သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေအတွက် အနောက်နိုင်ငံတွေရဲ့ သီတင်းကျွတ်ဆုတောင်းများ


မြန်မာပြည်သူတွေအတွက် သီတင်းကျွတ်အခါသမယဆုတောင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲ Susan Stevenson (အောက်က်တိုဘာလ ၁၇၊ ၂၀၂၄)
မြန်မာပြည်သူတွေအတွက် သီတင်းကျွတ်အခါသမယဆုတောင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲ Susan Stevenson (အောက်က်တိုဘာလ ၁၇၊ ၂၀၂၄)

ဒီကနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အခါသမယမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို စာနာ နားလည်ပြီး လိုအပ်တဲ့ လူသားချင်းစာနာ ကူညီမှုတွေ ဆက်ပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေ နဲ့အတူ တသားတည်း ရပ်တည်နေသလို ပိုမိုတောက်ပတဲ့၊ ငြိမ်းချမ်းသာယာတဲ့ အနာဂတ်လမ်းကြောင်းဆီ သွားနေတဲ့ မြန်မာပြည်သူတွေကို ဆက်လက် ထောက်ခံအားပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး အကြီးအကဲ Susan Stevenson က ဗီဒီယိုနဲ့ သီတင်းကျွတ် ဆုမွန်ကောင်း တောင်းပေးခဲ့တာဖြစ်ပါတယ်။

“သီတင်းကျွတ်မီးထွန်းပွဲကို ဆင်နွှဲရင်း မြန်မာပြည်သူအားလုံးအတွက် မျှော်လင့်ခြင်းနဲ့ ခွန်အားတွေ ရစေဖို့၊ မိသားစုဝင်တွေ၊ ချစ်ခင်သူတွေနဲ့ အတူ ဆင်နွှဲနိုင်ခွင့်တွေ အသစ်တဖန် ရရှိဖို့ အမေရိကန်သံရုံးက တောင်းဆု ပြုပါတယ်လို့" အမေရိကန် သံရုံးအကြီးအကဲ Stevenson က ပြောသွားတာပါ။

၂၀၂၁ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၄၀၅ သန်းကျော်ဖိုး အမေရိကန် ပြည်ထောင်စုက ပေးအပ်ခဲ့သလို၊ မြန်မာနိုင်ငံအတွက် အများဆုံး ကူညီတဲ့ အလှုရှင်နိုင်ငံအဖြစ် ရပ်တည်နေပြီး ဆက်လက် ကူညီသွားမယ့် အကြောင်းလည်း ဒီကနေ့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုမှာ သံရုံးအကြီးအကဲက ပြောသွားခဲ့ပါတယ်။

မြန်မာပြည်သူတွေအတွက် သီတင်းကျွတ်အခါသမယဆုတောင်းနေတဲ့ ရန်ကုန် ယူကေသံရုံးဗွီဒီယို (အောက်က်တိုဘာလ ၁၇၊ ၂၀၂၄)
မြန်မာပြည်သူတွေအတွက် သီတင်းကျွတ်အခါသမယဆုတောင်းနေတဲ့ ရန်ကုန် ယူကေသံရုံးဗွီဒီယို (အောက်က်တိုဘာလ ၁၇၊ ၂၀၂၄)

တချိန်တည်းမှာပဲ ရန်ကုန် ဗြိတိလျှသံရုံး အကြီးအကဲ Ken O’Flaherty ကလည်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် သီတင်းကျွတ် ပွဲတော်မှာ အတူဆင်နွှဲဖို့ မဖြစ်နိုင်တဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်မိတဲ့အကြောင်းနဲ့ ဝေးကွာနေတဲ့သူတွေ မကြာခင် ဆုံစည်းနိုင်ဖို့ ဆုတောင်းပေးတဲ့ အကြောင်း လူမှုကွန်ရက်မှာ ဗွီဒီယိုကတဆင့် နှုတ်ခွန်းဆက်ထားပါတယ်။ ယူကေ အစိုးရအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အားလုံးရည်မှန်းတဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် ဆက်လက် ကြိုးပမ်းသွားမယ့်အကြောင်းလည်း ပြောဆိုထားပါတယ်။ အလားတူ ရန်ကုန် ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ကလည်း − ခုလို သီတင်းကျွတ် အခါသမယမှာ အမှောင်ထုကို ဖြတ်သန်းနေရတဲ့ မြန်မာပြည်ကို လမ်းပြပေးနိုင်ပြီး လူမှုအသိုင်းအဝိုင်း အားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ သဟဇာတဖြစ်မှုတွေ ဆောင်ကြဥ်းပေးနိုင်ဖို့ ဆုမွန်ကောင်း တောင်းတဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

Forum

XS
SM
MD
LG