သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာရွအစုရွယ္ယာေတြက်ဆင္း


Japan Financial Markets

[[Zawgyi/Unicode]]

အတိုးႏႈန္းျမင့္တက္မႈေတြနဲ႔ ေငြေၾကးေဖာင္းပြမႈေတြေၾကာင့္ Wall Street စေတာ့ရွယ္ယာေစ်းကြက္မွာ စိုးရိမ္မႈေတြတိုးလာၿပီး ဒီေန႔မွာေတာ့ အာရွ အစုရွယ္ယာေတြလည္း ဒီေန႔ ထိုးက်သြားပါတယ္။

တ႐ုတ္စီးပြားေရးေႏွးေကြးၿပီး ယူကရိန္းစစ္ပြဲေတြေနာက္ဆက္တြဲအားျဖင့္ စီးပြားေရးအက်ပ္အတည္ေတြ ဆက္တိုက္ႀကဳံလာၿပီးေနာက္ ကမာၻ႔ေစ်းကြက္ကိုပါ ႐ိုက္ခတ္လာပါတယ္။

အေမရိကန္ဘက္မွာ ေငြေခ်းေဈးႏႈန္းေတြ ေလွ်ာ့ခ်ေပးလာတာေၾကာင့္ ကမာၻ႔ေဈးကြက္အတြက္ ေမွ်ာ္လင့္ခ်က္ရွိလာေပမယ့္ ၿဗိတိန္မွာ စီးပြားဆုတ္ယုတ္လာမွာ စိုးရိမ္ေနရတုန္းပါ။

တ႐ုတ္ႏိုင္ငံရဲ႕ ကိုဗစ္ေရာဂါလုံးဝကင္းရွင္းေရး မူဝါဒ တင္းၾကပ္မူေၾကာင့္လည္း စီးပြားထိခိုက္မွာ စိုးရိမ္လာခ်ိန္မွာ ေဟာင္ေကာင္ရဲ႕ HSI ေခၚ Heng Seng အၫႊန္းကိန္းက တလအတြင္း ေန႔စဥ္က်ဆင္းႏႈန္း အျမင့္ဆုံးအျဖစ္ ၃.၈% ထိုးက်သြားခဲ့တာပါ။

ဒါ့အျပင္ Heng Seng နည္းပညာေဈးကြက္ အၫြန္းကိန္းအရလည္း နည္းပညာပစၥည္းေတြ ႐ုတ္တရက္ ထိုးေရာင္းတာျဖစ္လာၿပီး အမ်ားဆုံးထိခိုက္မူအျဖစ္ ေဈးကြက္တန္ဖိုး ၅.၂ % အထိ က်ဆင္းသြားခဲ့ပါတယ္။

တ႐ုတ္ျပည္မႀကီးဘက္က Shanghai Composite (SHCOMP) နဲ႔ Shenzhen Component ေဈးကြက္အၫႊန္းကိန္းေတြလည္း ၂% ေက်ာ္စီ ေလ်ာ့က်သြားခဲ့ၿပီး ဂ်ပန္ Nikkei ေဈးကြက္လည္း အက်နဲ႔ဖြင့္ခဲ့ရပါတယ္ ခင္ဗ်ာ။

အာရွအစုရွယ္ယာေတြက်ဆင္း
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

အာရှအစုရှယ်ယာတွေကျဆင်း

အတိုးနှုန်းမြင့်တက်မှုတွေနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် Wall Street စတော့ရှယ်ယာဈေးကွက်မှာ စိုးရိမ်မှုတွေတိုးလာပြီး ဒီနေ့မှာတော့ အာရှ အစုရှယ်ယာတွေလည်း ထိုးကျသွားပါတယ်။

တရုတ်စီးပွားရေးနှေးကွေးပြီး ယူကရိန်းစစ်ပွဲတွေနောက်ဆက်တွဲအားဖြင့် စီးပွားရေးအကျပ်အတည်တွေ ဆက်တိုက်ကြုံလာပြီးနောက် ကမ္ဘာ့ဈေးကွက်ကိုပါ ရိုက်ခတ်လာပါတယ်။

အမေရိကန်ဘက်မှာ ငွေချေးဈေးနှုန်းတွေ လျှော့ချပေးလာတာကြောင့် ကမ္ဘာ့ဈေးကွက်အတွက် မျှော်လင့်ချက်ရှိလာပေမယ့် ဗြိတိန်မှာ စီးပွားဆုတ်ယုတ်လာမှာ စိုးရိမ်နေရတုန်းပါ။

တရုတ်နိုင်ငံရဲ့ ကိုဗစ်ရောဂါလုံးဝကင်းရှင်းရေး မူဝါဒ တင်းကြပ်မူကြောင့်လည်း စီးပွားထိခိုက်မှာ စိုးရိမ်လာချိန်မှာ ဟောင်ကောင်ရဲ့ HSI ခေါ် Heng Seng အညွှန်းကိန်းက တလအတွင်း နေ့စဉ်ကျဆင်းနှုန်း အမြင့်ဆုံးအဖြစ် ၃.၈% ထိုးကျသွားခဲ့တာပါ။

ဒါ့အပြင် Heng Seng နည်းပညာဈေးကွက် အညွန်းကိန်းအရလည်း နည်းပညာပစ္စည်းတွေ ရုတ်တရက် ထိုးရောင်းတာဖြစ်လာပြီး အများဆုံးထိခိုက်မူအဖြစ် ဈေးကွက်တန်ဖိုး ၅.၂ % အထိ ကျဆင်းသွားခဲ့ပါတယ်။

တရုတ်ပြည်မကြီးဘက်က Shanghai Composite (SHCOMP) နဲ့ Shenzhen Component ဈေးကွက်အညွှန်းကိန်းတွေလည်း ၂% ကျော်စီ လျော့ကျသွားခဲ့ပြီး ဂျပန် Nikkei ဈေးကွက်လည်း အကျနဲ့ဖွင့်ခဲ့ရပါတယ် ခင်ဗျာ။

================

XS
SM
MD
LG