သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက်ဝန်ကြီး William R. Brownfield မြန်မာပြည်သွားမည်


 အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield 
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield 

နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ ဥပဒေရေးရာဌာနရဲ့ (INL ) အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William R. Brownfield ဟာ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၂ ရက်အထိ ဖိလစ်ပိုင်၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေကို သွားဖို့ရှိပါတယ်။

ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး တိုးတက်လာ စေရေး အတွက် အမေရိကန်က ခိုင်မာအားကောင်းတဲ့ အကူအညီတွေပေးရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ လက်ထောက်ဝန်ကြီးဟာ နှစ် နိုင်ငံ လုံးမှာ အပူတပြင်း ရင်ဆိုင်နေရတဲ့ ရာဇဝတ်မှုခင်းတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်တဲ့ အဆင့်မြင့်ဆွေးနွေးပွဲဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အမေရိကန်-တရုတ် ဆက်ဆံရေးအဖွဲ့ JLG မှာ အမေရိကန်ကိုယ်စားလှယ်ရဲ့ တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Brownfield က နိုဝင်ဘာလ ၁၄ ကနေ ၁၆ ရက်နေ့အထိ ဖိလစ်ပိုင်မှာ အမျိုးသားဥပဒေရေးရာဌာနနဲ့ ဗဟိုတရားရုံးချုပ် က အကြီးတန်းခေါင်းဆောင်ပိုင်းနဲ့ တွေ့ပြီး - တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတရေးဆိုင်ရာ ကိစ္စတွေမှာ INL ရဲ့ ထောက်ပံ့ကူညီမှုတွေ တိုးမြှင့်ဆောင်ရွက် ရေးကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်နဲ့ ဖိလစ်ပိုင်နိုင်ငံအတွင်း ထိရောက်မှုရှိပြီး မူးယစ်ဆေးဝါးဆိုင်ရာ လူသားဆန်တဲ့ ဆောင်ရွက်မှုတွေအတွက်လည်း ဆွေးနွေးဖို့ရှိပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ နေထိုင်ပြီး မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတည်ဆောက်ရေး၊ ရဲတပ်ဖွဲ့ ဝင်တွေ အတွက် ပိုပြီးကောင်းမွန်တဲ့သင်တန်းတွေ ပို့ချပေးရေးနဲ့ မူးယစ်ဆေးဝါးဆိုင်ရာကိုင်တွယ်ဆောင်ရွက်မှုနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ပိုပြီး ထိရောက်အောင်ဆောင်ရွက်ရေးတွေမှာ အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး အားကောင်းခိုင်မာလာရေး ဆွေးနွေးသွားမှာဖြစ်ပါတယ်။

နောက်ဆုံးခရီးစဉ်နိုင်ငံအဖြစ် နိုဝင်ဘာ ၂၁ နဲ့ ၂၂ တွေမှာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်ရှိမယ့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဥပဒေရေးရာနဲ့ အမိမြေလုံခြုံရေးဆိုင်ရာ ဌာနက အကြီးတန်းအရာရှိတွေဟာ JLG ရဲ့ ၁၄ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပါလိမ့်မယ်။

JLG အဖွဲ့ဟာ အမေရိကန်-တရုတ် ဥပဒေရေးရာ ဆွေးနွေးပွဲမှာ အရေးပါတဲ့နေရာကနေ တာဝန်ယူထားပြီး JLG အဖွဲ့ဟာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးက စိုးရိမ်ပူပန်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေစိုးမိုးရေးအပေါ်မှာ အဓိကအာရုံစိုက်ထားတဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲအဖြစ် အဆင့်ဆင့် တိုးမြှင့်ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။

အန္တရာယ်ကြီးတဲ့ ဆေးဝါးအတု ထုတ်လုပ်မှုနဲ့ မှောင်ခိုကူးသန်းရောင်းဝယ်မှု၊ ဆိုင်ဘာရာဇဝတ်မှု နဲ့ အဂတိလိုက်စားမှုတွေအပါအဝင် နှစ်နိုင်ငံကြားက လတ်တလော စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့လည်း JLG မှာ ဆွေးဆွေးဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG