မနှစ်က ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေဆီကို ဘဏ္ဍာရေး အကူအညီတွေ အများဆုံးပေးအပ်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဇွန်လမှာ နှစ်ချုပ်တဲ့ တနှစ်လုံးအတွက် ၀ါရှင်တန်အခြေစိုက် ငွေချေးငှားမှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ် တဲ့ ကမ္ဘာ့ဘဏ်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေကို ဒေါ်လာသန်း ၁ သောင်း ၆ ထောင် ၃ ရာ ထောက်ပံ့ပေးခဲ့တယ်။
အာဖရိက နိုင်ငံတွေကို အဲဒီထဲက တဝက်၊ တောင်အာရှနိုင်ငံတွေကိုတော့ လေးပုံတပုံ ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က ပြောပါတယ်။
ဒါဟာ အရင်နှစ်ကထက် ဒေါ်လာသန်း ၁ သောင်း ၄ ထောင် ၇ ရာ တိုးလာတာ ဖြစ်ပါတယ်။ ခြုံပြောရမယ်ဆိုရင် ကမ္ဘာတလွှားက အစီအစဉ် ၂၀၀၀ နီးပါးအတွက် ငွေချေးတာတွေ၊ ထောက်ပံ့မှုတွေနဲ့ တခြား ဘဏ္ဍာရေး အထောက်အပံ့တွေအတွက် ဒေါ်လာ သန်း ၅သောင်း ၂ ထောင် ၆ ရာ ပေးခဲ့ပါတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ဒီငွေကတော့ အရင်နှစ်ကထက် နည်းနည်းလျော့သွားပြီး ဒါဟာ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေက အကူအညီ တောင်းခံမှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ သူ့အဆို မရေမရာဖြစ်နေသေးတဲ့ ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်က အသင့်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ပြောပါတယ်။
၂၀၃၀ ခုနှစ်မှာ တကမ္ဘာလုံး အလွန်အမင်း ဆင်းရဲမှု ပပျောက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်
ဒီမှာ အလွန်အမင်း ဆင်းရဲမှုဆိုတာ လူတဦးရဲ့ တနေ့ဝင်ငွေ တဒေါ်လာနဲ့ ၂၅ ဆင့်ထက် နည်းတာလို့ ကမ္ဘာ့ဘဏ်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။