သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pulitzer ဆုရှင် ကချင်တိုင်းရင်းသူ အက်စတာထူးဆန်နဲ့ မေးမြန်းခန်း အပိုင်း-၃


Public Service ဆိုတဲ့ လူထုအကျိုးပြုသတင်းယူမှုကဏ္ဍ Pulitzer ရွှေတံဆိပ်ဆုကို ဒီနှစ်အတွက် အေပီသတင်းဌာနက ဆုချီးမြှင့်ခံခဲ့ရပါတယ်။ Seafood From Slaves - ကျွန်တွေထံက ပင်လယ်စာဆိုတဲ့ ဒီသတင်းမှာ မြန်မာနိုင်ငံက အများစုပါဝင်တဲ့ လူကုန်ကူးခံရသူတွေဟာ အင်ဒိုနီးရှားကျွန်းတကျွန်းမှာ ငါးဖမ်းသမားတွေအဖြစ် အတင်းအဓမ္မ ကျွန်ပြုခိုင်းစေတာ ခံကြရတဲ့အကြောင်းကို စုံစမ်းဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီအဖြစ်မှန်ကို ကမ္ဘာကသိအောင် တင်ပြနိုင်ခဲ့သလို၊ ကျွန်ပြုခံနေရသူပေါင်း ၂၀၀၀ လောက်ကို ကယ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို စုံစမ်းထောက်လှမ်းကြတဲ့ ဆုရှင် အေပီသတင်းထောက် ၄ ဦးစလုံးဟာ အမျိုးသမီးတွေဖြစ်ပြီး၊ အဲဒီထဲက ၁ ဦးဟာ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူ အက်စတာ ထူးဆန် ဖြစ်ပါတယ်။ သူ့ရဲ့နောက်ခံအကြောင်းနဲ့ ပတ်သက်လို့ အက်စတာ ထူးဆန်နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ အပိုင်း-၃ ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စီစဉ် တင်ဆက်ထားပါတယ်။

XS
SM
MD
LG