[Zawgyi]
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းယူခဲ့တာ တႏွစ္ ၾကာလာခဲ့ျပီးတဲ့ေနာက္ တိုင္းျပည္တြင္း လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ မတည္မျငိမ္ အေျခအေနေတြ ပိုဆိုးလာခဲ့ပါတယ္။ မျငိမ္းခ်မ္းေသးတဲ့ တိုင္းျပည္မွာ ျငိမ္းခ်မ္းေရးအတြက္ အမ်ိဳးသမီးေတြပူးေပါင္း ပါ၀င္မႈက ဘယ္ေလာက္ အေရးၾကီး ေနပါလဲ။ ျငိမ္းခ်မ္းေရး ၾကိဳးပမ္းမႈေတြမွာ အမ်ိဳးသမီးေတြ ဘယ္လို ပံုစံနဲ႔ ပူးေပါင္း ပါ၀င္ လႈပ္ရွားေနၾကသလဲ။ အကန္႔အသတ္ စိန္ေခၚမႈ ဘာေတြ ရွိေနလဲ။ ဘာေတြ ျပဳျပင္ ေျပာင္းလဲဖို႔ လိုအပ္ေနလဲ။ ျမန္မာ့ျငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ပါ၀င္မႈ အနာဂတ္ အလားအလာေတြကို အမ်ိဳးသမီးေရး တက္ၾကြလႈပ္ရွားသူ မခင္ေလးကို ဆက္သြယ္ ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြး တင္ဆက္ထားပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းယူခဲ့တာ တႏွစ္ ၾကာလာခဲ့ျပီးတဲ့ေနာက္ တိုင္းျပည္တြင္း လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ မတည္မျငိမ္ အေျခအေနေတြ ပိုဆိုးလာခဲ့ပါတယ္။ မျငိမ္းခ်မ္းေသးတဲ့ တိုင္းျပည္မွာ ျငိမ္းခ်မ္းေရးအတြက္ အမ်ိဳးသမီးေတြပူးေပါင္း ပါ၀င္မႈက ဘယ္ေလာက္ အေရးၾကီး ေနပါလဲ။ ျငိမ္းခ်မ္းေရး ၾကိဳးပမ္းမႈေတြမွာ အမ်ိဳးသမီးေတြ ဘယ္လို ပံုစံနဲ႔ ပူးေပါင္း ပါ၀င္ လႈပ္ရွားေနၾကသလဲ။ အကန္႔အသတ္ စိန္ေခၚမႈ ဘာေတြ ရွိေနလဲ။ ဘာေတြ ျပဳျပင္ ေျပာင္းလဲဖို႔ လိုအပ္ေနလဲ။ ျမန္မာ့ျငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ပါ၀င္မႈ အနာဂတ္ အလားအလာေတြကို အမ်ိဳးသမီးေရး တက္ၾကြလႈပ္ရွားသူ မခင္ေလးကို ဆက္သြယ္ ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြး တင္ဆက္ထားပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းယူခဲ့တာ တႏွစ္ ၾကာလာခဲ့ျပီးတဲ့ေနာက္ တိုင္းျပည္တြင္း လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ မတည္မျငိမ္ အေျခအေနေတြ ပိုဆိုးလာခဲ့ပါတယ္။ မျငိမ္းခ်မ္းေသးတဲ့ တိုင္းျပည္မွာ ျငိမ္းခ်မ္းေရးအတြက္ အမ်ိဳးသမီးေတြပူးေပါင္း ပါ၀င္မႈက ဘယ္ေလာက္ အေရးၾကီး ေနပါလဲ။ ျငိမ္းခ်မ္းေရး ၾကိဳးပမ္းမႈေတြမွာ အမ်ိဳးသမီးေတြ ဘယ္လို ပံုစံနဲ႔ ပူးေပါင္း ပါ၀င္ လႈပ္ရွားေနၾကသလဲ။ အကန္႔အသတ္ စိန္ေခၚမႈ ဘာေတြ ရွိေနလဲ။ ဘာေတြ ျပဳျပင္ ေျပာင္းလဲဖို႔ လိုအပ္ေနလဲ။ ျမန္မာ့ျငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ပါ၀င္မႈ အနာဂတ္ အလားအလာေတြကို အမ်ိဳးသမီးေရး တက္ၾကြလႈပ္ရွားသူ မခင္ေလးကို ဆက္သြယ္ ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြး တင္ဆက္ထားပါတယ္။
စစ္တပ္အာဏာသိမ္းထားတဲ့ ၿပီးခဲ့တဲ့ တႏွစ္တာ ကာလအတြင္း ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြက မတည္ၿငိမ္မႈေတြနဲ႔ ၿငိမ္းခ်မ္းေရး ပ်က္သုဥ္းတဲ့ အေျခအေနေတြ ေတြ႔ခဲ့ရၿပီးပါၿပီ။ ဒီလို မတည္မၿငိမ္ ျဖစ္ေနတဲ့ ႏိုင္ငံရဲ႕ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ႀကိဳးပမ္းမႈေတြမွာ အမ်ိဳးသမီးေတြရဲ႕ ပူးေပါင္း ပါ၀င္မႈက ဘယ္ေလာက္ အေရးႀကီးပါလဲ။
“ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွ မဟုတ္ဘူးေပါ့ေနာ္။ ႏိုင္ငံေရး ျဖစ္စဥ္တေလွ်ာက္ လူမႈေရးဘ၀ေတြမွာလည္း အမ်ိဳးသမီးေတြရဲ႕ ပါ၀င္မႈက အေရးႀကီးပါတယ္။ တန္းတူ အေရးႀကီးပါတယ္။ ဘာလို႔လဲ ဆိုေတာ့ သူတို႔ဟာ တိုင္းျပည္လူဦးေရရဲ႕ ထက္၀က္ေက်ာ္လည္း ရွိတယ္။ ေနာက္တခုကေတာ့ ကိုယ္စားျပဳမႈအားျဖင့္ ၾကည့္မယ္ဆိုရင္လည္း လူဦးေရရဲ႕ ထက္၀က္ေက်ာ္ ရွိတာတင္မက မၿငိ္မ္းခ်မ္းျခင္းေၾကာင့္ ျဖစ္ေနတဲ့အက်ိဳးဆက္ေတြကို တိုက္႐ိုက္ခံစားရ တာက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြက ပိုမ်ားပါတယ္။ အဲ့ဒီအတြက္ တိုက္႐ိုက္ သက္ေရာက္ခံစားရသူေတြရဲ႕ အသံ၊ သူတို႔ရဲ႕ဒုကၡ၊ သူတို႔က ဘယ္လို ေျဖရွင္းေပးရင္ ေျပလည္ႏိုင္မယ္လို႔ ဆိုတဲ့ အၾကံျပဳခ်က္ေတြ မပါဘဲနဲ႔ေတာ့ က်မတို႔က ဘယ္ဟာမွ ေဆာင္ရြက္လို႔ ထိေရာက္တဲ့ ေအာင္ျမင္မႈ ရမယ္လို႔ေတာ့ က်မတို႔ မယံုၾကည္ပါဘူး။ ဒီအမ်ိဳးသမီးေတြ ပါ၀င္ေစျခင္း အားျဖင့္ ေဆြးေႏြးပြဲေတြ၊ လိပ္ခဲတည္းလည္း ျဖစ္ေနတာေတြ၊ အရမ္းကို အေရးတႀကီး တဘက္နဲ႔တဘက္ ျပင္းျပင္းထန္ထန္ ျဖစ္ေနတဲ့ကိစၥေတြမွာ အမ်ိဳးသမီးေတြက ၾကားကေန ေျဖာင့္ဖ်ၿပီး ေျပလည္ေအာင္ ေဆာင္ရြက္ေပးႏိုင္တဲ့ သာဓကေတြလည္း ကမာၻေပၚမွာ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ က်မတို႔ အမ်ိဳးသမီးေတြကို ၿငိမ္းခ်မ္းေရး စကားဝိုင္းမွာပဲ ျဖစ္ျဖစ္၊ အျခား ေနရာေတြမွာပဲ ျဖစ္ျဖစ္ ပါ၀င္ေဆာင္ရြက္ေစျခင္းအားျဖင့္ လိုအပ္တဲ့ လိုခ်င္တဲ့ရည္မွန္းခ်က္ကို ပိုၿပီးေတာ့ ျမန္ျမန္ ေရာက္တယ္ ဆိုတာကို က်မတို႔က တိုက္တြန္း ႏိႈးေဆာ္ရျခင္း ျဖစ္ပါတယ္။”
ဆုိေတာ့ လက္ရွိ အေျခအေနမွာေရာ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈ လုပ္ငန္းစဥ္ေတြမွာ အမ်ိဳးသမီးေတြ ဘယ္လို ပံုစံနဲ႔ ပါ၀င္ ေဆာင္ရြက္ေနတယ္လို႔ ေျပာႏိုင္ပါမလဲ။
“ဟုတ္ကဲ့ပါ။ ဒါဆိုရင္ေတာ့ က်မတို႔က ႏွစ္ပိုင္း ေျပာရမွာေပါ့ေနာ္။ စစ္အာဏာမသိမ္းခင္ အရင္တုန္းကေတာ့ NCA လမ္းေၾကာင္းကေနလည္း သြားၾကတယ္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြမွာ အမ်ိဳးသမီးေတြဟာ နည္းပညာပိုင္းအားျဖင့္ပဲ ျဖစ္ေစ၊ ပံ့ပိုးကူညီသူ အပိုင္းကပဲျဖစ္ေစ၊ ကိုယ္စားလွယ္အားျဖင့္ ျဖစ္ေစ တက္ေရာက္တာေတြ က်မတို႔ သတိထားမိပါတယ္။ က်မ ကိုယ္တိုင္ ကေတာ့ ကိုယ္တိုင္ တက္ေရာက္မႈမရွိေပမဲ ဒီၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ က်မတို႔ရဲ႕ အမ်ိဳးသမီး အစုအဖြဲ႔ေတြကို ကိုယ္စားျပဳၿပီးေတာ့ တက္ေရာက္တဲ့သူေတြလည္း ရွိတယ္။ ဟိုးအရင္ကထက္ ဟာရင္ေတာ့ အမ်ိဳးသမီးေတြက ပိုၿပီးေတာ့ အသံထြက္လာႏိုင္တယ္။ ပါ၀င္လာ ႏိုင္တယ္။ ဒါေပမဲ့ အားရေလာက္တဲ့ ကိုယ္စားျပဳမႈနဲ႔ အမ်ိဳးသမီးေတြရဲ႕ အသံကို တကယ္ကို အေလးထားၿပီးေတာ့ စဥ္းစားေပးတာကေတာ့ အားနည္းေနေသးတယ္။ ဒါေပမဲ့ က်မတို႔က လုံး၀ မရွိတာထက္ စာရင္ေတာ့ နည္းနည္းေလး ရွိလာတာကိုလည္း က်မတို႔က ႀကိဳဆိုပါတယ္။”
“ဒါေပမဲ့ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ ပံုစံတမ်ိဳး ေျပာင္းသြားၿပီလို႔ က်မတို႔ ယူဆပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို၊ NCA နဲ႔တကြ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို စစ္အာဏာသိမ္းလိုက္တဲ့အတြက္ ပ်က္ျပယ္သြားၿပီလို႔ တခ်ိဳ႕ေသာ တိုင္းရင္းသား ေခါင္းေဆာင္ေတြက ေျပာၾကတာကိုလည္း က်မတို႔ နားေထာင္ဖူးပါတယ္။ ေယဘုယ် ျခံဳေျပာရရင္ေတာ့ စစ္အာဏာသိမ္းထားတဲ့၊ မတရား သိမ္းထားတဲ့သူကေန ဦးေဆာင္ၿပီးေတာ့ ၿငိမ္းခ်မ္းေအာင္၊ ေန႔စဥ္ သတ္ျဖတ္ေနတဲ့ သူကေန ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ဦးေဆာင္ပါမယ္ ဆိုတာေတာ့ ဘယ္လိုမွ အဓိပၸါယ္မရွိတဲ့ လုပ္ငန္း ျဖစ္တဲ့အတြက္ ဒီဟာကိုေတာ့ က်မ တကိုယ္တည္း ေျပာရရင္ေတာ့ အယံုအၾကည္ မရွိပါဘူး။
“အဲ့ဒီေတာ့ အခု က်မတို႔ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာ သြားမယ့္ပံုစံကေတာ့ ပံုစံတမ်ိဳး ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ ဒါဟာ ဘာလဲဆိုရင္ အခုသြားေနတဲ့ NUCC ၊ NUG နဲ႔အတူ အျခားေသာ ႏိုင္ငံေရး ပလက္ေဖာင္းေတြလည္း ရွိေနပါတယ္။ အဲ့ဒီ ပလက္ေဖာင္းေတြ ကတဆင့္ က်မတို႔ ၾကားကာလ ရွိမယ္။ ၿပီးတဲ့အခါမွာ ဖက္ဒရယ္ ဒီမိုကေရစီ ႏိုင္ငံ သြားဖို႔အတြက္ အသြင္ကူးေျပာင္းေရး လုပ္တဲ့ကာလေတြမွာ ဒီ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္က တပါတည္း ပါသြားမယ္လို႔ က်မ ထင္ပါတယ္။ အဲ့ဒီလို ပါသြားတဲ့အခါမွာ ေစာေစာက က်မ ေျပာခဲ့တဲ့ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြ အစုအဖြဲ႔ေတြမွာ က်မတို႔ အမ်ိဳးသမီးေတြ ကိ္ုယ္စားျပဳမႈကလည္း အခုဆိုရင္ ပါေနပါၿပီ။ အဲ့ဒီအတြက္ ေရွ႕ေလွ်ာက္သြားမယ့္ လမ္းေၾကာင္းမွာေတာ့ မတူတဲ့ အခင္းအက်င္းနဲ႔အတူ အမ်ိဳးသမီးေတြကလည္း ဆက္ၿပီးေတာ့ ရွိသြားမယ္။ အဓိပၸါယ္ရွိတဲ့ ေဆြးေႏြးမႈ ေတြနဲ႔အတူ ဖက္ဒရယ္ ဒီမိုကေရစီႏိုင္ငံကို သြားၾကမယ္လို႔ေတာ့ က်မ ကေတာ့ ေမွ်ာ္လင့္ထားပါတယ္။”
ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံျဖစ္စဥ္ေတြကို ျပန္ၾကည့္ရင္ေတာ့ အမ်ိဳးသမီးေတြဟာ ႏိုင္ငံတည္ေဆာက္တဲ့ က႑အသီးသီးမွာ ပါ၀င္ခဲ့ၾကတာ အထင္အရွား ရွိပါတယ္။ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အပါအ၀င္ ႏိုင္ငံေရးျဖစ္စဥ္ေတြမွာ အမ်ိဳးသမီးေတြ အမ်ားအျပား ပါ၀င္ ပါတယ္။ ဒါေပမဲ့ ဦးေဆာင္မႈက႑မွာ ၾကည့္ရင္ေတာ့ အမ်ိဳးသမီးေတြကို သိပ္ၿပီးေတာ့ ေတြ႔ရေလ့ မရွိပါဘူး။ ဒါဟာ ဘာေၾကာင့္ပါလဲ။ အမ်ိဳးသမီးေတြကို ႏိုင္ငံေရး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြရဲ႕ ဦးေဆာင္မႈက႑မွာ ပါ၀င္ဖို႔အတြက္ ဘာေတြက အကန္႔အသတ္ စိန္ေခၚမႈေတြ ျဖစ္ေနပါလဲရွင့္။
“အဓိက ကေတာ့ က်မတို႔ရဲ႕ အ႐ိုးစြဲေနတဲ့ အျမင္ေတြ၊ အယူအဆေတြက ျပႆနာလို႔ ထင္ပါတယ္။ အမ်ိဳးသမီး ဆိုရင္ ဒါပဲလုပ္ရမယ္။ အမ်ိဳးသားဆိုရင္ ဒါပဲ လုပ္ရမယ္။ ဒါပဲ လုပ္တတ္တယ္ဆိုတဲ့ အျမင္ေတြ။ ဒါေတြက အဓိက ျပႆနာ ျဖစ္ေနတယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ က်မတို႔ အစဥ္အဆက္မွာလည္း က်မတို႔ အမ်ိဳးသမီးေတြက မပါခဲ့တာေတာ့ မဟုတ္ပါဘူး။ ႏိုင္ငံေရး ျဖစ္စဥ္ေတြမွာပဲ ျဖစ္ျဖစ္၊ ဦးေဆာင္မႈက႑ေတြမွာပဲျဖစ္ျဖစ္ ပါခဲ့တယ္။ အေရအတြက္ အားျဖင့္ေတာ့ နည္းေကာင္း နည္းလိမ့္မယ္။ ဒါေပမဲ့ အသိအမွတ္ျပဳမႈက အားနည္တာလို႔ က်မတို႔ ေျပာလို႔ရပါတယ္။ ဒါေပမဲ့ က်မတို႔ အခု ေႏြဦးေတာ္လွန္ေရး ကာလမွာေတာ့ က်မတို႔ အမ်ိဳးသမီးေတြ အေပၚမွာ ျမင္တဲ့အျမင္ေတြ၊ အမ်ိဳးသမီးေတြ အေပၚမွာထားတဲ့ သေဘာထားေတြ၊ ယံုၾကည္အားကိုးမႈေတြက ေတာ့ တမ်ိဳးတဖုံ ေျပာင္းလဲသြားၿပီလို႔ က်မ ကေတာ့ ယံုၾကည္ပါတယ္။
“အခု ေတာထဲမွာပဲျဖစ္ျဖစ္၊ စစ္ေရးအရ ခုခံမႈ လုပ္ဖို႔အတြက္ ဆိုရင္လည္း အမ်ိဳးသမီးငယ္ေတြက ပါတယ္။ အခု ဦးေဆာင္မႈ ျဖစ္တဲ့ NUG ၊ NUCC ေတြမွာဆိုရင္လည္း အမ်ိဳးသမီးေတြက ေရွ႕တန္းက ပါေနတဲ့အခါက်ေတာ့ ဘာပဲေျပာေျပာ က်မတို႔ရဲ႕ ႏိုင္ငံေရး ေခါင္းေဆာင္ေတြလို႔ ယူဆထားတဲ့ အမ်ဳိးသားေတြနဲ႔ ျပည္သူလူထု ကေတာ့ ဒီအမ်ိဳးသမီးေတြဟာ ဘယ္က႑မွာမဆို ေဆာင္ရြက္ႏိုင္တယ္။ သတၱိေရာ ဗ်တၱိေရာ ရွိတယ္ဆိုတာကို အသိအမွတ္ ျပဳသြားမယ္လို႔ထင္တယ္။ ဒီကေန စၿပီးေတာ့ က်မတို႔ အမ်ိဳးသမီးေတြကို ဒီ့ထက္ပိုၿပီးေတာ့ စြမ္းေဆာင္ရည္အရ အသိအမွတ္ ျပဳမယ္ဆိုရင္ေတာ့ ေရွ႕မွာ ဒီ့ထက္ပိုၿပီး ေခါင္းေဆာင္မႈေနရာမွာ ပါ၀င္လာႏိုင္မယ္လို႔ ထင္တယ္။ ဒါေပမဲ့ က်မ စိုးရိမ္တာ တခုလည္း ထပ္ၿပီးေတာ့ ေျပာခ်င္ပါတယ္။ အခက္အခဲ ကာလမွာ ဒုကၡထဲမွာေတာ့ က်မတို႔အမ်ိဳးသမီးေတြကို ေရွ႕တန္းကို ပို႔ၿပီးေတာ့ အဆင္ေျပေျပနဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕ နဲ႔၊ ေအးေအးေဆးေဆးနဲ႔ တာ၀န္ေတြယူ၊ စည္းစိမ္ေတြ ယူရမယ့္အခ်ိန္မွာေတာ့ က်မတို႔ အမ်ိဳးသမီးေတြကို ေမ့ေလ်ာ့ထားမွာကိုေတာ့ က်မ အင္မတန္ စိုးရိမ္ပါတယ္။ အဲ့ဒါကေတာ့ က်မ ထပ္ခါတလဲလဲလည္း သတိေပးေနမယ့္ ကိစၥလည္း ျဖစ္ပါတယ္။”
အမ်ိဳးသမီးေတြ ႏုိင္ငံေရး ဦးေဆာင္းမႈက႑၊ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈေတြမွာ ပိုမို ပါ၀င္လာႏိုင္ဖို႔အတြက္ လူမႈအသိ္ုင္းအဝိုင္းကေရာ ဘာေတြ ပံ့ပိုး ေဆာင္ရြက္ဖို႔ လိုပါသလဲ။ ဘာေတြ ျပဳျပင္ ေျပာင္းလဲ ရလိမ့္မလဲ။
“အဓိက ကေတာ့ က်မ ခုနက ေျပာသလို အ႐ိုးစြဲေနတဲ့ အယူအဆ စြဲေတြကို ေဖ်ာက္ဖို႔ လိုပါတယ္။ ဆိုေတာ့ လုပ္ရမွာေတြေတာ့ အမ်ားႀကီးပဲ။ အထူးသျဖင့္ ဘာလုပ္ဖို႔ လိုသလဲ ဆိုရင္ေတာ့ အမ်ိဳးသမီးသည္လည္း လူသားတေယာက္ျဖစ္တယ္ ဆိုတဲ့အျမင္။ သူ႔မွာလည္း စြမ္းေဆာင္ရည္ ရွိတယ္။ သူလည္း လုပ္ႏိုင္တယ္။ အေျခအေနေပးရင္ ဒီအမ်ိဳးသမီးေတြက သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကို ျပဖို႔ အဆင္သင့္ ျဖစ္တယ္ဆိုတဲ့ အေတြးအေခၚမ်ိဳးကို ဦးေဆာင္သူ၊ အထူးသျဖင့္ေတာ့ အမ်ိဳးသားေတြရဲ႕ စိတ္ထဲမွာ ရွိေနဖို႔ လိုအပ္ပါတယ္။ က်မတို႔ အမ်ိဳးသမီးေတြဘက္ကလည္း - ရတဲ့အခြင့္အေရးကို ဘယ္ေတာ့မွ လက္လြတ္မခံဘဲ ကိုယ့္ရဲ႕အသံကို သူတို႔ၾကားေအာင္ က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ေနဖို႔ လိုတယ္။ တခါတရံမွာ က်မတို႔က စ စ ခ်င္းမွာေတာ့ noise ေပါ့။ ဆူညံသံ လို ျဖစ္လိမ့္မယ္။ က်မတို႔က သိပ္ ပါခ်င္တယ္။ သိပ္ ေျပာခ်င္တယ္ ဆိုၿပီး ျဖစ္လိမ့္မယ္။ ဒါေပမဲ့ အဲ့ဒီ noise ကေန တျဖည္းျဖည္း voice ျဖစ္ေအာင္ က်မတို႔ လုပ္လို႔ ရပါတယ္။ ထိေရာက္တဲ့အသံ ျဖစ္ေအာင္ လုပ္လို႔ ရပါတယ္။”
“အမ်ိဳးသားေတြနဲ႔ က်န္တဲ့ ျပည္သူလူထုကိုလည္း ေျပာခ်င္တာကေတာ့ - အမ်ိဳးသမီးသည္လည္း လူသားတေယာက္ ျဖစ္တယ္။ LGBT သည္လည္း လူသားတေယာက္ ျဖစ္တယ္။ အဲ့ဒီအတြက္ ခြဲျခားမႈေတြကို တတ္ႏိုင္သမွ် ခုခ်ိန္ကတည္းက ေလွ်ာ့ခ်ဖို႔ ႀကိဳးစားရမယ္။ ဒါေၾကာင့္မို႔ က်မတို႔ ေတာက္ေလွ်ာက္ ေျပာပါတယ္။ ေႏြဦးေတာ္လွန္ေရးဟာ စစ္အာဏာရွင္ကိုပဲ ေတာ္လွန္တာ မဟုတ္ဘူး။ အ႐ိုးစြဲ တရားေသ ဝါဒေတြ၊ အယူအဆေတြ၊ လူမ်ိဳးစြဲ ဝါဒစြဲ၊ ႀကီးႏိုင္ငယ္ၫွင္း အားလံုးကို ၿဖိဳခ်မယ့္ အေတြးအေခၚ ေတာ္လွန္ေရး ျဖစ္တယ္။ ဒီအေတြးအေခၚ ေတာ္လွန္ေရးမွာ က်ားမ ခြဲျခားမႈေတြ၊ တန္းတူညီမွ်မႈ မေပးတာေတြကိုပါ က်မတို႔က ေတာ္လွန္မွာျဖစ္တဲ့အတြက္ ဒီေတာ္လွန္ေရးကို အထူးပဲ က်မတို႔အမ်ိဳးသမီးေတြ ဘက္ကလည္း အားစိုက္ျပီး လုပ္ဖို႔ လိ္ုတယ္လို႔လည္း က်မ က ျမင္ပါတယ္။”
ဒီ ေႏြဦးေတာ္လွန္ေရး ကာလအလြန္ ျမန္မာႏိုင္ငံရဲ႕ အေျခအေန ပံုမွန္ ျပန္ျဖစ္လာတဲ့အခါ၊ ဒီမိုကေရစီ ျပန္လည္ ရရွိလာတဲ့အခါ က်ရင္ အမ်ိဳးသမီးေတြ ၿငိမ္းခ်မ္းေရး တည္ေဆာက္တဲ့ လုပ္ငန္းေတြမွာ ပူးေပါင္း ပါ၀င္လာမႈ အလားအလာ ပိုေကာင္းလာမယ္လို႔ ျမင္မိပါလား။
“က်မ ျမင္ပါတယ္။ ဒါကိုေတာ့ က်မ အေကာင္းျမင္တယ္။ အေကာင္းျမင္တယ္ ဆိုတဲ့အခါမွာ က်မတို႔ အမ်ိဳးသမီးေတြ အတြက္တင္ မက ပါဘူး။ ကိုယ္စားျပဳ မခံရတဲ့ လူနည္းစုေတြ အတြက္ပါ ပိုၿပီးေတာ့ ပါ၀င္မႈေတြ ရလာမယ္။ သူတို႔အသံေတြကိုပါ ပိုၿပီး ထည့္သြင္း စဥ္းစားလာမယ့္ အခင္းအက်ဥ္း တရပ္ကို ရမယ္လို႔ ေမွ်ာ္လင့္တယ္။ ဒါကလည္း က်မတို႔ ထိုင္ေနလို႔လည္း မရဘူး။ က်မတို႔ ေတာက္ေလွ်ာက္ ေတာ္လွန္ေရး ေအာင္ျမင္ၿပီးေတာ့ အခင္းအက်င္းသစ္ကို သြားတဲ့အခါမွာ က်မတို႔ အမ်ိဳးသမီးပဲ ျဖစ္ျဖစ္၊ LGBT ပဲျဖစ္ျဖစ္၊ မသန္စြမ္းသူပဲျဖစ္ျဖစ္ လူနည္းစုေတြ အားလံုးက ပါ၀င္ၿပီးေတာ့ ကိုယ့္ရဲ႕အသံေတြကိုလည္း ပါ၀င္ႏိုင္ေအာင္ ႀကိဳးစားရမယ္လို႔ ထင္တယ္။
“အဲ့ဒီေတာ့ ႏိုင္ငံေရးအရ ဦးဆာင္တဲ့သူေတြကလည္း အသံမထြက္ႏိ္ုင္တဲ့ သူေတြရဲ႕ အသံေတြကိုပါ ထည့္သြင္း စဥ္းစားၿပီး သက္ဆိုင္ရာ အစုအဖြဲ႔ေတြမွာ ပိုၿပီး ကိုယ္စားျပဳ ပါ၀င္ႏိုင္ေအာင္ ႀကိဳးစားေပးမယ္ ဆိုရင္ေတာ့ က်မတို႔ လာမယ့္ အခင္းအက်င္းသစ္ဟာ အရင္က က်မတို႔ ၾကံဳရဖူးတဲ့ အခင္းအက်င္းေတြနဲ႔ အတူ ပိုၿပီးေတာ့ ေအာင္ျမင္တဲ့ တကယ့္ အဓိပၸါယ္ရွိတဲ့၊ အႏွစ္သာရ ရွိတဲ့၊ ေရရွည္ တည္တံ့မယ့္ ၿငိမ္းခ်မ္းေရး မ်ိဳး ျဖစ္ေအာင္ လုပ္ႏိုင္မယ္လို႔ ယူဆတယ္။ အဲ့ဒီလိုမဟုတ္ဘဲ မည္ကာမတၱ အမ်ိဳးသားေတြပဲ၊ သို႔မဟုတ္ တစုတဖြဲ႔ ပဲ ဦးေဆာင္တဲ့ အေျပာင္းအလဲမ်ိဳးကို သြားမယ္ဆိုရင္ေတာ့ က်မတို႔ သံသရာက လည္ေနဦးမွာပဲ။ အဲဒီလို မျဖစ္ေအာင္ေတာ့ က်မတို႔ အားလံုးက ဝိုင္းၿပီးေတာ့ တတ္ႏိုင္သမွ် ႀကိဳးစားရမယ္လို႔ ထင္တယ္။ အဲ့ဒီလို ႀကိဳးစားတဲ့အခါမွာလည္း က်မတို႔ စိတ္လည္း ရွည္ရမယ္။ တခ်ိဳ႕ကိစၥေတြမွာ က်မတို႔ တြန္းတြန္းထိုးထိုး ေျပာစရာလိုရင္လည္း က်မတို႔ေျပာရမယ္။ က်မတို႔ အားလံုးေတာ့ ပင္ပန္းၾကမွာပဲ။ အဲ့ဒီပင္ပမ္းတဲ့နည္းတူ က်မတို႔ရမယ့္ အက်ိဳးဆက္ကလည္း၊ အသီးအပြင့္ကလည္း သိပ္ခ်ဳိၿမိန္မယ္လို႔ေတာ့ က်မ ေမွ်ာ္လင့္ပါတယ္။”
အခုလို အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူး အမ်ားႀကီးတင္ပါတယ္။
“က်မကလည္း ေက်းဇူးတင္ပါတယ္ရွင္။ ”
=======================================
[Unicode]
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူခဲ့တာ တနှစ် ကြာလာခဲ့ပြီးတဲ့နောက် တိုင်းပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မတည်မငြိမ် အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။ မငြိမ်းချမ်းသေးတဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေပူးပေါင်း ပါဝင်မှုက ဘယ်လောက် အရေးကြီး နေပါလဲ။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ဘယ်လို ပုံစံနဲ့ ပူးပေါင်း ပါဝင် လှုပ်ရှားနေကြသလဲ။ အကန့်အသတ် စိန်ခေါ်မှု ဘာတွေ ရှိနေလဲ။ ဘာတွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေလဲ။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှု အနာဂတ် အလားအလာတွေကို အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မခင်လေးကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူခဲ့တာ တနှစ် ကြာလာခဲ့ပြီးတဲ့နောက် တိုင်းပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မတည်မငြိမ် အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။ မငြိမ်းချမ်းသေးတဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေပူးပေါင်း ပါဝင်မှုက ဘယ်လောက် အရေးကြီး နေပါလဲ။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ဘယ်လို ပုံစံနဲ့ ပူးပေါင်း ပါဝင် လှုပ်ရှားနေကြသလဲ။ အကန့်အသတ် စိန်ခေါ်မှု ဘာတွေ ရှိနေလဲ။ ဘာတွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေလဲ။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှု အနာဂတ် အလားအလာတွေကို အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မခင်လေးကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူခဲ့တာ တနှစ် ကြာလာခဲ့ပြီးတဲ့နောက် တိုင်းပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မတည်မငြိမ် အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။ မငြိမ်းချမ်းသေးတဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေပူးပေါင်း ပါဝင်မှုက ဘယ်လောက် အရေးကြီး နေပါလဲ။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ဘယ်လို ပုံစံနဲ့ ပူးပေါင်း ပါဝင် လှုပ်ရှားနေကြသလဲ။ အကန့်အသတ် စိန်ခေါ်မှု ဘာတွေ ရှိနေလဲ။ ဘာတွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေလဲ။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှု အနာဂတ် အလားအလာတွေကို အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မခင်လေးကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ တနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေက မတည်ငြိမ်မှုတွေနဲ့ ငြိမ်းချမ်းရေး ပျက်သုဉ်းတဲ့ အခြေအနေတွေ တွေ့ခဲ့ရပြီးပါပြီ။ ဒီလို မတည်မငြိမ် ဖြစ်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်း ပါဝင်မှုက ဘယ်လောက် အရေးကြီးပါလဲ။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ မဟုတ်ဘူးပေါ့နော်။ နိုင်ငံရေး ဖြစ်စဉ်တလျှောက် လူမှုရေးဘဝတွေမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီးပါတယ်။ တန်းတူ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ တိုင်းပြည်လူဦးရေရဲ့ ထက်ဝက်ကျော်လည်း ရှိတယ်။ နောက်တခုကတော့ ကိုယ်စားပြုမှုအားဖြင့် ကြည့်မယ်ဆိုရင်လည်း လူဦးရေရဲ့ ထက်ဝက်ကျော် ရှိတာတင်မက မငြိမ်းချမ်းခြင်းကြောင့် ဖြစ်နေတဲ့အကျိုးဆက်တွေကို တိုက်ရိုက်ခံစားရ တာက အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုများပါတယ်။ အဲ့ဒီအတွက် တိုက်ရိုက် သက်ရောက်ခံစားရသူတွေရဲ့ အသံ၊ သူတို့ရဲ့ဒုက္ခ၊ သူတို့က ဘယ်လို ဖြေရှင်းပေးရင် ပြေလည်နိုင်မယ်လို့ ဆိုတဲ့ အကြံပြုချက်တွေ မပါဘဲနဲ့တော့ ကျမတို့က ဘယ်ဟာမှ ဆောင်ရွက်လို့ ထိရောက်တဲ့ အောင်မြင်မှု ရမယ်လို့တော့ ကျမတို့ မယုံကြည်ပါဘူး။ ဒီအမျိုးသမီးတွေ ပါဝင်စေခြင်း အားဖြင့် ဆွေးနွေးပွဲတွေ၊ လိပ်ခဲတည်းလည်း ဖြစ်နေတာတွေ၊ အရမ်းကို အရေးတကြီး တဘက်နဲ့တဘက် ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ကိစ္စတွေမှာ အမျိုးသမီးတွေက ကြားကနေ ဖြောင့်ဖျပြီး ပြေလည်အောင် ဆောင်ရွက်ပေးနိုင်တဲ့ သာဓကတွေလည်း ကမ္ဘာပေါ်မှာ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ အမျိုးသမီးတွေကို ငြိမ်းချမ်းရေး စကားဝိုင်းမှာပဲ ဖြစ်ဖြစ်၊ အခြား နေရာတွေမှာပဲ ဖြစ်ဖြစ် ပါဝင်ဆောင်ရွက်စေခြင်းအားဖြင့် လိုအပ်တဲ့ လိုချင်တဲ့ရည်မှန်းချက်ကို ပိုပြီးတော့ မြန်မြန် ရောက်တယ် ဆိုတာကို ကျမတို့က တိုက်တွန်း နှိုးဆော်ရခြင်း ဖြစ်ပါတယ်။”
ဆိုတော့ လက်ရှိ အခြေအနေမှာရော မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ဘယ်လို ပုံစံနဲ့ ပါဝင် ဆောင်ရွက်နေတယ်လို့ ပြောနိုင်ပါမလဲ။
“ဟုတ်ကဲ့ပါ။ ဒါဆိုရင်တော့ ကျမတို့က နှစ်ပိုင်း ပြောရမှာပေါ့နော်။ စစ်အာဏာမသိမ်းခင် အရင်တုန်းကတော့ NCA လမ်းကြောင်းကနေလည်း သွားကြတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေဟာ နည်းပညာပိုင်းအားဖြင့်ပဲ ဖြစ်စေ၊ ပံ့ပိုးကူညီသူ အပိုင်းကပဲဖြစ်စေ၊ ကိုယ်စားလှယ်အားဖြင့် ဖြစ်စေ တက်ရောက်တာတွေ ကျမတို့ သတိထားမိပါတယ်။ ကျမ ကိုယ်တိုင် ကတော့ ကိုယ်တိုင် တက်ရောက်မှုမရှိပေမဲ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကျမတို့ရဲ့ အမျိုးသမီး အစုအဖွဲ့တွေကို ကိုယ်စားပြုပြီးတော့ တက်ရောက်တဲ့သူတွေလည်း ရှိတယ်။ ဟိုးအရင်ကထက် ဟာရင်တော့ အမျိုးသမီးတွေက ပိုပြီးတော့ အသံထွက်လာနိုင်တယ်။ ပါဝင်လာ နိုင်တယ်။ ဒါပေမဲ့ အားရလောက်တဲ့ ကိုယ်စားပြုမှုနဲ့ အမျိုးသမီးတွေရဲ့ အသံကို တကယ်ကို အလေးထားပြီးတော့ စဉ်းစားပေးတာကတော့ အားနည်းနေသေးတယ်။ ဒါပေမဲ့ ကျမတို့က လုံး၀ မရှိတာထက် စာရင်တော့ နည်းနည်းလေး ရှိလာတာကိုလည်း ကျမတို့က ကြိုဆိုပါတယ်။”
“ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ပုံစံတမျိုး ပြောင်းသွားပြီလို့ ကျမတို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို၊ NCA နဲ့တကွ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စစ်အာဏာသိမ်းလိုက်တဲ့အတွက် ပျက်ပြယ်သွားပြီလို့ တချို့သော တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောကြတာကိုလည်း ကျမတို့ နားထောင်ဖူးပါတယ်။ ယေဘုယျ ခြုံပြောရရင်တော့ စစ်အာဏာသိမ်းထားတဲ့၊ မတရား သိမ်းထားတဲ့သူကနေ ဦးဆောင်ပြီးတော့ ငြိမ်းချမ်းအောင်၊ နေ့စဉ် သတ်ဖြတ်နေတဲ့ သူကနေ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဦးဆောင်ပါမယ် ဆိုတာတော့ ဘယ်လိုမှ အဓိပ္ပါယ်မရှိတဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် ဒီဟာကိုတော့ ကျမ တကိုယ်တည်း ပြောရရင်တော့ အယုံအကြည် မရှိပါဘူး။
“အဲ့ဒီတော့ အခု ကျမတို့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ သွားမယ့်ပုံစံကတော့ ပုံစံတမျိုး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ ဘာလဲဆိုရင် အခုသွားနေတဲ့ NUCC ၊ NUG နဲ့အတူ အခြားသော နိုင်ငံရေး ပလက်ဖောင်းတွေလည်း ရှိနေပါတယ်။ အဲ့ဒီ ပလက်ဖောင်းတွေ ကတဆင့် ကျမတို့ ကြားကာလ ရှိမယ်။ ပြီးတဲ့အခါမှာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ သွားဖို့အတွက် အသွင်ကူးပြောင်းရေး လုပ်တဲ့ကာလတွေမှာ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်က တပါတည်း ပါသွားမယ်လို့ ကျမ ထင်ပါတယ်။ အဲ့ဒီလို ပါသွားတဲ့အခါမှာ စောစောက ကျမ ပြောခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အစုအဖွဲ့တွေမှာ ကျမတို့ အမျိုးသမီးတွေ ကိုယ်စားပြုမှုကလည်း အခုဆိုရင် ပါနေပါပြီ။ အဲ့ဒီအတွက် ရှေ့လျှောက်သွားမယ့် လမ်းကြောင်းမှာတော့ မတူတဲ့ အခင်းအကျင်းနဲ့အတူ အမျိုးသမီးတွေကလည်း ဆက်ပြီးတော့ ရှိသွားမယ်။ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှု တွေနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို သွားကြမယ်လို့တော့ ကျမ ကတော့ မျှော်လင့်ထားပါတယ်။”
မြန်မာနိုင်ငံရဲ့ နိုင်ငံဖြစ်စဉ်တွေကို ပြန်ကြည့်ရင်တော့ အမျိုးသမီးတွေဟာ နိုင်ငံတည်ဆောက်တဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်ခဲ့ကြတာ အထင်အရှား ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် နိုင်ငံရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ အများအပြား ပါဝင် ပါတယ်။ ဒါပေမဲ့ ဦးဆောင်မှုကဏ္ဍမှာ ကြည့်ရင်တော့ အမျိုးသမီးတွေကို သိပ်ပြီးတော့ တွေ့ရလေ့ မရှိပါဘူး။ ဒါဟာ ဘာကြောင့်ပါလဲ။ အမျိုးသမီးတွေကို နိုင်ငံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ ဦးဆောင်မှုကဏ္ဍမှာ ပါဝင်ဖို့အတွက် ဘာတွေက အကန့်အသတ် စိန်ခေါ်မှုတွေ ဖြစ်နေပါလဲရှင့်။
“အဓိက ကတော့ ကျမတို့ရဲ့ အရိုးစွဲနေတဲ့ အမြင်တွေ၊ အယူအဆတွေက ပြဿနာလို့ ထင်ပါတယ်။ အမျိုးသမီး ဆိုရင် ဒါပဲလုပ်ရမယ်။ အမျိုးသားဆိုရင် ဒါပဲ လုပ်ရမယ်။ ဒါပဲ လုပ်တတ်တယ်ဆိုတဲ့ အမြင်တွေ။ ဒါတွေက အဓိက ပြဿနာ ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျမတို့ အစဉ်အဆက်မှာလည်း ကျမတို့ အမျိုးသမီးတွေက မပါခဲ့တာတော့ မဟုတ်ပါဘူး။ နိုင်ငံရေး ဖြစ်စဉ်တွေမှာပဲ ဖြစ်ဖြစ်၊ ဦးဆောင်မှုကဏ္ဍတွေမှာပဲဖြစ်ဖြစ် ပါခဲ့တယ်။ အရေအတွက် အားဖြင့်တော့ နည်းကောင်း နည်းလိမ့်မယ်။ ဒါပေမဲ့ အသိအမှတ်ပြုမှုက အားနည်တာလို့ ကျမတို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျမတို့ အခု နွေဦးတော်လှန်ရေး ကာလမှာတော့ ကျမတို့ အမျိုးသမီးတွေ အပေါ်မှာ မြင်တဲ့အမြင်တွေ၊ အမျိုးသမီးတွေ အပေါ်မှာထားတဲ့ သဘောထားတွေ၊ ယုံကြည်အားကိုးမှုတွေက တော့ တမျိုးတဖုံ ပြောင်းလဲသွားပြီလို့ ကျမ ကတော့ ယုံကြည်ပါတယ်။
“အခု တောထဲမှာပဲဖြစ်ဖြစ်၊ စစ်ရေးအရ ခုခံမှု လုပ်ဖို့အတွက် ဆိုရင်လည်း အမျိုးသမီးငယ်တွေက ပါတယ်။ အခု ဦးဆောင်မှု ဖြစ်တဲ့ NUG ၊ NUCC တွေမှာဆိုရင်လည်း အမျိုးသမီးတွေက ရှေ့တန်းက ပါနေတဲ့အခါကျတော့ ဘာပဲပြောပြော ကျမတို့ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေလို့ ယူဆထားတဲ့ အမျိုးသားတွေနဲ့ ပြည်သူလူထု ကတော့ ဒီအမျိုးသမီးတွေဟာ ဘယ်ကဏ္ဍမှာမဆို ဆောင်ရွက်နိုင်တယ်။ သတ္တိရော ဗျတ္တိရော ရှိတယ်ဆိုတာကို အသိအမှတ် ပြုသွားမယ်လို့ထင်တယ်။ ဒီကနေ စပြီးတော့ ကျမတို့ အမျိုးသမီးတွေကို ဒီ့ထက်ပိုပြီးတော့ စွမ်းဆောင်ရည်အရ အသိအမှတ် ပြုမယ်ဆိုရင်တော့ ရှေ့မှာ ဒီ့ထက်ပိုပြီး ခေါင်းဆောင်မှုနေရာမှာ ပါဝင်လာနိုင်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျမ စိုးရိမ်တာ တခုလည်း ထပ်ပြီးတော့ ပြောချင်ပါတယ်။ အခက်အခဲ ကာလမှာ ဒုက္ခထဲမှာတော့ ကျမတို့အမျိုးသမီးတွေကို ရှေ့တန်းကို ပို့ပြီးတော့ အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ နဲ့၊ အေးအေးဆေးဆေးနဲ့ တာဝန်တွေယူ၊ စည်းစိမ်တွေ ယူရမယ့်အချိန်မှာတော့ ကျမတို့ အမျိုးသမီးတွေကို မေ့လျော့ထားမှာကိုတော့ ကျမ အင်မတန် စိုးရိမ်ပါတယ်။ အဲ့ဒါကတော့ ကျမ ထပ်ခါတလဲလဲလည်း သတိပေးနေမယ့် ကိစ္စလည်း ဖြစ်ပါတယ်။”
အမျိုးသမီးတွေ နိုင်ငံရေး ဦးဆောင်းမှုကဏ္ဍ၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ ပိုမို ပါဝင်လာနိုင်ဖို့အတွက် လူမှုအသိုင်းအဝိုင်းကရော ဘာတွေ ပံ့ပိုး ဆောင်ရွက်ဖို့ လိုပါသလဲ။ ဘာတွေ ပြုပြင် ပြောင်းလဲ ရလိမ့်မလဲ။
“အဓိက ကတော့ ကျမ ခုနက ပြောသလို အရိုးစွဲနေတဲ့ အယူအဆ စွဲတွေကို ဖျောက်ဖို့ လိုပါတယ်။ ဆိုတော့ လုပ်ရမှာတွေတော့ အများကြီးပဲ။ အထူးသဖြင့် ဘာလုပ်ဖို့ လိုသလဲ ဆိုရင်တော့ အမျိုးသမီးသည်လည်း လူသားတယောက်ဖြစ်တယ် ဆိုတဲ့အမြင်။ သူ့မှာလည်း စွမ်းဆောင်ရည် ရှိတယ်။ သူလည်း လုပ်နိုင်တယ်။ အခြေအနေပေးရင် ဒီအမျိုးသမီးတွေက သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပြဖို့ အဆင်သင့် ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ဦးဆောင်သူ၊ အထူးသဖြင့်တော့ အမျိုးသားတွေရဲ့ စိတ်ထဲမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ကျမတို့ အမျိုးသမီးတွေဘက်ကလည်း - ရတဲ့အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံဘဲ ကိုယ့်ရဲ့အသံကို သူတို့ကြားအောင် ကျယ်ကျယ်လောင်လောင် အော်နေဖို့ လိုတယ်။ တခါတရံမှာ ကျမတို့က စ စ ချင်းမှာတော့ noise ပေါ့။ ဆူညံသံ လို ဖြစ်လိမ့်မယ်။ ကျမတို့က သိပ် ပါချင်တယ်။ သိပ် ပြောချင်တယ် ဆိုပြီး ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီ noise ကနေ တဖြည်းဖြည်း voice ဖြစ်အောင် ကျမတို့ လုပ်လို့ ရပါတယ်။ ထိရောက်တဲ့အသံ ဖြစ်အောင် လုပ်လို့ ရပါတယ်။”
“အမျိုးသားတွေနဲ့ ကျန်တဲ့ ပြည်သူလူထုကိုလည်း ပြောချင်တာကတော့ - အမျိုးသမီးသည်လည်း လူသားတယောက် ဖြစ်တယ်။ LGBT သည်လည်း လူသားတယောက် ဖြစ်တယ်။ အဲ့ဒီအတွက် ခွဲခြားမှုတွေကို တတ်နိုင်သမျှ ခုချိန်ကတည်းက လျှော့ချဖို့ ကြိုးစားရမယ်။ ဒါကြောင့်မို့ ကျမတို့ တောက်လျှောက် ပြောပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကိုပဲ တော်လှန်တာ မဟုတ်ဘူး။ အရိုးစွဲ တရားသေ ဝါဒတွေ၊ အယူအဆတွေ၊ လူမျိုးစွဲ ဝါဒစွဲ၊ ကြီးနိုင်ငယ်ညှင်း အားလုံးကို ဖြိုချမယ့် အတွေးအခေါ် တော်လှန်ရေး ဖြစ်တယ်။ ဒီအတွေးအခေါ် တော်လှန်ရေးမှာ ကျားမ ခွဲခြားမှုတွေ၊ တန်းတူညီမျှမှု မပေးတာတွေကိုပါ ကျမတို့က တော်လှန်မှာဖြစ်တဲ့အတွက် ဒီတော်လှန်ရေးကို အထူးပဲ ကျမတို့အမျိုးသမီးတွေ ဘက်ကလည်း အားစိုက်ပြီး လုပ်ဖို့ လိုတယ်လို့လည်း ကျမ က မြင်ပါတယ်။”
ဒီ နွေဦးတော်လှန်ရေး ကာလအလွန် မြန်မာနိုင်ငံရဲ့ အခြေအနေ ပုံမှန် ပြန်ဖြစ်လာတဲ့အခါ၊ ဒီမိုကရေစီ ပြန်လည် ရရှိလာတဲ့အခါ ကျရင် အမျိုးသမီးတွေ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်လာမှု အလားအလာ ပိုကောင်းလာမယ်လို့ မြင်မိပါလား။
“ကျမ မြင်ပါတယ်။ ဒါကိုတော့ ကျမ အကောင်းမြင်တယ်။ အကောင်းမြင်တယ် ဆိုတဲ့အခါမှာ ကျမတို့ အမျိုးသမီးတွေ အတွက်တင် မက ပါဘူး။ ကိုယ်စားပြု မခံရတဲ့ လူနည်းစုတွေ အတွက်ပါ ပိုပြီးတော့ ပါဝင်မှုတွေ ရလာမယ်။ သူတို့အသံတွေကိုပါ ပိုပြီး ထည့်သွင်း စဉ်းစားလာမယ့် အခင်းအကျဉ်း တရပ်ကို ရမယ်လို့ မျှော်လင့်တယ်။ ဒါကလည်း ကျမတို့ ထိုင်နေလို့လည်း မရဘူး။ ကျမတို့ တောက်လျှောက် တော်လှန်ရေး အောင်မြင်ပြီးတော့ အခင်းအကျင်းသစ်ကို သွားတဲ့အခါမှာ ကျမတို့ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ LGBT ပဲဖြစ်ဖြစ်၊ မသန်စွမ်းသူပဲဖြစ်ဖြစ် လူနည်းစုတွေ အားလုံးက ပါဝင်ပြီးတော့ ကိုယ့်ရဲ့အသံတွေကိုလည်း ပါဝင်နိုင်အောင် ကြိုးစားရမယ်လို့ ထင်တယ်။
“အဲ့ဒီတော့ နိုင်ငံရေးအရ ဦးဆာင်တဲ့သူတွေကလည်း အသံမထွက်နိုင်တဲ့ သူတွေရဲ့ အသံတွေကိုပါ ထည့်သွင်း စဉ်းစားပြီး သက်ဆိုင်ရာ အစုအဖွဲ့တွေမှာ ပိုပြီး ကိုယ်စားပြု ပါဝင်နိုင်အောင် ကြိုးစားပေးမယ် ဆိုရင်တော့ ကျမတို့ လာမယ့် အခင်းအကျင်းသစ်ဟာ အရင်က ကျမတို့ ကြုံရဖူးတဲ့ အခင်းအကျင်းတွေနဲ့ အတူ ပိုပြီးတော့ အောင်မြင်တဲ့ တကယ့် အဓိပ္ပါယ်ရှိတဲ့၊ အနှစ်သာရ ရှိတဲ့၊ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး မျိုး ဖြစ်အောင် လုပ်နိုင်မယ်လို့ ယူဆတယ်။ အဲ့ဒီလိုမဟုတ်ဘဲ မည်ကာမတ္တ အမျိုးသားတွေပဲ၊ သို့မဟုတ် တစုတဖွဲ့ ပဲ ဦးဆောင်တဲ့ အပြောင်းအလဲမျိုးကို သွားမယ်ဆိုရင်တော့ ကျမတို့ သံသရာက လည်နေဦးမှာပဲ။ အဲဒီလို မဖြစ်အောင်တော့ ကျမတို့ အားလုံးက ဝိုင်းပြီးတော့ တတ်နိုင်သမျှ ကြိုးစားရမယ်လို့ ထင်တယ်။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာလည်း ကျမတို့ စိတ်လည်း ရှည်ရမယ်။ တချို့ကိစ္စတွေမှာ ကျမတို့ တွန်းတွန်းထိုးထိုး ပြောစရာလိုရင်လည်း ကျမတို့ပြောရမယ်။ ကျမတို့ အားလုံးတော့ ပင်ပန်းကြမှာပဲ။ အဲ့ဒီပင်ပမ်းတဲ့နည်းတူ ကျမတို့ရမယ့် အကျိုးဆက်ကလည်း၊ အသီးအပွင့်ကလည်း သိပ်ချိုမြိန်မယ်လို့တော့ ကျမ မျှော်လင့်ပါတယ်။”
အခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူး အများကြီးတင်ပါတယ်။
“ကျမကလည်း ကျေးဇူးတင်ပါတယ်ရှင်။ ”