သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် အကူအညီ ဒေါ်လာသန်း ၇၀၀ ကမ္ဘာ့ဘဏ်အတည်ပြု


အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)

မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် အခြေခံ လိုအပ်ချက်တွေနဲ့ လူမှုအကျပ်အတည်းတွေမှာ သုံးစွဲရေးတို့ပါဝင်တဲ့ စီမံကိန်း ၂ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ပေးဖို့ ကမ္ဘာ့ဘဏ် အမှုဆောင်ညွန်ကြားရေးမှူးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့ကြရတဲ့ ဖြစ်ရပ်ဟာ ကမ္ဘာ့အကြီးဆုံး လူတွေရွှေ့ပြောင်းခံရမှုတခုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထောက်ပံ့ငွေ သန်း ၇၀၀ ရဲ့ ထက်ဝက်ဖြစ်တဲ့ သန်း ၃၅၀ ကို အိမ်ရှင်လူမှုအသိုက်အဝန်းနဲ့ ရိုဟင်ဂျာတွေအတွက် လိုအပ်ချက်တွေမှာ သုံးစွဲဖို့ဖြစ်ပြီး ကျန်တဲ့ သန်း ၃၅၀ ကတော့ ရိုဟင်ဂျာတွေရဲ့ လူမှုဘဝမြင့်တင်ရေးအတွက် သုံးစွဲဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

လူဦးရေ တသန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွန်ကြားရေးမှူး Abdoulaye Seck က ပြောပါတယ်။ ရိုဟင်ဂျာပဋိပက္ခ ၇ နှစ်လောက်ကြာလာတဲ့အချိန်မှာ ရေရှည် ဖြေရှင်းရမယ့်ပြဿနာတွေရှိသလို ရှေတိုမှာ ဖြေရှင်းရမယ့် အခက်အခဲတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် အကူအညီ ဒေါ်လာသန်း ၇၀၀ ကမ္ဘာ့ဘဏ်အတည်ပြု
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG