သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဂျန်းစစ်ဦးစီးချုပ် ရာထူးက ဖယ်ရှားခံရ


တရုတ်နိုင်ငံ၊ ဇင်ဂျန်းပြည်နယ်ပြမြေပုံ။
တရုတ်နိုင်ငံ၊ ဇင်ဂျန်းပြည်နယ်ပြမြေပုံ။
တရုတ်နိုင်ငံ ပီကင်းမြို့တော်က Tiananmen ရင်ပြင်မှာ ဇင်ဂျန်းပြည်နယ်က စစ်သွေးကြွတွေကြောင့်ဆိုတဲ့ ကားတိုက်မှုဖြစ်ပွားပြီးနောက် တရုတ်အာဏာရ ကွန်မြူနစ်ပါတီက ဇင်ဂျန်းပြည်နယ်ရဲ့ စစ်ဦးစီးချုပ်ကို ပြည်နယ် အုပ်ချုပ်ရေး ကောင်စီကနေ ဖယ်ရှားလိုက်ပါတယ်။

အဲဒီရာထူးမှာ ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ပြီးတဲ့ Mr. Peng Yong ကို ဖြုတ်ပစ်လိုက်တာလို့ တရုတ်အစိုးရရဲ့ ဇင်ဂျန်းနေ့စဉ်သတင်းစာမှာ ဖော်ပြ ထားပါတယ်။ ဘာ့ကြောင့် ရာထူးကဖြုတ်ပစ်လိုက်ရလဲဆိုတဲ့ အကြောင်းပြချက် ကိုတော့ သတင်းစာမှာ ဖော်ပြမထားဘဲ ပီကင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ရပ်နောက်ပိုင်း အခုလိုဖြစ်လာတာပါ။

ကျူးလွန်သူတွေဟာ တရုတ်နိုင်ငံ အနောက်ခြမ်းက အဓိက မွတ်ဆလင် တိုင်းရင်းသား မျိုးနွယ်စုဖြစ်တဲ့ ဝှီဂါစစ်သွေးကြွတွေက လုပ်ဆောင်ပြီး တရုတ် သတင်းတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုလို့ ဖော်ပြတဲ့ တိုက်ခိုက်မှုနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်တွေကို သူတို့ထပ်ပြီး ဖော်ပြနေပါတယ်။

ဇင်ဂျန်းက သတင်းတွေမှာတော့ အဲဒီက လူနည်းစု ဝှီဂါအသိုင်းအဝိုင်းတွေ နှိပ်ကွက်မှုတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ ဇင်ဂျန်းပြည်နယ်က ခွဲထွက်ရေး Islam ဝါဒီ (၈) ဦးဟာ ဒီတိုက်ခိုက်မှုအတွက် တလကြိုတင် ပြင်ဆင်နေခဲ့ပြီး သူတို့ အကြံအစည်အတွက် ပံ့ပိုးငွေပေါင်း ဒေါ်လာ ထောင်ဂဏန်းရရှိခဲ့တယ်လို့ CCTV သတင်းမှာ ပြောသွားပါတယ်။
XS
SM
MD
LG