သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ႏႈတ္ပိတ္လိုက္တာလား


Myanmar security force in Maungtaw
တိုက္႐ိုက္ လင့္ခ္

စာသင္ေက်ာင္းကို တပ္မေတာ္ရဲ ႔ လက္နက္ႀကီးက်ည္ ထိမွန္တယ္လို႔ မီဒီယာကိုေျပာတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ကို တရားစြဲဆိုတဲ့ကိစၥဟာ မွန္ကန္ပါရဲ႕လား၊ တကယ္လို႔ ဒီေျပာဆိုခ်က္ဟာ အခ်က္အလက္ မမွန္ကန္ဘူးဆိုရင္ေတာင္ ျပည္သူ႔ကိုယ္စားလွယ္တဦးကို ဒီလိုတရားစြဲဆိုလိုက္တဲ့အတြက္ ႏိုင္ငံေရး၊ လူ႔အခြင့္အေရးနဲ႔ သတင္းလြတ္လပ္ခြင့္တို႔ကို ဘယ္လို႐ိုက္ခတ္ႏိုင္ပါသလဲ။ သတင္းသမားလည္းျဖစ္ ႏိုင္ငံေရးသုံးသပ္သူတဦးလည္းျဖစ္တဲ့ ဦးသီဟေသြးနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ မၾကာေသးခင္က ဘူးသီးေတာင္ဘက္မွာျဖစ္တဲ့ တိုက္ပြဲမွာ စာသင္ေက်ာင္းကို လက္နက္ႀကီးထိမွန္လို႔ ေက်ာင္းသူေက်ာင္းသားေလးေတြ ဒဏ္ရာရတဲ့သတင္းကို တပ္မေတာ္ဘက္က ပစ္ခတ္တဲ့က်ည္ဆံ ထိမွန္တယ္လို႔ သူၾကားရတဲ့အေၾကာင္း ေျပာဆိုိတဲ့ လႊတ္ေတာ္အမတ္တေယာက္ကို တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။ ဆိုေတာ့ အဲဒီလိုကိစၥေတြမွာ လႊတ္ေတာ္အမတ္ေတြေတာင္မွ လြတ္လြတ္လပ္လပ္ ေျဖၾကားခြင့္မရိွေတာ့ဘူးဆိုတဲ့ သေဘာမ်ဳိး ေတြ႔လာရပါတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ သတင္းသမားေတြ သတင္းရယူပိုင္ခြင့္ ဘယ္ေလာက္အထိ က်ယ္က်ယ္ျပန္႔ျပန္႔ ရိွေနပါေသးတယ္။ အထူးသျဖင့္ ပဋိပကၡနယ္ေျမေတြမွာ ပိုၿပီးေတာ့ က်ဥ္းၾကပ္လာတယ္ဆိုတာမ်ဳိး စဥ္းစားမိပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ဦးသီဟေသြးရဲ ႔ သေဘာထားကို နည္းနည္းသိခ်င္ပါတယ္။

ေျဖ ။ ။ ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြမွာ က်ေနာ္တို႔ သတင္းရယူရတာေကာ၊ သတင္းနဲ႔ပတ္သက္လို႔ တံု႔ျပန္ေျဖၾကားရတာေတြ အခက္အခဲရိွေနတယ္ဆိုတာကို အထူးသျဖင့္ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္ဘက္ ျဖစ္ပါတယ္။ အဲဒါကေတာ့ ၂၀၁၂ ေနာက္ပိုင္း ပဋိပကၡေတြ ျဖစ္တဲ့အခ်ိန္မွာ ဒီလုိအေျခအေနမ်ဳိး ရိွခဲ့တယ္။ ေျပာတဲ့အခါမွာ သတင္းသမားေတြအေနနဲ႔ ကၽြံသြားတာတခုက ဘက္လုိက္ၿပီး ဟိုဘက္ကလိုက္ေျပာတာလား၊ ဒီဘက္က လိုက္ေျပာတာလားဆိုတဲ့ အေျခအေန ျဖစ္ခဲ့တယ္။ နဂိုတုန္းကေတာ့ မူစလင္လူ႔အဖြဲ႔အစည္းေတြနဲ႔ ရခိုင္လူ႔အဖြဲ႔အစည္းၾကားမွာ ျဖစ္တဲ့ျပႆနာေတြၾကားမွာ ဟိုဘက္က လိုက္ေျပာသလား၊ ဒီဘက္က လိုက္ေျပာသလားဆုိတဲ့ ဖိအားမ်ဳိးလည္း ရိွခဲ့တယ္။

အခုဆိုရင္ ရခိုင္တပ္မေတာ္နဲ႔ အစိုးရဘက္တပ္မေတာ္ၾကားမွာ အခုလို တုိက္ပြဲေတြ ျဖစ္ပြားတဲ့အခါမွာလဲ အခုလိုမ်ဳိး ႀကံဳလာရတယ္။ ဒါကလဲ Indicator တခု - က်ေနာ္တုိ႔ သတင္းသမားေတြအေနနဲ႔ သတိထားရမယ့္ အေျခအေနတခုကို မီးေမွာင္ထိုးျပေနသလိုလို႔ ေျပာရမယ္။ ဘယ္လိုအေျခအေနမ်ဳိးေတြမွာ အဆင္ေျပၿပီး၊ ဘယ္လိုအေျခအေနမ်ဳိးမွာ ျပႆနာတက္သလဲဆိုတဲ့ ကိစၥကို က်ေနာ္တုိ႔ေတြက မပိုင္းျခားႏုိင္ဘူး။ မခန္႔မွန္းႏုိင္ဘူး။ ျပႆနာက ျဖစ္ခ်င္လဲ ျဖစ္ၿပီး၊ မျဖစ္ခ်င္လဲ မျဖစ္ဘူး။

သတင္းလြတ္လပ္မႈနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔က ဘယ္လိုမွ ခ်ိန္းဆလို႔ မရဘူး။ ဒါကလဲ ဖိအားတမ်ဳိးပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔မွာ လံုေလာက္တဲ့ အကာအကြယ္ မရိွဘူး။ အထူးသျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္လို လူမ်ဳိးကိုေတာင္ ဒီလိုမ်ဳိး ဖိအားရိွလာတဲ့အခါၾကေတာ့ သတင္းမီဒီယာေတြၾကားမွ ပိုၿပီးေတာ့ထိလာတာေပါ့။

ေမး ။ ။ တကယ္ေတာ့ သတင္းဌာနကိုလည္း အေရးယူတယ္။ ေျပာတဲ့ လႊတ္ေတာ္အမတ္ကိုလည္း အေရးယူတယ္ဆိုေတာ့ သတင္းဌာနတို႔၊ လႊတ္ေတာ္အမတ္တို႔ဆိုတာ သူတုိ႔က ျပည္သူ႔အက်ဳိးကို ဦးထိပ္ထားၿပီး ေျပာရမယ့္လူေတြ။ တာဝန္ကိုယ္ႏိႈက္က သူတုိ႔ရဲ ႔ လုပ္ငန္းတာဝန္ ျဖစ္ေနတယ္။ သာမန္အရပ္သူ၊ အရပ္သားေတြကေတာ့ ေျပာခ်င္ေျပာ၊ မေျပာခ်င္ေန ျဖစ္တာေပါ့။ ဒီလူေတြရဲ ႔ ေျပာပိုင္ခြင့္ကိုပါ က်ဳံပစ္လိုက္ေတာ့ သတင္းသမားေတြအေနနဲ႔ သတင္းမွန္ကို ရယူႏုိင္တဲ့ အလားအလာ သိပ္ေဘာင္က်ဥ္းသြားၿပီလို႔ ေျပာရမွာေပါ့။ အထူးသျဖင့္ ပဋိပကၡ ျဖစ္ေနတဲ့ေနရာေတြမွာ တဘက္ေစာင္းနင္း ထိခိုက္နစ္နာမႈေတြ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အဲဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းရယူစရာ နည္းလမ္းမွ ရိွပါေသးရဲ ႔လား။

ေျဖ ။ ။ အဓိကေတာ့့ တုိက္ပြဲျဖစ္ပြားတာေတြကို သတင္းရယူဖို႔၊ သတင္းပို႔ဖို႔ ခက္တယ္။ အင္တာနက္ကလည္း မရတဲ့အခါၾကေတာ့ က်ေနာ္တို႔ သတင္းမီဒီယာေတြ ဒီေနရာေတြကို ကိုယ္တိုင္သြားဖို႔ မျဖစ္ႏုိင္ေတာ့ တယ္လီဖုန္း၊ Messenger, Viber တို႔နဲ႔ ဆက္သြယ္ရတယ္။ တိုက္ပြဲသတင္းေတြ ရယူဖို႔အတြက္။ အဲဒီေတာ့ က်ေနာ္တို႔ဆီမွာ ျပႆနာက တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ေျပာေနတာေတြ ရိွတယ္။ တဘက္က AA ဘက္က ေျပာတာေတြလည္း ရိွပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔က ပဋိပကၡ ျဖစ္ေနတဲ့ အဖြဲ႔အစည္းႏွစ္ခုက ေျပာတဲ့ဟာကို သတင္းသမားက အတည္ယူလို႔မရဘူး။ Third-person ကိုလည္း ၾကည့္ရတယ္။ လြတ္လပ္တဲ့ အဖြဲ႔အစည္းေသာ္လည္းေကာင္း၊ အရပ္သူအရပ္သားေတြေသာ္လည္းေကာင္း။ သူတုိ႔ရဲ ႔ ေျပာၾကားခ်က္ေတြကို ခ်ိန္းထိုးရတယ္။ ဒါမွလဲ ပဋိပကၡၾကားမွာ အတတ္ႏုိင္ဆံုး မွန္ကန္တဲ့သတင္းကို ထုတ္ႏိုင္မွာေပါ့။

ေမး ။ ။ ဦးသီဟေသြး ေျပာသလို ပဋိပကၡျဖစ္တဲ့ေဒသေတြမွာ ႏွစ္ဘက္ကေတာ့ သူတို႔သတင္းကို သူတုိ႔ေၾကညာမွာေပါ့။ တပ္မေတာ္သတင္းျပန္ၾကားေရးကလည္း သူတို႔သတင္း သူတုိ႔ေျပာမယ္။ AA ဘက္ကလည္း ေျပာမွာပဲ။ ဒါေပမဲ့ သူတုိ႔ကေတာ့ သူတို႔ရႈေထာင့္ကေန ေျပာၾကတာ။ က်ေနာ္တို႔က ျပည္သူကို အမွန္အတိုင္း ေစာေစာက ေျပာခဲ့သလိုပဲ ဘက္မလိုက္တဲ့လူရဲ ႔ အသံကို လိုခ်င္တယ္ဆိုေတာ့ အသင့္ေတာ္ဆံုးကေတာ့ ျပည္သူ႔လႊတ္ေတာ္အမတ္တို႔ဆိုတာ လူထုကို ကိုယ္စားျပဳတဲ့လူေတြ။ သူတို႔ဆီက သတင္းရယူတာ ေတာ္ေတာ္တန္းဖိုးရိွတဲ့ အခ်က္လို႔ က်ေနာ္ထင္တယ္။ အဲဒါ မဟုတ္ဘူးလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ အဲဒီမွာ က်ေနာ္ နည္းနည္းေလးေထာက္ၿပီး ေျပာခ်င္တာက အကယ္၍မ်ား လက္နက္ႀကီးက်တဲ့ကိစၥက က်ေနာ္တို႔လည္း စဥ္းစားၾကည့္တာ တပ္မေတာ္ဘက္ပစ္တယ္လို႔ သူဘယ္လိုယူဆႏုိင္သလဲ။ အဲဒီေတာ့ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ တပ္မေတာ္ဘက္က ျငင္းခ်က္ထုတ္ခ်င္တယ္။ ျငင္းခ်င္တယ္ဆိုလို႔ရိွရင္လဲ ဒီကိစၥက ေျပာၾကားတဲ့ ကိုယ္စားလွယ္ကို တိုက္ရိုက္ေျပာၿပီးေတာ့ ျပန္ျပင္ေျပာေပးဖို႔ တခုခု Argue လုပ္ၿပီးေတာ့ - ဘာျဖစ္လုိ႔လဲဆိုေတာ့ ျပည္သူလူထုက တရားဝင္ေရြးခ်ယ္ထားတဲ့ ဥပေဒျပဳအမတ္ေတြ၊ ကိုယ္စားလွယ္ေတြဆိုေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး ျငင္းခ်က္ထုတ္စရာရိွတယ္။ ေျပာစရာရိွတယ္။ အမွားျပင္ဆင္ခ်င္တယ္။ ဒါကမွားတယ္ဆိုၿပီး သက္ေသျပၿပီးေတာ့ ျပင္ဆင္ဖို႔ ေတာင္းဆိုတာမ်ဳိး။ ျပန္ေျပာေပးဖို႔၊ ျပင္ဆင္ခ်က္ေပးဖို႔ ဒီလိုမ်ဳိး အရင္လုပ္ေစခ်င္တယ္။ က်ေနာ္တို႔လဲ စဥ္းစားၾကည့္တာပါ - လက္နက္ႀကီးက်တဲ့ကိစၥနဲ႔ ပတ္သက္ရင္ ဘယ္ဘက္ကက်တယ္လို႔ ေျပာဖို႔ဆုိတာက သာမန္အားျဖင့္ ခက္တယ္။ ဆုိေတာ့ အကယ္၍ အေထာက္အထားရိွတယ္ဆိုရင္ အေထာက္အထားနဲ႔ေျပာ။ တဘက္ကလဲ အေထာက္အထားနဲ႔ျငင္း။ ဒီလိုမ်ဳိး ျဖစ္ေစခ်င္တယ္။ အခုလို တရားစြဲတာမ်ဳိး ျဖစ္တဲ့အခါၾကေတာ့ ျဖစ္တဲ့အဖြဲ႔အစည္းေတြက သူပုန္အဖြဲ႔အစည္းလည္း မဟုတ္ဘူး၊ မီဒီယာျဖစ္ေနတယ္။ တဘက္ကလဲ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္ေနတယ္ဆိုေတာ့ ေျဖရွင္းနည္းကေတာ့ ႏုိင္ငံေရးမွာ ဆိုးက်ဳိးသက္ေရာက္မႈေတြ ရိွလာတာေပါ့။

ေမး ။ ။ အေျခအေနက ပိုသာဆုိးလာဖုိ႔ရိွတယ္ - အဲဒီလို ထိန္းခ်ဳပ္ၿပီးေတာ့ - တကယ္ေတာ့ ကိုသီဟေသြး ေစာေစာကေျပာသလိုပါပဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္သူ႔ဘ႑ာေငြစားၿပီး ျပည္သူ႔ဝန္ကိုေဆာင္ေနတဲ့လူေတြ၊ ျပည္သူ႔ကိုယ္စား ေျပာေနရတဲ့လူေတြ။ ဒီလူေတြက ေျပာေရးဆုိခြင့္ ရိွရမယ္ လူေတြလည္း ျဖစ္ပါတယ္။ ဆိုေတာ့ ဒီလိုလူကို ေရြးၿပီးေတာ့ အေရးယူလုိက္တာဟာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ ႔ ေျပာေရးဆိုခြင့္ကို ႏႈတ္ပိတ္လိုတဲ့ သေဘာလဲပဲ သက္ေရာက္သြားႏိုင္တယ္လို႔ က်ေနာ္က စဥ္းစားမိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔လႊတ္ေတာ္ဥကၠ႒ကလည္း တပ္မေတာ္က တရားစြဲတာကို စြဲဆိုခြင့္ျပဳတယ္ဆိုတဲ့ သတင္းေတြ ၾကားရလို႔ပါ။ ဒီကိစၥကို ဘယ္လိုယူဆပါလဲ။

ေျဖ ။ ။ ဒါကေတာ့ က်ေနာ့္အျမင္ေျပာရရင္ လႊတ္ေတာ္ဘက္ကလည္း ဒီကိစၥကို စဥ္းစဥ္းစားစား ေဆာင္ရြက္သင့္တယ္။ သေဘာတခုက လႊတ္ေတာ္ကိုယ္စားလွယ္တေယာက္က ရာဇဝတ္မႈလို႔ဟာမ်ဳိး၊ လူ႔က်င့္ဝတ္သိကၡာနဲ႔ မကိုက္ညီတဲ့ ျပစ္မႈမ်ဳိးက်ဴးလြန္လို႔ အေရးယူတဲ့ကိစၥမ်ဳိးကို လႊတ္ေတာ္က ခြင့္ျပဳတာေတာ့ တပိုင္းေပါ့။ အဲဒီလိုမ်ဳိး မဟုတ္ဘဲ၊ ႏိုင္ငံေရးပတ္သက္တဲ့ ဒီလိုမ်ဳိး အျငင္းပြားဖြယ္ ကိစၥရပ္ေတြနဲ႔ ပတ္သက္တယ္ဆိုရင္ေတာ့ အေစာတလင္ ခြင့္ျပဳတာမ်ဳိးကေတာ့ အက်ဳိးဆက္က မေကာင္းႏုိင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်န္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း ေျပာရဆုိရတဲ့အခါမွာ ဝန္ထုပ္ဝန္ပိုး ျဖစ္လာတယ္။ ငါ႔ရဲ ႔ေျပာမႈဆိုမႈက အခ်ိန္မေရြး ဒီလိုမ်ဳိး အေရးယူခံရမလားဆုိၿပီး ေတြးစရာျဖစ္တယ္။ ဆိုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္လိုမ်ဳိး ျပည္သူလူထုကေတာင္ အားကိုးၿပီး တင္ထားတဲ့ ပုဂၢိဳလ္မ်ဳိးက ဒီလိုမ်ဳိးေတြ ႀကံဳရတယ္။ ေျဖရွင္းလိုမရ၊ အကာအကြယ္ မရိွဘူးဆိုရင္ေတာ့ က်ေနာ္တုိ႔ ျပည္သူလူထုက ဒီစနစ္ေပၚမွာ ယံုၾကည္မႈအားနည္းလာႏိုင္တယ္။

ေမး ။ ။ တကယ္တမ္း အဲဒီသတင္းကို ျပန္ၾကည့္ရင္ စာသင္ခန္းကို လက္နက္ႀကီး ထိတဲ့ဆိုတဲ့ကိစၥဟာ သိပ္ဆိုးဝါးတဲ့ ျဖစ္ရပ္တခုပါ။ ဘယ္ဘက္ကပဲပစ္ပစ္ က်ေနာ္တို႔လည္း အစီအစဥ္လုပ္ခဲ့ပါတယ္။ ဆိုေတာ့ ဒီလိုကိစၥရပ္မ်ဳိးကို အမွန္တကယ္ တာဝန္ေက်တဲ့ လႊတ္ေတာ္သာဆုိရင္ အမႈမွန္ေဖာ္ထုတ္ေရးကို လႊတ္ေတာ္က စဦးေဆာင္ၿပီး ေဆာင္ရြက္သင့္တာေပါ့။ လႊတ္ေတာ္က ဒီကိစၥ ဘယ္လိုျဖစ္သလဲ။ ရွင္းပါဘာညာ ဆိုၿပီးေတာ့ စံုစမ္းေရးေကာ္မရွင္ေတြ ဖြဲ႔ၿပီးေတာ့ စံုစမ္းသင့္တဲ့ကိစၥလို႔ ထင္ပါတယ္။ အခုၾကေတာ့ အဲဒီလိုလုပ္ဖို႔ ေနေနသာသာ အဲဒီသတင္းကိုေျပာတဲ့ လႊတ္ေတာ္အမတ္ေတာင္ အေရးယူခံရတဲ့ဆိုေတာ့ အေျခအေနက ပိုဆိုးတယ္လို႔ ထင္ပါတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံလႊတ္ေတာ္အေနနဲ႔ အဲဒီလို အေရးႀကီးတဲ့ကိစၥ အေျဖမေပၚထြက္ဘဲ ျပည္သူေတြ ဆိုးဆုိးဝါးဝါး နစ္နာတဲ့ကိစၥေတြကို စံုစမ္းေဖာ္ထုတ္ပါဆိုတဲ့ ကနဦး စတင္ေဆာင္ရြက္မႈ Initiative လုပ္ေဆာင္မႈေတြ ျဖစ္လာႏုိင္တဲ့ အလားအလာ ရိွႏိုင္ပါသလား။

ေျဖ ။ ။ ဒါကေတာ့ က်ေနာ့္အျမင္ကို ေျပာရရင္ အခုအခ်ိန္မွာေတာ့ တကယ့္အင္အားအႀကီးဆံုး ပါတီျဖစ္တဲ့ NLD နဲ႔ လက္ရိွ ဒီကိစၥမွာ ပါဝင္ပတ္သက္ေနတဲ့ တပ္မေတာ္တို႔က အခုဆိုရင္ အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ ဖိအားမ်ားေနတယ္။ အဲဒီလိုပဲ အခုဆိုရင္ ကိုရိုနာဗိုင္းရပ္စ္ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အေျခအေနေတြ ရိွေနတယ္။ အဲဒီလိုမ်ဳိး ဖိအားေတြ ရိွေနတဲ့အတြက္ေၾကာင့္မို႔ ဒီကိစၥေတြေပၚမွာ အာရံုထားမႈ အားနည္းတာကို ေတြ႔ရတယ္။ ဒီလိုျဖစ္ေနေပမယ့္လဲ သက္ဆိုင္ရာက လႊတ္ေတာ္ေတြ၊ ျပည္နယ္လႊတ္ေတာ္ေတြ၊ ႏုိင္ငံေရးပါတီေတြက ဒီကိစၥကို ဖိအားေပးသင့္တယ္။ တြန္းအားေပးသင့္တယ္။

ဘာျဖစ္လုိ႔လဲဆိုေတာ့ အနည္းဆံုးေတာ့ ဘယ္သူ႔ဘယ္သူကို အျပစ္တင္ဖို႔ မဟုတ္ဘူး။ အျဖစ္မွန္ကို သိရဖို႔အတြက္ စံုစမ္းစစ္ေဆးတာမ်ဳိး ျဖစ္သင့္တယ္။ အထူးသျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ပါ ဒီကိစၥထဲမွာ ပါဝင္ေနတဲ့အတြက္ေၾကာင့္မို႔ လႊတ္ေတာ္က တာဝန္ယူၿပီးေတာ့ ဒီကိစၥကို သူတုိ႔ကိစၥလို႔ သေဘာထားၿပီးေတာ့ အစိုးရကို စံုစမ္းစစ္ေဆးဖို႔ တိုက္တြန္းတာမ်ဳိး တခုခုေတာ့ လုပ္သင့္တယ္။ မဟုတ္ဘူးဆိုရင္ ဒီကိစၥဟာ လႊတ္ေတာ္ယႏၱရားရဲ ႔ လုံၿခံဳမႈ။ လႊတ္ေတာ္ယႏၱရားမွာရိွတဲ့ လူေတြရဲ ႔ ေျပာခြင့္ဆိုခြင့္၊ ေျပာႏိုင္ဆိုႏုိင္မႈေတြမွာ အကန္႔အသတ္ ျဖစ္မယ္။ ဖိအားျဖစ္မယ္။

ေမး ။ ။ ေနာက္ဆံုးအေနနဲ႔ က်ေနာ္တုိ႔ သတင္းသမားေတြ လႊတ္ေတာ္ကေတာ့ ေစာေစာကေျပာသလို လႊတ္ေတာ္အႀကီးအကဲကိုယ္တိုင္က တရားစြဲခြင့္ ေပးထားတယ္ဆိုတဲ့သေဘာ ေတြ႔ေနရတယ္။ ျပည္သူ႔ဘ႑ာကို စားေနရတဲ့ ပုဂၢိဳလ္ေတြျဖစ္တယ္။ သူတုိ႔ ဘာကိုငဲ့ကြက္စရာ ရိွသလဲ မသိဘူး။ ႏုိင္ငံေရးသမားေတြလည္း ျဖစ္တယ္။ က်ေနာ္တုိ႔ သတင္းသမားေတြၾကေတာ့ေကာ - က်ေနာ္တို႔မွာ ဘက္လိုက္မႈလဲ မရိွဘူး။ ႏုိင္ငံေရးသမားလည္း မဟုတ္ဘူးဆိုေတာ့။ ဒီလိုကိစၥရပ္မ်ဳိးမွာ တရားစြဲဆိုခံရတဲ့ အျဖစ္မ်ဳိး ႀကံဳရတဲ့အတြက္ သတင္းေလာကက ဒီလိုကိစၥရပ္မ်ဳိးကို ဆက္လက္ေဖာ္ထုတ္တဲ့ေနရာမွာ လက္တြန္႔သြားလိမ့္မယ္လို႔ ထင္မိပါသလား။ ျမန္မာႏိုင္ငံသတင္းေလာကအတြင္းမွာ။

ေျဖ ။ ။ အခုအခ်ိန္ကေတာ့ အားလံုးကေတာ့ ဒီလိုပဲ စဥ္းစားတယ္။ က်ေနာ္ဆိုလဲ စဥ္းစားမိမွာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ အလွမ္းေဝးတယ္။ အလွမ္းေဝးတဲ့အခါၾကေတာ့ တခ်ဳိ ႔သတင္းေတြက က်ေနာ္တို႔ကိုယ္တုိင္က အစအဆံုး တာဝန္မယူႏိုင္ဘူး။ ေနာက္တခုက က်ေနာ္တုိ႔က တယ္လီဖုန္းတလံုးနဲ႔ ဖုန္းေပၚမွာ ေျပာၾကားခ်က္ေလာက္ပဲ လုပ္ႏုိင္တယ္။ ကိုယ္တိုင္ကိုယ္က်လည္း အဲဒီေဒသကို မသြားႏုိင္ဘူး။ လူကိုလဲ မျမင္ႏုိင္ဘူး။ ဖုန္းတဲ့လုပ္တဲ့အခါမွာ တခ်ဳိ ႔ကိစၥေတြက အမွားအယြင္း ရိွႏုိင္တယ္။ က်ေနာ္တုိ႔က Risk ကို မယူခ်င္ၾကေတာ့ဘူးဆိုတာ ျဖစ္လာတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဒီကိစၥမ်ဳိးက က်ေနာ္တို႔ဘက္က ရိုးရိုးသားသား မွားခဲ့ရင္ေတာင္မွ မီဒီယာဘက္က မွားခဲ့ရင္ေတာင္မွ သက္ဆိုင္ရာ တာဝန္ရိွတဲ့ အဖြဲ႔အစည္းေတြက ဒါမွားေနတယ္၊ ျပင္ေပးပါ။ အက်ဳိးနဲ႔အေၾကာင္းနဲ႔ေျပာရင္ ျပန္တည့္မတ္လို႔ရတယ္။ အဲဒီလိုမ်ဳိး မဟုတ္ဘဲ အေရးယူခံရမယ္ ဆိုရင္ေတာ့ က်ေနာ္တို႔က ဒီဟာကို လက္ေရွာင္ေတာ့မွာပဲ။ လက္ေရွာင္ရင္ေတာ့ ေစာေစာကေျပာတဲ့ အက်ဳိးဆက္ေတြက ျဖစ္လာမွာေပါ့။

ပဋိပကၡေဒသမွာရိွတဲ့ သတင္းေတြကို တင္ဆက္ဖို႔ လက္ေရွာင္လာရင္ အဲဒီေဒသမွာရိွတဲ့ ျဖစ္ရပ္မွန္ေတြကို ေဖာ္ထုတ္ႏုိင္မွာ မဟုတ္ဘူး။ အဲဒီေဒသကလူေတြကိုလည္း အကာအကြယ္ေပး၊ အျပစ္မဲ့လူေတြကိုလည္း အကာအကြယ္ ေပးႏိုင္မွာ မဟုတ္ဘူးဆိုေတာ့ ဒီအက်ဳိးဆက္ေတြ ျဖစ္လာမယ္။ ဒါကေတာ့ မေကာင္းဘူးေပါ့။ က်ေနာ္တုိ႔ တုိင္းျပည္မွာ ႀကိဳးစားေနတာရိွတယ္။ အစိုးရကိုယ္တုိင္က အားေပးေနတာ ရိွတယ္။ အဲဒါ ဘာလဲဆိုေတာ့ မီဒီယာေကာင္စီကေန တဆင့္သြားဖို႔။ မီဒီယာေကာင္စီ တည္ရိွျခင္းနဲ႔ လုပ္ေဆာင္ေနျခင္းဟာ ေဝဖန္စရာေလးေတြ ရိွေသာ္လဲ က်ေနာ္တို႔က ဒီ Institution ကို ခိုင္မာေအာင္ လုပ္ရမယ္။ ေလးစားေအာင္ လုပ္ရမယ္။ ဒီမွာ က်ေနာ္တုိ႔ ပထမအဆင့္အေနနဲ႔ ကနဦးအဆင့္အေနနဲ႔ ညိွႏိႈင္းၿပီး ရွင္းႏုိင္ရင္ေတာ့ ဒီယဥ္ေက်းမႈကို ထူေထာင္ေပးရမယ္။ မဟုတ္ဘူးဆိုရင္ေတာ့ ေရွ ႔ေလွ်ာက္အားလံုးက ကိုယ့္လုပ္ႏုိင္ခြင့္ေတြ ဆံုးရႈံးလာလိမ့္မယ္။ အဲဒီလို ဆံုးရႈံးလာတာနဲ႔အမွ် အဲဒီအက်ဳိးသက္ေရာက္မႈက ႏိုင္ငံအေပၚမွာလည္း သက္ေရာက္မယ္။ ျပဳျပင္ေျပာင္းလဲေရးကလည္း မေအာင္ျမင္တဲ့ ျပဳျပင္ေျပာင္းလဲေရး ျဖစ္သြားမွာေပါ့။


==Unicode==


စာသင်ကျောင်းကို တပ်မတော်ရဲ့ လက်နက်ကြီးကျည် ထိမှန်တယ်လို့ မီဒီယာကိုပြောတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲဆိုတဲ့ကိစ္စဟာ မှန်ကန်ပါရဲ့လား၊ တကယ်လို့ ဒီပြောဆိုချက်ဟာ အချက်အလက် မမှန်ကန်ဘူးဆိုရင်တောင် ပြည်သူ့ကိုယ်စားလှယ်တဦးကို ဒီလိုတရားစွဲဆိုလိုက်တဲ့အတွက် နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်တို့ကို ဘယ်လိုရိုက်ခတ်နိုင်ပါသလဲ။ သတင်းသမားလည်းဖြစ် နိုင်ငံရေးသုံးသပ်သူတဦးလည်းဖြစ်တဲ့ ဦးသီဟသွေးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မကြာသေးခင်က ဘူးသီးတောင်ဘက်မှာဖြစ်တဲ့ တိုက်ပွဲမှာ စာသင်ကျောင်းကို လက်နက်ကြီးထိမှန်လို့ ကျောင်းသူကျောင်းသားလေးတွေ ဒဏ်ရာရတဲ့သတင်းကို တပ်မတော်ဘက်က ပစ်ခတ်တဲ့ကျည်ဆံ ထိမှန်တယ်လို့ သူကြားရတဲ့အကြောင်း ပြောဆိုတဲ့ လွှတ်တော်အမတ်တယောက်ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ဆိုတော့ အဲဒီလိုကိစ္စတွေမှာ လွှတ်တော်အမတ်တွေတောင်မှ လွတ်လွတ်လပ်လပ် ဖြေကြားခွင့်မရှိတော့ဘူးဆိုတဲ့ သဘောမျိုး တွေ့လာရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ သတင်းသမားတွေ သတင်းရယူပိုင်ခွင့် ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါသေးတယ်။ အထူးသဖြင့် ပဋိပက္ခနယ်မြေတွေမှာ ပိုပြီးတော့ ကျဉ်းကြပ်လာတယ်ဆိုတာမျိုး စဉ်းစားမိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးသီဟသွေးရဲ့ သဘောထားကို နည်းနည်းသိချင်ပါတယ်။

ဖြေ ။ ။ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ ကျနော်တို့ သတင်းရယူရတာကော၊ သတင်းနဲ့ပတ်သက်လို့ တုံ့ပြန်ဖြေကြားရတာတွေ အခက်အခဲရှိနေတယ်ဆိုတာကို အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်ဘက် ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၁၂ နောက်ပိုင်း ပဋိပက္ခတွေ ဖြစ်တဲ့အချိန်မှာ ဒီလိုအခြေအနေမျိုး ရှိခဲ့တယ်။ ပြောတဲ့အခါမှာ သတင်းသမားတွေအနေနဲ့ ကျွံသွားတာတခုက ဘက်လိုက်ပြီး ဟိုဘက်ကလိုက်ပြောတာလား၊ ဒီဘက်က လိုက်ပြောတာလားဆိုတဲ့ အခြေအနေ ဖြစ်ခဲ့တယ်။ နဂိုတုန်းကတော့ မူစလင်လူ့အဖွဲ့အစည်းတွေနဲ့ ရခိုင်လူ့အဖွဲ့အစည်းကြားမှာ ဖြစ်တဲ့ပြဿနာတွေကြားမှာ ဟိုဘက်က လိုက်ပြောသလား၊ ဒီဘက်က လိုက်ပြောသလားဆိုတဲ့ ဖိအားမျိုးလည်း ရှိခဲ့တယ်။

အခုဆိုရင် ရခိုင်တပ်မတော်နဲ့ အစိုးရဘက်တပ်မတော်ကြားမှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါမှာလဲ အခုလိုမျိုး ကြုံလာရတယ်။ ဒါကလဲ Indicator တခု - ကျနော်တို့ သတင်းသမားတွေအနေနဲ့ သတိထားရမယ့် အခြေအနေတခုကို မီးမှောင်ထိုးပြနေသလိုလို့ ပြောရမယ်။ ဘယ်လိုအခြေအနေမျိုးတွေမှာ အဆင်ပြေပြီး၊ ဘယ်လိုအခြေအနေမျိုးမှာ ပြဿနာတက်သလဲဆိုတဲ့ ကိစ္စကို ကျနော်တို့တွေက မပိုင်းခြားနိုင်ဘူး။ မခန့်မှန်းနိုင်ဘူး။ ပြဿနာက ဖြစ်ချင်လဲ ဖြစ်ပြီး၊ မဖြစ်ချင်လဲ မဖြစ်ဘူး။

သတင်းလွတ်လပ်မှုနဲ့ ပတ်သက်လို့ ကျနော်တို့က ဘယ်လိုမှ ချိန်းဆလို့ မရဘူး။ ဒါကလဲ ဖိအားတမျိုးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ လုံလောက်တဲ့ အကာအကွယ် မရှိဘူး။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်လို လူမျိုးကိုတောင် ဒီလိုမျိုး ဖိအားရှိလာတဲ့အခါကြတော့ သတင်းမီဒီယာတွေကြားမှ ပိုပြီးတော့ထိလာတာပေါ့။

မေး ။ ။ တကယ်တော့ သတင်းဌာနကိုလည်း အရေးယူတယ်။ ပြောတဲ့ လွှတ်တော်အမတ်ကိုလည်း အရေးယူတယ်ဆိုတော့ သတင်းဌာနတို့၊ လွှတ်တော်အမတ်တို့ဆိုတာ သူတို့က ပြည်သူ့အကျိုးကို ဦးထိပ်ထားပြီး ပြောရမယ့်လူတွေ။ တာဝန်ကိုယ်နှိုက်က သူတို့ရဲ့ လုပ်ငန်းတာဝန် ဖြစ်နေတယ်။ သာမန်အရပ်သူ၊ အရပ်သားတွေကတော့ ပြောချင်ပြော၊ မပြောချင်နေ ဖြစ်တာပေါ့။ ဒီလူတွေရဲ့ ပြောပိုင်ခွင့်ကိုပါ ကျုံပစ်လိုက်တော့ သတင်းသမားတွေအနေနဲ့ သတင်းမှန်ကို ရယူနိုင်တဲ့ အလားအလာ သိပ်ဘောင်ကျဉ်းသွားပြီလို့ ပြောရမှာပေါ့။ အထူးသဖြင့် ပဋိပက္ခ ဖြစ်နေတဲ့နေရာတွေမှာ တဘက်စောင်းနင်း ထိခိုက်နစ်နာမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သတင်းရယူစရာ နည်းလမ်းမှ ရှိပါသေးရဲ့လား။

ဖြေ ။ ။ အဓိကတော့ တိုက်ပွဲဖြစ်ပွားတာတွေကို သတင်းရယူဖို့၊ သတင်းပို့ဖို့ ခက်တယ်။ အင်တာနက်ကလည်း မရတဲ့အခါကြတော့ ကျနော်တို့ သတင်းမီဒီယာတွေ ဒီနေရာတွေကို ကိုယ်တိုင်သွားဖို့ မဖြစ်နိုင်တော့ တယ်လီဖုန်း၊ Messenger, Viber တို့နဲ့ ဆက်သွယ်ရတယ်။ တိုက်ပွဲသတင်းတွေ ရယူဖို့အတွက်။ အဲဒီတော့ ကျနော်တို့ဆီမှာ ပြဿနာက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောနေတာတွေ ရှိတယ်။ တဘက်က AA ဘက်က ပြောတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့အစည်းနှစ်ခုက ပြောတဲ့ဟာကို သတင်းသမားက အတည်ယူလို့မရဘူး။ Third-person ကိုလည်း ကြည့်ရတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းသော်လည်းကောင်း၊ အရပ်သူအရပ်သားတွေသော်လည်းကောင်း။ သူတို့ရဲ့ ပြောကြားချက်တွေကို ချိန်းထိုးရတယ်။ ဒါမှလဲ ပဋိပက္ခကြားမှာ အတတ်နိုင်ဆုံး မှန်ကန်တဲ့သတင်းကို ထုတ်နိုင်မှာပေါ့။

မေး ။ ။ ဦးသီဟသွေး ပြောသလို ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ နှစ်ဘက်ကတော့ သူတို့သတင်းကို သူတို့ကြေညာမှာပေါ့။ တပ်မတော်သတင်းပြန်ကြားရေးကလည်း သူတို့သတင်း သူတို့ပြောမယ်။ AA ဘက်ကလည်း ပြောမှာပဲ။ ဒါပေမဲ့ သူတို့ကတော့ သူတို့ရှုထောင့်ကနေ ပြောကြတာ။ ကျနော်တို့က ပြည်သူကို အမှန်အတိုင်း စောစောက ပြောခဲ့သလိုပဲ ဘက်မလိုက်တဲ့လူရဲ့ အသံကို လိုချင်တယ်ဆိုတော့ အသင့်တော်ဆုံးကတော့ ပြည်သူ့လွှတ်တော်အမတ်တို့ဆိုတာ လူထုကို ကိုယ်စားပြုတဲ့လူတွေ။ သူတို့ဆီက သတင်းရယူတာ တော်တော်တန်းဖိုးရှိတဲ့ အချက်လို့ ကျနော်ထင်တယ်။ အဲဒါ မဟုတ်ဘူးလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီမှာ ကျနော် နည်းနည်းလေးထောက်ပြီး ပြောချင်တာက အကယ်၍များ လက်နက်ကြီးကျတဲ့ကိစ္စက ကျနော်တို့လည်း စဉ်းစားကြည့်တာ တပ်မတော်ဘက်ပစ်တယ်လို့ သူဘယ်လိုယူဆနိုင်သလဲ။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်က ငြင်းချက်ထုတ်ချင်တယ်။ ငြင်းချင်တယ်ဆိုလို့ရှိရင်လဲ ဒီကိစ္စက ပြောကြားတဲ့ ကိုယ်စားလှယ်ကို တိုက်ရိုက်ပြောပြီးတော့ ပြန်ပြင်ပြောပေးဖို့ တခုခု Argue လုပ်ပြီးတော့ - ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက တရားဝင်ရွေးချယ်ထားတဲ့ ဥပဒေပြုအမတ်တွေ၊ ကိုယ်စားလှယ်တွေဆိုတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ငြင်းချက်ထုတ်စရာရှိတယ်။ ပြောစရာရှိတယ်။ အမှားပြင်ဆင်ချင်တယ်။ ဒါကမှားတယ်ဆိုပြီး သက်သေပြပြီးတော့ ပြင်ဆင်ဖို့ တောင်းဆိုတာမျိုး။ ပြန်ပြောပေးဖို့၊ ပြင်ဆင်ချက်ပေးဖို့ ဒီလိုမျိုး အရင်လုပ်စေချင်တယ်။ ကျနော်တို့လဲ စဉ်းစားကြည့်တာပါ - လက်နက်ကြီးကျတဲ့ကိစ္စနဲ့ ပတ်သက်ရင် ဘယ်ဘက်ကကျတယ်လို့ ပြောဖို့ဆိုတာက သာမန်အားဖြင့် ခက်တယ်။ ဆိုတော့ အကယ်၍ အထောက်အထားရှိတယ်ဆိုရင် အထောက်အထားနဲ့ပြော။ တဘက်ကလဲ အထောက်အထားနဲ့ငြင်း။ ဒီလိုမျိုး ဖြစ်စေချင်တယ်။ အခုလို တရားစွဲတာမျိုး ဖြစ်တဲ့အခါကြတော့ ဖြစ်တဲ့အဖွဲ့အစည်းတွေက သူပုန်အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ မီဒီယာဖြစ်နေတယ်။ တဘက်ကလဲ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတယ်ဆိုတော့ ဖြေရှင်းနည်းကတော့ နိုင်ငံရေးမှာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာတာပေါ့။

မေး ။ ။ အခြေအနေက ပိုသာဆိုးလာဖို့ရှိတယ် - အဲဒီလို ထိန်းချုပ်ပြီးတော့ - တကယ်တော့ ကိုသီဟသွေး စောစောကပြောသလိုပါပဲ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူ့ဘဏ္ဍာငွေစားပြီး ပြည်သူ့ဝန်ကိုဆောင်နေတဲ့လူတွေ၊ ပြည်သူ့ကိုယ်စား ပြောနေရတဲ့လူတွေ။ ဒီလူတွေက ပြောရေးဆိုခွင့် ရှိရမယ် လူတွေလည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုလူကို ရွေးပြီးတော့ အရေးယူလိုက်တာဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောရေးဆိုခွင့်ကို နှုတ်ပိတ်လိုတဲ့ သဘောလဲပဲ သက်ရောက်သွားနိုင်တယ်လို့ ကျနော်က စဉ်းစားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လွှတ်တော်ဥက္ကဋ္ဌကလည်း တပ်မတော်က တရားစွဲတာကို စွဲဆိုခွင့်ပြုတယ်ဆိုတဲ့ သတင်းတွေ ကြားရလို့ပါ။ ဒီကိစ္စကို ဘယ်လိုယူဆပါလဲ။

ဖြေ ။ ။ ဒါကတော့ ကျနော့်အမြင်ပြောရရင် လွှတ်တော်ဘက်ကလည်း ဒီကိစ္စကို စဉ်းစဉ်းစားစား ဆောင်ရွက်သင့်တယ်။ သဘောတခုက လွှတ်တော်ကိုယ်စားလှယ်တယောက်က ရာဇဝတ်မှုလို့ဟာမျိုး၊ လူ့ကျင့်ဝတ်သိက္ခာနဲ့ မကိုက်ညီတဲ့ ပြစ်မှုမျိုးကျူးလွန်လို့ အရေးယူတဲ့ကိစ္စမျိုးကို လွှတ်တော်က ခွင့်ပြုတာတော့ တပိုင်းပေါ့။ အဲဒီလိုမျိုး မဟုတ်ဘဲ၊ နိုင်ငံရေးပတ်သက်တဲ့ ဒီလိုမျိုး အငြင်းပွားဖွယ် ကိစ္စရပ်တွေနဲ့ ပတ်သက်တယ်ဆိုရင်တော့ အစောတလင် ခွင့်ပြုတာမျိုးကတော့ အကျိုးဆက်က မကောင်းနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပြောရဆိုရတဲ့အခါမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ ငါ့ရဲ့ပြောမှုဆိုမှုက အချိန်မရွေး ဒီလိုမျိုး အရေးယူခံရမလားဆိုပြီး တွေးစရာဖြစ်တယ်။ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်လိုမျိုး ပြည်သူလူထုကတောင် အားကိုးပြီး တင်ထားတဲ့ ပုဂ္ဂိုလ်မျိုးက ဒီလိုမျိုးတွေ ကြုံရတယ်။ ဖြေရှင်းလိုမရ၊ အကာအကွယ် မရှိဘူးဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုက ဒီစနစ်ပေါ်မှာ ယုံကြည်မှုအားနည်းလာနိုင်တယ်။

မေး ။ ။ တကယ်တမ်း အဲဒီသတင်းကို ပြန်ကြည့်ရင် စာသင်ခန်းကို လက်နက်ကြီး ထိတဲ့ဆိုတဲ့ကိစ္စဟာ သိပ်ဆိုးဝါးတဲ့ ဖြစ်ရပ်တခုပါ။ ဘယ်ဘက်ကပဲပစ်ပစ် ကျနော်တို့လည်း အစီအစဉ်လုပ်ခဲ့ပါတယ်။ ဆိုတော့ ဒီလိုကိစ္စရပ်မျိုးကို အမှန်တကယ် တာဝန်ကျေတဲ့ လွှတ်တော်သာဆိုရင် အမှုမှန်ဖော်ထုတ်ရေးကို လွှတ်တော်က စဦးဆောင်ပြီး ဆောင်ရွက်သင့်တာပေါ့။ လွှတ်တော်က ဒီကိစ္စ ဘယ်လိုဖြစ်သလဲ။ ရှင်းပါဘာညာ ဆိုပြီးတော့ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပြီးတော့ စုံစမ်းသင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ အခုကြတော့ အဲဒီလိုလုပ်ဖို့ နေနေသာသာ အဲဒီသတင်းကိုပြောတဲ့ လွှတ်တော်အမတ်တောင် အရေးယူခံရတဲ့ဆိုတော့ အခြေအနေက ပိုဆိုးတယ်လို့ ထင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံလွှတ်တော်အနေနဲ့ အဲဒီလို အရေးကြီးတဲ့ကိစ္စ အဖြေမပေါ်ထွက်ဘဲ ပြည်သူတွေ ဆိုးဆိုးဝါးဝါး နစ်နာတဲ့ကိစ္စတွေကို စုံစမ်းဖော်ထုတ်ပါဆိုတဲ့ ကနဦး စတင်ဆောင်ရွက်မှု Initiative လုပ်ဆောင်မှုတွေ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိနိုင်ပါသလား။

ဖြေ ။ ။ ဒါကတော့ ကျနော့်အမြင်ကို ပြောရရင် အခုအချိန်မှာတော့ တကယ့်အင်အားအကြီးဆုံး ပါတီဖြစ်တဲ့ NLD နဲ့ လက်ရှိ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ တပ်မတော်တို့က အခုဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖိအားများနေတယ်။ အဲဒီလိုပဲ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခြေအနေတွေ ရှိနေတယ်။ အဲဒီလိုမျိုး ဖိအားတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ဒီကိစ္စတွေပေါ်မှာ အာရုံထားမှု အားနည်းတာကို တွေ့ရတယ်။ ဒီလိုဖြစ်နေပေမယ့်လဲ သက်ဆိုင်ရာက လွှတ်တော်တွေ၊ ပြည်နယ်လွှတ်တော်တွေ၊ နိုင်ငံရေးပါတီတွေက ဒီကိစ္စကို ဖိအားပေးသင့်တယ်။ တွန်းအားပေးသင့်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံးတော့ ဘယ်သူ့ဘယ်သူကို အပြစ်တင်ဖို့ မဟုတ်ဘူး။ အဖြစ်မှန်ကို သိရဖို့အတွက် စုံစမ်းစစ်ဆေးတာမျိုး ဖြစ်သင့်တယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်ပါ ဒီကိစ္စထဲမှာ ပါဝင်နေတဲ့အတွက်ကြောင့်မို့ လွှတ်တော်က တာဝန်ယူပြီးတော့ ဒီကိစ္စကို သူတို့ကိစ္စလို့ သဘောထားပြီးတော့ အစိုးရကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းတာမျိုး တခုခုတော့ လုပ်သင့်တယ်။ မဟုတ်ဘူးဆိုရင် ဒီကိစ္စဟာ လွှတ်တော်ယန္တရားရဲ့ လုံခြုံမှု။ လွှတ်တော်ယန္တရားမှာရှိတဲ့ လူတွေရဲ့ ပြောခွင့်ဆိုခွင့်၊ ပြောနိုင်ဆိုနိုင်မှုတွေမှာ အကန့်အသတ် ဖြစ်မယ်။ ဖိအားဖြစ်မယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ကျနော်တို့ သတင်းသမားတွေ လွှတ်တော်ကတော့ စောစောကပြောသလို လွှတ်တော်အကြီးအကဲကိုယ်တိုင်က တရားစွဲခွင့် ပေးထားတယ်ဆိုတဲ့သဘော တွေ့နေရတယ်။ ပြည်သူ့ဘဏ္ဍာကို စားနေရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ ဘာကိုငဲ့ကွက်စရာ ရှိသလဲ မသိဘူး။ နိုင်ငံရေးသမားတွေလည်း ဖြစ်တယ်။ ကျနော်တို့ သတင်းသမားတွေကြတော့ကော - ကျနော်တို့မှာ ဘက်လိုက်မှုလဲ မရှိဘူး။ နိုင်ငံရေးသမားလည်း မဟုတ်ဘူးဆိုတော့။ ဒီလိုကိစ္စရပ်မျိုးမှာ တရားစွဲဆိုခံရတဲ့ အဖြစ်မျိုး ကြုံရတဲ့အတွက် သတင်းလောကက ဒီလိုကိစ္စရပ်မျိုးကို ဆက်လက်ဖော်ထုတ်တဲ့နေရာမှာ လက်တွန့်သွားလိမ့်မယ်လို့ ထင်မိပါသလား။ မြန်မာနိုင်ငံသတင်းလောကအတွင်းမှာ။

ဖြေ ။ ။ အခုအချိန်ကတော့ အားလုံးကတော့ ဒီလိုပဲ စဉ်းစားတယ်။ ကျနော်ဆိုလဲ စဉ်းစားမိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့ အလှမ်းဝေးတယ်။ အလှမ်းဝေးတဲ့အခါကြတော့ တချို့သတင်းတွေက ကျနော်တို့ကိုယ်တိုင်က အစအဆုံး တာဝန်မယူနိုင်ဘူး။ နောက်တခုက ကျနော်တို့က တယ်လီဖုန်းတလုံးနဲ့ ဖုန်းပေါ်မှာ ပြောကြားချက်လောက်ပဲ လုပ်နိုင်တယ်။ ကိုယ်တိုင်ကိုယ်ကျလည်း အဲဒီဒေသကို မသွားနိုင်ဘူး။ လူကိုလဲ မမြင်နိုင်ဘူး။ ဖုန်းတဲ့လုပ်တဲ့အခါမှာ တချို့ကိစ္စတွေက အမှားအယွင်း ရှိနိုင်တယ်။ ကျနော်တို့က Risk ကို မယူချင်ကြတော့ဘူးဆိုတာ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမျိုးက ကျနော်တို့ဘက်က ရိုးရိုးသားသား မှားခဲ့ရင်တောင်မှ မီဒီယာဘက်က မှားခဲ့ရင်တောင်မှ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ဒါမှားနေတယ်၊ ပြင်ပေးပါ။ အကျိုးနဲ့အကြောင်းနဲ့ပြောရင် ပြန်တည့်မတ်လို့ရတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲ အရေးယူခံရမယ် ဆိုရင်တော့ ကျနော်တို့က ဒီဟာကို လက်ရှောင်တော့မှာပဲ။ လက်ရှောင်ရင်တော့ စောစောကပြောတဲ့ အကျိုးဆက်တွေက ဖြစ်လာမှာပေါ့။

ပဋိပက္ခဒေသမှာရှိတဲ့ သတင်းတွေကို တင်ဆက်ဖို့ လက်ရှောင်လာရင် အဲဒီဒေသမှာရှိတဲ့ ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ အဲဒီဒေသကလူတွေကိုလည်း အကာအကွယ်ပေး၊ အပြစ်မဲ့လူတွေကိုလည်း အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူးဆိုတော့ ဒီအကျိုးဆက်တွေ ဖြစ်လာမယ်။ ဒါကတော့ မကောင်းဘူးပေါ့။ ကျနော်တို့ တိုင်းပြည်မှာ ကြိုးစားနေတာရှိတယ်။ အစိုးရကိုယ်တိုင်က အားပေးနေတာ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ မီဒီယာကောင်စီကနေ တဆင့်သွားဖို့။ မီဒီယာကောင်စီ တည်ရှိခြင်းနဲ့ လုပ်ဆောင်နေခြင်းဟာ ဝေဖန်စရာလေးတွေ ရှိသော်လဲ ကျနော်တို့က ဒီ Institution ကို ခိုင်မာအောင် လုပ်ရမယ်။ လေးစားအောင် လုပ်ရမယ်။ ဒီမှာ ကျနော်တို့ ပထမအဆင့်အနေနဲ့ ကနဦးအဆင့်အနေနဲ့ ညှိနှိုင်းပြီး ရှင်းနိုင်ရင်တော့ ဒီယဉ်ကျေးမှုကို ထူထောင်ပေးရမယ်။ မဟုတ်ဘူးဆိုရင်တော့ ရှေ့လျှောက်အားလုံးက ကိုယ့်လုပ်နိုင်ခွင့်တွေ ဆုံးရှုံးလာလိမ့်မယ်။ အဲဒီလို ဆုံးရှုံးလာတာနဲ့အမျှ အဲဒီအကျိုးသက်ရောက်မှုက နိုင်ငံအပေါ်မှာလည်း သက်ရောက်မယ်။ ပြုပြင်ပြောင်းလဲရေးကလည်း မအောင်မြင်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်သွားမှာပေါ့။

XS
SM
MD
LG