သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆယ်ကျော်သက် ကမ္ဘာ့စစ်တုရင် ချန်ပီယံဖြစ်


အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် Gukesh Dommaraju အသက်အငယ်ဆုံး ကမ္ဘ့ာစစ်တုရင်ချန်ပီယံအဖြစ် ဆုလက်ခံပြီးတွေ့ရစဥ်။ (ဒီဇင်ဘာ ၁၃၊ ၂၀၂၄)
အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် Gukesh Dommaraju အသက်အငယ်ဆုံး ကမ္ဘ့ာစစ်တုရင်ချန်ပီယံအဖြစ် ဆုလက်ခံပြီးတွေ့ရစဥ်။ (ဒီဇင်ဘာ ၁၃၊ ၂၀၂၄)

အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် Gukesh Dommaraju ဟာ အသက်အငယ်ဆုံး ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဖြစ်သွားပါပြီ။ ၁၈ နှစ်အရွယ် Gukesh Dommaraju ဟာ သူ့ထက် ၁၄ နှစ်ကြီးတဲ့ တရုတ် နိုင်ငံက အသက် ၃၂ နှစ်အရွယ် လက်ရှိ ကမ္ဘာ့စစ်တုရင် ချန်ပီယံ Ding Liren ကို ၁၄ ပွဲကစားပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံဘွဲ့ကို ဆွတ်ခူးသွားတာပါ။

စင်ကာပူနိုင်ငံမှာ ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ၂၀၂၄ ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ အခုလို အသက် အငယ်ဆုံး စစ်တုရင်ချန်ပီယံဖြစ်သွားပြီလို့သေချာချိန်မှာ Gukesh ဟာ မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ စိတ်ကျရောဂါခံစားခဲ့ရတဲ့ သူ့ပြိုင်ဘက် ချန်ပီယံဟောင်း Ding Liren ကိုလည်း သူကသာ အခက်အခဲတွေကို ကျော်လွှားခဲ့တဲ့ ချန်ပီယံအစစ်အမှန်ပါလို့ Gukesh ချီးကျူးပြောခဲ့ပါတယ်။

၁၉၈၅ ခုနှစ်က အသက် ၂၂ နှစ်မှာ အသက်အငယ်ဆုံး စစ်တုရင် ချန်ပီယံ​ဖြစ်ခဲ့တဲ့ ရုရှားက Garry Kasparov ရဲ့စံချိန်ကို Gukesh ကချိုးလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးပွဲမှာ အမဲရောင်ဘက်က ကစားတဲ့ Gukesh ဟာ Ding ကို အချိန်ကန့်သတ်မှု ဖိအားကြားမှာပဲ အမှတ် ၇.၅ နဲ့ နိုင်သွားခဲ့တာပါ။ သူတို့ ၂ ယောက် ကစားခဲ့တဲ့ ၁၄ ပွဲဟာ တကွက်ကို အနည်းဆုံး ၁ နာရီအထိ အချိန်ယူရွှေ့နိုင်တဲ့ Classical နည်းနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံဆုအတွက် အမေရိကန် ဒေါ်လာ ၂.၅ သန်း ရရှိမှာဖြစ်ပါတယ်။

အိန္ဒိယဆယ်ကျော်သက် ကမ္ဘာ့စစ်တုရင် ချန်ပီယံဖြစ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG