သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုမြအေးကို ထောင်နှစ်နှစ်ချ 


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး (ယခင်ပုံဟောင်း)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]


စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူကိုမြအေးကို အင်းစိန်ထောင်တွင်းတရားရုံးကနေ ဒီနေ့ မတ်လ ၁၀ ရက်မှာ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ကိုမြအေးဟာ ပုဒ်မ ၅၀၅-ဂ အမှုကို အင်းစိန်ထောင်တွင်းကနေ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက တရားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရပြီး ချုပ်ရက် ခံစားခွင့်ရှိမယ်လို့ သိရပါတယ်။ ချုပ်ရက် နုတ်မယ်ဆိုရင်တောင် နောက်ထပ် တနှစ်ကျော်လောက် ကျခံရဦးမှာဖြစ်ပါတယ်။ အခုလို ချမှတ်လိုက်ပေမယ့် ကိုမြအေးဘက်ကတော့ ဒီပုဒ်မနဲ့ပတ်သက်လို့ ကျူးလွန်ခဲ့တာမရှိတာမို့ ခုလိုပြစ်ဒဏ်ချမှတ်တဲ့အပေါ် အယူခံဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတာ ၁ နှစ်ကျော်ရှိပြီဖြစ်တဲ့ ကိုမြအေးမှာ နှလုံးရောဂါအပြင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအခံကြောင့် ထောင်အတွင်းမှာ ခြေထောက်ထဲပိုးဝင်ခဲ့လို့ ခွဲစိတ်ကုသမှုခံထားရပါတယ်။ အခုချိန်ထိ ခြေထောက်ယောင်နေတဲ့အတွက် အသွားအလာ အထိုင်အထ ခက်ခဲနေတယ်လို့ သူ့ရှေ့နေကပြောပါတယ်။

လတ်တလောမှာလည်း ပိုးဝင်တဲ့ခြေထောက်က ပြန်ယောင်နေပြီး ဆေးရုံတက် ဆေးကုသခွင့်ပေးဖို့ ကိုမြအေးကိုယ်တိုင် တင်ပြထားပေမယ့် အကျဉ်းထောင်ဘက်က လျစ်လျူရှုထားတယ်လို့ ခံစားနေရတဲ့အကြောင်း သူ့နဲ့နီးစပ်သူတဦးက ဗွီအိုအေကိုပြောပါ တယ်။

ကိုမြအေးဟာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမဖြစ်ခင်ကလည်း ထောင်တွင်းမှာ ချော်လဲပြီး သတိလစ်မေ့မြောသွားခဲ့လို့ ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါသေးတယ်။ တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်းဆိုသူနဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် က အီးမေးလ် (E-mail) ကတဆင့် ဆက်သွယ်ပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့ ကိုမြအေးဟာ လူမျိုးတခုနဲ့တခုကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ရာ ရောက်တယ်လို့ဆိုပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှူးဇော်မင်းဆိုသူက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ (ဂ) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅-ဂ ဆိုတာက လူမျိုးအချင်းချင်းဖြစ်စေ လူမျိုး တမျိုးနဲ့တမျိုးဖြစ်စေ တဘက်နဲ့တဘက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တယ်ဆိုတဲ့ အမှုဖြစ်ပြီး ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံးပြစ်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်တာဖြစ်ပါတယ်။

ကိုမြအေးကို ထောင်နှစ်နှစ်ချ
please wait

No media source currently available

0:00 0:01:54 0:00
တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







==============

XS
SM
MD
LG