သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒုတိယကမၻာစစ္က နာဇီေတြအေပၚေအာင္ပြဲေန႔ ႐ုရွားမွာ က်င္းပ 


႐ုရွားသမၼတ Vladimir Putin ၇၇ ႏွစ္ေျမာက္ ဒုတိယကမၻာစစ္က နာဇီေအာင္ပြဲအထိမ္းအမွတ္ အခမ္းအနားတက္ေရာက္စဥ္။ (ေမ ၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

႐ုရွားသမၼတ ဗလာဒီမာပူတင္က ယူကရိန္းကို စစ္ေရးအရ ဝင္ေရာက္တိုက္ခိုက္ခဲ့တာဟာ အေနာက္အုပ္စုရဲ႕မူဝါဒေတြကိုတြန္းလွန္မႈနဲ႔ က်ဴးေက်ာ္မႈကိုတားဆီးဖို႔ လိုအပ္ခ်က္အျဖစ္ ေျပာဆိုလိုက္ပါတယ္။

ေမာ္စကိုၿမိဳ႕ ရင္ျပင္နီမွာျပဳလုပ္တဲ့ နာဇီေတြအေပၚ ဒုတိယကမာၻစစ္ေအာင္ပြဲ အထိမ္းအမွတ္အခမ္းအနားမွာ သမၼတပူတင္က ဆိုဗီယက္ တပ္နီေတာ္က နာဇီတပ္ေတြကို တိုက္ခိုက္ခဲ့ၾကတာနဲ႔ အခုတခါ ႐ုရွားတပ္ဖြဲ႔ေတြက ယူကရိန္းမွာ စစ္ေရးအရ အေရးယူေနတာေတြကို ႏႈိင္းယွဥ္ေျပာသြားပါတယ္။ ပူတင္ဟာ အေနာက္အုပ္စုကို ျပင္းျပင္းထန္ထန္ ျပစ္တင္သြားေပမယ့္ သူရဲ႕မဟာဗ်ဴဟာနဲ႔ ယူကရိန္းတြေနဲ႔ အေနာက္အုပ္စုဝင္တခ်ိဳ႕ စိုးရိမ္မႈရွိေနၾကတဲ့ စစ္ပြဲကို က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေအာင္ လႈံေဆာ္ေၾကညာမယ့္ အရိပ္ အေယာင္ေတာ့ ေျပာဆိုသြားျခင္းမရွိပါဘူး။

ရင္ျပင္နီမွာ ႐ုရွားတပ္ဖြဲ႔ေတြကို မိန္႔ခြန္းေျပာၾကားရာမွာ ယူကရိန္းကို ႐ုရွားတပ္ဖြဲ႔ေတြ ဝင္ေရာက္ရတာဟာ မိမိတို႔နယ္နမိတ္အနီးမွာ လာေရာက္ဖန္တီးတဲ့ ၿခိမ္းေျခာက္မႈေတြကို လုံးဝလက္မခံႏိုင္လို႔ တုံ႔ျပန္ရတာလို႔လည္း ေျပာၾကားပါတယ္။ အေမရိကန္နဲ႔ သူရဲ႕ မဟာမိတ္ေတြရဲ႕ ေထာက္ပံ့မႈနဲ႔ ယူကရိန္းႏိုင္ငံဟာ ရန္လိုမႈေတြကို ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနေၾကာင္း သမၼတပူတင္က အႀကိမ္ႀကိမ္ စြပ္စြဲခဲ့ပါတယ္။

ဒါေပမယ့္လည္း အေနာက္အုပ္စုဝင္ေတြကေတာ့ အဲဒီလို ေျပာဆိုမႈကို ျငင္းဆိုထားပါတယ္။ ဒါ့အျပင္ NATO အဖြဲ႔ တိုးခ်ခဲ့တာကို ရုတ္သိမ္းေပးၿပီး မိမိတို႔ႏိုင္ငံ လုံၿခဳံေရးအတြက္ ကတိကဝတ္ေပးဖို႔ ပ်က္ကြက္ခဲ့တဲ့အတြက္ေၾကာင့္ ရုရွားအေနနဲ႔ တျခားေရြးခ်ယ္စရာမရွိလို႔ ယူကရိန္းကို စစ္ေရးအရ ဝင္ေရာက္ရတယ္လို႔လည္း အခမ္းအနားမွာ သမၼတ ပူတင္ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဒုတိယကမ္ဘာစစ်က နာဇီတွေအပေါ်အောင်ပွဲနေ့ ရုရှားမှာ ကျင်းပ

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ အနောက်အုပ်စုရဲ့မူဝါဒတွေကိုတွန်းလှန်မှုနဲ့ ကျူးကျော်မှုကိုတားဆီးဖို့ လိုအပ်ချက် အဖြစ် ပြောဆိုလိုက်ပါတယ်။

မော်စကိုမြို့ ရင်ပြင်နီမှာပြုလုပ်တဲ့ နာဇီတွေအပေါ် ဒုတိယကမ္ဘာစစ်အောင်ပွဲ အထိမ်းအမှတ်အခမ်းအနားမှာ သမ္မတပူတင်က ဆိုဗီယက် တပ်နီတော်က နာဇီတပ်တွေကို တိုက်ခိုက်ခဲ့ကြတာနဲ့ အခုတခါ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းမှာ စစ်ရေးအရ အရေးယူနေတာတွေကို နှိုင်းယှဉ်ပြောသွားပါတယ်။ ပူတင်ဟာ အနောက်အုပ်စုကို ပြင်းပြင်းထန်ထန် ပြစ်တင်သွားပေမယ့် သူရဲ့မဟာဗျူဟာနဲ့ ယူကရိန်းတွနေဲ့ အနောက်အုပ်စုဝင်တချို့ စိုးရိမ်မှုရှိနေကြတဲ့ စစ်ပွဲကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လှုံဆော်ကြေညာမယ့် အရိပ် အယောင်တော့ ပြောဆိုသွားခြင်းမရှိပါဘူး။

ရင်ပြင်နီမှာ ရုရှားတပ်ဖွဲ့တွေကို မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်ရတာဟာ မိမိတို့နယ်နမိတ်အနီးမှာ လာရောက်ဖန်တီးတဲ့ ခြိမ်းခြောက်မှုတွေကို လုံးဝလက်မခံနိုင်လို့ တုံ့ပြန်ရတာလို့လည်း ပြောကြားပါတယ်။ အမေရိကန်နဲ့ သူရဲ့ မဟာမိတ်တွေရဲ့ ထောက်ပံ့မှုနဲ့ ယူကရိန်းနိုင်ငံဟာ ရန်လိုမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း သမ္မတပူတင်က အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့်လည်း အနောက်အုပ်စုဝင်တွေကတော့ အဲဒီလို ပြောဆိုမှုကို ငြင်းဆိုထားပါတယ်။ ဒါ့အပြင် NATO အဖွဲ့ တိုးချခဲ့တာကို ရုတ်သိမ်းပေးပြီး မိမိတို့နိုင်ငံ လုံခြုံရေးအတွက် ကတိကဝတ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် ရုရှားအနေနဲ့ တခြားရွေးချယ်စရာမရှိလို့ ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်ရတယ်လို့လည်း အခမ်းအနားမှာ သမ္မတ ပူတင်ကပြောပါတယ်။

==============

XS
SM
MD
LG