သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တိုက္ပြဲရွိေနတဲ့ ဖာပြန္ခ႐ိုင္ဘက္မွာ ေဒသခံေတြ သြားလာေရးအခက္ေတြ႔ 


ကရင္ျပည္နယ္အေရွ႕ျခမ္း၊ ဖာပြန္ၿမိဳ႕က စစ္ေဘးေရွာင္ ကရင္ျပည္သူမ်ား။ ဧၿပီ ၂၊ ၂၀၂၁  

[[Zawgyi/Unicode]]

စစ္ေကာင္စီတပ္နဲ႔ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး တပ္မဟာ(၅) တို႔အၾကား စစ္ေရးတင္းမာေနတဲ့အတြက္ ဖာပြန္ခ႐ိုင္ဘက္မွာ ေဒသခံေတြ သြားလာေရး အခက္ေတြ႔ေနၾကပါတယ္။ အထူးသျဖင့္ ဖာပြန္-ကမာ့ေမာင္းလမ္းမႀကီးမွာ KNU ဘက္က သြားလာခြင့္ပိတ္ပင္ထားတာေၾကာင့္ ေတာလမ္းကေန သြားလာေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဖာပြန္ကိုသြားတဲ့ တျခား လမ္းေတြမွာလည္း မလုံၿခဳံတဲ့အတြက္ အခက္ေတြ႔ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

KNU တပ္မဟာ (၅) ထိန္းခ်ဳပ္တဲ့ ဖာပြန္ခ႐ိုင္အတြင္း တိုက္ပြဲေတြ ရွိေနတာေၾကာင့္ ေဒသခံေတြ သြားေရးလာေရးခက္ခဲေနၾကပါတယ္။ ဖာပြန္နဲ႔ ကမာ့ေမာင္း ဆက္သြယ္ထားတဲ့လမ္းမွာဆိုရင္ လမ္းေတြ တံတားေတြကို စစ္တပ္ေထာက္ပံ့ေရးေတြ မပို႔ႏိုင္ေအာင္ KNU ဘက္က ဖ်က္ထားတဲ့အတြက္ ေဒသခံေတြပါ ဒုကၡေရာက္ေနတယ္လို႔ ကမာ့ေမာင္းေဒသခံတဦးကေျပာပါတယ္။

"ဖာပြန္နဲ႔ကမာ့ေမာင္း ကားအဆင္မေျပဘူး။ အဲဒီမွာတိုက္ပြဲေတြျဖစ္ၾကတာေပါ့။ လမ္းမတန္းကို သြားလာတဲ့သူေတြကလည္း ေပးမသြားၾကဘူးေလ။ ဖာပြန္ကေန လမ္းဖ်က္တယ္ေပါ့။ တံတားတေခ်ာင္း ဖ်က္လိုက္တယ္။"

အခုလိုသြားလာေရးအတြက္ လမ္းေတြျပတ္ေတာက္ေနလို႔ လူမမာေတြကအစ ေတာလမ္းခရီးကသာ သြားလာေနၾကရပါတယ္။

"သြားလာေရးကေတာ့ လမ္းမအတိုင္း သြားလာလို႔မရဘူးေပါ့။ ျဖတ္လမ္းကပဲ သြားလာေနၾကတယ္၊ အခု ေလာေလာဆယ္ကေတာ့။ ေတာလမ္းပဲ သြားေနၾကတာေပါ့ ။ ခရီးသြားေတြ။ လူနာရွိတဲ့လူလည္း သူတို႔ကလည္း အတတ္ႏိုင္ဆုံး ႀကိဳးစားၿပီးသယ္လာတာေပါ့။ အခ်ိန္ေတာ့ၾကန႔္ၾကာတယ္ေပါ့။"

စစ္ေကာင္စီလက္ေအာက္က ဌာနဆိုင္ရာဝန္ထမ္းအားလုံး ေဖေဖာ္ဝါရီ ၁၀ ရက္ ေနာက္ဆုံးထားၿပီး ဖာပြန္ၿမိဳ႕ကေန ထြက္ခြာဖို႔ KNU တပ္မဟာ ၅ က သတိေပးခ်က္ ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ ဝန္ထမ္း ၁၀၀ ေက်ာ္ ဖာပြန္ကေန ထြက္သြားခဲ့ၾကပါ တယ္။ ဒါေပမယ့္ ၁၀ ရက္ေနာက္ပိုင္း ျပန္ခ်င္တဲ့ အစိုးရဝန္ထမ္းေတြမွာလည္း လုံၿခဳံေရးနဲ႔ လမ္းပန္းဆက္သြယ္ေရးေၾကာင့္ အခက္ေတြ႔ေနတယ္လို႔ ဖာပြန္ၿမိဳ႕ခံ ဝန္ထမ္းတဦးကေျပာပါတယ္။

“ဖာပြန္ကေတာ့- KNU ကေန စာထုတ္ေတာ့ တခ်ိဳ႕လူေတြကေၾကာက္ေတာ့ ျပန္ေျပးလာၾကတယ္။ ျပန္ေျပးလာေတာ့ အရင္ က်ေနာ္တို႔သြားတဲ့ ဖာပြန္တိုက္႐ိုက္က ကားလမ္းရွိတယ္ေလ။ အဲဒီကားလမ္းက သြားခြင့္လည္း မေပးဘူး။ သြားလို႔လည္း မရေတာ့ဘူး။ အဲဒီ ကမာ့ေမာင္းက ဟိုဘက္ေက်ာ္ရင္ သြားလို႔မေကာင္းေတာ့ဘူး။ လမ္းေတြက မိုင္းေတြေထာင္ထားတယ္။ တံတားေတြလည္း ဖ်က္ထားတယ္ဆိုေတာ့ေလ။ KNU ကေတာ့ ခြင့္မေပးတာက ဒီလို သူကတျခားလမ္းနဲ႔ပဲ ျပန္ခိုင္းတယ္။"

ဖာပြန္လမ္းမႀကီးေပၚ အသြားအလာကို KNU တပ္မဟာ ၅ ဘက္က ပိတ္ထားတဲ့အတြက္ ဖာပြန္ၿမိဳ႕နယ္အတြက္ လိုအပ္တဲ့ ကုန္စည္ေတြကို ေတာလမ္းေတြကေနတဆင့္ သယ္ယူေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဖာပြန္ခ႐ိုင္ထဲမွာ ေရွ႕တန္းစခန္းေတြအတြက္ရိကၡာပို႔ေနတဲ့ စစ္ေကာင္စီတပ္နဲ႔ KNU တပ္မဟာ (၅) တပ္ဖြဲ႔ေတြ ေန႔စဥ္လို တိုက္ပြဲ ျဖစ္ေနပါတယ္။ အခုလိုပြင့္လင္းရာသီမွာ ဖာပြန္ခ႐ိုင္ဘက္ကို ရိကၡာပို႔တဲ့ စစ္ယာဥ္တန္းနဲ႔ KNU တပ္မဟာ (၅) အဖြဲ႔ တို႔ၾကား တိုက္ပြဲျဖစ္ေနတာေၾကာင့္ ေက်ာက္ႀကီးၿမိဳ႕နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္ ကေန လာတဲ့ဆက္သြယ္ေရးလမ္းေတြကလည္း လက္ရွိမွာ လုံၿခဳံမႈမရွိဘူးလို႔ ဖာပြန္ၿမိဳ႕ခံဝန္ထမ္းတဦးက ဆက္ေျပာပါတယ္။

"ဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီေပါ့ဗ်ာ။ ေရွ႕တန္းကတပ္ေတြကို ရိကၡာပို႔ေနက် ပဲေလ။ အရင္ကေတာ့ညႇိႏႈိင္းတယ္ အဆင္ေျပၾကတယ္။ အခုေနာက္ပိုင္းက အဆင္မေျပဘူး။ ပို႔ၿပီဆိုရင္ လမ္းမွာမိုင္းေထာင္တာတို႔။ ပစ္တာတို႔ ဘာတို႔ ရွိလာတယ္။ တပ္မဟာ (၃) ဘက္၊ ေက်ာက္ႀကီးဘက္ေရာ၊ သံေတာင္ဘက္က ေဘာဂလိကေန ဟိုတပ္မဟာ (၅) ဘက္ အဲဒီလို။ လမ္းတလမ္းရွိတယ္ေလ။ ေဘာဂလိကေန အေရွ႕ဘက္သြားရင္ စာႀကီးတပ္စခန္း။ ေက်ာ္တာနဲ႔ တပ္မဟာ (၅) နယ္ေျမ။ အရင္တုန္းကေတာ့ကားနဲ႔ရိကၡာပို႔တယ္။ ေနာက္တလမ္းကေတာ့ ေက်ာက္ႀကီးကေနပို႔တယ္ေလ။ ေက်ာက္ႀကီးကေနၿပီးေတာ့ မူသဲေလ။ မူသဲကို အေရွ႕ဘက္နည္းနည္း ေက်ာ္ၿပီးဆိုရင္ တပ္မဟာ (၅) ျဖစ္ျပန္ၿပီ။ ဟိုဘက္က်ေတာ့တိုက္ပြဲျဖစ္ၿပီး။ တပ္မဟာ(၅)ေျမ။"

ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္ထဲက ဖာပြန္ၿမိဳ႕နယ္ဘက္မွာ စစ္တပ္ရိကၡာပို႔ဖို႔အတြက္ ကားလမ္းေဖာက္လုပ္ေရးကိစၥနဲ႔ပက္သက္ၿပီး စစ္တပ္နဲ႔ KNU တပ္မဟာ ၅ ၾကား ၂၀၁၈ ခုႏွစ္ မတ္လကတည္းက တိုက္ပြဲေတြ ျပန္ျဖစ္ခဲ့တာပါ။ ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းလည္း တိုက္ပြဲေတြ ဆက္ရွိေနပါတယ္။
ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ေဒသခံ႐ြာသား (၇) ေသာင္းေလာက္ ထိုင္း-ျမန္မာနယ္စပ္ေဒသေတြအပါအဝင္ ေဘးလြတ္ရာ ေနရာေတြမွာ ခိုလႈံေနၾကရပါတယ္။

လက္ရွိ ဖာပြန္ၿမိဳ႕နယ္ထဲမွာ KNU က ေကာ္သူးေလအုပ္ခ်ဳပ္ေရးနဲ႔ အစားထိုးသြားဖို႔ ႀကိဳးစားေနၿပီး အစိုးရ အရပ္ဘက္ဝန္ထမ္းေတြ အျမန္ဆုံးျပန္လည္ထြက္ခြာသြားဖို႔ ဇန္နဝါရီလကုန္ပိုင္းမွာ တပ္မဟာ (၅) က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တိုက်ပွဲရှိနေတဲ့ ဖာပွန်ခရိုင်ဘက်မှာ ဒေသခံတွေ သွားလာရေးအခက်တွေ့

စစ်ကောင်စီတပ်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅) တို့အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဖာပွန်ခရိုင်ဘက်မှာ ဒေသခံတွေ သွားလာရေး အခက်တွေ့နေကြပါတယ်။ အထူးသဖြင့် ဖာပွန်-ကမာ့မောင်းလမ်းမကြီးမှာ KNU ဘက်က သွားလာခွင့်ပိတ်ပင်ထားတာကြောင့် တောလမ်းကနေ သွားလာနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖာပွန်ကိုသွားတဲ့ တခြား လမ်းတွေမှာလည်း မလုံခြုံတဲ့အတွက် အခက်တွေ့နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

KNU တပ်မဟာ (၅) ထိန်းချုပ်တဲ့ ဖာပွန်ခရိုင်အတွင်း တိုက်ပွဲတွေ ရှိနေတာကြောင့် ဒေသခံတွေ သွားရေးလာရေးခက်ခဲနေကြပါတယ်။ ဖာပွန်နဲ့ ကမာ့မောင်း ဆက်သွယ်ထားတဲ့လမ်းမှာဆိုရင် လမ်းတွေ တံတားတွေကို စစ်တပ်ထောက်ပံ့ရေးတွေ မပို့နိုင်အောင် KNU ဘက်က ဖျက်ထားတဲ့အတွက် ဒေသခံတွေပါ ဒုက္ခရောက်နေတယ်လို့ ကမာ့မောင်းဒေသခံတဦးကပြောပါတယ်။

"ဖာပွန်နဲ့ကမာ့မောင်း ကားအဆင်မပြေဘူး။ အဲဒီမှာတိုက်ပွဲတွေဖြစ်ကြတာပေါ့။ လမ်းမတန်းကို သွားလာတဲ့သူတွေကလည်း ပေးမသွားကြဘူးလေ။ ဖာပွန်ကနေ လမ်းဖျက်တယ်ပေါ့။ တံတားတချောင်း ဖျက်လိုက်တယ်။"

အခုလိုသွားလာရေးအတွက် လမ်းတွေပြတ်တောက်နေလို့ လူမမာတွေကအစ တောလမ်းခရီးကသာ သွားလာနေကြရပါတယ်။

"သွားလာရေးကတော့ လမ်းမအတိုင်း သွားလာလို့မရဘူးပေါ့။ ဖြတ်လမ်းကပဲ သွားလာနေကြတယ်၊ အခု လောလောဆယ်ကတော့။ တောလမ်းပဲ သွားနေကြတာပေါ့ ။ ခရီးသွားတွေ။ လူနာရှိတဲ့လူလည်း သူတို့ကလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးသယ်လာတာပေါ့။ အချိန်တော့ကြန့်ကြာတယ်ပေါ့။"

စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာဝန်ထမ်းအားလုံး ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး ဖာပွန်မြို့ကနေ ထွက်ခွာဖို့ KNU တပ်မဟာ ၅ က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဝန်ထမ်း ၁၀၀ ကျော် ဖာပွန်ကနေ ထွက်သွားခဲ့ကြပါ တယ်။ ဒါပေမယ့် ၁၀ ရက်နောက်ပိုင်း ပြန်ချင်တဲ့ အစိုးရဝန်ထမ်းတွေမှာလည်း လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် အခက်တွေ့နေတယ်လို့ ဖာပွန်မြို့ခံ ဝန်ထမ်းတဦးကပြောပါတယ်။

“ဖာပွန်ကတော့- KNU ကနေ စာထုတ်တော့ တချို့လူတွေကကြောက်တော့ ပြန်ပြေးလာကြတယ်။ ပြန်ပြေးလာတော့ အရင် ကျနော်တို့သွားတဲ့ ဖာပွန်တိုက်ရိုက်က ကားလမ်းရှိတယ်လေ။ အဲဒီကားလမ်းက သွားခွင့်လည်း မပေးဘူး။ သွားလို့လည်း မရတော့ဘူး။ အဲဒီ ကမာ့မောင်းက ဟိုဘက်ကျော်ရင် သွားလို့မကောင်းတော့ဘူး။ လမ်းတွေက မိုင်းတွေထောင်ထားတယ်။ တံတားတွေလည်း ဖျက်ထားတယ်ဆိုတော့လေ။ KNU ကတော့ ခွင့်မပေးတာက ဒီလို သူကတခြားလမ်းနဲ့ပဲ ပြန်ခိုင်းတယ်။"

ဖာပွန်လမ်းမကြီးပေါ် အသွားအလာကို KNU တပ်မဟာ ၅ ဘက်က ပိတ်ထားတဲ့အတွက် ဖာပွန်မြို့နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေကို တောလမ်းတွေကနေတဆင့် သယ်ယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ရှေ့တန်းစခန်းတွေအတွက်ရိက္ခာပို့နေတဲ့ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၅) တပ်ဖွဲ့တွေ နေ့စဉ်လို တိုက်ပွဲ ဖြစ်နေပါတယ်။ အခုလိုပွင့်လင်းရာသီမှာ ဖာပွန်ခရိုင်ဘက်ကို ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ KNU တပ်မဟာ (၅) အဖွဲ့ တို့ကြား တိုက်ပွဲဖြစ်နေတာကြောင့် ကျောက်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့နယ် ကနေ လာတဲ့ဆက်သွယ်ရေးလမ်းတွေကလည်း လက်ရှိမှာ လုံခြုံမှုမရှိဘူးလို့ ဖာပွန်မြို့ခံဝန်ထမ်းတဦးက ဆက်ပြောပါတယ်။

"ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီပေါ့ဗျာ။ ရှေ့တန်းကတပ်တွေကို ရိက္ခာပို့နေကျ ပဲလေ။ အရင်ကတော့ညှိနှိုင်းတယ် အဆင်ပြေကြတယ်။ အခုနောက်ပိုင်းက အဆင်မပြေဘူး။ ပို့ပြီဆိုရင် လမ်းမှာမိုင်းထောင်တာတို့။ ပစ်တာတို့ ဘာတို့ ရှိလာတယ်။ တပ်မဟာ (၃) ဘက်၊ ကျောက်ကြီးဘက်ရော၊ သံတောင်ဘက်က ဘောဂလိကနေ ဟိုတပ်မဟာ (၅) ဘက် အဲဒီလို။ လမ်းတလမ်းရှိတယ်လေ။ ဘောဂလိကနေ အရှေ့ဘက်သွားရင် စာကြီးတပ်စခန်း။ ကျော်တာနဲ့ တပ်မဟာ (၅) နယ်မြေ။ အရင်တုန်းကတော့ကားနဲ့ရိက္ခာပို့တယ်။ နောက်တလမ်းကတော့ ကျောက်ကြီးကနေပို့တယ်လေ။ ကျောက်ကြီးကနေပြီးတော့ မူသဲလေ။ မူသဲကို အရှေ့ဘက်နည်းနည်း ကျော်ပြီးဆိုရင် တပ်မဟာ (၅) ဖြစ်ပြန်ပြီ။ ဟိုဘက်ကျတော့တိုက်ပွဲဖြစ်ပြီး။ တပ်မဟာ(၅)မြေ။"

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ဖာပွန်မြို့နယ်ဘက်မှာ စစ်တပ်ရိက္ခာပို့ဖို့အတွက် ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ပက်သက်ပြီး စစ်တပ်နဲ့ KNU တပ်မဟာ ၅ ကြား ၂၀၁၈ ခုနှစ် မတ်လကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းလည်း တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသား (၇) သောင်းလောက် ထိုင်း-မြန်မာနယ်စပ်ဒေသတွေအပါအဝင် ဘေးလွတ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။

လက်ရှိ ဖာပွန်မြို့နယ်ထဲမှာ KNU က ကော်သူးလေအုပ်ချုပ်ရေးနဲ့ အစားထိုးသွားဖို့ ကြိုးစားနေပြီး အစိုးရ အရပ်ဘက်ဝန်ထမ်းတွေ အမြန်ဆုံးပြန်လည်ထွက်ခွာသွားဖို့ ဇန်နဝါရီလကုန်ပိုင်းမှာ တပ်မဟာ (၅) က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

===============

XS
SM
MD
LG