သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WikiLeaks တည်ထောင်သူ Julian Assange ကို အမေရိကန်လွဲှပြောင်းရေး ဗြိတိန်ပယ်ချ


(Zawgyi/Unicode)

လ ျှို့ဝှက် သတင်းတွေဖေါက်ချတဲ့ WikiLeaks ဝက်ဘ်ဆိုဒ်ကို တည်ထောင်သူ Julian Assange ကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးရင် အမေရိကန်ထောင်ထဲမှာ သူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် အန္တရာယ် ရှိတာကြောင့် သူ့ကို လွှဲပြောင်းမပေးဖို့ ဗြိတိန်တရားသူကြီး Vanessa Baraitser က တနင်္လာနေ့မှာ အမိန့်ချလိုက်ပါတယ်။

Assange ဟာ အမေရိကန်အထူးလ ျှို့ဝှက် အချက်လက်တွေကို ခိုးယူမှု၊ ကွန်ပြူတာဖောက်ထွင်းမှု အပြင် အမေရိကန် သတင်းပေးတွေ ဘယ်သူဘယ်ဝါဆိုတာ ဖောက်ချမှု တွေနဲ့ ပတ်သက်ပြီး အမေရိကန် ဗဟိုအစိုးရက အမှု ၁၈ မှု စွဲချက်အတင်ခံနေရသူ ဖြစ်ပါတယ်။

အစိုးရရှေ့နေတွေက ဒီအမိန့်အတွက် အယူခံဝင်ခဲ့သလို Assange ကို ထောက်ခံသူတွေကတော့ Old Bailey ရာဇဝတ်တရားရုံး အပြင်မှာ အောင်ပွဲခံခဲ့ကြတာပါ။ အမေရိကန်အစိုးရက သူ့အပေါ် တရားစွဲဆို ထားတာကို ပယ်ဖျက်ပေးဖို့လည်း Assange ရဲ့ အမျိုးသမီးက တောင်းဆိုခဲ့ပါတယ်။

Assange ရဲ့ ရှေ့နေတွေကတော့ သူ့ကို အခုလို တရားစွဲဆိုမှုဟာ နိုင်ငံရေးရည်ရွယ်ချက်ကြောင့် ဖြစ်တဲ့ အတွက် သူ့ကို အမေရိကန်နိုင်ငံပြန်ပို့တာဟာ အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။ အမေရိကန် အစိုးရရှေ့နေတွေကတော့ ဒီစွပ်စွဲမှုဟာ မမှန်ကန်ကြောင်း ငြင်းဆိုပါတယ်။

၂၀၁၀ - ၂၀၁၁ ခုနှစ် အတွင်း Assange တာဝန်ယူထုတ်ဝေတဲ့ WikiLeaks ကနေ သောင်းနဲ့ချီတဲ့ သံတမန် ဆက်သွယ်ပြောကြားချက်တွေ၊ အီရတ်နဲ့ အာဖဂန် စစ်ပွဲဆိုင်ရာ စစ်တပ်သတင်းပေးပို့ချက် တွေကို ဖောက်ချမှုဖြစ်ပွားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်


..............


(Unicode)






XS
SM
MD
LG