သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Bolsonaro ေထာက္ခံသူေတြ ဘရာဇီးလ္ လႊတ္ေတာ္ ဝင္ေရာက္စီးနင္း


Supporters of Brazil's former President Jair Bolsonaro demonstrate against President Luiz Inacio Lula da Silva, in Brasilia

ဘရာဇီးလ္ႏုိင္ငံရဲ ႕ ၿမိဳ ႔ေတာ္ Brasília မွာရွိတဲ့ ကြန္ဂရက္လႊတ္ေတာ္ကို သမၼတေဟာင္း Jair Bolsonaro ကိုေထာက္ခံတဲ့ လူအုပ္ႀကီးက တနဂၤေႏြေန႔မွာ ၀င္ေရာက္စီးနင္းခဲ့ၾကပါတယ္။ ဒီလိုစီးနင္းမႈအတြက္ တာဝန္ရွိသူတိုင္းကို အေရးယူမွာ ျဖစ္ေၾကာင္း သမၼတ Luiz Inacio Lula da Silva က ေျပာပါတယ္။

“တကယ့္လူရမ္းကားေတြလိုပဲ ျမင္ျမင္သမ ွ်ဖ်က္ဆီးေနၾကပါတယ္။ လုံၿခဳံေရးမရွိလို႔ ခုလိုျဖစ္ေနတယ္လို႔ထင္ပါတယ္။ ဒီျဖစ္ရပ္မွာ အျပစ္ရွိတဲ့လူအားလုံး အျပစ္ေပးခံရပါလိမ့္မယ္လို႔ သမၼတ Lula က ဇန္န၀ါရီလ ၈ ရက္ေန႔မွာပဲကတိျပဳေျပာဆိုသြားတာပါ။

လူုအုပ္ႀကီးက လႊတ္ေတာ္ေခါင္မိုးေပၚထိတက္ၿပီး မွန္ျပတင္းေတြရိုက္ခြဲခဲ့ၾကသလို သမၼတနန္းေတာ္ နဲ႔ တရား႐ုံးခ်ဳပ္ ေရွ႔မွာလည္း လူေတြစုေ၀း ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္မွာေတာ့ ဖယ္ဒရယ္လုံၿခဳံေရးတပ္ဖြဲ႔ေတြ ၾကား၀င္ေဆာင္ရြက္ဖို႔ သမၼတ Lula ကအမိန္႔ထုတ္ျပန္ခဲ့ပါတယ္။

အခင္းျဖစ္ပြြါးခ်ိန္မွာေတာ့ ၿမိဳ႔ေတာ္ထဲမွာ သမၼတ Lula ရွိမေနပဲ Sao Paulo ျပည္နယ္ဖက္ ကို တရား၀င္ခရီးစဥ္နဲ႔ေရာက္ရွိေနတာပါ။
ဇန္န၀ါရီလ ၁ ရက္ေန႔က လက္၀ဲယိမ္းသမၼတ Luiz Inácio Lula da Silva သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီး သီတင္းတပတ္အၾကာမွာ ခုလို ဆႏၵျပသူေတြရဲ ႔ စီးနင္း၀င္ေရာက္မႈေတြ ေပၚေပါက္လာတာျဖစ္ပါတယ္။ သမၼတ Lula ေရြးေကာက္ပြဲအႏုိုင္ရခဲ့တဲ့ ေအာက္တိုဘာလ ၃၀ ရက္ေန႔ကတည္းက Bolsonaro ကိုေထာက္ခံသူေတြ လမ္းေတြကိုပိတ္ဆို႔တာ၊ ယာဥ္ေတြကို မီးတင္႐ိႈ႔တာ၊ စစ္ဖက္အေဆာက္အအုံေတြေဘးမွာ လူေတြစုေ၀းၿပီး စစ္တပ္က ၾကား၀င္ေပးဖို႔ဆိုၿပီး ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဘရာဇီးလ်နိုင်ငံရဲ့ မြို့တော် Brasília မှာရှိတဲ့ ကွန်ဂရက်လွှတ်တော်ကို သမ္မတဟောင်း Jair Bolsonaro ကိုထောက်ခံတဲ့ လူအုပ်ကြီးက တနင်္ဂနွေနေ့မှာ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ဒီလိုစီးနင်းမှုအတွက် တာဝန်ရှိသူတိုင်းကို အရေးယူမှာ ဖြစ်ကြောင်း သမ္မတ Luiz Inacio Lula da Silva က ပြောပါတယ်။

“တကယ့်လူရမ်းကားတွေလိုပဲ မြင်မြင်သမ ျှဖျက်ဆီးနေကြပါတယ်။ လုံခြုံရေးမရှိလို့ ခုလိုဖြစ်နေတယ်လို့ထင်ပါတယ်။ ဒီဖြစ်ရပ်မှာ အပြစ်ရှိတဲ့လူအားလုံး အပြစ်ပေးခံရပါလိမ့်မယ်လို့ သမ္မတ Lula က ဇန်နဝါရီလ ၈ ရက်နေ့မှာပဲကတိပြုပြောဆိုသွားတာပါ။

လူုအုပ်ကြီးက လွှတ်တော်ခေါင်မိုးပေါ်ထိတက်ပြီး မှန်ပြတင်းတွေရိုက်ခွဲခဲ့ကြသလို သမ္မတနန်းတော် နဲ့ တရားရုံးချုပ် ရှေ့မှာလည်း လူတွေစုဝေး ဆန္ဒပြခဲ့ကြပြီးတဲ့နောက်မှာတော့ ဖယ်ဒရယ်လုံခြုံရေးတပ်ဖွဲ့တွေ ကြားဝင်ဆောင်ရွက်ဖို့ သမ္မတ Lula ကအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အခင်းဖြစ်ပွါးချိန်မှာတော့ မြို့တော်ထဲမှာ သမ္မတ Lula ရှိမနေပဲ Sao Paulo ပြည်နယ်ဖက် ကို တရားဝင်ခရီးစဉ်နဲ့ရောက်ရှိနေတာပါ။
ဇန်နဝါရီလ ၁ ရက်နေ့က လက်ဝဲယိမ်းသမ္မတ Luiz Inácio Lula da Silva သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သီတင်းတပတ်အကြာမှာ ခုလို ဆန္ဒပြသူတွေရဲ့ စီးနင်းဝင်ရောက်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ သမ္မတ Lula ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကတည်းက Bolsonaro ကိုထောက်ခံသူတွေ လမ်းတွေကိုပိတ်ဆို့တာ၊ ယာဉ်တွေကို မီးတင်ရှို့တာ၊ စစ်ဖက်အဆောက်အအုံတွေဘေးမှာ လူတွေစုဝေးပြီး စစ်တပ်က ကြားဝင်ပေးဖို့ဆိုပြီး တောင်းဆိုနေကြတာဖြစ်ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG