သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စိတ္ခ်မ္းသာတဲ့ ကမာၻ႔ႏုိင္ငံစာရင္းမွာ ျမန္မာႏုိင္ငံ အဆင့္ ၁၂၆ ေနရာမွာရွိ


FILE - People enjoy the sunny weather on ice on the waterfront of Helsinki, Finland Feb. 14, 2021.

ကုလသမဂၢက ထုတ္ျပန္တဲ့ ကမၻာ့ေပ်ာ္ရႊင္စြာ ေနႏုိင္တဲ့ႏိုင္ငံမ်ားစာရင္းထဲမွာ Finland ႏုိင္ငံက နံပတ္ ၁ အျဖစ္နဲ့ ၅ ႀကိမ္ ဆက္တုိက္ရွိ ေနၿပီး ျမန္မာႏုိင္ငံကေတာ့ အဆင့္ ၁၂၆ ေနရာမွာရွိေနပါတယ္။  

စိတ္ခ်မ္းသာတဲ့ ကမာၻ႔ႏုိင္ငံစာရင္းမွာ ျမန္မာႏုိင္ငံ အဆင့္ ၁၂၆ ေနရာမွာရွိ

{{Zawgyi/Unicode}}

ကုလသမဂၢကေသာၾကာေန႔ ကထုတ္ျပန္တဲ့ ကမၻာ့ေပ်ာ္ရႊင္စြာ ေနႏုိင္တဲ့ႏိုင္ငံမ်ားစာရင္းထဲမွာ Finland ႏုိင္ငံက နံပတ္ ၁ အျဖစ္နဲ့ ၅ ႀကိမ္ ဆက္တုိက္ရွိ ေနၿပီး၊ အာဖဂန္နစၥတန္ႏုိင္ငံကေတာ့ နံပတ္ ၁၄၆ နဲ့စိတ္ခ်မ္းသာေပ်ာ္ရႊင္မႈ အနည္းဆုံးႏုိင္ငံအျဖစ္ေဖၚျပထားပါတယ္။ ကမာၻေပၚက ႏုိင္ငံေပါင္း ၁၄၆ ႏိုင္ငံကုိ စာရင္းျပဳစုထားတဲ့အထဲမွာ ျမန္မာႏုိင္ငံကေတာ့ အဆင့္ ၁၂၆ ေနရာမွာရွိေနပါတယ္။

ေပ်ာ္ရႊ႔င္မႈအနည္းဆုံးႏုိင္ငံေတြထဲမွာ အာဖဂန္နစၥတန္ႏုိင္ငံၿပီးရင္၊ စီးပြားေရး ပ်က္စီးက်ဆင္းေနတဲ့ လစ္ဘႏြန္ႏုိင္ငံက ဒုတိယလုိက္ပါတယ္။ တတိယကေတာ့ ဇင္ဘာေဘြႏုိင္ငံျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ၾသဂုတ္လ အာဖဂန္နစၥတန္ႏုိင္ငံမွာ တာလီဘန္ အစြန္းေရာက္ေတြျပန္လည္သိမ္းပုိက္ၿပီးေနာက္၊ စီးပြားေရးပ်က္စီးကာ လူသားခ်င္းစာနာမႈ အႀကပ္အတည္းနဲ့ရင္ဆုိင္ေနရပါတယ္။ ဒီႏွစ္ေဆာင္းရာသီအတြင္းလုံေလာက္တဲ့အကူအညီမရပါက ၅ ႏွစ္ေအာက္ကေလးငယ္ ၁ သန္းေလာက္ေသဆုံးႏုိင္တယ္လုိ႕ UNICEF ကုလသမဂၢ ကေလးမ်ားရံပုံေငြအဖဲြ႕က ခန့္မွန္းထားပါတယ္။

ျမန္မာႏုိင္ငံမွာလည္း ၂ဝ၂၁ ခုႏွစ္အတြင္း စစ္တပ္ကအာဏာသိမ္းခဲ့ၿပီး၊ စစ္ပဲြမ်ားျဖစ္ပြားကာလူသားျခင္းစာနမႈ အၾကပ္အတည္းနဲ႕ ရင္ဆုိင္ေနရပါတယ္၊

ဖင္လန္ႏုိင္ငံၿပီးရင္ ကမၻာ့အေပ်ာ္ရႊင္ဆုံးႏုိင္ငံေတြကေတာ့ Iceland နဲ Switzerland Netherland တုိ့ျဖစ္ၾက ပါတယ္။

ဒီေပ်ာ္ရႊ႔င္စြာေနႏုိင္တဲ့ႏုိင္ငံမ်ားစာရင္းကုိ ကုလသမဂၢစဥ္ဆက္မျပတ္ဖြံၿဖိဳးတုိးတက္ေရးဌာန UNSDSN ကေနထုတ္ျပန္တာျဖစ္ၿပီး၊ ၃ ႏွစ္တာကလ အတြင္းလူတဦးခ်င္း ေပ်ာ္ရႊင္မႈ၊ စီးပြားေရးအေျခအေန၊ လူမႈေရး ဆုိင္ရာ အခ်က္အလက္ေတြကုိေျခခံၿပီး စစ္တမ္းေကာက္ယူတာျဖစ္ပါတယ္။ ဒီႏွစ္အစီရင္ခံစာဟာ ၂ဝ၁၉ ခုႏွစ္ကေန ၂ဝ၂၁ ခုႏွစ္အထိျဖစ္ၿပီး၊ ၁ဝ ႀကိမ္ေျမာက္ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ ေပ်ာ္ရႊင္မႈအဆင့္အတန္း ၃ ေနရာတုိး လာခဲ့ၿပီးနံပတ္ ၁၆ ေနရာကုိေရာက္လာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................................

စိတ်ချမ်းသာတဲ့ ကမ္ဘာ့နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ အဆင့် ၁၂၆ နေရာမှာရှိ

{{Zawgyi/Unicode}}

ကုလသမဂ္ဂကသောကြာနေ့ ကထုတ်ပြန်တဲ့ ကမ္ဘာ့ပျော်ရွှင်စွာ နေနိုင်တဲ့နိုင်ငံများစာရင်းထဲမှာ Finland နိုင်ငံက နံပတ် ၁ အဖြစ်နဲ့ ၅ ကြိမ် ဆက်တိုက်ရှိ နေပြီး၊ အာဖဂန်နစ္စတန်နိုင်ငံကတော့ နံပတ် ၁၄၆ နဲ့စိတ်ချမ်းသာပျော်ရွှင်မှု အနည်းဆုံးနိုင်ငံအဖြစ်ဖေါ်ပြထားပါတယ်။ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၄၆ နိုင်ငံကို စာရင်းပြုစုထားတဲ့အထဲမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၂၆ နေရာမှာရှိနေပါတယ်။

ပျော်ရွှ့င်မှုအနည်းဆုံးနိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင်၊ စီးပွားရေး ပျက်စီးကျဆင်းနေတဲ့ လစ်ဘနွန်နိုင်ငံက ဒုတိယလိုက်ပါတယ်။ တတိယကတော့ ဇင်ဘာဘွေနိုင်ငံဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် အစွန်းရောက်တွေပြန်လည်သိမ်းပိုက်ပြီးနောက်၊ စီးပွားရေးပျက်စီးကာ လူသားချင်းစာနာမှု အကြပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ ဒီနှစ်ဆောင်းရာသီအတွင်းလုံလောက်တဲ့အကူအညီမရပါက ၅ နှစ်အောက်ကလေးငယ် ၁ သန်းလောက်သေဆုံးနိုင်တယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့က ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂ဝ၂၁ ခုနှစ်အတွင်း စစ်တပ်ကအာဏာသိမ်းခဲ့ပြီး၊ စစ်ပွဲများဖြစ်ပွားကာလူသားခြင်းစာနမှု အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်၊

ဖင်လန်နိုင်ငံပြီးရင် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေကတော့ Iceland နဲ Switzerland Netherland တို့ဖြစ်ကြ ပါတယ်။

ဒီပျော်ရွှ့င်စွာနေနိုင်တဲ့နိုင်ငံများစာရင်းကို ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေးဌာန UNSDSN ကနေထုတ်ပြန်တာဖြစ်ပြီး၊ ၃ နှစ်တာကလ အတွင်းလူတဦးချင်း ပျော်ရွှင်မှု၊ စီးပွားရေးအခြေအနေ၊ လူမှုရေး ဆိုင်ရာ အချက်အလက်တွေကိုခြေခံပြီး စစ်တမ်းကောက်ယူတာဖြစ်ပါတယ်။ ဒီနှစ်အစီရင်ခံစာဟာ ၂ဝ၁၉ ခုနှစ်ကနေ ၂ဝ၂၁ ခုနှစ်အထိဖြစ်ပြီး၊ ၁ဝ ကြိမ်မြောက်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ပျော်ရွှင်မှုအဆင့်အတန်း ၃ နေရာတိုး လာခဲ့ပြီးနံပတ် ၁၆ နေရာကိုရောက်လာခဲ့ပါတယ်။

XS
SM
MD
LG