သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ဘက္က ေက်းရြာမွာ ၃ နာရီၾကာ တုိက္ပြဲျဖစ္ခဲ့ 


တနသၤာရီတုိင္း၊ ပုေလာၿမိဳ႕နယ္ ပုေလာကုန္းေက်းရြာ


[[Zawgyi/Unicode]]


တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ ပုေလာကုန္းေက်းရြာမွာ ပ်ဴေစာထီးအဖြဲ႔ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ၾကား မတ္လ ၁၆ ရက္ ဗုဒၶဟူးေန႔က ပထမဆံုးအႀကိမ္တိုက္ပြဲေတြျဖစ္ပြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တုိက္ပြဲေတြျဖစ္ခဲ့ၿပီးေနာက္ ဒီေန႔ ၾကာသပေတးေန႔မွာေတာ့ အဲဒီေနရာမွာ စစ္တပ္ေတြ တပ္စြဲေနရာယူထားတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ပုေလာကုန္း႐ြာသားတခ်ဳိ႕ ေဘးလြတ္ရာ ထြက္ေျပးေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကုိ အလိမၼာက တင္ျပေပးထားပါတယ္။

တနသၤာရီတိုင္းထဲက ပုေလာၿမိဳ႕နယ္ ပုေလာကုန္းေက်းရြာမွာ စစ္ေကာင္စီလိုလားတဲ့ ပ်ဴေစာထီးေတြနဲ႔ ပုေလာျပည္သူ႔ကာကြယ္ေရးအဖြဲ႔တို႔ၾကား မတ္လ ၁၆ ရက္ မေန႔မနက္ပိုင္းက အခ်ိန္ ၃ နာရီၾကာ တိုက္ပြဲျဖစ္ပြားခဲ့ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ ပြဲေတြအတြင္း လက္နက္ႀကီး လက္နက္ငယ္သံေတြ ျပင္းျပင္းထန္ထန္ ၾကားေနရတာလို႔ ပုေလာကုန္းရြာခံ တဦးက ေျပာျပပါတယ္။

“တေနရာကေန အသံတသံ ေသနတ္သံေပ့ါ၊ ဒီအသံကထြက္လာတယ္။ ထြက္လာေတာ့ ဘယ္မွန္းမသိဘူး။ ဒါေပမယ့္ ပ်ဴေစာထီးေတြက ရမ္းၿပီးေတာ့ ျပန္ပစ္တာ၊ ေသနတ္သံထြက္လာေတာ့ ဒီဘက္က ပ်ဴေစာထီးက ျပန္ပတ္တာေပါ့။ အဲ့လို ဒီကေနတိုက္ပြဲစတာပါ၊ အျပန္အလွန္ပစ္ခတ္မႈျဖစ္သြားတာ၊ မနက္ ၆ နာရီကေန ၉ နာရီအထိျဖစ္တာရွင္။ လက္နက္ႀကီးအသံေတြလည္း ၾကားရတယ္။ ေသနတ္သံေတြလည္း ၾကားရတယ္။ တိုက္ပြဲျဖစ္တဲ့ အစြန္အဖ်ားေလာက္ပဲ ထြက္ေျပးတာ၊ ရြာဘုန္းႀကီးေက်ာင္းကို သြားတာလည္း ရွိတယ္။ တခ်ဳိ႕ဆုိလည္း အမ်ဳိးေတြ အိမ္မွာ သြားခိုေနတာလည္း ရွိတယ္။ ညီမတို႔ဘက္က အိမ္ေတြက အုတ္နဲ႔ကာထားတဲ့ အိမ္ေတြ မဟုတ္ဘူး။ ဒီေျပးတဲ့အိမ္ေတြက ဓနိနဲ႔ကာထားတဲ့ အိမ္ေတြ ေသနတ္ ဟိုဘက္ ဒီဘက္အျပန္အလွန္ပစ္တယ္ဆိုရင္ မလံုၿခံဳဘူးေပါ့၊ အဲ့လို လံုၿခံဳတဲ့ေနရာကိုေျပားတာေပါ့။”

အိမ္ေျခ ၇၀၀ ေလာက္႐ွိတဲ့ ပုေလာကုန္း႐ြာမွာ ဗုဒၶဟူးေန႔က တုိက္ပဲြေတြျဖစ္ခဲ့ၿပီးေနာက္ ဒီေန႔ ၾကာသပေတးေန႔မွာေတာ့ စစ္ေကာင္စီတပ္ေတြ ႐ြာထဲ ဝင္ေရာက္တပ္စြဲထားတယ္လို႔လည္း ေျပာပါတယ္။

“ရြာက ေက်ာင္းမွာ စာသင္ေက်ာင္းမွာ တပ္စြဲေနတာေပါ့။ ဒါေပမယ့္ (အင္အား) မမ်ားဘူး။ သူတို႔လည္း အရမ္းမမ်ားဘူး။”

ပုေလာကုန္းၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီကို လိုလားတဲ့ ပ်ဴေစာထီးအဖဲြ႔ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား ခုလို ပစ္ခတ္တိုက္ပြဲျဖစ္တာ ပထမဆံုးအႀကိမ္ျဖစ္ပါတယ္။ ပုေလာကုန္းရြာမွာ႐ွိတဲ့ ပ်ဴေစာထီးေခါင္ေဆာင္ဆိုသူရဲ႕ေနအိမ္ကို မတ္လ ၁၆ ရက္မနက္က ပုေလာျပည္သူ႔ကာကြယ္ေရးအဖြဲ႔က ဝင္ေရာက္ပစ္ခတ္ရာက ပ်ဴေစာထီးအဖြဲ႕ေတြနဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တယ္လို႔ ပုေလာ PDF က ဗီြအိုေအကို ေျပာပါတယ္။

“အဲ့ဒီရြာကေနၿပီးေတာ့ေပါ့ေနာ္၊ ဒီဘက္ကို ထိုးစစ္ေတြဘာေတြ ဆင္တာတို႔ ေနာက္ၿပီး အဲ့ဒီမွာ ေျခကုပ္ယူတာတို႔ ဘာတို႔ ညာတို႔ သူတို႔က အျမဲတမ္းရွိတယ္ေပါ့ေနာ္။ အဲ့ဒါေၾကာင့္မို႔လို႔ ဒီဘက္ကေနၿပီးေတာ့ ပစ္ၿပီးေတာ့ ဝင္တာေပါ့။ ေစာေစာႀကီးေနရာသြားယူထားၿပီးေတာ့ ဟို သတ္မွတ္ထားတဲ့ေနရာ ေရာက္ၿပီးဆိုတာနဲ႔ တၿပိဳင္နက္ထဲေပါ့ေနာ္ ဝင္ၿပီးေတာ့ စီးတာေပါ့။ ခုန ပ်ဴေစာထီးေခါင္းေဆာင္အိမ္ကို ဝင္စီးအခ်ိန္ (စစ္ေကာင္စီ)ဟိုဘက္ကေနၿပီးေတာ့ စစ္ကူလာတဲ့ အခ်ိန္မွာ လမ္းကေနၿပီးေတာ့ မိုင္းနဲ႔ခြဲတာ မိုင္းနဲ႔ခြဲေတာ့ အဲ့မွာ စစ္ေကာင္စီဘက္ကေနၿပီးေတာ့ ၂၀ ေက်ာ္ေလာက္ ေသသြာတာေပါ့ေနာ္။ အဲ့မွာ ဒဏ္ရာရတာကေတာ့ ၃၀ ေက်ာ္ေလာက္ေတာ့ ရွိမွာေပါ့၊ အမ်ားႀကီးပဲေလ။ သူတို႔ တန္းစီၿပီးဆင္းလာတဲ့အခ်ိန္မွာ(မိုင္းေဖာက္ခံရတယ္)။”

ထိခိုက္ေသဆံုးမႈနဲ႔ပတ္သက္လို႔ သူတို႔ေျပာတာကိုေတာ့ ဗြီအိုေအအေနနဲ႔ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြအေပၚ စစ္ေကာင္စီတပ္ေတြ ထိုးစစ္ဆင္ဖို႔အတြက္ ပ်ဴေစာထီးေတြက အေထာက္အပံ့ေပးေနတာေၾကာင့္ သြားေရာက္တိုက္ခိုက္ရတာလို႔ PDF ေတြဘက္က ေျပာပါတယ္။ ပုေလာကုန္းၿမိဳ႕နယ္ဘက္မွာ လႈပ္႐ွားေနတဲ့ PDF ေတြကို စစ္ေကာင္စီတပ္ေတြက ႐ွာေဖြ ဖမ္းဆီး ႐ွင္းလင္းတာမ်ဳိးေတြ မၾကာမၾကာ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီအေနနဲ႔ ပ်ဴေစာထီးအဖဲြ႔ေတြကို စစ္ပညာသင္ၾကားေပးတာ၊ စစ္လက္နက္ေထာက္ပံ့တာေတြ မလုပ္ပါဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရက ဗီြအိုေအကို ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ဘက်က ကျေးရွာမှာ ၃ နာရီကြာ တိုက်ပွဲဖြစ်ခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ ပျူစောထီးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြား မတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ်တိုက်ပွဲတွေဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့ ကြာသပတေးနေ့မှာတော့ အဲဒီနေရာမှာ စစ်တပ်တွေ တပ်စွဲနေရာယူထားတယ်လို့ ပြောပါတယ်။ ဒါကြောင့်ပုလောကုန်းရွာသားတချို့ ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်းထဲက ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ စစ်ကောင်စီလိုလားတဲ့ ပျူစောထီးတွေနဲ့ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား မတ်လ ၁၆ ရက် မနေ့မနက်ပိုင်းက အချိန် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက် ပွဲတွေအတွင်း လက်နက်ကြီး လက်နက်ငယ်သံတွေ ပြင်းပြင်းထန်ထန် ကြားနေရတာလို့ ပုလောကုန်းရွာခံ တဦးက ပြောပြပါတယ်။

“တနေရာကနေ အသံတသံ သေနတ်သံပေ့ါ၊ ဒီအသံကထွက်လာတယ်။ ထွက်လာတော့ ဘယ်မှန်းမသိဘူး။ ဒါပေမယ့် ပျူစောထီးတွေက ရမ်းပြီးတော့ ပြန်ပစ်တာ၊ သေနတ်သံထွက်လာတော့ ဒီဘက်က ပျူစောထီးက ပြန်ပတ်တာပေါ့။ အဲ့လို ဒီကနေတိုက်ပွဲစတာပါ၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်သွားတာ၊ မနက် ၆ နာရီကနေ ၉ နာရီအထိဖြစ်တာရှင်။ လက်နက်ကြီးအသံတွေလည်း ကြားရတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ တိုက်ပွဲဖြစ်တဲ့ အစွန်အဖျားလောက်ပဲ ထွက်ပြေးတာ၊ ရွာဘုန်းကြီးကျောင်းကို သွားတာလည်း ရှိတယ်။ တချို့ဆိုလည်း အမျိုးတွေ အိမ်မှာ သွားခိုနေတာလည်း ရှိတယ်။ ညီမတို့ဘက်က အိမ်တွေက အုတ်နဲ့ကာထားတဲ့ အိမ်တွေ မဟုတ်ဘူး။ ဒီပြေးတဲ့အိမ်တွေက ဓနိနဲ့ကာထားတဲ့ အိမ်တွေ သေနတ် ဟိုဘက် ဒီဘက်အပြန်အလှန်ပစ်တယ်ဆိုရင် မလုံခြုံဘူးပေါ့၊ အဲ့လို လုံခြုံတဲ့နေရာကိုပြေားတာပေါ့။”

အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ပုလောကုန်းရွာမှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် ဒီနေ့ ကြာသပတေးနေ့မှာတော့ စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်ရောက်တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။

“ရွာက ကျောင်းမှာ စာသင်ကျောင်းမှာ တပ်စွဲနေတာပေါ့။ ဒါပေမယ့် (အင်အား) မများဘူး။ သူတို့လည်း အရမ်းမများဘူး။”

ပုလောကုန်းမြို့နယ်ထဲမှာ စစ်ကောင်စီကို လိုလားတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ခုလို ပစ်ခတ်တိုက်ပွဲဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပုလောကုန်းရွာမှာရှိတဲ့ ပျူစောထီးခေါင်ဆောင်ဆိုသူရဲ့နေအိမ်ကို မတ်လ ၁၆ ရက်မနက်က ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာက ပျူစောထီးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ပုလော PDF က ဗွီအိုအေကို ပြောပါတယ်။

“အဲ့ဒီရွာကနေပြီးတော့ပေါ့နော်၊ ဒီဘက်ကို ထိုးစစ်တွေဘာတွေ ဆင်တာတို့ နောက်ပြီး အဲ့ဒီမှာ ခြေကုပ်ယူတာတို့ ဘာတို့ ညာတို့ သူတို့က အမြဲတမ်းရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ဒီဘက်ကနေပြီးတော့ ပစ်ပြီးတော့ ဝင်တာပေါ့။ စောစောကြီးနေရာသွားယူထားပြီးတော့ ဟို သတ်မှတ်ထားတဲ့နေရာ ရောက်ပြီးဆိုတာနဲ့ တပြိုင်နက်ထဲပေါ့နော် ဝင်ပြီးတော့ စီးတာပေါ့။ ခုန ပျူစောထီးခေါင်းဆောင်အိမ်ကို ဝင်စီးအချိန် (စစ်ကောင်စီ)ဟိုဘက်ကနေပြီးတော့ စစ်ကူလာတဲ့ အချိန်မှာ လမ်းကနေပြီးတော့ မိုင်းနဲ့ခွဲတာ မိုင်းနဲ့ခွဲတော့ အဲ့မှာ စစ်ကောင်စီဘက်ကနေပြီးတော့ ၂၀ ကျော်လောက် သေသွာတာပေါ့နော်။ အဲ့မှာ ဒဏ်ရာရတာကတော့ ၃၀ ကျော်လောက်တော့ ရှိမှာပေါ့၊ အများကြီးပဲလေ။ သူတို့ တန်းစီပြီးဆင်းလာတဲ့အချိန်မှာ(မိုင်းဖောက်ခံရတယ်)။”

ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ သူတို့ပြောတာကိုတော့ ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပေါ် စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်ဖို့အတွက် ပျူစောထီးတွေက အထောက်အပံ့ပေးနေတာကြောင့် သွားရောက်တိုက်ခိုက်ရတာလို့ PDF တွေဘက်က ပြောပါတယ်။ ပုလောကုန်းမြို့နယ်ဘက်မှာ လှုပ်ရှားနေတဲ့ PDF တွေကို စစ်ကောင်စီတပ်တွေက ရှာဖွေ ဖမ်းဆီး ရှင်းလင်းတာမျိုးတွေ မကြာမကြာ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ပျူစောထီးအဖွဲ့တွေကို စစ်ပညာသင်ကြားပေးတာ၊ စစ်လက်နက်ထောက်ပံ့တာတွေ မလုပ်ပါဘူးလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောကြားထားပါတယ်။
=================

XS
SM
MD
LG