သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္တိုက္ပြဲၾကားမွာ သံသယေၾကာင့္ ဒုကၡေရာက္ရသူမ်ား


Myanmar people displaced from the recent fighting between government troops and ethnic Arakan Army take shelter at a displacement camp housing over 700 people in Kyauktaw township in Rakhine state on December 23, 2018.
တိုက္႐ိုက္ လင့္ခ္

အစိုးရစစ္တပ္ နဲ႔ AA တို႔ ျဖစ္ပြါးေနတဲ့ စစ္ေရးပဋိပကၡေတြအၾကား ရန္သူ႔လူေတြဆိုတဲ့ သံသယနဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရသူေတြ အမ်ားအျပား ရွိေနပါတယ္။ ဒီလူထဲကတခ်ဳိ ႔ကို မတရားသင္းပုဒ္မနဲ႔သာမက ျပစ္ဒဏ္ႀကီးေလးတဲ့ အၾကမ္းဖက္ဥပေဒနဲ႔ စြဲဆိုတာေတြလဲ ရွိေနတယ္လို႔ ေရွ႕ေနသက္တမ္း ႏွစ္ေပါင္း (၄၀) ရွိခဲ့ၿပီျဖစ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္ က ဆိုပါတယ္။ ဒီလို သံသယသားေကာင္ ျဖစ္ရသူေတြဟာ တည္ဆဲတရားဥပေဒအရ မွန္မွန္ကန္ကန္ ႐ုံးတင္စစ္ေဆးျခင္း ခံၾကရပါရဲ႕လား၊ သူတို႔ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ စစ္ေဆးေမးျမန္းရာမွာေကာ ဥပေဒလုပ္ထုံးလုပ္နည္းေတြနဲ႔ ကိုက္ညီပါရဲ႕လား၊ ေဒၚေအးႏုစိန္နဲ႔ ဦးေက်ာ္ဇံသာတုိ႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ဒီေန႔ဆက္သြယ္ရတဲ့ အေၾကာင္းရင္းကေတာ့ ရခိုင္ျပည္နယ္မွာ ေအေအနဲ႔ အစိုးရတပ္ေတြၾကား ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ သံသယနဲ႔ ဖမ္းဆီးစစ္ေဆးျခင္း ခံေနရတဲ့ ျပည္သူေတြရဲ ႔ အေျခအေနကို သိလိုပါတယ္။ အဲဒီဖမ္းဆီးခံရတဲ့ လူေတြကို တရားဥပေဒနဲ႔အညီ ရံုးတင္စစ္ေဆးပါသလား။

ေျဖ ။ ။ ရံုးတင္တဲ့အေနအထားေတာ့ ရိွပါတယ္။ ဒါေပမဲ့ ပထမ တပ္ကဖမ္းဆီးၿပီးမွ ရဲကိုအပ္ပါတယ္။ ရဲကိုအပ္ၿပီးမွ ရမန္အထပ္ထပ္ယူၿပီးေတာ့ တရားစြဲဆိုပါတယ္။ စြဲဆိုတဲ့အခါမွာလဲ အထူးသျဖင့္ ေျမာက္ဦး၊ ရေသ့ေတာင္တုိ႔လို ျဖစ္ေနတဲ့ အေနအထားေတြမွာဆိုရင္ အၾကမ္းဖက္ဥပေဒပုဒ္မေတြက ေထာင္ဒဏ္ (၇) ႏွစ္၊ (၁၀) ႏွစ္၊ တသက္တကၽြန္း သတ္မွတ္ႏို္င္တဲ့ ပုဒ္မေတြနဲ႔ စြဲေနတဲ့ဆိုေတာ့ အားလံုးကို ခရိုင္မွာဆြဲတဲ့ အေနအထားပါ။

အဲဒီခရိုင္အဆင့္ စြဲတဲ့ေနရာမွာ ေျမာက္ဦးခရိုင္ဆိုရင္ လံုၿခံဳေရးအေၾကာင္းျပခ်က္ဆိုၿပီး ရံုးေျပာင္းေလွ်ာက္ပါတယ္။ အဲဒီိလို ရံုးေျပာင္းေလွ်ာက္ထားတဲ့ အေနအထားကလဲ ၾကန္႔ၾကာပါတယ္။ ရံုးေျပာင္းေလွ်ာက္ထားတဲ့အခါမွာ ၾကားနာၿပီးေတာ့ ဆံုးျဖတ္တဲ့အဆင့္ကလဲ လုပ္ထံုးလုပ္နည္းအရကို အနည္းဆံုး ႏွစ္လသံုးလေလာက္ ၾကန္႔ၾကာပါတယ္။ ဒါေၾကာင့္ ဖမ္းဆီးခံရၿပီး ေျခာက္လေလာက္မွပဲ တရားစစ္ေဆးႏုိင္တဲ့အဆင့္ကို ရင္ဆိုင္ၾကပါတယ္။ ေနာက္ ရံုးကိုေရာက္ေပမယ့္ တရားလုိသူေတြဟာ … အေၾကာင္းအမ်ဳိးမ်ဳိးေတြျပၿပီးေတာ့ ရံုးေတာ္အတိုင္း မလာဘူး။ အထူးသျဖင့္ ရဲေတြဆို မလာဘူး။ တပ္မေတာ္အႀကီးအကဲေတြကအစ အဆင့္ဆင့္တာဝန္ရိွသူေတြဆို လံုးဝကိုမလာဘဲနဲ႔ အေၾကာင္းအမ်ဳိးမ်ဳိးျပတဲ့အတြက္ စစ္တဲ့အခါမွာ တအားကိုၾကန္႔ၾကာတဲ့ ရင္ဆိုင္ေနရတဲ့ အေနအထားေတြ ရိွပါတယ္။

ေမး ။ ။ တခ်ဳိ ႔က အျပစ္မဲ့တဲ့လူေတြကို သံသယနဲ႔ဖမ္းဆီးတယ္။ ညဥ္းဆဲတယ္၊ ႏိွပ္စက္တယ္ဆိုတဲ့ စကားေတြကို ၾကားေနရပါတယ္။ အဲဒါဟုတ္ပါသလား။ သို႔တည္းမဟုတ္ တကယ္တမ္း ဖမ္းသင့္ဖမ္းထုိက္လို႔ ဖမ္းၿပီးေတာ့ ရံုးမွာ တရားစြဲဆုိတင္ျပတဲ့အခါမွာ သက္ေသအေထာက္အထားေတြအရ ဒီလူေတြဟာ သူတုိ႔စြပ္စြဲတဲ့အတိုင္း အၾကမ္းဖက္ဥပေဒနဲ႔ ၿငိ ႔စြန္းတဲ့ တရားခံေတြ ျဖစ္ေနပါသလား။ အဲဒါကိုလဲ အၾကမ္းမ်ဥ္း သံုးသပ္ေပးပါ။

ေျဖ ။ ။ လိုက္ပါေဆာင္ရြက္တဲ့ အမႈေတြကို က်မတို႔သြားၿပီးေတာ့ သူတုိ႔ဆီက ညႊန္ၾကားခ်က္ေတြ ယူပါတယ္။ ဘယ္လိုအေနအထားမွာ ဖမ္းဆီးခံထားရသလဲ။ ဘယ္သူကစၿပီးေတာ့ ဖမ္းသလဲ။ ဘယ္ေနရာမွာ ၾကာခဲ့သလဲဆိုေတာ့ သူတုိ႔က မခၽြင္းမခ်န္ ေျပာျပတဲ့အတြက္ က်မတုိ႔က ကိုယ့္အမႈကို ရင္ဆိုင္တဲ့အခါမွာ ခုခံေခ်ပမႈလမ္းေၾကာင္းနဲ႔ ေမးတဲ့အခါမွာေတာ့ အမႈသည္ရဲ ႔ ညႊန္ၾကားခ်က္အရ က်မက တကယ့္ကို ယံုယံုၾကည္ၾကည္နဲ႔ ဒီဘက္မွာ ဒဏ္ရာေတြရိွတယ္။ ေဆးရံုတက္ခဲ့ရတာေတြ ရိွတယ္။ တပ္မွာ ဘယ္လိုႏိွပ္စက္ခံခဲ့ရသလဲ။ ရံုးကိုလႊဲေျပာင္းတဲ့အခါမွာ ဘယ္လိုရိွတယ္။ ေအေအလို႔ ဝန္မခံမျခင္း ႏိွပ္စက္ျခင္းမ်ဳိးစံုနဲ႔ ႏိွပ္စက္ၿပီးမွပဲ တရားစြဲဆုိျခင္းခံရတဲ့ အဆင့္ကို ေရာက္ရိွတယ္။ တခ်ဳိ ႔တေလဆိုရင္ မတရားအသင္း ဥပေဒနဲ႔ စြဲဆိုၿပီးမွပဲ အၾကမ္းဖက္နဲ႔ စြဲဆိုခံရတယ္။ ဆိုတာမ်ဳိးေတြကို က်မကေတာ့ အမႈသည္ရဲ ႔ ညႊန္ၾကားခ်က္နဲ႔ သူတုိ႔ကိုယ္ေပၚမွာရိွတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြ၊ သူတုိ႔ေျပာတဲ့ ရိုးသားမႈေတြနဲ႔ မွန္ကန္ပြင့္လင္းမႈေတြကို က်မက ယံုၾကည္ၿပီးေတာ့ ရံုးေရွ ႔မွာေတာ့ က်မေမးပါတယ္။ ဖမ္းသြားတဲ့လူေတြလည္း ရိွပါတယ္။

ေမး ။ ။ သူတုိ႔စၿပီးေတာ့ ဖမ္းၿပီဆိုတဲ့အခါမွာ ဘယ္လိုလူေတြကို ဖမ္းသလဲ။ သူပုန္နဲ႔ အဆက္အသြယ္ရိွတယ္။ ဒီရြာမွာ သို႔တည္းမဟုတ္ ဒီရြာက ရြာသားတခ်ဳိ ႔က သူပုန္တပ္ဖြဲ႔ဝင္ေတြ ျဖစ္တယ္ဆိုတဲ့ အဲဒီလိုပံုစံမ်ဳိးနဲ႔ ဖမ္းသလား။ သူတို႔က ေတြ႔တဲ့လူေတြကို ဆြဲလိုက္တာပဲလား။

ေျဖ ။ ။ အဓိက အေရးႀကီးတာကို က်မေျပာမယ္။ ေက်းရြာမွာဆိုရင္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးဆိုတာ အစိုးရရဲ ႔ တာဝန္ရိွတဲ့ အေျခခံအုပ္ခ်ဳပ္သူ လူတန္းစားတရပ္ပါ။ အထူးသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြလည္း ဖမ္းဆီးခံရတယ္။ ႏိွပ္စက္ခံရတယ္။ ရာအိမ္မွဴးေတြ၊ ဆယ္အိမ္မွဴးေတြ ဖမ္းဆီးခံရတယ္။ ေအေအကို ေထာက္ခံတယ္၊ ေထာက္ပံ့တယ္၊ ကူညီတယ္ စသျဖင့္ လိုက္ေပးရတဲ့အမႈေတြ။ ေနာက္ လူနာပို႔တယ္။ လူနာပို႔တဲ့လူေတြ ကားတစီးလံုးကို ဖမ္းလိုက္တယ္။ ကားဒရိုင္ဘာ၊ စပယ္ရာကအစ။ အဲဒီလိုပဲ လမ္းမွာေတြ႔တဲ့လူ ခရီးသည္ကားႀကီး၊ ၿခံကေန ျပန္လာတဲ့လူ စသျဖင့္ အဲဒီလိုမ်ဳိးေတြ ဖမ္းဆီးခံရတယ္။ က်မတို႔ အမႈလိုက္တဲ့သက္တမ္းက ႏွစ္ေပါင္း (၄၀) နီးပါး ရိွပါၿပီ။ ေနာက္တခါ နားထိုင္းၿပီးေတာ့ ျမစ္ကမ္းစပ္မွာ ကၽြဲေက်ာင္းေနတဲ့ အဖိုးႀကီး မရမကေအာ္ဟစ္ၿပီးေတာ့ အဖိုးႀကီး ဗံုးေထာင္တတ္သလားဆိုတာ ဆရာ သိတဲ့အတိုင္းပါပဲ။ က်မတို႔ ရခိုင္မွာ ငါးေထာင္တဲ့ျမဳံးကို ဗံုးလို႔ေခၚတယ္။ အဖုိးႀကီးက ေထာင္တတ္ပါတယ္။ ရြာမွာရိွလားဆိုေတာ့ … ရိွပါတယ္ဆိုေတာ့ အဖိုးႀကီးကို အိမ္ကိုဖမ္းၿပီးေခၚသြား၊ အိမ္မွာရိွတဲ့ သားေတြ၊ သမီးေတြေရွ ႔မွာ သူ႔ဗံုးေတြကိုျပ - အဲဒီဗံုးက ငါးေထာင္တဲ့ၿမံဳး - ဒါေပမဲ့ အဲဒီအဖိုးႀကီးမွာ ေခါင္းေတြကြဲၿပီးေတာ့ လွ်ပ္စစ္နဲ႔တို႔ၿပီးေတာ့ ႏိွပ္စက္ခံရတယ္။ ဆရာမေျပာတာ ဘာမွမၾကားဘူး၊ က်ေနာ္ျဖစ္တာေတြ က်ေနာ္ေျပာမယ္လို႔ ေျပာပါတယ္။ အဲဒီမွာ တရားလို ရဲေတြ၊အရာရိွေတြကို စစ္တဲ့အခါမွာ ေသေသခ်ာခ်ာ ေမးျမန္းၿပီးေတာ့ စစ္ေဆးပါတယ္။
ေမး ။ ။ တေလာကလား၊ မႏွစ္ကလား ေျမာက္ဦးၿမိဳ ႔နယ္က ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြ အားလံုးလိုလုိပဲ ရာထူးက ႏႈတ္ထြက္တယ္ဆိုတဲ့ ျဖစ္ရပ္တခုကို ၾကားလိုက္ရပါတယ္။ အဲဒီကိစၥက ဘယ္လိုေရွ ႔ဆက္ျဖစ္သြားပါသလဲ။ သူတုိ႔ျပန္ၿပီး လက္ခံၾကသလား။ အစားထိုးခံလိုက္သလား။
ေျဖ ။ ။ အစားထိုးေတာ့ မခံဘူး။ ေက်ာက္ေတာ္ၿမိဳ ႔နယ္မွာလည္း ဒီလိုပဲ လုပ္ခဲ့ပါတယ္။ တေယာက္ေပ်ာက္သြားတာ ထူးထူးျခားျခား မေတြ႔ဘူး။ ရေသ့ေတာင္မွာလည္း အုပ္ခ်ဳပ္ေရးမွဴးေတြက ဒီလိုပဲ လုပ္ၾကပါတယ္။ ဒါေပမဲ့ ဒီေလာက္အထိ အုပ္ခ်ဳပ္ေရးပ်က္ျပားေနတဲ့အခ်ိန္၊ လံုၿခံဳေရးအေရးႀကီးေနတဲ့အခ်ိန္ အဲဒါေတြမွာေတာ့ တနည္းတဖံု ၿမိဳ ႔နယ္ေတြ၊ ခရိုင္ေတြ၊ ျပည္နယ္တို႔က ဆင္းၿပီးေတာ့ ေျဖရွင္းရတဲ့အေနအထားေတြနဲ႔ ဆက္ၿပီးေတာ့ ေဆာင္ရြက္ၾကတာ ရိွပါတယ္။ အစားထိုးခန္႔အပ္တာတုိ႔ေတာ့ မၾကားမိပါဘူး။

ေမး ။ ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ရခိုင္ျပည္နယ္မွာ သို႔တည္းမဟုတ္ ျပည္ေထာင္စုလႊတ္ေတာ္မွာ လူထုကိုယ္စားလွယ္အမတ္ေတြက ဒီကိစၥကို တင္ျပတာ၊ ေမးျမန္းတာ၊ ရွင္းလင္းခ်က္ေတာင္းတာ လုပ္ၾကပါသလား။ အဲဒီလိုလုပ္တယ္ဆိုရင္ ဘယ္လိုျပန္လည္ၿပီး ေျဖၾကပါသလဲ။ ျပည္သူေတြကိုဖမ္းဆီးတာနဲ႔ ပတ္သက္ၿပီး။

ေျဖ ။ ။ ႏိွပ္စက္တာတို႔ ဘာတို႔နဲ႔ ပတ္သက္ၿပီး က်မအေနနဲ႔ ေမးခြန္းတို႔၊ အဆိုတုိ႔ေတာ့ မၾကားမိပါဘူး။ ဒါေပမဲ့ တကယ္တမ္း ျဖစ္ေနတဲ့ အေနအထားေတြကိုေတာ့ အထူးသျဖင့္ က်မတို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေမးျမန္းတာ၊ အတည္ျပဳတာေတြ ရိွပါတယ္။ ျပည္ေထာင္စုမွာလည္း ႀကိဳးစားတယ္။ ဒါေပမဲ့ ခြင့္မျပဳဘူးဆိုၿပီး ေမးခြင့္မရဘူးဆိုတာေတာ့ ၾကားမိပါတယ္။ ဒါေပမဲ့ ဖမ္းဆီးႏိွပ္စက္ခံရတယ္။ ေသဆံုးတာေတြေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ အင္တာဗ်ဴးေတြမွာေတာ့ ေတာ္ေတာ္ေလးကို ျပည့္ျပည့္စံုစံု၊ ပြင့္ပြင့္လင္းလင္း ေျဖၾကားတင္ျပထားတာေတြေတာ့ က်မ ေတြ႔ပါတယ္။

ေမး ။ ။ ျပည္ေထာင္စုလႊတ္ေတာ္ကိုေတာ့ ထားပါေတာ့၊ ျပည္နယ္လႊတ္ေတာ္ဟာ အစိုးရအေပၚမွာ ျပည္နယ္အုပ္ခ်ဳပ္ေရးေပၚမွာ တစံုတရာ ၾသဇာသက္ေရာက္ျခင္း၊ တစံုတရာ ေဆြးေႏြးညိွႏိႈင္းၿပီးေတာ့ ေျဖရွင္းဖို႔ ျပည္နယ္လႊတ္ေတာ္က ကမ္းလွမ္းတာကို ျပည္နယ္အုပ္ခ်ဳပ္ေရး အာဏာပိုင္ေတြဘက္ ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ စီစဥ္တာမ်ဳိး၊ ေျဖရွင္းဖို႔ ႀကိဳးပမ္းတာမ်ဳိး ရိွပါသလား။

ေျဖ ။ ။ ဒါေတြကိုေတာ့ မေတြ႔ရဘူး။ ဒါေပမဲ့ ဥပေဒေဘာင္္ထဲကေတာ့ တြန္းတြန္းတိုက္တိုက္ လုပ္ၾကတယ္ဆိုတာကိုေတာ့ အသိအမွတ္ျပဳပါတယ္။ ဒါေပမဲ့ လႊတ္ေတာ္နဲ႔ ရခိုင္ျပည္နယ္အစိုးရ အဟကေတာ့ ဒီကိစၥတခုတည္း မဟုတ္ပါဘူး။ က်န္တဲ့ အကြာအဟေတြကလည္း ရိွေနတယ္ဆိုတာကေတာ့ ဆရာတို႔လည္း သိပါတယ္။ က်မတုိ႔လည္း ျမင္ေနသိေနရပါတယ္။

ေမး ။ ။ က်ေနာ္ တခု ေစာေစာကေမးခဲ့ဖို႔ ေကာင္းမယ္ထင္ပါတယ္။ အဲဒီလို သံသယနဲ႔ ဖမ္းဆီးၿပီးေတာ့ တရားဥပေဒအရ အေျဖမေပၚခင္မွာ လက္လြန္းၿပီးေတာ့ ေသဆံုးသြားတယ္ဆိုတဲ့ သတင္းေတြလည္း ၾကားပါတယ္။ အဲဒါ ဘယ္ႏွစ္ခုေလာက္ ျဖစ္ဖူးပါသလဲ။

ေျဖ ။ ။ က်မ သိရသေလာက္ေတာ့ ငါးေယာက္ေက်ာ္ေက်ာ္ေလာက္ကို သိထားၿပီးပါၿပီ။ က်မလိုက္တဲ့ အမႈမွာ တစ္ေယာက္ ေသဆံုးသြားပါတယ္။ ဆံုးၿပီးမွ က်န္တဲ့လူေတြကို အမႈလိုက္ရတာပါ။ ေနာက္ … ဘက္က တစ္ေယာက္၊ ဟိုတေလာကပဲ တစ္ေယာက္၊ အဲဒီၾကားမွာလဲ ႏွစ္ေယာက္ေလာက္ ၾကားရပါတယ္။

ေမး ။ ။ အဲဒီေတာ့ အဲဒီလို ေသဆံုးသြားရတဲ့လူေတြအတြက္ Justice ဆုိတာ မရိွဘူးလား။ သူတုိ႔အတြက္ အမွန္တရား။

ေျဖ ။ ။ အဲဒီအတြက္လဲ က်မေျပာပါတယ္။ ဘယ္သူကိုသြားၿပီးေတာ့ ဘယ္သူက တုိင္ရမွာလဲ နစ္နာသူဆုိတာ။ ဘယ္သူက အေရးယူေပးမွာလဲဆိုတဲ့ အေနအထားေတြ ရိွပါတယ္။ က်မတို႔ဟာ ခံစားခ်က္ေတြရိွတယ္။ ခံျပင္းတဲ့လူေတြ ရိွတယ္။ ဥပေဒနဲ႔အညီ ျဖစ္ေစခ်င္တယ္။ တရားမွ်တေစခ်င္တယ္။ ဒါေပမဲ့ က်မတို႔ရဲ ႔ အေနအထားေတြက ဒီအတိုင္းပဲ ေသနတ္ပစ္ခံရၿပီးေတာ့ ဒဏ္ရာရၿပီးေတာ့ ေသသြားပါတယ္ဆိုတယ္။ ရြာသားႏွစ္ေယာက္ကိုလည္း သူတုိ႔ ဗံုးေထာင္လို႔၊ ဗံုးဆံထိလို႔ ေသပါတယ္ဆိုၿပီးေတာ့ ရွစ္လၾကာၿပီးမွ လႊတ္သြားတဲ့ ဒုကၡဆင္းရဲေတြကို က်မတုိ႔ ရင္ဆိုင္ၿပီးေတာ့၊ အသက္ေပးခံေနဆဲပါ။

ေမး ။ ။ က်ေနာ္ ေနာက္ဆံုးအေနနဲ႔ တခုေမးပါရေစ .. အခု က်ေနာ္တို႔ေမးေနတာက အစိုးရစစ္တပ္ဘက္က အာဏာပိုင္ေတြဘက္က ဘယ္လိုလုပ္တယ္ဆိုတာကို ေျပာေနတယ္။ က်ေနာ္ ဒီအတိုင္းလႊင့္လိုက္ရင္ ေသာတရွင္တခ်ဳိ ႔က ေမးလာပါလိမ့္မယ္။ ေအေအသူပုန္ေတြ လုပ္တာကိုေတာ့ မေမးဘူးလားဆိုၿပီး ေျပာေကာင္းေျပာပါလိမ့္မယ္။ အစိုးရရဲ ႔ သူလွ်ဳိေတြ၊ စပိုင္ေတြလို႔ ယူဆၿပီးေတာ့ ေအေအဘက္က ဒီလိုဖမ္းဆီးၿပီးေတာ့ ဥပေဒမဲ့ လုပ္တာေတြ ရိွပါသလား။ ရိွရင္လဲ အမွန္အတိုင္းေျပာပါ။

ေျဖ ။ ။ က်မေျပာရင္ေတာ့ ရခိုင္အမ်ဳိးသမီး ျဖစ္ေနလို႔ ဘက္လိုက္ၿပီး ေျပာတယ္လို႔ ေျပာႏုိင္တယ္။ က်မ သိသေလာက္ေတာ့ ဒီလိုဖမ္းဆီးေခၚၿပီးေတာ့ သတ္ျပစ္တယ္ဆိုတာမ်ဳိးေတြေတာ့ … တနည္းမဟုတ္တနည္း ကိုယ့္ရဲ ႔နစ္နာခ်က္၊ ထိခိုက္နစ္နာမႈေတြေတာ့ သိုးသိုးသန္႔သန္႔ပဲျဖစ္ျဖစ္၊ က်ယ္က်ယ္ေလာင္ေလာင္ျဖစ္ျဖစ္ ထြက္လာမွာပဲ။ ဖမ္းဆီးတာေတြ၊ ေခၚေဆာင္သြားတာေတြ၊ ျပန္လႊတ္တာေတြေတာ့ ၾကားပါတယ္။ သတ္ျပစ္တာေတြေတာ့ က်မလည္း မၾကားမိဘူးလို႔ပဲ အပြင့္လင္းဆံုး ေျပာပါေရေစ။

===========

အစိုးရစစ်တပ် နဲ့ AA တို့ ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခတွေအကြား ရန်သူ့လူတွေဆိုတဲ့ သံသယနဲ့ ဖမ်းဆီးချုပ်နှောင်ခံရသူတွေ အများအပြား ရှိနေပါတယ်။ ဒီလူထဲကတချို့ကို မတရားသင်းပုဒ်မနဲ့သာမက ပြစ်ဒဏ်ကြီးလေးတဲ့ အကြမ်းဖက်ဥပဒေနဲ့ စွဲဆိုတာတွေလဲ ရှိနေတယ်လို့ ရှေ့နေသက်တမ်း နှစ်ပေါင်း (၄၀) ရှိခဲ့ပြီဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ဆိုပါတယ်။ ဒီလို သံသယသားကောင် ဖြစ်ရသူတွေဟာ တည်ဆဲတရားဥပဒေအရ မှန်မှန်ကန်ကန် ရုံးတင်စစ်ဆေးခြင်း ခံကြရပါရဲ့လား၊ သူတို့ကိုဖမ်းဆီးချုပ်နှောင် စစ်ဆေးမေးမြန်းရာမှာကော ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီပါရဲ့လား၊ ဒေါ်အေးနုစိန်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ဆက်သွယ်ရတဲ့ အကြောင်းရင်းကတော့ ရခိုင်ပြည်နယ်မှာ အေအေနဲ့ အစိုးရတပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သံသယနဲ့ ဖမ်းဆီးစစ်ဆေးခြင်း ခံနေရတဲ့ ပြည်သူတွေရဲ့ အခြေအနေကို သိလိုပါတယ်။ အဲဒီဖမ်းဆီးခံရတဲ့ လူတွေကို တရားဥပဒေနဲ့အညီ ရုံးတင်စစ်ဆေးပါသလား။

ဖြေ ။ ။ ရုံးတင်တဲ့အနေအထားတော့ ရှိပါတယ်။ ဒါပေမဲ့ ပထမ တပ်ကဖမ်းဆီးပြီးမှ ရဲကိုအပ်ပါတယ်။ ရဲကိုအပ်ပြီးမှ ရမန်အထပ်ထပ်ယူပြီးတော့ တရားစွဲဆိုပါတယ်။ စွဲဆိုတဲ့အခါမှာလဲ အထူးသဖြင့် မြောက်ဦး၊ ရသေ့တောင်တို့လို ဖြစ်နေတဲ့ အနေအထားတွေမှာဆိုရင် အကြမ်းဖက်ဥပဒေပုဒ်မတွေက ထောင်ဒဏ် (၇) နှစ်၊ (၁၀) နှစ်၊ တသက်တကျွန်း သတ်မှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ စွဲနေတဲ့ဆိုတော့ အားလုံးကို ခရိုင်မှာဆွဲတဲ့ အနေအထားပါ။

အဲဒီခရိုင်အဆင့် စွဲတဲ့နေရာမှာ မြောက်ဦးခရိုင်ဆိုရင် လုံခြုံရေးအကြောင်းပြချက်ဆိုပြီး ရုံးပြောင်းလျှောက်ပါတယ်။ အဲဒီလို ရုံးပြောင်းလျှောက်ထားတဲ့ အနေအထားကလဲ ကြန့်ကြာပါတယ်။ ရုံးပြောင်းလျှောက်ထားတဲ့အခါမှာ ကြားနာပြီးတော့ ဆုံးဖြတ်တဲ့အဆင့်ကလဲ လုပ်ထုံးလုပ်နည်းအရကို အနည်းဆုံး နှစ်လသုံးလလောက် ကြန့်ကြာပါတယ်။ ဒါကြောင့် ဖမ်းဆီးခံရပြီး ခြောက်လလောက်မှပဲ တရားစစ်ဆေးနိုင်တဲ့အဆင့်ကို ရင်ဆိုင်ကြပါတယ်။ နောက် ရုံးကိုရောက်ပေမယ့် တရားလိုသူတွေဟာ … အကြောင်းအမျိုးမျိုးတွေပြပြီးတော့ ရုံးတော်အတိုင်း မလာဘူး။ အထူးသဖြင့် ရဲတွေဆို မလာဘူး။ တပ်မတော်အကြီးအကဲတွေကအစ အဆင့်ဆင့်တာဝန်ရှိသူတွေဆို လုံးဝကိုမလာဘဲနဲ့ အကြောင်းအမျိုးမျိုးပြတဲ့အတွက် စစ်တဲ့အခါမှာ တအားကိုကြန့်ကြာတဲ့ ရင်ဆိုင်နေရတဲ့ အနေအထားတွေ ရှိပါတယ်။

မေး ။ ။ တချို့က အပြစ်မဲ့တဲ့လူတွေကို သံသယနဲ့ဖမ်းဆီးတယ်။ ညဉ်းဆဲတယ်၊ နှိပ်စက်တယ်ဆိုတဲ့ စကားတွေကို ကြားနေရပါတယ်။ အဲဒါဟုတ်ပါသလား။ သို့တည်းမဟုတ် တကယ်တမ်း ဖမ်းသင့်ဖမ်းထိုက်လို့ ဖမ်းပြီးတော့ ရုံးမှာ တရားစွဲဆိုတင်ပြတဲ့အခါမှာ သက်သေအထောက်အထားတွေအရ ဒီလူတွေဟာ သူတို့စွပ်စွဲတဲ့အတိုင်း အကြမ်းဖက်ဥပဒေနဲ့ ငြိ့စွန်းတဲ့ တရားခံတွေ ဖြစ်နေပါသလား။ အဲဒါကိုလဲ အကြမ်းမျဉ်း သုံးသပ်ပေးပါ။

ဖြေ ။ ။ လိုက်ပါဆောင်ရွက်တဲ့ အမှုတွေကို ကျမတို့သွားပြီးတော့ သူတို့ဆီက ညွှန်ကြားချက်တွေ ယူပါတယ်။ ဘယ်လိုအနေအထားမှာ ဖမ်းဆီးခံထားရသလဲ။ ဘယ်သူကစပြီးတော့ ဖမ်းသလဲ။ ဘယ်နေရာမှာ ကြာခဲ့သလဲဆိုတော့ သူတို့က မချွင်းမချန် ပြောပြတဲ့အတွက် ကျမတို့က ကိုယ့်အမှုကို ရင်ဆိုင်တဲ့အခါမှာ ခုခံချေပမှုလမ်းကြောင်းနဲ့ မေးတဲ့အခါမှာတော့ အမှုသည်ရဲ့ ညွှန်ကြားချက်အရ ကျမက တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ဒီဘက်မှာ ဒဏ်ရာတွေရှိတယ်။ ဆေးရုံတက်ခဲ့ရတာတွေ ရှိတယ်။ တပ်မှာ ဘယ်လိုနှိပ်စက်ခံခဲ့ရသလဲ။ ရုံးကိုလွှဲပြောင်းတဲ့အခါမှာ ဘယ်လိုရှိတယ်။ အေအေလို့ ဝန်မခံမခြင်း နှိပ်စက်ခြင်းမျိုးစုံနဲ့ နှိပ်စက်ပြီးမှပဲ တရားစွဲဆိုခြင်းခံရတဲ့ အဆင့်ကို ရောက်ရှိတယ်။ တချို့တလေဆိုရင် မတရားအသင်း ဥပဒေနဲ့ စွဲဆိုပြီးမှပဲ အကြမ်းဖက်နဲ့ စွဲဆိုခံရတယ်။ ဆိုတာမျိုးတွေကို ကျမကတော့ အမှုသည်ရဲ့ ညွှန်ကြားချက်နဲ့ သူတို့ကိုယ်ပေါ်မှာရှိတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ သူတို့ပြောတဲ့ ရိုးသားမှုတွေနဲ့ မှန်ကန်ပွင့်လင်းမှုတွေကို ကျမက ယုံကြည်ပြီးတော့ ရုံးရှေ့မှာတော့ ကျမမေးပါတယ်။ ဖမ်းသွားတဲ့လူတွေလည်း ရှိပါတယ်။

မေး ။ ။ သူတို့စပြီးတော့ ဖမ်းပြီဆိုတဲ့အခါမှာ ဘယ်လိုလူတွေကို ဖမ်းသလဲ။ သူပုန်နဲ့ အဆက်အသွယ်ရှိတယ်။ ဒီရွာမှာ သို့တည်းမဟုတ် ဒီရွာက ရွာသားတချို့က သူပုန်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုတဲ့ အဲဒီလိုပုံစံမျိုးနဲ့ ဖမ်းသလား။ သူတို့က တွေ့တဲ့လူတွေကို ဆွဲလိုက်တာပဲလား။

ဖြေ ။ ။ အဓိက အရေးကြီးတာကို ကျမပြောမယ်။ ကျေးရွာမှာဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ အစိုးရရဲ့ တာဝန်ရှိတဲ့ အခြေခံအုပ်ချုပ်သူ လူတန်းစားတရပ်ပါ။ အထူးသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်း ဖမ်းဆီးခံရတယ်။ နှိပ်စက်ခံရတယ်။ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ ဖမ်းဆီးခံရတယ်။ အေအေကို ထောက်ခံတယ်၊ ထောက်ပံ့တယ်၊ ကူညီတယ် စသဖြင့် လိုက်ပေးရတဲ့အမှုတွေ။ နောက် လူနာပို့တယ်။ လူနာပို့တဲ့လူတွေ ကားတစီးလုံးကို ဖမ်းလိုက်တယ်။ ကားဒရိုင်ဘာ၊ စပယ်ရာကအစ။ အဲဒီလိုပဲ လမ်းမှာတွေ့တဲ့လူ ခရီးသည်ကားကြီး၊ ခြံကနေ ပြန်လာတဲ့လူ စသဖြင့် အဲဒီလိုမျိုးတွေ ဖမ်းဆီးခံရတယ်။ ကျမတို့ အမှုလိုက်တဲ့သက်တမ်းက နှစ်ပေါင်း (၄၀) နီးပါး ရှိပါပြီ။ နောက်တခါ နားထိုင်းပြီးတော့ မြစ်ကမ်းစပ်မှာ ကျွဲကျောင်းနေတဲ့ အဖိုးကြီး မရမကအော်ဟစ်ပြီးတော့ အဖိုးကြီး ဗုံးထောင်တတ်သလားဆိုတာ ဆရာ သိတဲ့အတိုင်းပါပဲ။ ကျမတို့ ရခိုင်မှာ ငါးထောင်တဲ့မြုံးကို ဗုံးလို့ခေါ်တယ်။ အဖိုးကြီးက ထောင်တတ်ပါတယ်။ ရွာမှာရှိလားဆိုတော့ … ရှိပါတယ်ဆိုတော့ အဖိုးကြီးကို အိမ်ကိုဖမ်းပြီးခေါ်သွား၊ အိမ်မှာရှိတဲ့ သားတွေ၊ သမီးတွေရှေ့မှာ သူ့ဗုံးတွေကိုပြ - အဲဒီဗုံးက ငါးထောင်တဲ့မြုံး - ဒါပေမဲ့ အဲဒီအဖိုးကြီးမှာ ခေါင်းတွေကွဲပြီးတော့ လျှပ်စစ်နဲ့တို့ပြီးတော့ နှိပ်စက်ခံရတယ်။ ဆရာမပြောတာ ဘာမှမကြားဘူး၊ ကျနော်ဖြစ်တာတွေ ကျနော်ပြောမယ်လို့ ပြောပါတယ်။ အဲဒီမှာ တရားလို ရဲတွေ၊အရာရှိတွေကို စစ်တဲ့အခါမှာ သေသေချာချာ မေးမြန်းပြီးတော့ စစ်ဆေးပါတယ်။
မေး ။ ။ တလောကလား၊ မနှစ်ကလား မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အားလုံးလိုလိုပဲ ရာထူးက နှုတ်ထွက်တယ်ဆိုတဲ့ ဖြစ်ရပ်တခုကို ကြားလိုက်ရပါတယ်။ အဲဒီကိစ္စက ဘယ်လိုရှေ့ဆက်ဖြစ်သွားပါသလဲ။ သူတို့ပြန်ပြီး လက်ခံကြသလား။ အစားထိုးခံလိုက်သလား။
ဖြေ ။ ။ အစားထိုးတော့ မခံဘူး။ ကျောက်တော်မြို့နယ်မှာလည်း ဒီလိုပဲ လုပ်ခဲ့ပါတယ်။ တယောက်ပျောက်သွားတာ ထူးထူးခြားခြား မတွေ့ဘူး။ ရသေ့တောင်မှာလည်း အုပ်ချုပ်ရေးမှူးတွေက ဒီလိုပဲ လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီလောက်အထိ အုပ်ချုပ်ရေးပျက်ပြားနေတဲ့အချိန်၊ လုံခြုံရေးအရေးကြီးနေတဲ့အချိန် အဲဒါတွေမှာတော့ တနည်းတဖုံ မြို့နယ်တွေ၊ ခရိုင်တွေ၊ ပြည်နယ်တို့က ဆင်းပြီးတော့ ဖြေရှင်းရတဲ့အနေအထားတွေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်ကြတာ ရှိပါတယ်။ အစားထိုးခန့်အပ်တာတို့တော့ မကြားမိပါဘူး။

မေး ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ သို့တည်းမဟုတ် ပြည်ထောင်စုလွှတ်တော်မှာ လူထုကိုယ်စားလှယ်အမတ်တွေက ဒီကိစ္စကို တင်ပြတာ၊ မေးမြန်းတာ၊ ရှင်းလင်းချက်တောင်းတာ လုပ်ကြပါသလား။ အဲဒီလိုလုပ်တယ်ဆိုရင် ဘယ်လိုပြန်လည်ပြီး ဖြေကြပါသလဲ။ ပြည်သူတွေကိုဖမ်းဆီးတာနဲ့ ပတ်သက်ပြီး။

ဖြေ ။ ။ နှိပ်စက်တာတို့ ဘာတို့နဲ့ ပတ်သက်ပြီး ကျမအနေနဲ့ မေးခွန်းတို့၊ အဆိုတို့တော့ မကြားမိပါဘူး။ ဒါပေမဲ့ တကယ်တမ်း ဖြစ်နေတဲ့ အနေအထားတွေကိုတော့ အထူးသဖြင့် ကျမတို့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်းတာ၊ အတည်ပြုတာတွေ ရှိပါတယ်။ ပြည်ထောင်စုမှာလည်း ကြိုးစားတယ်။ ဒါပေမဲ့ ခွင့်မပြုဘူးဆိုပြီး မေးခွင့်မရဘူးဆိုတာတော့ ကြားမိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးနှိပ်စက်ခံရတယ်။ သေဆုံးတာတွေတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အင်တာဗျူးတွေမှာတော့ တော်တော်လေးကို ပြည့်ပြည့်စုံစုံ၊ ပွင့်ပွင့်လင်းလင်း ဖြေကြားတင်ပြထားတာတွေတော့ ကျမ တွေ့ပါတယ်။

မေး ။ ။ ပြည်ထောင်စုလွှတ်တော်ကိုတော့ ထားပါတော့၊ ပြည်နယ်လွှတ်တော်ဟာ အစိုးရအပေါ်မှာ ပြည်နယ်အုပ်ချုပ်ရေးပေါ်မှာ တစုံတရာ သြဇာသက်ရောက်ခြင်း၊ တစုံတရာ ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့ ပြည်နယ်လွှတ်တော်က ကမ်းလှမ်းတာကို ပြည်နယ်အုပ်ချုပ်ရေး အာဏာပိုင်တွေဘက် ပူးပေါင်းဆောင်ရွက်ပြီးတော့ စီစဉ်တာမျိုး၊ ဖြေရှင်းဖို့ ကြိုးပမ်းတာမျိုး ရှိပါသလား။

ဖြေ ။ ။ ဒါတွေကိုတော့ မတွေ့ရဘူး။ ဒါပေမဲ့ ဥပဒေဘောင်ထဲကတော့ တွန်းတွန်းတိုက်တိုက် လုပ်ကြတယ်ဆိုတာကိုတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ လွှတ်တော်နဲ့ ရခိုင်ပြည်နယ်အစိုးရ အဟကတော့ ဒီကိစ္စတခုတည်း မဟုတ်ပါဘူး။ ကျန်တဲ့ အကွာအဟတွေကလည်း ရှိနေတယ်ဆိုတာကတော့ ဆရာတို့လည်း သိပါတယ်။ ကျမတို့လည်း မြင်နေသိနေရပါတယ်။

မေး ။ ။ ကျနော် တခု စောစောကမေးခဲ့ဖို့ ကောင်းမယ်ထင်ပါတယ်။ အဲဒီလို သံသယနဲ့ ဖမ်းဆီးပြီးတော့ တရားဥပဒေအရ အဖြေမပေါ်ခင်မှာ လက်လွန်းပြီးတော့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားပါတယ်။ အဲဒါ ဘယ်နှစ်ခုလောက် ဖြစ်ဖူးပါသလဲ။

ဖြေ ။ ။ ကျမ သိရသလောက်တော့ ငါးယောက်ကျော်ကျော်လောက်ကို သိထားပြီးပါပြီ။ ကျမလိုက်တဲ့ အမှုမှာ တစ်ယောက် သေဆုံးသွားပါတယ်။ ဆုံးပြီးမှ ကျန်တဲ့လူတွေကို အမှုလိုက်ရတာပါ။ နောက် … ဘက်က တစ်ယောက်၊ ဟိုတလောကပဲ တစ်ယောက်၊ အဲဒီကြားမှာလဲ နှစ်ယောက်လောက် ကြားရပါတယ်။

မေး ။ ။ အဲဒီတော့ အဲဒီလို သေဆုံးသွားရတဲ့လူတွေအတွက် Justice ဆိုတာ မရှိဘူးလား။ သူတို့အတွက် အမှန်တရား။

ဖြေ ။ ။ အဲဒီအတွက်လဲ ကျမပြောပါတယ်။ ဘယ်သူကိုသွားပြီးတော့ ဘယ်သူက တိုင်ရမှာလဲ နစ်နာသူဆိုတာ။ ဘယ်သူက အရေးယူပေးမှာလဲဆိုတဲ့ အနေအထားတွေ ရှိပါတယ်။ ကျမတို့ဟာ ခံစားချက်တွေရှိတယ်။ ခံပြင်းတဲ့လူတွေ ရှိတယ်။ ဥပဒေနဲ့အညီ ဖြစ်စေချင်တယ်။ တရားမျှတစေချင်တယ်။ ဒါပေမဲ့ ကျမတို့ရဲ့ အနေအထားတွေက ဒီအတိုင်းပဲ သေနတ်ပစ်ခံရပြီးတော့ ဒဏ်ရာရပြီးတော့ သေသွားပါတယ်ဆိုတယ်။ ရွာသားနှစ်ယောက်ကိုလည်း သူတို့ ဗုံးထောင်လို့၊ ဗုံးဆံထိလို့ သေပါတယ်ဆိုပြီးတော့ ရှစ်လကြာပြီးမှ လွှတ်သွားတဲ့ ဒုက္ခဆင်းရဲတွေကို ကျမတို့ ရင်ဆိုင်ပြီးတော့၊ အသက်ပေးခံနေဆဲပါ။

မေး ။ ။ ကျနော် နောက်ဆုံးအနေနဲ့ တခုမေးပါရစေ .. အခု ကျနော်တို့မေးနေတာက အစိုးရစစ်တပ်ဘက်က အာဏာပိုင်တွေဘက်က ဘယ်လိုလုပ်တယ်ဆိုတာကို ပြောနေတယ်။ ကျနော် ဒီအတိုင်းလွှင့်လိုက်ရင် သောတရှင်တချို့က မေးလာပါလိမ့်မယ်။ အေအေသူပုန်တွေ လုပ်တာကိုတော့ မမေးဘူးလားဆိုပြီး ပြောကောင်းပြောပါလိမ့်မယ်။ အစိုးရရဲ့ သူလျှိုတွေ၊ စပိုင်တွေလို့ ယူဆပြီးတော့ အေအေဘက်က ဒီလိုဖမ်းဆီးပြီးတော့ ဥပဒေမဲ့ လုပ်တာတွေ ရှိပါသလား။ ရှိရင်လဲ အမှန်အတိုင်းပြောပါ။

ဖြေ ။ ။ ကျမပြောရင်တော့ ရခိုင်အမျိုးသမီး ဖြစ်နေလို့ ဘက်လိုက်ပြီး ပြောတယ်လို့ ပြောနိုင်တယ်။ ကျမ သိသလောက်တော့ ဒီလိုဖမ်းဆီးခေါ်ပြီးတော့ သတ်ပြစ်တယ်ဆိုတာမျိုးတွေတော့ … တနည်းမဟုတ်တနည်း ကိုယ့်ရဲ့နစ်နာချက်၊ ထိခိုက်နစ်နာမှုတွေတော့ သိုးသိုးသန့်သန့်ပဲဖြစ်ဖြစ်၊ ကျယ်ကျယ်လောင်လောင်ဖြစ်ဖြစ် ထွက်လာမှာပဲ။ ဖမ်းဆီးတာတွေ၊ ခေါ်ဆောင်သွားတာတွေ၊ ပြန်လွှတ်တာတွေတော့ ကြားပါတယ်။ သတ်ပြစ်တာတွေတော့ ကျမလည်း မကြားမိဘူးလို့ပဲ အပွင့်လင်းဆုံး ပြောပါရေစေ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG