သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wisdom Hill နေ့ကလေးထိန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု တရားရုံးအမှုစတင်ကြားနာ


စွပ်စွဲခံရသူရဲ့ ရှေ့နေ ဦး ခင်မောင်ဇော် သတင်းထောက်တွေကို ပြောကြားစဉ်
စွပ်စွဲခံရသူရဲ့ ရှေ့နေ ဦး ခင်မောင်ဇော် သတင်းထောက်တွေကို ပြောကြားစဉ်

နေပြည်တော်ရှိ Wisdom Hill နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မ ပြုကျင့်ခံရတဲ့ကိစ္စ တရားရုံးမှာ စစ်ဆေးကြားနာမှု စတင်နေပြီဖြစ်ကြောင်း အေပီ သတင်းတစ်ရပ်မှာ ပါရှိပါတယ်။ သံသယရှိခံရသူ ကိုအောင်ကျော်မျိုးဟာ နေပြည်တော် ဒက္ခိဏ သီရိ ခရိုင် တရားရုံးမှာ ၁၅ မိနစ်ကြာ ကြားနာစစ်ဆေးခံခဲ့ပါတယ်။

သံသယရှိခံရသူ ကိုအောင်ကျော်မျိုးကို မေလအတွင်းက ပထမဆုံး ရဲက ဖမ်းဆီးခဲ့သော်လည်း သက်သေ အထောက်အထား မခိုင်လုံတာ ကြောင့် ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ အဓမ္မ ပြုကျင့်ခံရသူ မိန်းကလေးငယ် နာမည်ကို နစ်နာမှာကြောင့် မဖော်ပြပေမယ့် ဗစ်တိုးရီယား ဆိုတဲ့ နာမည်ဝှက်နဲ့ သူ့ကို စာနာသူတွေက ခေါ်ဝေါ်ကြပါတယ်။

ဒီ အမှုမှာ အမှန်တရား ပေါ်ပေါက်ဖို့ နိုင်ငံအတွင်း မြို့တွေမှာ ဆန္ဒပြပွဲတွေ ရှိသလို လူ အတော်များများကတော့ စွပ်စွဲခံနေရသူဟာ တကယ့် တရားခံ မဟုတ်ဘူးဆိုတဲ့ သဘောထား အမြင်တွေလည်း ရှိနေပါတယ်။

စွပ်စွဲခံရသူရဲ့ ရှေ့နေ ဦး ခင်မောင်ဇော်ကတော့ အမှန်တရား ရရှိရေးအတွက် ဦစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး သူ လွတ်မြောက်ရေးအတွက် ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ ပြောတဲ့အပြင် ပြစ်မှု ကျူးလွန်သူကိုလည်း ဖော်ထုတ်ဖို့ ကြိုးစား သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တရားရုံးအပြင်ဖက်မှာ ပိုများတဲ့ ဆန္ဒပြသူတွေ ရှိနေခဲ့ပါတယ်။ အောင်ကျော်မျိုးရဲ့ ဖခင်ဖြစ် ဦးမြသိန်းက သူ့သားမှာ အပြစ် မရှိကြောင်း ပြောပါတယ်။ နောက်တစ်ကြိမ် တရား ရုံးချိန်း ရက်ကတော့ ဇူလိုင် ၂၄ ရက်နေ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG