သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယင္းမာပင္ဘက္ တိုက္ပြဲျဖစ္ေနၿပီး ေဒသခံ ၂၀,၀၀၀ ေက်ာ္ အုိးအိမ္စြန္႔ ထြက္ေျပးေနရ 


စစ္ကိုင္းတုိင္း၊ ယင္းမာပင္ၿမိဳ႕နယ္အတြင္းက တိုက္ပြဲေတြရွိေနတဲ့ ကန္သာ၊ သီးကုန္းနဲ႔ အိုးဘိုေက်းရြာမ်ား။ (MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက သီးကုန္းေက်း႐ြာနဲ႔ အိုးဘိုေက်း႐ြာတို႔ဘက္မွာ တိုက္ပြဲေတြျဖစ္ေနပါတယ္။ စစ္ေကာင္စီတပ္ေတြက ေက်း႐ြာေတြကို တ႐ြာဝင္ တ႐ြာထြက္ နယ္ေျမရွင္းလင္းေရး လုပ္တာေၾကာင့္ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ ထိေတြ႔တိုက္ပြဲျပင္းထန္ေနတာ ၃ ရက္ဆက္တိုက္႐ွိေနၿပီး ေက်း႐ြာ ၉ ႐ြာေလာက္က ျပည္သူ ၂ ေသာင္းေက်ာ္ေလာက္ ေဘးလြတ္ရာ ထြက္ေျပးပုန္းေ႐ွာင္ေနၾကရပါတယ္။ တိုက္ပြဲေတြအတြင္း ေဒသခံျပည္သူတခ်ဳိ႕ ေသဆံုးမႈေတြလည္း႐ွိေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မအိသန္႔စင္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက သီးကုန္း႐ြာအနီးမွာ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ မိတ္ဖက္အဖြဲ႕ေတြ စုေပါင္းထားနဲ႔ ျပည့္သူကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ မတ္လ ၁၀ ရက္ ဒီကေန႔ မနက္ ၁ နာရီေလာက္ ကတည္းက တိုက္ပြဲေတြ ျဖစ္ခဲ့တယ္လို႔ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုခန္႔က VOA ကို ေျပာပါတယ္။

“သီးကုန္း႐ြာက ဘုန္းႀကီးေက်ာင္းမွာ မေန႔က တပ္စြဲထားခဲ့တယ္။ တပ္စြဲထားခဲ့ၿပီးေတာ့ မေန႔ က တနာရီေလာက္မွာ က်ေနာ္တို႔နဲ႔ ထပ္ၿပီးေတာ့ ထိေတြ႔တိုက္ပြဲေတြ ႀကီးႀကီးမားမားျဖစ္တာရွိခဲ့တယ္။ ဒီကေန႔ မနက္မွာကေတာ့ ရန္သူစစ္ေၾကာင္းက သီးကုန္း႐ြာရဲ႕ ေျမာက္ဘက္ေပါ့ေနာ္။ အဲဒီဘက္ကိုတက္သြားေတာ့ ခု က်ေနာ္တို႔လိုက္ၿပီးေတာ့ လိုက္လံ ပစ္ခတ္တာေတြ ဒလစပ္ ျဖစ္ခဲ့တယ္။”

ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ အခုရက္ပိုင္းတိုက္ပြဲေတြေၾကာင့္ ရွမ္း႐ြာ၊ ကံသာ၊ လက္ပံေတာ၊ သီးကုန္း၊ ျပန္လွည့္၊ ေ႐ႊေညာင္ပင္၊ ေညာင္ႏႈန္း၊ ငေဖာင္၊ အိုးဘို၊ ေက်ာက္ျပဳတ္ စတဲ့ေက်း႐ြာေတြက ႐ြာသားေတြအားလုံး ထြက္ေျပးေနၾကရတာပါ။ ဒီ႐ြာေတြကေန စစ္ေဘးေရွာင္ေနၾကတဲ့ အေရအတြက္က ၂ ေသာင္းေက်ာ္ေလာက္ရွိပါတယ္။ တခ်ိဳ႕႐ြာေတြက ႐ြာသားတခ်ိဳ႕က ႐ြာထဲက ေနအိမ္ေတြကို ျပန္သြားၾကည့္တာမ်ဳိး ရွိေပမယ့္ အမ်ားစုကေတာ့ ႐ြာကိုျပန္မလာႏိုင္ၾကေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ကံသာ႐ြာက ႐ြာသားတဦးကေတာ့ လက္ရွိမွာ စစ္ေကာင္စီတပ္ေတြထြက္သြားၿပီမို႔ ႐ြာကို တခ်ိဳ႕တေလ ျပန္ဝင္လာၾကေပမယ့္ အမ်ားစုကေတာ့ ေၾကာက္လို႔ ျပန္မလာရဲၾကေသးဘူးလို႔ ေျပာပါတယ္။ ဗုဒၶဟူးေန႔က ကံသာ႐ြာမွာ လက္နက္ႀကီးနဲ႔ စစ္ေကာင္စီတပ္ေတြက ပစ္ခတ္လို႔ ဘုန္းႀကီးေက်ာင္းမွာ ပုန္းခိုေနတဲ့ ျပည္သူတခ်ိဳ႕ ေသဆုံးခဲ့ရပါတယ္။ လက္ရွိ ကံသာ႐ြာထဲက စစ္ေကာင္စီတပ္ေတြ ထြက္သြားၿပီးေနာက္ အေျခအေနတခ်ိဳ႕ကို သူက ခုလိုေျပာပါတယ္။

“က်ေနာ့္မိဘေတြကိုဆိုရင္ လုံၿခဳံမယ္လို႔ထင္တဲ့ အရပ္ေဒသျဖစ္တဲ့ ဘုန္းႀကီးေက်ာင္းကို ပို႔လိုက္တာ မွားသြားတယ္။ အေမနဲ႔အေဒၚနဲ႔ ဆုံးတဲ့ထဲပါသြားတယ္။ လက္နက္ၿပီးထိၿပီးေတာ့။ က်ေနာ့္အိမ္က သူတို႔တည္းတဲ့ ေနရာနဲ႔နီးေတာ့ အကုန္ဖ်က္ဆီးသြားတယ္။ ရွိတဲ့အစားအေသာက္ ေရခဲေသတၱာထဲရွိတာေတြ အကုန္ယူသြားတယ္။ ဖ်ာကအစေပါ့ဗ်ာ။ ႐ြာထဲမွာက ဘယ္လိုလဲဆိုေတာ့ က်ေနာ္က ကိုယ့္အိမ္ကိုပဲ အဓိကထားၾကည့္ရတာေပါ့။ သူမ်ားအိမ္ကိုက် မဝင္ရဲဘူးေလ။ က်ေနာ္တို႔တဲက၊ တဲဆိုတာထက္ လူေနဖို႔ ေဆာက္ထားတဲ့ အိမ္မႀကီးနဲ႔ ပစၥည္းထားဖို႔ ေဆာက္ထားတဲ့အေဆာက္အဦးကေတာ့ အေပၚက သြပ္ေတြ အေပါက္ေတြျဖစ္ကုန္တယ္။ ေရစင္ကို ႐ိုက္ခ်ိဳးသြားတယ္။ ပိုက္ေတြကိုေရာ။ အိမ္ေရွ႕အခန္းကို မီးရႈိ႕သြားတယ္။ မီးရႈိ႕သြားလို႔ ခုမီးမၿငိမ္းေသးတဲ့ဟာကို မီးၿငိမ္းေနရတယ္။”

စစ္ေဘးေရွာင္ေနရတဲ့ ျပည္သူေတြအေနနဲ႔ ေနထိုင္စရာ အခက္အခဲျဖစ္ေနပါတယ္။ အစားအေသာက္ကအစ ဘာပစၥည္းမွသယ္မလာႏိုင္ၾကတာေၾကာင့္ အရိပ္ရတဲ့ သစ္ပင္ေအာက္မွာ မိုးကာစေတြကို ခင္းၿပီးအိမ္ရတာမ်ိဳးေတြ ရွိသလို လွည္းပါတဲ့သူေတြ က လွည္းေပၚမွာ အိပ္ၾကရပါတယ္။ အစားအေသာက္အတြက္လည္း အေတာ္ေလးခက္ခဲတဲ့ အေျခအေနမ်ိဳးျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြက ယင္းမာပင္နယ္တခြင္မွာ စစ္အင္အားအေျမာက္အမ်ား တိုးခ်ဲ႕ထားၿပီး တ႐ြာဝင္တ႐ြာထြက္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို လိုက္႐ွာ နယ္ေျမ႐ွင္းလင္းေနပံုရတယ္လို႔ ေဒသခံေတြနဲ႔ ကာကြယ္ေရးတပ္ေတြဘက္က ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ယင်းမာပင်ဘက် တိုက်ပွဲဖြစ်နေပြီး ဒေသခံ ၂၀,၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက သီးကုန်းကျေးရွာနဲ့ အိုးဘိုကျေးရွာတို့ဘက်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းရေး လုပ်တာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ဆက်တိုက်ရှိနေပြီး ကျေးရွာ ၉ ရွာလောက်က ပြည်သူ ၂ သောင်းကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။ တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူတချို့ သေဆုံးမှုတွေလည်းရှိနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မအိသန့်စင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက သီးကုန်းရွာအနီးမှာ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေ စုပေါင်းထားနဲ့ ပြည့်သူကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၁၀ ရက် ဒီကနေ့ မနက် ၁ နာရီလောက် ကတည်းက တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က VOA ကို ပြောပါတယ်။

“သီးကုန်းရွာက ဘုန်းကြီးကျောင်းမှာ မနေ့က တပ်စွဲထားခဲ့တယ်။ တပ်စွဲထားခဲ့ပြီးတော့ မနေ့ က တနာရီလောက်မှာ ကျနော်တို့နဲ့ ထပ်ပြီးတော့ ထိတွေ့တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်တာရှိခဲ့တယ်။ ဒီကနေ့ မနက်မှာကတော့ ရန်သူစစ်ကြောင်းက သီးကုန်းရွာရဲ့ မြောက်ဘက်ပေါ့နော်။ အဲဒီဘက်ကိုတက်သွားတော့ ခု ကျနော်တို့လိုက်ပြီးတော့ လိုက်လံ ပစ်ခတ်တာတွေ ဒလစပ် ဖြစ်ခဲ့တယ်။”

ယင်းမာပင်မြို့နယ်ထဲမှာ အခုရက်ပိုင်းတိုက်ပွဲတွေကြောင့် ရှမ်းရွာ၊ ကံသာ၊ လက်ပံတော၊ သီးကုန်း၊ ပြန်လှည့်၊ ရွှေညောင်ပင်၊ ညောင်နှုန်း၊ ငဖောင်၊ အိုးဘို၊ ကျောက်ပြုတ် စတဲ့ကျေးရွာတွေက ရွာသားတွေအားလုံး ထွက်ပြေးနေကြရတာပါ။ ဒီရွာတွေကနေ စစ်ဘေးရှောင်နေကြတဲ့ အရေအတွက်က ၂ သောင်းကျော်လောက်ရှိပါတယ်။ တချို့ရွာတွေက ရွာသားတချို့က ရွာထဲက နေအိမ်တွေကို ပြန်သွားကြည့်တာမျိုး ရှိပေမယ့် အများစုကတော့ ရွာကိုပြန်မလာနိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကံသာရွာက ရွာသားတဦးကတော့ လက်ရှိမှာ စစ်ကောင်စီတပ်တွေထွက်သွားပြီမို့ ရွာကို တချို့တလေ ပြန်ဝင်လာကြပေမယ့် အများစုကတော့ ကြောက်လို့ ပြန်မလာရဲကြသေးဘူးလို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့က ကံသာရွာမှာ လက်နက်ကြီးနဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ ပြည်သူတချို့ သေဆုံးခဲ့ရပါတယ်။ လက်ရှိ ကံသာရွာထဲက စစ်ကောင်စီတပ်တွေ ထွက်သွားပြီးနောက် အခြေအနေတချို့ကို သူက ခုလိုပြောပါတယ်။

“ကျနော့်မိဘတွေကိုဆိုရင် လုံခြုံမယ်လို့ထင်တဲ့ အရပ်ဒေသဖြစ်တဲ့ ဘုန်းကြီးကျောင်းကို ပို့လိုက်တာ မှားသွားတယ်။ အမေနဲ့အဒေါ်နဲ့ ဆုံးတဲ့ထဲပါသွားတယ်။ လက်နက်ပြီးထိပြီးတော့။ ကျနော့်အိမ်က သူတို့တည်းတဲ့ နေရာနဲ့နီးတော့ အကုန်ဖျက်ဆီးသွားတယ်။ ရှိတဲ့အစားအသောက် ရေခဲသေတ္တာထဲရှိတာတွေ အကုန်ယူသွားတယ်။ ဖျာကအစပေါ့ဗျာ။ ရွာထဲမှာက ဘယ်လိုလဲဆိုတော့ ကျနော်က ကိုယ့်အိမ်ကိုပဲ အဓိကထားကြည့်ရတာပေါ့။ သူများအိမ်ကိုကျ မဝင်ရဲဘူးလေ။ ကျနော်တို့တဲက၊ တဲဆိုတာထက် လူနေဖို့ ဆောက်ထားတဲ့ အိမ်မကြီးနဲ့ ပစ္စည်းထားဖို့ ဆောက်ထားတဲ့အဆောက်အဦးကတော့ အပေါ်က သွပ်တွေ အပေါက်တွေဖြစ်ကုန်တယ်။ ရေစင်ကို ရိုက်ချိုးသွားတယ်။ ပိုက်တွေကိုရော။ အိမ်ရှေ့အခန်းကို မီးရှို့သွားတယ်။ မီးရှို့သွားလို့ ခုမီးမငြိမ်းသေးတဲ့ဟာကို မီးငြိမ်းနေရတယ်။”

စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ နေထိုင်စရာ အခက်အခဲဖြစ်နေပါတယ်။ အစားအသောက်ကအစ ဘာပစ္စည်းမှသယ်မလာနိုင်ကြတာကြောင့် အရိပ်ရတဲ့ သစ်ပင်အောက်မှာ မိုးကာစတွေကို ခင်းပြီးအိမ်ရတာမျိုးတွေ ရှိသလို လှည်းပါတဲ့သူတွေ က လှည်းပေါ်မှာ အိပ်ကြရပါတယ်။ အစားအသောက်အတွက်လည်း အတော်လေးခက်ခဲတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေက ယင်းမာပင်နယ်တခွင်မှာ စစ်အင်အားအမြောက်အများ တိုးချဲ့ထားပြီး တရွာဝင်တရွာထွက် ပြည်သူ့ကာကွယ်ရေးတပ်တွေကို လိုက်ရှာ နယ်မြေရှင်းလင်းနေပုံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က ပြောဆိုကြပါတယ်။
==============

XS
SM
MD
LG