သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻေက်ာ္ ေဘာလုံးသမား ပီလီ ဈာပန က်င္းပၿပီးစီး


ကမာၻေက်ာ္ ေဘာလုံးသမားေဟာင္း ပီလီရဲ႕ ႐ုပ္အလောင္းကို သယ္ေဆာင္လာစဥ္။

[[ ZAWGYI ]]

ကမာၻေက်ာ္ ေဘာလုံးသမား ပီလီ ဈာပန က်င္းပၿပီးစီး

ဘရာဇီးႏိုင္ငံက ကြယ္လြန္သူ ကမာၻေက်ာ္ ေဘာလုံးသမားေဟာင္း ပီလီရဲ႕ ဈာပနအခမ္းအနားကို အဂၤါေန႔က သူႀကီးျပင္းခဲ့တဲ့ Santos ၿမိဳ႕မွာ ေနာက္ဆုံးျပဳလုပ္ခဲ့ပါတယ္။ သူ႔ကို အားေပးတဲ့ သန္းနဲ႔ခ်ီတဲ့ ဘရာဇီးနဲ႔ ကမာၻအႏွံ႔က ပရိသတ္ေတြဟာလည္း ေနာက္ဆုံးႏႈတ္ဆက္ ခဲ့ၾကပါတယ္။

သူ႔ရဲ႕ ဈာပနအခမ္းအနားကို သူငယ္စဥ္က ေဘာလုံးကစားခဲ့တဲ့ Vila Belmiro အားကစားကြင္းမွာ ျပဳလုပ္ခဲ့ၿပီး၊ ဘရာဇီးႏိုင္ငံရဲ႕ သမၼတသစ္ Luiz Lnacio Lula de Silva ကိုယ္တိုင္ တက္ေရာက္ ဂုဏ္ျပဳခဲ့ပါတယ္။ အဲဒီေနာက္ သူရဲ႕႐ုပ္ကလပ္ကို Santos ၿမိဳ႕ လမ္းေတြေပၚကေနျဖတ္ၿပီး ေနာက္ဆုံးသၿဂႋဳလ္မယ့္ေနရာကို သယ္ေဆာင္သြားခဲ့ပါတယ္။

ဈာပနအခမ္းအနားကို ဘရာဇီးရဲ႕ ကမာၻေက်ာ္ ေဘာလုံးသမားေတြျဖစ္တဲ့ Ronaldo Nazario, Neymar နဲ႔ Kaka တို႔ တက္ေရာက္တာမေတြ႕ရတဲ့အတြက္ ေမးခြန္းထုတ္သူေတြလည္း ရွိပါတယ္။

ပီလီဟာ ၁၉၆၀ နဲ႔ ၇၀ ျပည့္လြန္ႏွစ္ေတြမွာ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားျဖစ္ခဲ့ၿပီး၊ သူဟာ ဘရာဇီးကို ကမာၻ႔စင္ျမင့္ေပၚကိုပထမဆုံးေရာက္ေအာင္ ပို႔ေဆာင္ခဲ့သူအျဖစ္ ဘရာဇီးျပည္သူ အေတာ္မ်ားမ်ားက မွတ္ယူၾကပါတယ္။

ပီလီဟာ အူမႀကီးကင္ဆာနဲ႔ ၂၀၂၁ ခုႏွစ္ကတည္းက ေဆး႐ုံတက္ ကုသေနခဲ့ရၿပီး၊ အခုေနာက္ဆုံး ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

သူဦးေဆာင္ပါဝင္ခဲ့တဲ့ ဘရာဇီးေဘာလုံးအသင္းဟာ ၁၉၅၈၊ ၁၉၆၂ နဲ႔ ၁၉၇၀ ခုႏွစ္ေတြမွာ ကမာၻ႔ဖလားကို ဆြတ္ခူးရယူႏိုင္ခဲ့ၿပီး၊ ပီလီဟာ ဂိုးေပါင္း ၇၇ ဂိုး သြင္းယူခဲ့ပါတယ္။

ကမာၻေက်ာ္ ေဘာလုံးသမား ပီလီ ဈာပန က်င္းပၿပီးစီ
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

ကမ္ဘာကျော် ဘောလုံးသမား ပီလီ ဈာပန ကျင်းပပြီးစီး

ဘရာဇီးနိုင်ငံက ကွယ်လွန်သူ ကမ္ဘာကျော် ဘောလုံးသမားဟောင်း ပီလီရဲ့ ဈာပနအခမ်းအနားကို အင်္ဂါနေ့က သူကြီးပြင်းခဲ့တဲ့ Santos မြို့မှာ နောက်ဆုံးပြုလုပ်ခဲ့ပါတယ်။ သူ့ကို အားပေးတဲ့ သန်းနဲ့ချီတဲ့ ဘရာဇီးနဲ့ ကမ္ဘာအနှံ့က ပရိသတ်တွေဟာလည်း နောက်ဆုံးနှုတ်ဆက် ခဲ့ကြပါတယ်။

သူ့ရဲ့ ဈာပနအခမ်းအနားကို သူငယ်စဉ်က ဘောလုံးကစားခဲ့တဲ့ Vila Belmiro အားကစားကွင်းမှာ ပြုလုပ်ခဲ့ပြီး၊ ဘရာဇီးနိုင်ငံရဲ့ သမ္မတသစ် Luiz Lnacio Lula de Silva ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီနောက် သူရဲ့ရုပ်ကလပ်ကို Santos မြို့ လမ်းတွေပေါ်ကနေဖြတ်ပြီး နောက်ဆုံးသင်္ဂြိုလ်မယ့်နေရာကို သယ်ဆောင်သွားခဲ့ပါတယ်။

ဈာပနအခမ်းအနားကို ဘရာဇီးရဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ Ronaldo Nazario, Neymar နဲ့ Kaka တို့ တက်ရောက်တာမတွေ့ရတဲ့အတွက် မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။

ပီလီဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ခဲ့ပြီး၊ သူဟာ ဘရာဇီးကို ကမ္ဘာ့စင်မြင့်ပေါ်ကိုပထမဆုံးရောက်အောင် ပို့ဆောင်ခဲ့သူအဖြစ် ဘရာဇီးပြည်သူ အတော်များများက မှတ်ယူကြပါတယ်။

ပီလီဟာ အူမကြီးကင်ဆာနဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဆေးရုံတက် ကုသနေခဲ့ရပြီး၊ အခုနောက်ဆုံး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူဦးဆောင်ပါဝင်ခဲ့တဲ့ ဘရာဇီးဘောလုံးအသင်းဟာ ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ကမ္ဘာ့ဖလားကို ဆွတ်ခူးရယူနိုင်ခဲ့ပြီး၊ ပီလီဟာ ဂိုးပေါင်း ၇၇ ဂိုး သွင်းယူခဲ့ပါတယ်။

XS
SM
MD
LG