သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျိုကိုဗစ်ရှ် ပထမဆုံးအကြိမ် ဝင်ဘယ်လ်ဒန် ချန်ပီယံဖြစ်

၀င်ဘယ်လ်ဒန် တင်းနစ်ချန်ပီယံ နိုဗက်ခ် ဂျိုကိုဗစ်ရှ်။ ဇူလိုင် ၃၊ ၂၀၁၁။
၀င်ဘယ်လ်ဒန် တင်းနစ်ချန်ပီယံ နိုဗက်ခ် ဂျိုကိုဗစ်ရှ်။ ဇူလိုင် ၃၊ ၂၀၁၁။

တနင်္ဂနွေနေ့က ပြီးသွားတဲ့ အမျိုးသား တဦးချင်း ဝင်ဘယ်လ်ဒန် (Wimbledon) တင်းနစ် ချန်ပီယံလုပွဲမှာ ဆားဘီးယားက နိုဗက်ခ် ဂျိုကိုဗစ်ရှ် (Novak Djokovic) က စပိန်က ရာဖေးလ် နာဒဲလ် (Rafael Nadal) ကို ၄ ပွဲအနိုင်ရိုက်ပြီး ဒီနှစ် ချန်ပီယံဖလားကို ရသွားပါတယ်။

ပထမ ၂ ပွဲမှာ ဂျိုကိုဗစ်ရှ်က ၆-၄၊ ၆-၁ နဲ့ နိုင်နေပေမဲ့ တတိယပွဲမှာတော့ နာဒဲလ်က ၆-၁ နဲ့ ပြန်အနိုင်ရိုက်ခဲ့ပါတယ်။ စတုတ္ထပွဲမှာ ဂျိုကိုဗစ်ရှ်က ၆-၃ နဲ့ အနိုင်ပြန်ရိုက်ပြီး ဝင်ဘယ်လ်ဒန် ချန်ပီယံ ဖြစ်သွားတာပါ။

အသက် ၂၄ နှစ်အရွယ် ဂျိုကိုဗစ်ရှ်အတွက် ဒါဟာ ပထမဆုံး ဝင်ဘယ်လ်ဒန် ဆုဖလားကြီးကို ရတာဖြစ်ပါတယ်။

ကြီးလေးကြီးလို့ ပြောကြတဲ့ Grand slam ဆုကြီး ၄ ဆုထဲမှာ ဒီနှစ် Australia Open ဆုကြီးကိုလည်း ရထားတဲ့အတွက် ဒါဟာ ဂျိုကိုဗစ်ရှ်အတွက် ဒီနှစ်ထဲ ဒုတိယမြောက် Grand slam ဆုကြီးကို ရခဲ့တာပါ။

ကမ္ဘာ့ Seeding အဆင့် ၁ ကနေ ဖယ်ပေးလိုက်ရတဲ့ နာဒဲလ်အတွက်ကတော့ မှန်းထားတဲ့ ၃ ကြိမ်မြောက် ဝင်ဘယ်လ်ဒန် ဆုကြီးနဲ့ ဝေးခဲ့ရတာ ဖြစ်သလို ၁၁ ဆုမြောက် Grand slam ဆုကြီးကိုလည်း လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG