သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲလ်ဂျီးရီးယားကို ပေါ်တူဂီ ၃ ဂိုးပြတ်နိုင်တာ ရော်နယ်ဒိုတဂိုးမှမပါ


ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဝင် အသင်းတွေထဲက ကြာသပတေးနေ့မှာ ခြေစမ်းပွဲကစားတဲ့ အသင်းတွေထဲမှာ အုပ်စု F က တောင်ကိုရီးယားအသင်းက ဘိုလီးဗီးယားအသင်းနဲ့ အိမ်ကွင်းမှာ ဂိုးမရှိသရေ ကျသွားပါတယ်။

အုပ်စု G က အင်္ဂလန်အသင်းနဲ့ ကော်စတာ ရီကာတို့ အင်္ဂလန်မြေမှာကစားတဲ့ပွဲမှာ အင်္ဂလန်က ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရပါတယ်။ အင်္ဂလန်အသင်းအတွက် ဂိုးတွေကို Rashford နဲ့ Welbeck တို့က သွင်းယူတာပါ။

အုပ်စု B က ပေါ်တူဂီအသင်းနဲ့ အယ်လ်ဂျီးရီးယားအသင်းတို့ လစ်စ်ဘွန်းမြို့တော်မှာ ကန်တဲ့ပွဲမှာ ပေါ်တူဂီ ဘောလုံးကြယ်ပွင့် ရိုနယ်လ်ဒို တဂိုးမှ မသွင်းနိုင်ပေမဲ့လည်း ပေါ်တူဂီအသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။ ပေါ်တူဂီအတွက် Gonçalo Guedes က နှစ်ဂိုးသွင်းပေးပြီး Fernandes က တဂိုးသွင်းပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒီနှစ်မှ ဝင်ရောက်ခွင့်ရထားတဲ့ အိုက်စ်လန်နဲ့ ဒီနှစ်ဝင်ခွင့်မရတဲ့ အာဖရိက ထိပ်တန်းအသင်းတသင်းဖြစ်တဲ့ ဂါနာတို့ အိုက်စ်လန်မြေမှာကစားတဲ့ ခြေစမ်းပွဲကတော့ တဘက် နှစ်ဂိုးစီနဲ့ သရေကျသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG