သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့မဟာဗျူဟာကျ ဆက်ဆံရေးတိုးမြှင့်ဖို့ ရုရှားသမ္မတ ကတိပြု


CHINA-RUSSIA-DIPLOMACY
CHINA-RUSSIA-DIPLOMACY

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ဘေဂျင်းမြို့မှာလက်ခံတွေ့ဆုံခဲ့တဲ့ တရုတ်သမ္မတရှိကျင့်ဖျင်က တရုတ်-ရုရှားဆက်ဆံရေးကိုချီးကျူး ပြောဆိုလိုက်ပြီး ဆက်ဆံရေးပိုမိုလေးနက်အောင် ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။

တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဥ်နဲ့ ၂ ရက်တာ အလည်အပတ်ရောက်နေတဲ့ရုရှားသမ္မတပူတင်က မိတ်ဖက်ဆက်ဆံရေးဟာ ကမ္ဘာကြီးတည်ငြိမ်စေတဲ့အချက်ဖြစ်တယ်လို့ပြောပါတယ်။ တရုတ်-ရုရှားဆက်ဆံရေးဟာ ဘယ်သူ့ကိုမှတိုက်ရိုက်ဆန့်ကျင်တာမဟုတ်ဘူးလို့လည်း နိုင်ငံပိုင် RIA Novosti သတင်းဌာနက ဖော်ပြပါတယ်။ ယူကရိန်းအခြေအနေကို ဖြေရှင်းဖို့တရုတ်နိုင်ငံရဲ့ အားထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတပူတင်က ပြောဆိုခဲ့ပြီး နောက်ဆုံးတိုးတက်မှုအခြေအနေတွေကို တရုတ်သမ္မတရှီကို အသိပေးမယ်လို့လည်းပြောပါတယ်။

၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့သလို အနောက်နိုင်ငံတွေက ရုရှားတပ်တွေပြန်ရုပ်သွားအောင်တွန်းအားပေးတဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြတာပါ။ ပဋိပက္ခတွေကိုအဖြေရှာနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ ရုရှားဘက်က ဘယ်တုန်းကမှ ငြင်းဆန်ခဲ့ခြင်းမရှိသလို ဒီပဋိပက္ခကို အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်လို့ သမ္မတပူတင်ရဲ့ ဗုဒ္ဓဟူးနေ့က ပြောဆိုချက်ကို ကိုးကားပြီးတရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကငြိမ်းချမ်းရေး အစီအစဥ်ကို အဆိုပြုတင်ပြထားသလို ဆွစ်ဇာလန်နိုင်ငံကလည်း လာမယ့်လမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပေမယ့် ရုရှားကိုတော့ ဖိတ်မထားပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG