သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို ေလယာဥ္ဆီေရာင္းတာ ပိတ္ပင္ဖို႔နဲ႔ စြမ္းအင္လုပ္ငန္းေပၚအေရးယူဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြ ေတာင္းဆို 


ျပင္သစ္ Total ေရနံကုမၸဏီဌာနခ်ဳပ္ (Photo by ERIC PIERMONT / AFP)

[[Zawgyi/Unicode]]

ျမန္မာစစ္ေကာင္စီကို ေလယာဥ္ဆီေရာင္းတာ ပိတ္ပင္ဖို႔နဲ႔ ႏိုင္ငံပိုင္စြမ္းအင္ဌာနကို အျမန္ဆုံးပိတ္ဆို႔ဒဏ္ခတ္ဖို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာစစ္ေကာင္စီတပ္ေတြအေနနဲ႔ အတိုက္အခံေတြအေပၚ ေလေၾကာင္းက တိုက္ ခိုက္ေနတာမို႔ ေလယာဥ္ဆီတင္ပို႔တာ ရပ္တန႔္ဖို႔နဲ႔ ျမန္မာ့ ေရနံနဲ႔သဘာဝဓာတ္ေငြ႔ လုပ္ငန္းအေပၚ လက္ေတြ႔ ဒဏ္ခတ္အေရးယူဖို႔လည္း ႏိုင္ငံတကာအစိုးရေတြကို ေတာင္းဆိုလိုက္တာပါ။

TOTAL နဲ႔ Chevron တို႔အပါအဝင္ ႏိုင္ငံတကာစြမ္းအင္ကုမၸဏီႀကီးေတြ ျမန္မာႏိုင္ ငံက ထြက္ခြာမယ္လို႔ ေၾကညာအၿပီးမွာ Human Rights Watch လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔၊ Burma Campaign UK နဲ႔ Justice for Myanmar စတဲ့ အဖြဲ႔ေတြရဲ႕ အခုလို ေတာင္းဆိုမႈအေပၚ အာ႐ုံစိုက္မႈပိုရလာေနပါတယ္။

မၾကာေသးခင္ကပဲ ၿဗိတိန္အစိုးရက ျမန္မာစစ္ေကာင္စီတပ္ဖြဲ႔ေတြရဲ႕တိုက္ခိုက္မႈ ေတြမွာ အသုံးျပဳႏိုင္တဲ့ပစၥည္းေတြ တင္ပို႔တာကို ကုမၸဏီေတြဘက္က ရပ္တန႔္ေပးဖို႔ ေတာင္းဆိုထားေပမယ့္ ဘယ္အစိုးရကမွေတာ့ အမိန႔္အျဖစ္ မထုတ္ျပန္ေသးပါဘူး။

ခုလိုအခ်ိန္မွာ ဥေရာပသမဂၢ (EU) အေနနဲ႔ ျမန္မာစစ္တပ္နဲ႔ ျမန္မာ့ေရနံနဲ႔သဘာဝဓါတ္ေငြ႔လုပ္ငန္းကို ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈအသစ္ေတြ ခ်မွတ္ထားတာကို အေကာင္အထည္ေဖာ္သင့္ၿပီလို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ HRW က ဒီေန႔ ေတာင္းဆိုလိုက္ပါတယ္။

ဒါ့အျပင္ EU ကုမၸဏီေတြအေနနဲ႔ ျမန္မာႏိုင္ငံကေန ျပန္လည္႐ုပ္သိမ္းတဲ့အခါမွာလည္း ျမန္မာစစ္တပ္ကို အက်ိဳးအျမတ္ မျဖစ္ေစဖို႔ ဒဏ္ခတ္ပိတ္ဆို႔မႈ စည္းမ်ဥ္းေတြနဲ႔ အညီ လိုက္နာေအာင္ EU ဘက္က ႀကီးၾကပ္လုပ္ေဆာင္သင့္တယ္လို႔လည္း တိုက္ တြန္းထားပါတယ္။

EU က ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က ျမန္မာစစ္တပ္တာဝန္ရွိသူေတြအပါအဝင္ စစ္တပ္နဲ႔ဆက္ႏြယ္ေနတဲ့ ခ႐ိုနီေတြ နဲ႔ MOGE အပါအဝင္ စစ္တပ္ကထိန္းခ်ဳပ္ ထားတဲ့ စီးပြားေရးလုပ္ငန္းေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈအသစ္ေတြကို ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

အသစ္ခ်မွတ္လိုက္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ စြမ္းအင္ကုမၸဏီ အေတာ္မ်ားမ်ားဟာ ျမန္မာႏိုင္ငံမွာလုပ္ေနတဲ့ သူတို႔ရဲ႕လုပ္ငန္းေတြကို ရပ္ဆိုင္းဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အခုလို ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္တဲ့အတြက္ ကုမၸဏီေတြအေနနဲ႔ သူတို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို MOGE နဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈမွာမပါဝင္တဲ့ တျခား ကုမၸဏီေတြကို လႊဲေျပာင္းေပးသြားမွာကိုလည္း စိုးရိမ္မႈေတြ တိုးလာေနပါတယ္။

အဲဒီလိုသာ MOGE ကို လႊဲေျပာင္းေပးခဲ့မယ္ဆိုရင္ ျမန္မာစစ္တပ္ကို ပိုၿပီးေတာ့ ႂကြယ္ဝခ်မ္းသာေစၿပီး ခိုင္မာ အားေကာင္းေစမွာ ျဖစ္တယ္လို႔ HRW အဖြဲ႕ရဲ႕ အာရွေရးရာဆိုင္ရာ ၫႊန္ၾကားေရးမႉး John Sifton က ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္၊ ၿဗိတိန္၊ ေနာ္ေဝး၊ ဂ်ပန္၊ ထိုင္း၊ ေတာင္ကိုရီးယား၊ ၾသစေၾတးလ်နဲ႔ တျခားႏိုင္ငံေတြအေနနဲ႔ အလားတူ အေရးယူမႈေတြကို အျမန္ဆုံးလုပ္ေဆာင္သင့္တယ္လို႔ ဒီ လူ႔အခြင့္အေရးအဖြဲ႕ေတြက ေတာင္းဆိုလိုက္ပါတယ္။

=================

[[Unicode]]

စစ်ကောင်စီကို လေယာဉ်ဆီရောင်းတာ ပိတ်ပင်ဖို့နဲ့ စွမ်းအင်လုပ်ငန်းပေါ်အရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

မြန်မာစစ်ကောင်စီကို လေယာဉ်ဆီရောင်းတာ ပိတ်ပင်ဖို့နဲ့ နိုင်ငံပိုင်စွမ်းအင်ဌာနကို အမြန်ဆုံးပိတ်ဆို့ဒဏ်ခတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေအနေနဲ့ အတိုက်အခံတွေအပေါ် လေကြောင်းက တိုက် ခိုက်နေတာမို့ လေယာဉ်ဆီတင်ပို့တာ ရပ်တန့်ဖို့နဲ့ မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် လက်တွေ့ ဒဏ်ခတ်အရေးယူဖို့လည်း နိုင်ငံတကာအစိုးရတွေကို တောင်းဆိုလိုက်တာပါ။

TOTAL နဲ့ Chevron တို့အပါအဝင် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင် ငံက ထွက်ခွာမယ်လို့ ကြေညာအပြီးမှာ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ Burma Campaign UK နဲ့ Justice for Myanmar စတဲ့ အဖွဲ့တွေရဲ့ အခုလို တောင်းဆိုမှုအပေါ် အာရုံစိုက်မှုပိုရလာနေပါတယ်။

မကြာသေးခင်ကပဲ ဗြိတိန်အစိုးရက မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှု တွေမှာ အသုံးပြုနိုင်တဲ့ပစ္စည်းတွေ တင်ပို့တာကို ကုမ္ပဏီတွေဘက်က ရပ်တန့်ပေးဖို့ တောင်းဆိုထားပေမယ့် ဘယ်အစိုးရကမှတော့ အမိန့်အဖြစ် မထုတ်ပြန်သေးပါဘူး။

ခုလိုအချိန်မှာ ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာစစ်တပ်နဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ထားတာကို အကောင်အထည်ဖော်သင့်ပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် EU ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကနေ ပြန်လည်ရုပ်သိမ်းတဲ့အခါမှာလည်း မြန်မာစစ်တပ်ကို အကျိုးအမြတ် မဖြစ်စေဖို့ ဒဏ်ခတ်ပိတ်ဆို့မှု စည်းမျဉ်းတွေနဲ့ အညီ လိုက်နာအောင် EU ဘက်က ကြီးကြပ်လုပ်ဆောင်သင့်တယ်လို့လည်း တိုက် တွန်းထားပါတယ်။

EU က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က မြန်မာစစ်တပ်တာဝန်ရှိသူတွေအပါအဝင် စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ခရိုနီတွေ နဲ့ MOGE အပါအဝင် စစ်တပ်ကထိန်းချုပ် ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

အသစ်ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စွမ်းအင်ကုမ္ပဏီ အတော်များများဟာ မြန်မာနိုင်ငံမှာလုပ်နေတဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို MOGE နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမှာမပါဝင်တဲ့ တခြား ကုမ္ပဏီတွေကို လွှဲပြောင်းပေးသွားမှာကိုလည်း စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

အဲဒီလိုသာ MOGE ကို လွှဲပြောင်းပေးခဲ့မယ်ဆိုရင် မြန်မာစစ်တပ်ကို ပိုပြီးတော့ ကြွယ်ဝချမ်းသာစေပြီး ခိုင်မာ အားကောင်းစေမှာ ဖြစ်တယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာဆိုင်ရာ ညွှန်ကြားရေးမှူး John Sifton က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်၊ ဗြိတိန်၊ နော်ဝေး၊ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ တခြားနိုင်ငံတွေအနေနဲ့ အလားတူ အရေးယူမှုတွေကို အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ ဒီ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
=================

XS
SM
MD
LG