သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-ရုရှား မဟာမိတ်ဆက်ဆံမှုတိုးမြှင့်


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ရုရှားသမ္မတပူတင်တို့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်နန်းတော်မှာ တွေ့ဆုံကြစဥ်။ (စက်တင်ဘာ ၂၀၊ ၂၀၂၃)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ရုရှားသမ္မတပူတင်တို့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်နန်းတော်မှာ တွေ့ဆုံကြစဥ်။ (စက်တင်ဘာ ၂၀၊ ၂၀၂၃)

အခု သီတင်းပတ်တွေအတွင်းမှာပဲ တရုတ်နဲ့ရုရှားခေါင်းဆောင်နှစ်ဦးဟာ သူတို့ရဲ့အနီးကပ်ဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့ကတိပြုကြရင်း အကန့်အသတ်မထားတဲ့ သူတို့ရဲ့မဟာမိတ်ဖြစ်မှုကို နှစ်ဆတိုးလိုက်သလို ရုရှားသမ္မတ Vladimir Putin ဟာလည်း ဒီနှစ်ထဲမှာပဲ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ မော်စကိုက တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတရှီကျင့်ပင်နဲ့ ရုရှားသမ္မတ Putin တို့ဟာ ဖေဖေါ်ဝါရီ ၈ ရက်က တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားရင်းနှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းလာတာကို ဂုဏ်ပြုခဲ့သလို အမေရိကန်ဟာ တခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ပါ ဝေဖန်ခဲ့တာပါ။

အခုလို ဆက်သွယ်ပြောကြားအပြီးမှာ တရုတ်သံအမတ်ကြီး ကျန်ဟန်ဟူး က ရုရှားသမ္မတ Putin ဟာ ဒီနှစ်ထဲ တရုတ်နိုင်ငံကိုသွားရောက်လည်ပတ်မှာဖြစ်သလို ဒီနှစ်အတွင်း ခေါင်းဆောင် ၂ ဦး တွေ့ဆုံဆွေးနွေးမှု အများအပြား ပြုလုပ်ဖို့ ရှိကြောင်း ရုရှားအစိုးရသတင်းဌာန Sputnik ကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ စောင့်ကြည့် အကဲခတ်သူတွေကတော့ တရုတ်နဲ့ရုရှားနှစ်နိုင်ငံဟာ အခုကာလအတွင်း သူတို့ရဲ့ ဆက်ဆံရေးကိုအသုံးချပြီး နှစ်နိုင်ငံခိုင်မာတဲ့ မဟာမိတ်ဖြစ်ကြောင်း ကမ္ဘာကိုပြသဖို့ ကြိုးစားတာလို့ သုံးသပ်ကြပါတယ်။ အခုလိုနှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ဆက်ဆံရေးရှိလာအောင် လုပ်ဆောင်နေချိန်မှာပဲ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အကန့်အသတ်တွေ ကြုံနေရတာပါ။

အခု အီးယူ-ဥရောပသမဂ္ဂက တရုတ်ပြည်မကြီးက ကုမ္မဏီသုံးခုနဲ့ ဟောင်ကောင်က ကုမ္ပဏီလေးခုကို ယူကရိန်းကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားကိုပံ့ပိုးမှုနဲ့ ဒဏ်ခတ်အရေးယူဖို့ လုပ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG