓိကက်တဲ့ အေျခခံထားတဲ့ NCA စာခ်ဳပ္ႀကီးဟာ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႔အစည္းေတြၾကေတာ့ ဒါက တကယ္စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို သြားဖို႔အတြက္ ႏုိင္ငံေရးအေျဖရွာဖို႔အတြက္ ႏုိင္ငံေရးအေျခခံေကာင္းတခု။
ဒါေပမဲ့ တပ္မေတာ္အတြက္ၾကေတာ့ ဒါက သူ႔ရဲ ႔စစ္ေရးရည္မွန္းခ်က္ကို ျပည္မီေအာင္လုပ္ဖို႔အတြက္ စစ္ေရးလက္နက္သဖြယ္ သူက အသံုးခ်တယ္။ ဒီေန႔ NLD အစိုးရကလည္း ဘာမွလုပ္မရ ျဖစ္ေနတယ္။

ေမး ။ ။ ရခိုင္ျပည္နယ္အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ ေမးခ်င္တာ တစ္ခုႏွစ္ခု က်န္ေနပါေသးတယ္။ ပထမတစ္ခုက တပ္မေတာ္က အပစ္ခတ္ရပ္စဲေရး ေၾကညာတုန္းက ရခိုင္ျပည္နယ္တစ္ခုတည္းကို ကြက္ၿပီးခ်န္ထားခဲ့တယ္။ ARSA ဘာညာရိွလို႔ဆိုၿပီး ေျပာခဲ့တယ္။ အဲဒီဟာကို ဘယ္လုိ သံုးသပ္လုိပါလဲ။ ျပန္ၾကည့္ရင္ အဲဒီဟာက ဘာေၾကာင့္ သူတုိ႔ အဲဒီေဒသကို ကြက္ၿပီးခ်န္ခဲ့တာ။ အဓိက ဘာေၾကာင့္ျဖစ္မယ္လို႔ ထင္ပါလဲ။

ေျဖ ။ ။ ဒါကေတာ့ သူ႔ရဲ ႔စစ္ေရး လုိအပ္ခ်က္အရ မေၾကညာခ်င္တာပဲ ျဖစ္ခ်င္ျဖစ္မယ္။ ARSA ေပၚလာလို႔ဆိုတာကေတာ့ အေၾကာင္းျပခ်က္ပဲ ျဖစ္တယ္လို႔ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။

ေမး ။ ။ အဓိက AA ကို ၿငိဳးၿပီးေတာ့ အျပတ္ေခ်မႈန္းခ်င္လို႔ အဲဒီလို ခ်န္လွပ္ထားခဲ့တဲ့ သေဘာေပါ့။
ေျဖ ။ ။ AA ဘက္က ၾကည့္မယ္ဆိုရင္ေတာ့ ကိုယ့္ရဲ ႔ရန္ဘက္ကို အျမစ္ျပဳတ္ေခ်မႈန္းဖို႔အတြက္ နည္းနာအမ်ဳိးစံုကို သံုးမွာပဲ ျဖစ္ပါတယ္။

ေမး ။ ။ ဆိုေတာ့ က်န္တဲ့တိုင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြၾကေတာ့ အဲဒီလိုသေဘာမ်ဳိး မထားဘူးလား။

ေျဖ ။ ။ အဲဒီအခ်ိန္မွာ ေျမာက္ပိုင္းမွာ တိုက္ပြဲျဖစ္ေနတာ ကခ်င္ျပည္နယ္ပါတယ္။ ရွမ္းေျမာက္ပါတယ္။ အဲဒီေဒသေတြမွာ ရပ္ဆိုင္းေပးတယ္။ ဒါေပမဲ့ ရခိုင္ျပည္ဘက္ကို မရပ္စဲဘူးဆိုတာ အဲဒီမတိုင္ခင္ကတည္းက သူက ရခိုင္ျပည္ဘက္မွာ ႏုိင္ငံေရးအရေရာ ႏိွပ္ကြပ္ထားတာ ျဖစ္တယ္လို႔ က်ေနာ္ျမင္တယ္။ တိုက္ပြဲေတြ မျဖစ္ခင္ကတည္းကေန ULA နဲ႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ မျဖစ္ဘူး။ ULA လႈပ္ရွားမႈလည္း အဲဒီေလာက္ ႀကီးႀကီးမားမား မရိွဘူး။ အဲဒီကာလမ်ဳိးမွာေတာင္ သူတုိ႔က အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲကို က်င္းပခြင့္မျပဳဘူးဆိုေတာ့ ဒါကေတာ့ က်ေနာ္တို႔ရခိုင္ဘက္ကို ႏုိ္င္ငံေရးအရ ႏိွပ္ကြပ္ျခင္းသေဘာတမ်ဳိးပဲလို႔ က်ေနာ္ကျမင္တယ္။ အခုက စစ္ေရးလႈပ္ရွားမႈ ေပၚလာတဲ့အခါၾကေတာ့ စစ္ေရးအရ ႏိွပ္ကြပ္တယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ။

ေမး ။ ။ ဆုိေတာ့ စစ္ေရးအလားအလာကို နည္းနည္းသံုးသပ္ေပးပါ။ အခုအခါမွာ ေရြးေကာက္ပြဲလည္း နီးလာတယ္။ တပ္မေတာ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကလည္း ခရစ္ယာန္၊ မူစလင္အဖြဲ႔အစည္းေတြနဲ႔ သြားၿပီးေတာ့ေတြ႔တယ္။ ၿငိမ္းခ်မ္းေရးစကားေတြ ေျပာတယ္။ ကူညီေထာက္ပံ့ေပးမယ္ စကားေတြ ကမ္းလွမ္းတာေတြ ရိွတယ္။ ဒါက တုိးတက္တဲ့လကၡဏာေတြလို႔ သံုးသပ္ၾကပါတယ္။ NLD အစိုးရကလည္း ထိုနည္းလည္းေကာင္း တုိင္းရင္းသား ၿငိမ္းခ်မ္းေရးအတြက္ ဘယ္လိုလုပ္မယ္ဆိုၿပီး ေျပာလာၾကတယ္ဆိုေတာ့ ဒါေတြကို လႊမ္းၿခံဳၿပီး စဥ္းစားရင္ ေရွ ႔အလားအလာက ဘယ္ေလာက္အထိ ေကာင္းလာလိမ့္မယ္လို႔ ျမင္ပါသလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲမတုိင္ခင္မွာေတာ့ ျမင္ေနရတာေတာ့ လႊတ္ေတာ္အတြင္းမွာ ဖြဲ႔စည္းပံုျပဳျပင္ေျပာင္းလဲေရး ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တပ္မေတာ္နဲ႔ NLD အစိုးရၾကားမွာ အနည္းငယ္ ပြတ္တိုက္မႈ လကၡဏာေတြ ေတြ႔ေနရတယ္။ ေရွ ႔မွာ ပြတ္တိုက္မႈက ဘယ္ေလာက္ ျပင္းထန္လာမလဲ။ မီးစမီးပြားေတြမ်ား ထြက္လာမလား။ ဒါက တစ္ခုရိွတယ္။ ေနာက္တစ္ခုကေတာ့ အမ်ဳိးဘာသာ၊ သာသနာဆုိၿပီးေတာ့ တံဆိပ္ကပ္ၿပီးေတာ့ လမ္းေပၚထြက္ၿပီးေတာ့ လႈပ္ရွားၾကတာေတြ ေတြ႔ရတယ္။ ဒါေတြက တပ္မေတာ္ကေန ႏုိင္ငံေရးဆႏၵ ဘယ္ေလာက္ရိွသလဲဆိုတဲ့ေပၚ မူတည္တယ္။ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေနတဲ့ အင္အားစုေတြနဲ႔ ဖယ္ဒရယ္ဘက္ကို သြားခ်င္တဲ့ ဖယ္ဒရယ္အင္အားစုေတြ ဘယ္ေလာက္အတိုိင္းအတာအထိ ရင္ၾကားေစ့ႏုိင္မလဲဆိုတဲ့အေပၚမွာ မူတည္တယ္လို႔ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။

ရင္ၾကားမေစ့ႏုိင္ရင္ေတာ့ ေျမေပၚႏုိင္ငံေရးအခင္းအက်င္းကလည္း တည္ၿငိမ္မႈမရိွဘူး။ တၿပိဳင္တည္းမွာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အရ ပါဝင္သူေတြအားလံုးကို ပါဝင္ခြင့္မေပးဘဲ၊ ပိတ္ပင္ၿပီးေတာ့ လက္ရိွျဖစ္ေနတဲ့ တိုက္ပြဲေတြကိုလည္း မရပ္စဲႏုိင္ဘူးဆိုလို႔ရိွရင္ေတာ့ ၂၀၂၀ အခင္းအက်င္းကေတာ့ အလားအလာေကာင္းတဲ့ ပံုသ႑ာန္မေတြ႔ရဘူးလို႔ ရႈျမင္မိပါတယ္။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG