သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ညႇိႏႈိင္းအေျဖရွာေရး ျဖစ္ႏိုင္ေသးရဲ႕လား


MYANMAR/KNU

ျမန္မာျပည္သူေတြ ခံစားႀကဳံေတြ႕ေနရတဲ့ ဘဝရပ္တည္ေရး အခက္အခဲေတြ ပိုမိုဆိုး႐ြားလာခ်ိန္မွာ စစ္ေကာင္စီအႀကီးအကဲက ၿငိမ္းခ်မ္းေရးစကားထက္၊ အျပတ္ေခ်မႈန္းေရးကိုသာ တြင္တြင္ေျပာၾကားေနပါတယ္။ တဘက္မွာ NUG ကလည္း လက္နက္ကိုင္တိုက္ပြဲအေပၚ ပိုၿပီးအားထားလာသလို၊ ရွားရွားပါးပါး ေပၚထြက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမွာစကားမွာလည္း ျပည္သူေတြ ညီၫြတ္ၾကဖို႔ ေျပာၿပီး၊ စစ္ေကာင္စီနဲ႔ ေဆြးေႏြးဖို႔ ေျပာတာမဟုတ္ဘူးလို႔ ဆိုၾကပါတယ္။ ဆိုေတာ့ ႏွစ္ဘက္အကြာအဟ ပိုမိုႀကီးမား နက္ရႈိင္းသြားေလၿပီလား။ ျမန္မာ့အေရးသုံးသပ္သူ ဦးရဲထြန္း နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ ဦးရဲထြန္းနဲ႔ က်ေနာ္ ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ အခု ပဋိပကၡ ျဖစ္ေနတဲ့ ႏွစ္ဘက္ရဲ႕ ေတြ႕ဆုံညႇိႏႈိင္းႏိုင္ေရး အလားအလာ၊ ပိုၿပီးေဝးသြားၿပီလားဆိုတာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီဟာကို မေဆြးေႏြးခင္၊ ပမာဏအေနနဲ႔ သိခ်င္တာက ဒီကေန႔မွာ အဲဒီလိုႏွစ္ဘက္ ေတြ႕ဆုံေဆြးေႏြးမႈ၊ ညႇိႏႈိင္းအေျဖရွာမႈ မရႏိုင္တဲ့အတြက္ေၾကာင့္မို႔ ျပည္သူေတြရဲ႕ အတိဒုကၡဟာ ဘယ္ေလာက္ႏႈိက္ရႈိင္းေနၿပီလဲ။ တိုက္ပြဲေတြက မၿငိမ္းေသးဘူး။ ေက်း႐ြာေတြ မီးရႈိ႕ခံေနရတယ္။ လူေတြေသဆုံးၾကတယ္။ တခါ ကုန္ေဈးႏႈန္းတက္တာေတြ၊ စားဝတ္ေနေရး အက်ပ္အတည္းေတြ၊ ဆီေဈးဆန္ေဈးအပါအဝင္၊ ေလာင္စားလွ်ပ္စစ္မီးစသည္ျဖင့္ အကုန္လုံး ညည္းတြားသံေတြကို ၾကားေနရပါတယ္ဆိုေတာ့ သုံးသပ္သူတေယာက္အေနနဲ႔ ျပည္သူေတြအေျခအေန ဘယ္ေလာက္က်ပ္တည္းေနသလဲဆိုတာကို အၾကမ္းမ်ဥ္းနည္းနည္း ေျပာျပပါလား။

ေျဖ ။ ။ အေျခအေနက တျဖည္းျဖည္း ပိုမိုၿပီးဆိုးလာတာေပါ့။ ၂၀၂၁ ေဖေဖၚဝါရီလ (၁) ရက္ေန႔ကထက္စာရင္ ပိုၿပီးေတာ့က်ပ္တည္းလာတာ၊ အခုေနာက္ဆုံးဆိုရင္ေတာ့ ဓါတ္ဆီ၊ ေလာင္စာဆီေတြ တန္းစီးဝယ္ရတဲ့ အေနအထား ျဖစ္လာတာေပါ့။ ဒါလဲ တခ်ိဳ႕ကေတာ့ ေဒၚလာေငြကို ထိန္းခ်ဳပ္လိုက္လို႔ ျဖစ္ရတယ္ဆိုၿပီးေတာ့ ေျပာၾကတာရွိတယ္။ တခ်ိဳ႕ၾကေတာ့လဲ ဓါတ္ဆီေလာင္စာဆီ အက်ပ္အတည္းကေန၊ ေနာက္ထပ္အက်ပ္အတည္းေတြပါ၊ ထပ္ေရာက္လာၿပီးေတာ့ သီရိလကၤာႏိုင္ငံလိုမ်ား ျဖစ္သြားမလား။ အဲဒီလိုလဲ ေျပာၾကတာရွိတယ္။ ေယဘူယ်အားျဖင့္ေတာ့ ျပည္သူလူထုအမ်ားစုကေတာ့ အလုပ္အကိုင္၊ အခြင့္အလမ္းေတြ ဆုံးရႈံးကုန္ၾကၿပီးေတာ့၊ အလုပ္လက္မဲ့ေတြျဖစ္၊ စားဝတ္ေနေရး ေတာ္ေတာ္ေလး ခက္ခက္ခဲခဲ ႐ုန္းကန္ေနၾကရတယ္။ ဆိုေတာ့ လက္နက္ကိုင္ပဋိပကၡေတြ ျပင္းထန္လာေနတဲ့ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ကရင္ျပည္နယ္ေတြဘက္မွာေတာ့ ပိုၿပီးေတာ့ ဒီထက္ပိုဆိုးတာေပါ့။ က်ေနာ္တို႔ ဒီဘက္မွာေတာ့ တ႐ုတ္ျပည္နယ္နဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္းေပၚမွာရွိေတာ့ အရင္တုန္းကေတာ့ အဆင္ေျပၾကတယ္။ အခု အဲဒီလမ္းကလည္း ျပန္မပြင့္ေသးေတာ့ ဒီဘက္မွာလဲ ေတာင္သူေတြနဲ႔ အျခားစီးပြားေရးလုပ္ၾကတဲ့လူေတြေကာ အခက္အခဲေတြ သူ႔ဟာနဲ႔သူ ရွိၾကတယ္။ ဆိုေတာ့ ၿခဳံေျပာရမယ္ဆိုရင္ ျပည္သူလူထုရဲ႕ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရးကိစၥေတြက အကုန္လုံးအက်ဘက္ကို ဆင္းေနတယ္လို႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ ဦးရဲထြန္းက သီရိလကၤာလို ျဖစ္သြားေလမလားလို႔ ျပည္သူလူထုက စိုးရိမ္တယ္ဆိုတာ၊ သီရိလကၤာမွာျဖစ္တယ္၊ ဒါေပမဲ့ သူတို႔မွာ ဒီမိုကေရစီ ရွင္သန္ေနတယ္ဆိုေတာ့ ျမန္မာျပည္မွာလို ပစ္သတ္တာေတြ၊ ဘာေတြ မလုပ္ဘူး။ ျပည္သူေတြ အခု ဆႏၵျပေနတာကို လက္ခံၿပီးေတာ့၊ သမၼတက သူ႔ညီအပါအဝင္ ဝန္ႀကီးအဖြဲ႕ဝင္ေတြ အကုန္လုံးကို ဖယ္ရွားၿပီးေတာ့၊ လူသစ္ေတြနဲ႔ အစိုးရအဖြဲ႕ကို ျပန္ဖြဲ႕တယ္။ ဆႏၵျပေနတဲ့လူေတြကိုလည္း ပါဝင္ပူးေပါင္းၾကဖို႔ ဖိတ္ေခၚတယ္။ ေနာက္ၿပီးေတာ့ ျပႆနာကို အတူတူအေျဖရွာၾကမယ္ဆိုတာေတြ ေျပာတယ္ဆိုေတာ့ အဲဒီလိုျဖစ္လာရင္ ေျဖရွင္းႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့။ ဒါေပမဲ့ ျမန္မာျပည္မွာေတာ့ အဲဒီလို မျဖစ္ဘဲ၊ ဆႏၵျပတဲ့လူေတြကို လက္နက္ကိုင္ၿပီးေတာ့ ပစ္သတ္တယ္။ အဲဒါေၾကာင့္လဲ မခံမရပ္ႏိုင္ျဖစ္ၿပီးေတာ့ ျပည္သူေတြက လက္နက္ကိုင္သြားၾကတာ မဟုတ္လား။ ၿပီးေတာ့ ဦးရဲထြန္းေျပာသလို၊ ဟိုတုန္းက တိုင္းရင္းသားေဒသေတြမွာသာ လက္နက္ကိုင္ တိုက္ပြဲေတြရွိတယ္။ အခုေတာ့ ျပည္မရဲ႕ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း အဓိကေနရာေတြမွာလည္း ျပင္းထန္တဲ့ လက္နက္ကိုင္ ပုန္ကန္မႈေတြ၊ အုံႂကြမႈေတြ ျဖစ္ေနေလေတာ့ အဲဒီလိုျဖစ္ဖို႔ ေတာ္ေတာ္ခက္လိမ့္မယ္ ထင္ပါတယ္။

ေျဖ ။ ။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဒီျပႆနာကို ေျဖရွင္းၿပီးေတာ့ ႏွစ္ဘက္စလုံး ဆုတ္သာသက္သာ၊ ႏွစ္ဘက္စလုံး သူမသာကိုယ္မသာ အဲဒီလိုမ်ိဳး အေျဖတခု ရွာေတြ႕ၿပီးေတာ့ လက္နက္ကိုင္ ပဋိပကၡေတြ ရပ္ဆဲၿပီး၊ ေ႐ြးေကာက္ပြဲအသစ္ ျပန္လုပ္ႏိုင္တယ္ ဆိုလို႔ရွိရင္ေတာ့ အတတ္ထက္အလြန္ ျဖစ္မွာေပါ့။

ေမး ။ ။ ဦးရဲထြန္းက ေ႐ြးေကာက္ပြဲကို ေျပာတယ္။ ဒါေပမဲ့ ေ႐ြးေကာက္ပြဲ မတိုင္ခင္မွာ အခုေနာက္ဆုံး ၾကားရတာေတြကို ေျပာရမယ္ဆိုရင္ေတာ့ စစ္ေကာင္စီဥကၠ႒ကေတာ့ သူရဲ႕မိန႔္ခြန္းေတြ ေျပာတိုင္းမွာ အျပတ္ေခ်မႈန္းဖို႔ပဲ ေျပာေနပါတယ္။ ေျပာတဲ့ေနရာမွာလဲ အၾကမ္းဖက္အဖြဲ႕ေတြနဲ႔ သူတို႔အေနနဲ႔ ဘယ္ေတာ့မွ ေဆြးေႏြးမွာ မဟုတ္ဘူး။ သူတို႔ကို ေထာက္ခံပံ့ပိုးေနသူေတြကိုလည္း အျပတ္ေခ်မႈန္းသြားမယ္ဆိုတယ္။ တခ်ိန္မွာလဲ သူက တိုင္းရင္းသားလက္နက္ကိုင္အင္အားစုေတြနဲ႔ ၿငိမ္းခ်မ္းေရးရေအာင္ လုပ္မယ္လို႔လဲ ေျပာေနတယ္ဆိုေတာ့ အၾကမ္းဖက္အဖြဲ႕လို႔ ဆိုတာနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အင္အားစုေတြနဲ႔ ဘယ္လိုခြဲသလဲ။ အဲဒီမွာေကာ ျပတ္သားတဲ့ ခြဲျခားတဲ့လိုင္းေကာ ရွိပါရဲ႕လား။ တခ်ိဳ႕ PDF ေတြလဲ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ကူညီပံ့ပိုးမႈေတြနဲ႔ တိုက္ခိုက္ေနရတယ္ဆိုေတာ့။

ေျဖ ။ ။ ေယဘူယ်အားျဖင့္ ေျပာရမယ္ဆိုရင္ေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက စစခ်င္းမွာေတာ့ ခြဲထြက္ေရးဆိုတဲ့ အလံေတာ္လႊင့္ထူၿပီးေတာ့ ခြဲထြက္ေရး ရည္မွန္းခ်က္နဲ႔ တိုက္ခိုက္ၾကေပမယ့္၊ ႏွစ္ေပါင္း (၇၀) ေလာက္ ၾကာလာတဲ့ ဒီေန႔အခ်ိန္မွာ သူတို႔က ခြဲထြက္ေရးကို မေျပာၾကသေလာက္ ျဖစ္လာတာေပါ့။ ခြဲထြက္ေရးကို မေျပာေတာ့ဘဲနဲ႔ ဖက္ဒရယ္ဆိုတာကို ေျပာလာၿပီးေတာ့၊ နားလည္လာတဲ့အခါမွာ အခုကေတာ့ ဖက္ဒရယ္ဆိုတာက ညႇိႏႈိင္းလို႔ရတယ္၊ ေပးသင့္တယ္၊ ေပးရမယ္ဆိုၿပီးေတာ့ အားလုံးက အဲဒီလိုျဖစ္လာေတာ့၊ အဲဒီလို ရည္မွန္းခ်က္ ဆြဲကိုင္ထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကိုေတာ့ ေဆြးေႏြးညႇိႏႈိင္းလို႔ရတယ္။ ၿငိမ္းခ်မ္းေရးစားပြဲဝိုင္း အတူထိုင္လို႔ရတယ္လို႔ သတ္မွတ္တာေပါ့။ တဘက္မွာ အဲဒီလိုမဟုတ္ဘဲနဲ႔ တပ္မေတာ္ကို ႏိုင္ငံေရးကေန ဆုတ္ခြါဖို႔ ရည္မွန္းခ်က္၊ ဒါမွမဟုတ္ တပ္မေတာ္ျပဳတ္သြားဖို႔ ရည္မွန္းခ်က္နဲ႔ တိုက္ပြဲဝင္ေနၾကတဲ့ အရင္ေခတ္က ဗကပ - ဗမာျပည္ကြန္ျမဴနစ္ပါတီအပါအဝင္၊ အခု ဒီဘက္ေခတ္မွာေတာ့ NUG ဒီအဖြဲ႕အစည္းေတြကေတာ့ တပ္ကို ေခ်မႈန္းပစ္ဖို႔ဆိုတဲ့ ရည္မွန္းခ်က္ထားတာျဖစ္ေတာ့ အဲဒီအဖြဲ႕ေတြနဲ႔ေတာ့ တကယ္လို႔ ၿငိမ္းခ်မ္းေရး ျဖစ္တယ္ဆိုရင္လဲ ယုံယုံၾကည္ၾကည္ စိတ္ခ်လက္ခ်နဲ႔ ေဆြးေႏြးတာမ်ိဳး မဟုတ္ဘဲနဲ႔ နည္းပရိယာရ္တရပ္အေနနဲ႔ ေဆြးေႏြးၾကတာမ်ိဳးပဲ ျဖစ္ခဲ့တာမ်ားတယ္။ အရင္သမိုင္းတေလွ်ာက္မွာဆိုရင္လဲ ဗမာျပည္ကြန္ျမဴနစ္ပါတီနဲ႔ ေဆြးေႏြးတဲ့ ေဆြးေႏြးပြဲေတြလည္း ရွိပါတယ္။ ဗမာျပည္ကြန္ျမဴနစ္ပါတီဘက္ကလဲ ေဆြးေႏြးပြဲေတြကို နည္းပရိယာရ္တရပ္အေနနဲ႔ပဲ သုံးၿပီးေတာ့ သူတို႔ရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ တပ္မေတာ္ကို ေခ်မႈန္းပစ္ဖို႔ အမ်ိဳးသားသစ္ ျပည္သူ႔တပ္မေတာ္နဲ႔ အစားထိုးဖို႔ဆိုတဲ့ ရည္မွန္းခ်က္ကိုပဲ ဘယ္တုန္းကမွ မစြန႔္လႊတ္ခဲ့ဘူးေပါ့။

ေမး ။ ။ ေျပာမယ္ဆိုရင္ေတာ့ ႏွစ္ဘက္စလုံးက ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲဆိုတဲ့စကားကို သူတို႔အဖြဲ႕အစည္းအက်ိဳးအတြက္ အသုံးခ်မယ္ဆိုတဲ့ သေဘာေပါ့။ အာဏာရတဲ့ဘက္ကေရာ၊ ဟိုဘက္ကေရာေပါ့။ အခုေကာ ယုံၾကည္မႈ ရွိႏိုင္သလား။ က်ေနာ္ သိခ်င္တာက အခုလဲပဲ စစ္ေကာင္စီဘက္က ေခၚေနတယ္။ အခုကေရာ ယုံၾကည္မႈ ရွိႏိုင္ပါ့မလား။

ေျဖ ။ ။ အခုလဲပဲ NUG ဘက္အေနနဲ႔ေတာ့ တေလွ်ာက္လုံးက တပ္ကေန စတင္ၿပီးေတာ့ လက္နက္နဲ႔ ဖိႏွိပ္တာျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ လက္နက္နဲ႔ပဲ ျပန္ၿပီးေတာ့ ခုခံတိုက္ခိုက္ရမယ္ဆိုတဲ့ လမ္းေၾကာင္းကို ကိုင္ဆြဲထားတယ္။ ၿပီးခဲ့တဲ့ မၾကာေသးခင္ရက္ပိုင္းအတြင္းက ယာယီသမၼတ ဒူဝါလရွီးလ ေျပာတဲ့မိန႔္ခြန္းအရဆိုရင္လဲ သူတို႔ကလည္း ဒီတႏွစ္အေတာအတြင္းမွာ အေျခအေနေတြက တိုးတက္လာတယ္ဆိုတဲ့ဟာကို နိဂုံးခ်ဳပ္ထားတယ္။ ဒါေၾကာင့္မို႔လို႔ ေျပာခ်င္တာက လက္နက္ကိုင္တိုက္ပြဲက ေအာင္ျမင္မႈေတြ ရေနတယ္ဆိုတဲ့ နိဂုံးခ်ဳပ္ခ်က္နဲ႔ဆိုေတာ့ ဒီလိုအေျခအေနမ်ိဳးမွာ သူတို႔ကလဲ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို သူတို႔ စိတ္မဝင္စားဘူး။ ေျပာရင္လဲ လက္ခံမယ္လို႔လဲ က်ေနာ္ မထင္ဘူး။ ေနာက္တခ်က္က ရည္႐ြယ္ခ်က္ကလဲ စစ္အာဏာရွင္စနစ္ကို အျပဳတ္တိုက္ေရး ရည္မွန္းခ်က္ ျဖစ္ေနတယ္။ အဲဒီလိုျဖစ္ေနတဲ့အခါၾကေတာ့ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ျဖစ္တယ္ဆိုရင္ေတာင္မွ တကယ့္ကို ယုံယုံၾကည္ၾကည္နဲ႔ အေျဖရွာဖို႔ ေဆြးေႏြးပြဲေတြ ျဖစ္ဖို႔ဆိုတာေတာ့ ခက္ခဲမယ္လို႔ေတာ့ က်ေနာ္ထင္တယ္။


ေမး ။ ။ တခ်ိန္တည္းမွာပဲ အခုမၾကာခင္က ၿပီးခဲ့တဲ့ တရက္ႏွစ္ရက္က ေဒၚေအာင္ဆန္းစုၾကည္ဆီက ထြက္လာတဲ့ သတင္းစကားဆိုၿပီးေတာ့ Reuters သတင္းဌာနက ေဖာ္ျပပါတယ္။ အဲဒီအထဲမွာ ျမန္မာျပည္သူလူထု စည္းလုံးညီၫႊတ္ၾကဖို႔၊ မတူတာကိုလည္း သည္းခံၿပီးေတာ့ ေျပလည္ေအာင္ ညႇိႏႈိင္းၾကဖို႔ဆိုတဲ့ အမွာစကားထြက္လာပါတယ္။ အဲဒီထဲမွာ ေနာက္ဆက္တြဲ ဘာပါလဲဆိုေတာ့ ဒါေပမဲ့ ဒီဟာက စစ္ေကာင္စီနဲ႔ ေဆြးေႏြးညႇိႏႈိင္းဖို႔ေျပာတာ မဟုတ္ဘူးဆိုတာလဲ ပါျပန္ပါတယ္။ ဆိုေတာ့ ဒီသတင္းစကား message ကို အမွန္လို႔ က်ေနာ္တို႔ ယုံၾကမယ္ဆိုရင္ ႏွစ္ဘက္ညႇိႏႈိင္းေဆြးေႏြးႏိုင္မယ့္ အေျခအေန ပိုၿပီးေတာ့ အလွမ္းေဝးသြားေလမလား ဆိုတာလဲ စဥ္းစားစရာ ျဖစ္ပါတယ္။

ေျဖ ။ ။ က်ေနာ္လဲ စဥ္းစားေနတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သတင္းစကားက အျပင္ကအေျခအေနေတြကို မသိဘဲနဲ႔ ေျပာလိုက္တာလားဆိုတာ စဥ္းစားစရာေပါ့။ တကယ္လို႔ သူက ျပည္သူလူထုအတြင္း ပဋိပကၡေတြကို လက္နက္နဲ႔ မေျဖရွင္းဘဲနဲ႔ ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ဥစၥာလား။ တပ္မေတာ္နဲ႔ NUG-PDF အၾကား ျဖစ္ေနတဲ့ ပဋိပကၡေတြကို ရည္႐ြယ္တာလား ဆိုလို႔ရွိရင္လဲ ဒါက PDF-NUG ဘက္ကေတာ့ လက္ခံႏိုင္စရာ မရွိဘူး။ ဒါေၾကာင့္မို႔လို႔လဲ ဒီလိုေျပာလိုက္တဲ့ စကားဟာ တပ္နဲ႔ၾကားက ပဋိပကၡေတြကို ရည္႐ြယ္တာ မဟုတ္ဘူးလို႔ ေနာက္ထပ္တြဲ အဓိပၸါယ္ဖြင့္ဆိုတာလို႔ က်ေနာ္ထင္တယ္။ အျခားပဋိပကၡေတြက က်ေနာ္ျမင္သေလာက္ေတာ့ မရွိဘူး။ PDF ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြၾကား မရွိဘူး။ NUG-PDF ေတြနဲ႔ အျခားျပည္သူလူထုလို႔ ရည္ၫႊန္သင့္တဲ့အုပ္စုနဲ႔ၾကားက ပဋိပကၡ မရွိဘူး။ တကယ္လို႔ အဲဒီျပည္တြင္းပဋိပကၡဆိုတာက တပ္မေတာ္နဲ႔ အခုျဖစ္ေနတဲ့ၾကားက လက္နက္ကိုင္ပဋိပကၡေတြကိုပဲ ရည္ၫႊန္တယ္ဆိုရင္ေတာ့ ဘာပဲျဖစ္ျဖစ္ ေနာင္မွာ တပ္အေနနဲ႔လဲ ရွည္လ်ားတဲ့ ပဋိပကၡႀကီးကို ျဖတ္ဖို႔အတြက္ ထြက္ေပါက္တခုအတြက္ေတာ့ အလင္းေရာင္တခု သန္းလာတယ္လို႔ေတာ့ ေျပာႏိုင္တာေပါ့။

ေမး ။ ။ ဒီေနရာမွာ ေဒၚေအာင္ဆန္းစုၾကည္က ႏွစ္ေပါင္းမ်ားစြာ အမ်ိဳးသားရင္ၾကားေစ့ေရးကို ေျပာလာခဲ့တယ္။ ဘယ္ေတာ့မွ မေအာင္ျမင္ခဲ့ဘူး။ အဲဒီလို မေအာင္ျမင္ခဲ့တာကို သေဘာေပါက္သြားလို႔မ်ား ဆက္လက္ၿပီးေတာ့ ေစ့စပ္စရာ မရွိေတာ့ဘူးဆိုတဲ့ သေဘာမ်ား ေျပာေလသလားလို႔ေတြးရင္ က်ေနာ္ အေတြးလြန္ရာက်မလား။

ေျဖ ။ ။ ေဒၚေအာင္ဆန္းစုၾကည္က အၿမဲရည္ၫႊန္ေလ့ ရွိတာက ေဖေဖ တည္ေထာင္ခဲ့တဲ့ တပ္မေတာ္ဆိုၿပီးေတာ့ တပ္ကိုမုန္းတီးတဲ့စကား၊ တပ္ကိုအျပတ္ေခ်မႈန္းဖို႔ လိုတယ္ဆိုတဲ့စကားမ်ိဳးကိုေတာ့ ဘယ္တုန္းကမွ မေျပာခဲ့ဘူး။ တပ္ကို ႏိုင္ငံေရးကေန ကင္းကင္းရွင္းရွင္းေနဖို႔နဲ႔ ျပည္သူလူထုကို ကာကြယ္တဲ့ တပ္မေတာ္၊ တိုင္းျပည္ကို ကာကြယ္တဲ့ တပ္မေတာ္ျဖစ္ဖို႔ ျပည္သူလူထုရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ေစခ်င္တဲ့ စိတ္ပဲရွိတယ္။ ဆိုေတာ့ ဒီဟာက ေျပာင္းလဲသြားၿပီလိုေတာ့ က်ေနာ္ကေတာ့ သိပ္မထင္ဘူး။ သို႔ေသာ္ ဒီဟာနဲ႔ ပတ္သက္လို႔ေတာ့ ျဖစ္ေနတဲ့ ပဋိပကၡနဲ႔ ပတ္သက္လို႔ေတာ့ ပိုၿပီးေတာ့ ရွင္းရွင္းလင္းလင္းရွိတဲ့ သတင္းစကား message တခုေတာ့ ထြက္လာဖို႔ လိုတာေပါ့။

==Unicode==

မြန်မာပြည်သူတွေ ခံစားကြုံတွေ့နေရတဲ့ ဘဝရပ်တည်ရေး အခက်အခဲတွေ ပိုမိုဆိုးရွားလာချိန်မှာ စစ်ကောင်စီအကြီးအကဲက ငြိမ်းချမ်းရေးစကားထက်၊ အပြတ်ချေမှုန်းရေးကိုသာ တွင်တွင်ပြောကြားနေပါတယ်။ တဘက်မှာ NUG ကလည်း လက်နက်ကိုင်တိုက်ပွဲအပေါ် ပိုပြီးအားထားလာသလို၊ ရှားရှားပါးပါး ပေါ်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားမှာလည်း ပြည်သူတွေ ညီညွတ်ကြဖို့ ပြောပြီး၊ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ပြောတာမဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဆိုတော့ နှစ်ဘက်အကွာအဟ ပိုမိုကြီးမား နက်ရှိုင်းသွားလေပြီလား။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ ဦးရဲထွန်းနဲ့ ကျနော် ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ အခု ပဋိပက္ခ ဖြစ်နေတဲ့ နှစ်ဘက်ရဲ့ တွေ့ဆုံညှိနှိုင်းနိုင်ရေး အလားအလာ၊ ပိုပြီးဝေးသွားပြီလားဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဟာကို မဆွေးနွေးခင်၊ ပမာဏအနေနဲ့ သိချင်တာက ဒီကနေ့မှာ အဲဒီလိုနှစ်ဘက် တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းအဖြေရှာမှု မရနိုင်တဲ့အတွက်ကြောင့်မို့ ပြည်သူတွေရဲ့ အတိဒုက္ခဟာ ဘယ်လောက်နှိုက်ရှိုင်းနေပြီလဲ။ တိုက်ပွဲတွေက မငြိမ်းသေးဘူး။ ကျေးရွာတွေ မီးရှို့ခံနေရတယ်။ လူတွေသေဆုံးကြတယ်။ တခါ ကုန်ဈေးနှုန်းတက်တာတွေ၊ စားဝတ်နေရေး အကျပ်အတည်းတွေ၊ ဆီဈေးဆန်ဈေးအပါအဝင်၊ လောင်စားလျှပ်စစ်မီးစသည်ဖြင့် အကုန်လုံး ညည်းတွားသံတွေကို ကြားနေရပါတယ်ဆိုတော့ သုံးသပ်သူတယောက်အနေနဲ့ ပြည်သူတွေအခြေအနေ ဘယ်လောက်ကျပ်တည်းနေသလဲဆိုတာကို အကြမ်းမျဉ်းနည်းနည်း ပြောပြပါလား။

ဖြေ ။ ။ အခြေအနေက တဖြည်းဖြည်း ပိုမိုပြီးဆိုးလာတာပေါ့။ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကထက်စာရင် ပိုပြီးတော့ကျပ်တည်းလာတာ၊ အခုနောက်ဆုံးဆိုရင်တော့ ဓါတ်ဆီ၊ လောင်စာဆီတွေ တန်းစီးဝယ်ရတဲ့ အနေအထား ဖြစ်လာတာပေါ့။ ဒါလဲ တချို့ကတော့ ဒေါ်လာငွေကို ထိန်းချုပ်လိုက်လို့ ဖြစ်ရတယ်ဆိုပြီးတော့ ပြောကြတာရှိတယ်။ တချို့ကြတော့လဲ ဓါတ်ဆီလောင်စာဆီ အကျပ်အတည်းကနေ၊ နောက်ထပ်အကျပ်အတည်းတွေပါ၊ ထပ်ရောက်လာပြီးတော့ သီရိလင်္ကာနိုင်ငံလိုများ ဖြစ်သွားမလား။ အဲဒီလိုလဲ ပြောကြတာရှိတယ်။ ယေဘူယျအားဖြင့်တော့ ပြည်သူလူထုအများစုကတော့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ဆုံးရှုံးကုန်ကြပြီးတော့၊ အလုပ်လက်မဲ့တွေဖြစ်၊ စားဝတ်နေရေး တော်တော်လေး ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်။ ဆိုတော့ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်လာနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်တွေဘက်မှာတော့ ပိုပြီးတော့ ဒီထက်ပိုဆိုးတာပေါ့။ ကျနော်တို့ ဒီဘက်မှာတော့ တရုတ်ပြည်နယ်နဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတော့ အရင်တုန်းကတော့ အဆင်ပြေကြတယ်။ အခု အဲဒီလမ်းကလည်း ပြန်မပွင့်သေးတော့ ဒီဘက်မှာလဲ တောင်သူတွေနဲ့ အခြားစီးပွားရေးလုပ်ကြတဲ့လူတွေကော အခက်အခဲတွေ သူ့ဟာနဲ့သူ ရှိကြတယ်။ ဆိုတော့ ခြုံပြောရမယ်ဆိုရင် ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေက အကုန်လုံးအကျဘက်ကို ဆင်းနေတယ်လို့ ပြောလို့ရပါတယ်။

မေး ။ ။ ဦးရဲထွန်းက သီရိလင်္ကာလို ဖြစ်သွားလေမလားလို့ ပြည်သူလူထုက စိုးရိမ်တယ်ဆိုတာ၊ သီရိလင်္ကာမှာဖြစ်တယ်၊ ဒါပေမဲ့ သူတို့မှာ ဒီမိုကရေစီ ရှင်သန်နေတယ်ဆိုတော့ မြန်မာပြည်မှာလို ပစ်သတ်တာတွေ၊ ဘာတွေ မလုပ်ဘူး။ ပြည်သူတွေ အခု ဆန္ဒပြနေတာကို လက်ခံပြီးတော့၊ သမ္မတက သူ့ညီအပါအဝင် ဝန်ကြီးအဖွဲ့ဝင်တွေ အကုန်လုံးကို ဖယ်ရှားပြီးတော့၊ လူသစ်တွေနဲ့ အစိုးရအဖွဲ့ကို ပြန်ဖွဲ့တယ်။ ဆန္ဒပြနေတဲ့လူတွေကိုလည်း ပါဝင်ပူးပေါင်းကြဖို့ ဖိတ်ခေါ်တယ်။ နောက်ပြီးတော့ ပြဿနာကို အတူတူအဖြေရှာကြမယ်ဆိုတာတွေ ပြောတယ်ဆိုတော့ အဲဒီလိုဖြစ်လာရင် ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မြန်မာပြည်မှာတော့ အဲဒီလို မဖြစ်ဘဲ၊ ဆန္ဒပြတဲ့လူတွေကို လက်နက်ကိုင်ပြီးတော့ ပစ်သတ်တယ်။ အဲဒါကြောင့်လဲ မခံမရပ်နိုင်ဖြစ်ပြီးတော့ ပြည်သူတွေက လက်နက်ကိုင်သွားကြတာ မဟုတ်လား။ ပြီးတော့ ဦးရဲထွန်းပြောသလို၊ ဟိုတုန်းက တိုင်းရင်းသားဒေသတွေမှာသာ လက်နက်ကိုင် တိုက်ပွဲတွေရှိတယ်။ အခုတော့ ပြည်မရဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အဓိကနေရာတွေမှာလည်း ပြင်းထန်တဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေ၊ အုံကြွမှုတွေ ဖြစ်နေလေတော့ အဲဒီလိုဖြစ်ဖို့ တော်တော်ခက်လိမ့်မယ် ထင်ပါတယ်။

ဖြေ ။ ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီပြဿနာကို ဖြေရှင်းပြီးတော့ နှစ်ဘက်စလုံး ဆုတ်သာသက်သာ၊ နှစ်ဘက်စလုံး သူမသာကိုယ်မသာ အဲဒီလိုမျိုး အဖြေတခု ရှာတွေ့ပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆဲပြီး၊ ရွေးကောက်ပွဲအသစ် ပြန်လုပ်နိုင်တယ် ဆိုလို့ရှိရင်တော့ အတတ်ထက်အလွန် ဖြစ်မှာပေါ့။

မေး ။ ။ ဦးရဲထွန်းက ရွေးကောက်ပွဲကို ပြောတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အခုနောက်ဆုံး ကြားရတာတွေကို ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီဥက္ကဋ္ဌကတော့ သူရဲ့မိန့်ခွန်းတွေ ပြောတိုင်းမှာ အပြတ်ချေမှုန်းဖို့ပဲ ပြောနေပါတယ်။ ပြောတဲ့နေရာမှာလဲ အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့အနေနဲ့ ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူး။ သူတို့ကို ထောက်ခံပံ့ပိုးနေသူတွေကိုလည်း အပြတ်ချေမှုန်းသွားမယ်ဆိုတယ်။ တချိန်မှာလဲ သူက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်မယ်လို့လဲ ပြောနေတယ်ဆိုတော့ အကြမ်းဖက်အဖွဲ့လို့ ဆိုတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ဘယ်လိုခွဲသလဲ။ အဲဒီမှာကော ပြတ်သားတဲ့ ခွဲခြားတဲ့လိုင်းကော ရှိပါရဲ့လား။ တချို့ PDF တွေလဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ တိုက်ခိုက်နေရတယ်ဆိုတော့။

ဖြေ ။ ။ ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက စစချင်းမှာတော့ ခွဲထွက်ရေးဆိုတဲ့ အလံတော်လွှင့်ထူပြီးတော့ ခွဲထွက်ရေး ရည်မှန်းချက်နဲ့ တိုက်ခိုက်ကြပေမယ့်၊ နှစ်ပေါင်း (၇၀) လောက် ကြာလာတဲ့ ဒီနေ့အချိန်မှာ သူတို့က ခွဲထွက်ရေးကို မပြောကြသလောက် ဖြစ်လာတာပေါ့။ ခွဲထွက်ရေးကို မပြောတော့ဘဲနဲ့ ဖက်ဒရယ်ဆိုတာကို ပြောလာပြီးတော့၊ နားလည်လာတဲ့အခါမှာ အခုကတော့ ဖက်ဒရယ်ဆိုတာက ညှိနှိုင်းလို့ရတယ်၊ ပေးသင့်တယ်၊ ပေးရမယ်ဆိုပြီးတော့ အားလုံးက အဲဒီလိုဖြစ်လာတော့၊ အဲဒီလို ရည်မှန်းချက် ဆွဲကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုတော့ ဆွေးနွေးညှိနှိုင်းလို့ရတယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်း အတူထိုင်လို့ရတယ်လို့ သတ်မှတ်တာပေါ့။ တဘက်မှာ အဲဒီလိုမဟုတ်ဘဲနဲ့ တပ်မတော်ကို နိုင်ငံရေးကနေ ဆုတ်ခွါဖို့ ရည်မှန်းချက်၊ ဒါမှမဟုတ် တပ်မတော်ပြုတ်သွားဖို့ ရည်မှန်းချက်နဲ့ တိုက်ပွဲဝင်နေကြတဲ့ အရင်ခေတ်က ဗကပ - ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင်၊ အခု ဒီဘက်ခေတ်မှာတော့ NUG ဒီအဖွဲ့အစည်းတွေကတော့ တပ်ကို ချေမှုန်းပစ်ဖို့ဆိုတဲ့ ရည်မှန်းချက်ထားတာဖြစ်တော့ အဲဒီအဖွဲ့တွေနဲ့တော့ တကယ်လို့ ငြိမ်းချမ်းရေး ဖြစ်တယ်ဆိုရင်လဲ ယုံယုံကြည်ကြည် စိတ်ချလက်ချနဲ့ ဆွေးနွေးတာမျိုး မဟုတ်ဘဲနဲ့ နည်းပရိယာရ်တရပ်အနေနဲ့ ဆွေးနွေးကြတာမျိုးပဲ ဖြစ်ခဲ့တာများတယ်။ အရင်သမိုင်းတလျှောက်မှာဆိုရင်လဲ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေလည်း ရှိပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဘက်ကလဲ ဆွေးနွေးပွဲတွေကို နည်းပရိယာရ်တရပ်အနေနဲ့ပဲ သုံးပြီးတော့ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တပ်မတော်ကို ချေမှုန်းပစ်ဖို့ အမျိုးသားသစ် ပြည်သူ့တပ်မတော်နဲ့ အစားထိုးဖို့ဆိုတဲ့ ရည်မှန်းချက်ကိုပဲ ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ဘူးပေါ့။

မေး ။ ။ ပြောမယ်ဆိုရင်တော့ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတဲ့စကားကို သူတို့အဖွဲ့အစည်းအကျိုးအတွက် အသုံးချမယ်ဆိုတဲ့ သဘောပေါ့။ အာဏာရတဲ့ဘက်ကရော၊ ဟိုဘက်ကရောပေါ့။ အခုကော ယုံကြည်မှု ရှိနိုင်သလား။ ကျနော် သိချင်တာက အခုလဲပဲ စစ်ကောင်စီဘက်က ခေါ်နေတယ်။ အခုကရော ယုံကြည်မှု ရှိနိုင်ပါ့မလား။

ဖြေ ။ ။ အခုလဲပဲ NUG ဘက်အနေနဲ့တော့ တလျှောက်လုံးက တပ်ကနေ စတင်ပြီးတော့ လက်နက်နဲ့ ဖိနှိပ်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ လက်နက်နဲ့ပဲ ပြန်ပြီးတော့ ခုခံတိုက်ခိုက်ရမယ်ဆိုတဲ့ လမ်းကြောင်းကို ကိုင်ဆွဲထားတယ်။ ပြီးခဲ့တဲ့ မကြာသေးခင်ရက်ပိုင်းအတွင်းက ယာယီသမ္မတ ဒူဝါလရှီးလ ပြောတဲ့မိန့်ခွန်းအရဆိုရင်လဲ သူတို့ကလည်း ဒီတနှစ်အတောအတွင်းမှာ အခြေအနေတွေက တိုးတက်လာတယ်ဆိုတဲ့ဟာကို နိဂုံးချုပ်ထားတယ်။ ဒါကြောင့်မို့လို့ ပြောချင်တာက လက်နက်ကိုင်တိုက်ပွဲက အောင်မြင်မှုတွေ ရနေတယ်ဆိုတဲ့ နိဂုံးချုပ်ချက်နဲ့ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ သူတို့ကလဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သူတို့ စိတ်မဝင်စားဘူး။ ပြောရင်လဲ လက်ခံမယ်လို့လဲ ကျနော် မထင်ဘူး။ နောက်တချက်က ရည်ရွယ်ချက်ကလဲ စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်ရေး ရည်မှန်းချက် ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတဲ့အခါကြတော့ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖြစ်တယ်ဆိုရင်တောင်မှ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ အဖြေရှာဖို့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့ဆိုတာတော့ ခက်ခဲမယ်လို့တော့ ကျနော်ထင်တယ်။


မေး ။ ။ တချိန်တည်းမှာပဲ အခုမကြာခင်က ပြီးခဲ့တဲ့ တရက်နှစ်ရက်က ဒေါ်အောင်ဆန်းစုကြည်ဆီက ထွက်လာတဲ့ သတင်းစကားဆိုပြီးတော့ Reuters သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်သူလူထု စည်းလုံးညီညွှတ်ကြဖို့၊ မတူတာကိုလည်း သည်းခံပြီးတော့ ပြေလည်အောင် ညှိနှိုင်းကြဖို့ဆိုတဲ့ အမှာစကားထွက်လာပါတယ်။ အဲဒီထဲမှာ နောက်ဆက်တွဲ ဘာပါလဲဆိုတော့ ဒါပေမဲ့ ဒီဟာက စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းဖို့ပြောတာ မဟုတ်ဘူးဆိုတာလဲ ပါပြန်ပါတယ်။ ဆိုတော့ ဒီသတင်းစကား message ကို အမှန်လို့ ကျနော်တို့ ယုံကြမယ်ဆိုရင် နှစ်ဘက်ညှိနှိုင်းဆွေးနွေးနိုင်မယ့် အခြေအနေ ပိုပြီးတော့ အလှမ်းဝေးသွားလေမလား ဆိုတာလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ဖြေ ။ ။ ကျနော်လဲ စဉ်းစားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားက အပြင်ကအခြေအနေတွေကို မသိဘဲနဲ့ ပြောလိုက်တာလားဆိုတာ စဉ်းစားစရာပေါ့။ တကယ်လို့ သူက ပြည်သူလူထုအတွင်း ပဋိပက္ခတွေကို လက်နက်နဲ့ မဖြေရှင်းဘဲနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ဥစ္စာလား။ တပ်မတော်နဲ့ NUG-PDF အကြား ဖြစ်နေတဲ့ ပဋိပက္ခတွေကို ရည်ရွယ်တာလား ဆိုလို့ရှိရင်လဲ ဒါက PDF-NUG ဘက်ကတော့ လက်ခံနိုင်စရာ မရှိဘူး။ ဒါကြောင့်မို့လို့လဲ ဒီလိုပြောလိုက်တဲ့ စကားဟာ တပ်နဲ့ကြားက ပဋိပက္ခတွေကို ရည်ရွယ်တာ မဟုတ်ဘူးလို့ နောက်ထပ်တွဲ အဓိပ္ပါယ်ဖွင့်ဆိုတာလို့ ကျနော်ထင်တယ်။ အခြားပဋိပက္ခတွေက ကျနော်မြင်သလောက်တော့ မရှိဘူး။ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား မရှိဘူး။ NUG-PDF တွေနဲ့ အခြားပြည်သူလူထုလို့ ရည်ညွှန်သင့်တဲ့အုပ်စုနဲ့ကြားက ပဋိပက္ခ မရှိဘူး။ တကယ်လို့ အဲဒီပြည်တွင်းပဋိပက္ခဆိုတာက တပ်မတော်နဲ့ အခုဖြစ်နေတဲ့ကြားက လက်နက်ကိုင်ပဋိပက္ခတွေကိုပဲ ရည်ညွှန်တယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် နောင်မှာ တပ်အနေနဲ့လဲ ရှည်လျားတဲ့ ပဋိပက္ခကြီးကို ဖြတ်ဖို့အတွက် ထွက်ပေါက်တခုအတွက်တော့ အလင်းရောင်တခု သန်းလာတယ်လို့တော့ ပြောနိုင်တာပေါ့။

မေး ။ ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းများစွာ အမျိုးသားရင်ကြားစေ့ရေးကို ပြောလာခဲ့တယ်။ ဘယ်တော့မှ မအောင်မြင်ခဲ့ဘူး။ အဲဒီလို မအောင်မြင်ခဲ့တာကို သဘောပေါက်သွားလို့များ ဆက်လက်ပြီးတော့ စေ့စပ်စရာ မရှိတော့ဘူးဆိုတဲ့ သဘောများ ပြောလေသလားလို့တွေးရင် ကျနော် အတွေးလွန်ရာကျမလား။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်က အမြဲရည်ညွှန်လေ့ ရှိတာက ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ဆိုပြီးတော့ တပ်ကိုမုန်းတီးတဲ့စကား၊ တပ်ကိုအပြတ်ချေမှုန်းဖို့ လိုတယ်ဆိုတဲ့စကားမျိုးကိုတော့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ တပ်ကို နိုင်ငံရေးကနေ ကင်းကင်းရှင်းရှင်းနေဖို့နဲ့ ပြည်သူလူထုကို ကာကွယ်တဲ့ တပ်မတော်၊ တိုင်းပြည်ကို ကာကွယ်တဲ့ တပ်မတော်ဖြစ်ဖို့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်စေချင်တဲ့ စိတ်ပဲရှိတယ်။ ဆိုတော့ ဒီဟာက ပြောင်းလဲသွားပြီလိုတော့ ကျနော်ကတော့ သိပ်မထင်ဘူး။ သို့သော် ဒီဟာနဲ့ ပတ်သက်လို့တော့ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့တော့ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းရှိတဲ့ သတင်းစကား message တခုတော့ ထွက်လာဖို့ လိုတာပေါ့။

XS
SM
MD
LG