သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီးလႊတ္ေတာ္စီးနင္းမႈ သမၼတဘိုင္ဒန္နဲ႔ ကမာၻ႔ေခါင္းေဆာင္ေတြရႈတ္ခ်


ဘရာဇီးႏိုင္ငံ လႊတ္ေတာ္၊ တရား႐ုံးခ်ဳပ္နဲ႔ သမၼတအိမ္ေတာ္ေတြကို ဝင္စီးခဲ့တဲ့ လူအုပ္ႀကီး (ဇန္နဝါရီ ၈၊ ၂၀၂၃)

ဘရာဇီးလ္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ဘရာဆီလီယာ (Brasília) မွာရွိတဲ့ ကြန္ဂရက္လႊတ္ေတာ္နဲ႔ ႐ုံးေတြကို သမၼတေဟာင္း ဂ်ိဳင္ယာ ေဘာ္ဆိုနာ႐ို (Jair Bolsonaro) ကိုေထာက္ခံတဲ့ လူအုပ္ႀကီး တနဂၤေႏြေန႔မွာ ဝင္ေရာက္စီးနင္းခဲ့တဲ့ ကိစၥဟာ ေဒါသျဖစ္ဖြယ္ရာလုပ္ရပ္လို႔ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္က ရႈတ္ခ်လိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဇန္နဝါရီလ ၁ ရက္ေန႔က က်မ္းသစၥာက်ိန္ဆိုခဲ့တဲ့ ေ႐ြးေကာက္ပြဲ အႏိုင္ရ လက္ဝဲယိမ္းသမၼတ လူဝဇ္အီနာဆီယိုလူလာဒါေဆးဗား (Luiz Inacio Lula da Silva) ကို ေထာက္ခံသြားမယ့္အေၾကာင္း သမၼတ ဘိုင္ဒန္က တြစ္တာလူမႈကြန္ယက္မွာ ေရးသား ထုတ္ျပန္ပါတယ္။
ဘရာဇီးႏိုင္ငံမွာ ေ႐ြးေကာက္ပြဲ ရႈံးနိမ္တဲ့ လက္ယာစြန္း သမၼတေဟာင္း ဂ်ိဳင္ယာ ေဘာ္ဆိုနာ႐ို (Jair Bolsonaro) ကိုေထာက္ခံသူေတြ မေန႔က လႊတ္ေတာ္၊ တရား႐ုံးခ်ဳပ္နဲ႔ သမၼတအိမ္ေတာ္ေတြကို လူစုလူေဝးနဲ႔ ဝင္စီးနင္းခဲ့ပါတယ္။ ဒီလုပ္ရပ္ဟာ ဘရာဇီးႏိုင္ငံအတြင္း ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းေရးနဲ႔ ဒီမိုကေရစီအေပၚ တိုက္ခိုက္မႈျဖစ္ၿပီး ရႈတ္ခ်တဲ့အေၾကာင္းနဲ႔ ဘရာဇီးႏိုင္ငံက ဒီမိုကေရစီနည္းက် အသင္းအဖြဲ႕အားလုံးကို အျပည့္အဝ ပံ့ပိုးေပးမယ့္အေၾကာင္း သမၼတဘိုင္ဒန္က ေရးပါတယ္။ ဘရာဇီးျပည္သူေတြရဲ႕ ဆႏၵကို ေလ်ာ့တြက္ၿပီး မထီမဲ့ျမင္မလုပ္ဖို႔လည္း သူက တိုက္တြန္းပါတယ္။

အီးယူ ဥေရာပါသမဂၢရဲ႕ ႏိုင္ငံျခားေရးမူဝါဒအႀကီးအကဲ ဂ်ိဳးဇက္ေဘာ္ရဲလ္ (Josep Borrell) ကလည္း အစိုးရ႐ုံးေတြကို အၾကမ္းဖက္သိမ္းခဲ့တဲ့ အစြန္းေရာက္လူအုပ္ႀကီးရဲ႕ တရားမဝင္လုပ္ရပ္ဆိုၿပီး ကန႔္ကြက္တဲ့အေၾကာင္း တြစ္တာလူမႈကြန္ယက္မွာေရးသားပါတယ္။ ျပင္သစ္သမၼတ အီမက္ႏ်ဴရယ္ မက္ခရြန္ (Emmanuel Macron) အျပင္ ခ်ီလီ၊ ကိုလမ္ဘီယာ၊ ဗင္နီဆြဲလား၊ မကၠဆီကို စတဲ့ ႏိုင္ငံ ေခါင္းေဆာင္ေတြကလည္း ဘရာဇီးလႊတ္ေတာ္စီးနင္းခံရမႈအေပၚ စိတ္မေကာင္းျဖစ္မိတဲ့အေၾကာင္း တုံ႔ျပန္ေျပာဆိုပါတယ္။

{Unicode}

ဘရာဇီးလွှတ်တော်စီးနင်းမှု သမ္မတဘိုင်ဒန်နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရှုတ်ချ

ဘရာဇီးလ်နိုင်ငံရဲ့ မြို့တော် ဘရာဆီလီယာ (Brasília) မှာရှိတဲ့ ကွန်ဂရက်လွှတ်တော်နဲ့ ရုံးတွေကို သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို (Jair Bolsonaro) ကိုထောက်ခံတဲ့ လူအုပ်ကြီး တနင်္ဂနွေနေ့မှာ ဝင်ရောက်စီးနင်းခဲ့တဲ့ ကိစ္စဟာ ဒေါသဖြစ်ဖွယ်ရာလုပ်ရပ်လို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ရှုတ်ချလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရ လက်ဝဲယိမ်းသမ္မတ လူဝဇ်အီနာဆီယိုလူလာဒါဆေးဗား (Luiz Inacio Lula da Silva) ကို ထောက်ခံသွားမယ့်အကြောင်း သမ္မတ ဘိုင်ဒန်က တွစ်တာလူမှုကွန်ယက်မှာ ရေးသား ထုတ်ပြန်ပါတယ်။
ဘရာဇီးနိုင်ငံမှာ ရွေးကောက်ပွဲ ရှုံးနိမ်တဲ့ လက်ယာစွန်း သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို (Jair Bolsonaro) ကိုထောက်ခံသူတွေ မနေ့က လွှတ်တော်၊ တရားရုံးချုပ်နဲ့ သမ္မတအိမ်တော်တွေကို လူစုလူဝေးနဲ့ ဝင်စီးနင်းခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ဘရာဇီးနိုင်ငံအတွင်း ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးနဲ့ ဒီမိုကရေစီအပေါ် တိုက်ခိုက်မှုဖြစ်ပြီး ရှုတ်ချတဲ့အကြောင်းနဲ့ ဘရာဇီးနိုင်ငံက ဒီမိုကရေစီနည်းကျ အသင်းအဖွဲ့အားလုံးကို အပြည့်အဝ ပံ့ပိုးပေးမယ့်အကြောင်း သမ္မတဘိုင်ဒန်က ရေးပါတယ်။ ဘရာဇီးပြည်သူတွေရဲ့ ဆန္ဒကို လျော့တွက်ပြီး မထီမဲ့မြင်မလုပ်ဖို့လည်း သူက တိုက်တွန်းပါတယ်။
အီးယူ ဥရောပါသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရဲလ် (Josep Borrell) ကလည်း အစိုးရရုံးတွေကို အကြမ်းဖက်သိမ်းခဲ့တဲ့ အစွန်းရောက်လူအုပ်ကြီးရဲ့ တရားမဝင်လုပ်ရပ်ဆိုပြီး ကန့်ကွက်တဲ့အကြောင်း တွစ်တာလူမှုကွန်ယက်မှာရေးသားပါတယ်။ ပြင်သစ်သမ္မတ အီမက်နျူရယ် မက်ခရွန် (Emmanuel Macron) အပြင် ချီလီ၊ ကိုလမ်ဘီယာ၊ ဗင်နီဆွဲလား၊ မက္ကဆီကို စတဲ့ နိုင်ငံ ခေါင်းဆောင်တွေကလည်း ဘရာဇီးလွှတ်တော်စီးနင်းခံရမှုအပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

XS
SM
MD
LG