သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တုပ်ကွေးအန္တရာယ် WHO သတိပေး


အအေးမိရောဂါကာကွယ်ဆေးတွေကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်းမှာ ကမ္ဘာတဝှမ်း တိုးမြှင့်ထောက်ပံ့မှုတွေရှိခဲ့ပေမယ့်လည်း အအေးမိရောဂါဟာ ကပ်ရောဂါတခုအဖြစ်နဲ့ ရှိနေသေးတယ်ဆိုတဲ့အကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။

၂၀၀၆ ခုနှစ်ကနေပြန်ကြည့်မယ်ဆိုရင် ကပ်ရောဂါလိုဖြစ်နေတဲ့ အအေးမိရောဂါကို တိုက်ဖျက်ရာမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ တိုင်းပြည်တွေအနေနဲ့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို တွေ့ရတယ်လို့ WHO က ပြောပါတယ်။ တချိန်တည်းမှာပဲ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကမ္ဘာတဝှမ်းမှာပျံ့နှံ့ခဲ့တဲ့အတွက် စိုးရိမ်းမှုတွေဖြစ်ခဲ့ကြရပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အအေးမိရောဂါ ကာကွယ်ဆေးတွေထိုးဖို့အတွက် အဓိက ရည်ရွယ်ချက် သုံးခုပါတဲ့ GAP ကမ္ဘာတဝှမ်း လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်အစီအစဉ်တခုကို WHO က ချမှတ်ခဲ့ပါတယ်။

အဲဒီထဲမှာ ရာသီပေါ်အခြေခံပြီးထိုးရမယ့်ကာကွယ်ဆေး၊ ကပ်ရောဂါကိုတိုက်ဖျက်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေးတွေ တိုးမြှင့်ထုတ်လုပ်ရေးတွေအပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပုံမှန်စွမ်းရေမြှင့်တင်ရေး၊ ပိုမိုကောင်းမွန်တဲ့ကာကွယ်ဆေးတွေရရှိဖို့အတွက် သုတေသနလုပ်ငန်းတွေကို အားပေးလုပ်ဆောင်ဖို့တွေပါဝင်ပါတယ်။

အခုအခါမှာ အဲဒီအစီအစဉ်တွေဟာအဆုံးသတ်သွားပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကာလအတွင်း အအေးမိ ကပ်ရောဂါ အတွက် ကမ္ဘာတဝှမ်းရဲ့ ပြင်ဆင်မှုတွေဟာ အင်မတန်မှတိုးတက်ကောင်းမွန်လာတယ်ဆိုပေမယ့် ဒီအအေးမိ ကပ်ရောဂါ အန္တရာယ်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာလည်း ရင်ဆိုင်နေရသေးတဲ့အတွက် ဒါကိုလက်လျော့လို့မဖြစ်သေးကြောင်း၊ WHO ရဲ့ အထွေထွေကျန်းမာရေးစနစ်နဲ့ ဆန်းသစ်ပြောင်းလဲခြင်းအစီအစဉ်က လက်ထောက် ညွှန်ကြားရေးမှူး Marie-Paule Kieny က ပြောပါတယ်။

တုပ်ကွေးအန္တရာယ် WHO သတိပေး
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG