သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံ-နေပြည်တော် အလုပ်သမားချီတက်ပွဲ နှိမ်နင်းခံရ


ပုဂံ-နေပြည်တော် အလုပ်သမားချီတက်ပွဲ နှိမ်နင်းခံရ ( ဒါတ်ပုံ- The Fifth Wave )
ပုဂံ-နေပြည်တော် အလုပ်သမားချီတက်ပွဲ နှိမ်နင်းခံရ ( ဒါတ်ပုံ- The Fifth Wave )

ပုဂံသရပါဟိုတယ် ကနေအလုပ်ထုတ်ခံလိုက်ရတဲ့ဝန်ထမ်းတွေက အလုပ်ပြန်ရဖို့တောင်းဆိုတဲ့အနေနဲ့ ဒီနေ့ဒီဇင်ဘာ၁၃ရက် မနက်ပိုင်းက ပုဂံကနေ နေပြည်တော်ထိလမ်းလျှောက်ချီတက်တာမှ ာရဲတပ်ဖွဲ့ကအင်အားသုံးဖြိုခွင်းတဲ့ အတွက်ထိခိုက်ဒဏ်ရာ ရတာတွေရှိသွားပါတယ်။ ဒါ့အပြင် သပိတ်ခေါင်းဆောင်အချို့လည်း ဖမ်းဆီးခံ ထားရပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် ကရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ပုဂံ-နေပြည်တော် အလုပ်သမားချီတက်ပွဲ နှိမ်နင်းခံရ ( ဒါတ်ပုံ- The Fifth Wave )
ပုဂံ-နေပြည်တော် အလုပ်သမားချီတက်ပွဲ နှိမ်နင်းခံရ ( ဒါတ်ပုံ- The Fifth Wave )

မန္တလေးတိုင်းပုဂံဒေသမှ ာရှိတဲ့သရပါဟိုတယ် ကနေအလုပ်ထုတ်ခံလိုက်ရတဲ့အလုပ်သမားတွေ စုပေါင်းချီတက်လာတဲ့ သပိတ်လမ်းကြောင်း ကိုညောင်ဦးမြို့ ကျောက်ကူးကွေ့မှာရဲအင်အား ၁၀၀လောက်က ရိုက်နှက်ဖြိုခွဲတာကြောင့် ဒဏ်ရာရတဲ့ သူတွေရှိခဲ့ပြီးလက်တလောမှာ ၁၅ယောက်လောက်ကို ဖမ်းဆီးထားပါတယ်။

သရပါဟိုတယ် ကနေအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေက အလုပ်ပြန်ရဖို့အောက်တိုဘာ ၁၂ရက် ကစပြီး သပိတ်စခန်းဖွင့်တောင်းဆိုခဲ့ပြီ းနှစ်လအကြာ ဒီဇင်ဘာ၁၁ရက်မှာ သပိတ်စခန်းကို အင်အားသုံး ပိတ်ပစ်လိုက်ပါတယ်။ ဒါကိုမကျေနပ်တဲ့အလုပ်သမားတွေကနေပြည်တော် ထိ ချီတက်ဆန္ဒပြဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သရပါဟိုတယ် အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုနေမျိုးဝင်က အခုလိုပြောပါတယ်။

“သရပါဟိုတယ် ကနေပြီးတော့ဟိုတယ်စီးပွားရေးကျတယ် ဆိုပြီ းအကြောင်းရှာပြီးတော့ အလုပ်သမားတွေကို အလုပ်ထုတ်တာထုတ် လိုက်ပြီးတော့လည်း သမဂ္ဂဥက္ကဋ္ဌနဲ့ခေါင်းဆောင်တွေကို ပဲရွေးထုတ်တာ။ ကျွန်တော်တို့ အလုပ်ပြန်ခန့်ဖို့ အတွက်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ ဆက်လက်တောင်းဆိုဖို့အတွက် ကျွန်တော်တို့ကနေပြည်တော်ကို ချီတက်တာ အဲဒီမှာ သပိတ်စစ်ကြောင်းက ညောင်ဦးအထွက်မှာ တကွဲတပြားဖြစ်ကုန်တာပေါ့နော်။ ကျွန်တော်တို့(သပိတ်) စစ်ကြောင် းတက်လာတဲ့အချိန်မှာ အတင်းအဓမ္မဖမ်းဆီးတယ် ရိုက်နှက်ပြီးဖမ်းဆီးတယ် တွန်းထိုးပြီးတော့ မိန်းကလေးတွေ ဆိုရင်တွန်းထိုးပြီးတော့ ကားပေါ်တင်တယ် ရိုက်တာတွေလည်းရှိတာပေါ့နော်။ ရှိတော့ ကျတော့အဲဒီမှာအဖွဲ့က ကွဲသွားတာ ။ ကွဲသွားတော့အခုအချိန်ထိတော့ ကျွန်တော်တို့အဖွဲ့တွေ လိုက်စုတုန်းပဲ ရှိသေးတယ် ဘယ်ရောက်နေလဲ မသိကြသေးဘူး။”

အလုပ်သမား ၅၀ကျော်လောက်ရှိတဲ့ အဲဒီသပိတ်စစ်ကြောင်းကို တောက်လျှောက်ဝန်းရံခဲ့တဲ့မြင်းခြံ နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နဲ့ ဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီက ကျောင်းသားစုစုပေါင် း၃ယောက်လည် းဖမ်းခံရပြီး အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ကိုကောင်းထက်ကျော်က ပြောပါတယ်။

“မနက်ပိုင်းပေါ့ဗျာကျွန်တော်တို့သိရတဲ့အချိန်ကတော့ဗျာ ကိုးနာရီ။ ဟုတ်ကဲ့ ပုဂံကနေနေပြည်တော်သွားတဲ့လမ်း ညောင်ဦးအထွက်မှာ ထွေအုပ်ပါမယ်ဗျာပြီးတော့ ရဲတပ်ဖွဲ့ကနေအကြမ်းဖက်တာ။ ရဲကားပေါ်ကိုဖမ်းသွားတာ အဲဒီမှာ ကျွန်တော်တို့ဗကသဗဟိုကော်မတီက နှစ်ဦးပါတယ်။ အကြမ်းဖက်ဖြိုခွင်းခံပြီးတော့ တချို့ကားပေါ်တင်ပြီး ဖမ်းသွားတာ။ ကျွန်တော်တို့သူတို့နဲ့အတူတူ အဖမ်းခံရတဲ့ ရဲဘော်တွေနဲ့ ဆက်သွယ်တာ ဆက်သွယ်လို့မရသေးဘူးဗျ ဟုတ်ကဲ့။”

ဗွီအိုအေက ညောင်ဦးရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းမကိုင်တဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။ အဲဒီသပိတ်ကို သရပါဟိုတယ်ဝန်ထမ်းတွေ အပါအဝင်ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံ၊ ပါဝါဓာတ်ခဲစက်ရုံ၊ မီကိုကော်ဖီမစ်စက်ရုံ စတဲ့မန္တလေးတိုင်းထဲက စက်ရုံတွေက အထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေလည်း ပါဝင်ဝန်းရံခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG