မြန်မာနိုင်ငံအတွင်း ပြည်သူ့ဘဏ္ဍာအသုံးစရိတ်တွေအပေါ် တာဝန်ခံမှုအပိုင်းမှာ တိုးတက်မှုတွေရှိပေမဲ့ ပြင်ဆင်စရာတွေ ရှိနေသေးတယ်လို့ ကမ္ဘာ့ဘဏ်က ပြော လိုက်ပါတယ်။ တချိန်တည်းမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ
နောက်နှစ်ကျရင် ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာဖို့ မျှော်လင့်ရ တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပထမဦးဆုံးအကြိမ် ထုတ်ပြန်တဲ့ စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ၆ ဒဿမ ၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပထမဦးဆုံးအကြိမ် ထုတ်ပြန်တဲ့ စီးပွားရေးစောင့်ကြည့်မှုအစီရင်ခံစာမှာ
ဖော်ပြပါတယ်။ ဓာတ်ငွေ့ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ နောက်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လူသုံးကုန်ပစ္စည်း နိုင်ငံခြားတင်ပို့မှုကဏ္ဍတွေ အားကောင်းလာတာကြောင့် အခုလိုမျိုး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာလို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။
ဓာတ်ငွေ့ထုတ်လုပ်မှုအပိုင်း ဆက်ပြီးတော့ တိုးတက်နေတာ၊ နောက် ကုန်သွယ်မှုတွေ တိုးတက်လာတာနဲ့ စိုက်ပျိုးရေးကဏ္ဍ အားကောင်းလာတာတွေကြောင့် နောက်နှစ်မှာတော့ စီးပွားရေးဖွံ့ဖြိုးမှုဟာ ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ တက်လာဖို့ မျှော်မှန်းရတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လို့ ဒီစားသောက်ကုန်ဈေးနှုန်းနဲ့ ခြံမြေငှားရမ်းခတွေ မြင့်တက်လာတာနဲ့အမျှ ငွေကြေးဖောင်းပွမှုတွေ ရှိလာခဲ့ပြီးတော့ အခု ဒီ သြဂုတ်လအတွင်းမှာ ငွေကြေးဖောင်းပွမှုဟာ ၇ ဒဿမ ၃ ရာခိုင်နှုန်းအထိ ဖြစ်လာတယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။
အစိုးရအသုံးစရိတ်တွေနဲ့ ပတ်သက်လို့ကတော့ ရှေ့နှစ်ဘတ်ဂျက်အတွက် လူမှုရေးကဏ္ဍတွေမှာ အရင်ကထက်ပိုပြီးတော့ သုံးစွဲနိုင်ဖို့ ထောက်ပံ့ပေးထားပေမဲ့ ကာကွယ်ရေးအတွက် အသုံးစရိတ်ကတော့ မြင့်မားနေဆဲဖြစ်တယ်ဆိုပြီးတော့ ပြောပါတယ်။
တချိန်တည်းမှာလည်းပဲ ပြည်သူ့အသုံးစရိတ်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှုတွေကို အကဲဖြတ်တဲ့နေရာမှာတော့ လက်ရှိ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်မှာ အားသာချက်တွေရှိသလိုပဲ ပြုပြင်မှုတွေ လုပ်သင့်တဲ့ကဏ္ဍတွေကိုလည်း ထောက်ပြထားပါတယ်။ အဲ့ဒီထဲမှာတော့ ငွေကြေးခွဲဝေသုံးစွဲမှုတွေအပေါ်မှာ အများပြည်သူ နားလည်သိရှိအောင် ထင်သာမြင်သာရှိဖို့ကိုလည်း ပါဝင်ပါတယ်။
ကမ္ဘာ့ဘဏ်ကဦးဆောင်ပြီးတော့ ကျန်နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေ အကူအညီနဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ်ကို ဆန်းစစ်မှုတွေလုပ်ခဲ့ပြီးတော့ ဒီတွေ့ရှိချက်တွေအပေါ်မှာ ပြုပြင်စရာတွေကို သူတို့ စတင်ဆောင်ရွက်နေပြီလို့ မြန်မာသမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦး က ဗွီအိုအေကို ပြောပါတယ်။
“ဒီကမ္ဘာ့ဘဏ်ကနေဦးဆောင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ရော၊ ADB ရော၊ ပြီးတော့ ဒီက အမေရိကန်အစိုးရရဲ့ Treasury Department ကပါ ဝင်ပြီးတော့ ကူပေးခဲ့တဲ့ အစီအစဉ်တခုရှိပါတယ်။ အဲ့ဒါက PEFA လို့ ခေါ်ပါတယ်။ Public Expenditure and Financial Accountability ပေါ့နော်။ ဆိုလိုတာက ကျနော်တို့ရဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုမှာ ဘယ်လောက်အထိ တာဝန်ခံမှုရှိသလဲဆိုတာ ဆိုလိုတာက အဲ့ဒီစိစစ်ချက်အရ ကျနော်တို့ဟာ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို ပိုပြီးတော့ နည်းဗျူဟာတွေကိုပေါ့ စပြီးတော့ ရေးဆွဲပြီးတော့ ဆောင်ရွက် တဲ့အပိုင်း ရှိပါတယ်။ အခုကတော့ Public Financial Management ဆိုတဲ့ PEFA အပြီးမှာ PFM နဲ့ အခု စပြီးတော့ လုပ်နေပါတယ်။ ဒါကတော့ အဓိကကတော့ ဌာနဆိုင်ရာ တော်တော်များများကို ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေ အားကောင်းအောင် သင်တန်းတွေပေးတယ်။ အတွေ့အကြုံတွေ ဖလှယ်စေတယ်။ နောက်ပြီးတော့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရအောင် ဆောင်ရွက်ပေးတဲ့ အစီအစဉ်တွေရှိပါတယ်။”
ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူပဲ ဒီ စီးပွားရေးဝန်ကြီး ပိုပြီးတော့ ကောင်းမွန်တိုးတက်လာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းမှုတွေ တွေ့ရတယ်ဆိုပြီးတော့ ချီးကျူးပါတယ်။ ဥပဒေသစ်ပြဌာန်းတာတွေ၊ စီးပွားရေးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေကို စနစ်တကျ ပြန်လည်ပြင်ဆင်ရေးဆွဲတာတွေ၊ နောက် ဌာနဆိုင်ရာတွေကို ပြန်လည်ပြုပြင်ပြီးတော့ အရည်အသွေး မြှင့်တာတွေရှိတယ် ဆိုတာကို ထောက်ပြပါတယ်။
လက်ရှိ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ ဦးဆောင်မှုအပိုင်းမှာ ခိုင်ခိုင်မာမာရှိပေမဲ့လို့ ဌာနဆိုင်ရာတွေရော ပုဂ္ဂလိကပိုင်းတွေမှာပါ လုပ်ငန်းအကောင်အထည်ဖော်တဲ့နေရာမှာ စွမ်းဆောင်ရည်ပိုင်း အားနည်းတာဟာ အကြီးမားဆုံး စိန်ခေါ်ချက်တရပ် ဖြစ်တယ်လို့ မြန်မာသမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ဗွီအိုအေကို ပြောခဲ့ပါတယ်။
“ကျနော်တို့ သမ္မတကြီးကလည်း ဒီပြုပြင်ပြောင်းလဲရေးကို လုပ်ဖို့ဆိုပြီးတော့ ဒါ အကြိမ်ကြိမ်ပေါ့နော် ဥပဒေတွေ ပြဌာန်းတာရှိတယ်။ ပေါ်လစီတွေ ချမှတ်တာရှိတယ်။ ပြီးရင် မကြာမကြာ ထွက်ပြီးတော့ သူ့အစိုးရအဖွဲ့ကိုပါ သတိပေးပြီးတော့ တဆင့်ပြီးတဆင့် လုပ်နိုင်အောင် ညွှန်ကြားနေတာတွေရှိတယ်။ နောက် ဒီ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ဦးဆောင်ကြတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးတွေရော၊
နောက် ဒေါ်အောင်ဆန်းစုကြည်ကပါ ဒီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ပိုပြီးရောက်လာအောင် ဒါပေမဲ့ ပြဿနာက ကျနော်တို့မှာက စွမ်းဆောင်ရည်အားနည်းတဲ့ဟာ နေရာတိုင်းမှာ တွေ့နေရတယ်။ ဒါကလည်း နှစ်ပေါင်းများစွာပေါ့ ကျနော်တို့ အထီးကျန်နေခဲ့ရတဲ့ကိစ္စတွေ၊ ကျနော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ ပညာသင်ကြားခွင့်၊ နိုင်ငံတကာရဲ့ ထိပ်တန်းရောက်နေတဲ့ ပညာတွေကို ဆည်းပူးခွင့်မရခဲ့တဲ့ ပြဿနာတွေ၊ ဒီစွမ်းဆောင်ရည် အားနည်းနေတဲ့အခါမှာ ကျနော်တို့ရဲ့ လုပ်ငန်းအကောင်အထည် ဖော်တဲ့အပိုင်းမှာ နှေးကွေးမှုတွေ ရှိနေတယ်။ မကျွမ်းကျင်တာတွေကြောင့် နောက်ကျနေတာတွေရှိတယ်။ အဲ့ဒီအပိုင်းက ကျနော်တို့ အခု အကြီးမားဆုံး ပြဿနာဖြစ်နေတယ်။ Capacity Building လို့ခေါ်တဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုမြှင့်မလဲ။”
အခု ဒီထုတ်ပြန်တဲ့ မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်မှု ကမ္ဘာ့ဘဏ်အစီအရင်ခံစာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ ဒီအစီရင်ခံစာကို ၆ လတကြိမ် ထုတ်ပြန်သွားဖို့ စီစဉ်ထားတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒီအထဲမှာတော့ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်နေတဲ့ စီးပွားရေးနဲ့ မူဝါဒဆိုင်ရာ သတင်းအချက်အလက်တွေ၊ ရှေ့အလားအလာ ခန့်မှန်းချက်တွေကို လေ့လာဖော်ပြသွားမှာဖြစ်ပြီးတော့ ဒါတွေဟာ အားလုံးအတွက် အသုံးဝင်တဲ့ အချက်အလက်တွေ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင်က Khwima Nthara က ပြောတဲ့အကြောင်း ကမ္ဘာ့ဘဏ်ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။