ရုရှားနိုင်ငံဟာ ခရိုင်းမီးယားဒေသကို ယူကရိန်းနိုင်ငံကနေ တိုက်ခိုက်သိမ်းယူပြီး အန္တာရာယ်လမ်းကို သွားနေတယ်လို့ NATO မဟာမိတ် တပ်ဖွဲ့များရဲ့ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ပြောလိုက်ပါတယ်။
နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ရှေ့တိုးဆောင်ရွက်ခြင်း မလုပ်ဖို့ အားလုံးရဲ့ ဝိုင်းဝန်းပြောဆိုမှုကို ရုရှားက အလေးမထားဘူးလို့ မစ္စတာ Rasmussen မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။ ဘယ်နေတိုး မဟာမိတ်နိုင်ငံ တခုကမှ ခရိုင်းမီးယားကိစ္စကို အသိအမှတ်မပြုဘူးလို့ဆိုပြီး ဒါဟာ တရားမဝင် လုပ်ရပ်လို့လည်း သူကပြောသွားပါတယ်။
မနေ့က အင်္ဂါနေ့ အစောပိုင်းမှာပဲ ပိုလန်နိုင်ငံမှာရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Joe Biden ကလည်း ရုရှားနိုင်ငံရဲ့ လုပ်ရပ်ဟာ ကျူးကျော်မှုလို့ ဆိုလိုက်ပါတယ်။ ခရိုင်းမီးယားဒေသကို သိမ်းယူမှုနဲ့ ပတ်သက်လို့ ရုရှားရဲ့ ကျိုးကြောင်းဆင်ခြင်မှုဟာ မှားယွင်းနေတယ်လို့လည်း သူက ပြောဆိုလိုက်ပါ တယ်။
ပိုလန်ဝန်ကြီးချုပ် Donald Tusk ကလည်း အခုကိစ္စဟာ ဒေသတခုလုံးအတွက် လုံခြုံရေးပြဿနာ ဖြစ်လာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ အရှေ့ဥရောပဒေသ ကို ရောက်နေတဲ့ မစ္စတာ Biden ဟာ အက်စတိုးနီးယား၊ လက်ဗီးယားနဲ့ လစ်သူယေးနီးယား နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေတာ ပါ။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ ရုရှားအစိုးရ အရာရှိတွေ အပေါ်မှာ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ဆိုပြီး အခုလို ချမှတ်တဲ့အတွက် နောက်ဆက်တွဲ အခြေအနေတွေနဲ့ ကြုံရလိမ့်မယ် ဆိုပြီးတော့ အင်္ဂါနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို တယ်လီဖုန်းကတဆင့် ပြောဆိုခဲ့ပါတယ်။