သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာရိုဟင်ဂျာ ၄၅၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်လို့ ကုလပြော

စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

လူမျိုးရေးအခြေခံ ပဋိပက္ခတွေအရင်ကတည်းကရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အခုနောက်ထပ်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ရိုဟင်ဂျာ ‌၄ သောင်းခွဲလောက်ရှိနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ အခုရက်ပိုင်းဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သူ သောင်းနဲ့ချီ ရှိနေပြီလို့ လူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရ Elizabeth Throssell က Switzerland နိုင်ငံ Geneva မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ ၄၅၀၀၀ လောက် နတ်မြစ်ကမ်းဘေးနားမှာ ခိုလှုံနေကြရတယ်လို့ သူကပြောပါတယ်။ အကြမ်းဖက်မှုတွေ ပိုပြီးကြီးမားကျယ်ပြန့်လာမယ့် အန္တရာယ်လက်ငင်းကျရောက်နေပြီလို့ ပြောခွင့်ရ Throssell ကပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘူသီးတောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ အကြား တိုက်ပွဲတွေ အကြားမှာ အကြမ်းဖက်မှုနဲ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေအကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ အဖြစ်မျိုး နောက်ထပ် မဖြစ်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးပေးဖို့လိုနေပြီလို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက တောင်းဆိုနေတာပါ။

AA အဖွဲ့ကတော့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Tom Andrews ကတော့ ဒုက္ခသည်တွေ ထွက်ပြေးလာနိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နယ်ခြားကို ဖွင့်ပေးထားဖို့ တိုက်တွန်းထားပြီး ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ အရေးပေါ်လုပ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။

အာရက္ခတပ်တော် AA ကတော့ သူတို့ ထိန်းချုပ်နယ်မြေတွေထဲ ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေကို လူမျိုးမရွေး၊ ဘာသာမရွေး အကောင်းဆုံး ကူညီစောင့်ရှောက်ပေးနေတယ်လို့ AA ကဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ် ၂ ခုမှာ စုစုပေါင်း စစ်ဘေးဒုက္ခသည် ၂ သိန်းလောက်ရှိပြီး ၈၀% က မွတ်ဆလင်တွေဖြစ်ပြီး ၂၀% က ရခိုင်နဲ့ တခြားလူနည်းစုတွေဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်မှာရိုဟင်ဂျာ ၄၅၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်လို့ ကုလပြော
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG