သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရတနာနတ္မယ္ ကြယ္လြန္သြားၿပီ


၂၀၁၅ ခုနွစ္က ေတြ႔ရသည့္ ရတနာနတ္မယ္။ (ဓာတ္ပံု Courtesy)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံရဲ ႔ အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးေန၀င္းရဲ ႔ စတုထၳေျမာက္ဇနီးျဖစ္သူ ရတနာနတ္မယ္ ေခၚ June Rose Bellamy ဟာ အီတလီနုိင္ငံ၊ Florence ၿမိဳ႕မွာ အဂၤါေန႔ကကြယ္လြန္သြားေၾကာင္း သားျဖစ္သူ Michele က ဗြီအိုေအကို အတည္ျပဳေျပာဆိုပါတယ္။

ကြယ္လြန္ခ်ိန္မွာ အသက္ ၈၈ ႏွစ္ရွိၿပီျဖစ္တဲ့ ရတနာနတ္မယ္ ကြယ္လြန္ရတဲ့ အေၾကာင္းရင္း အတိအက်နဲ႔ နာေရးအစီအစဥ္ အေသးစိတ္ေတြကိုေတာ့ မသိရေသးပါဘူး။ ဒါေပမဲ့ COVID-19 ေရာဂါေၾကာင့္ ကြယ္လြန္တာ မဟုတ္ဘူးလို႔ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ျမန္မာႏုိင္ငံကို ၂၆ ႏွစ္ၾကာ တပါတီအာဏာရွင္စနစ္နဲ႔ အုပ္ခ်ဳပ္ခဲ့တဲ့ သူ႔ရဲ႕ခင္ပြန္းျဖစ္ခဲ့သူ ကြယ္လြန္သူ ဗို္လ္ခ်ဳပ္ႀကီးေဟာင္း ဦးေနဝင္းကို အာဏာရွင္အျဖစ္ သတ္မွတ္ၾကတာနဲ႔ ပတ္သက္ၿပီး ၂၀၁၅ ခုႏွစ္ ဇူလိုုင္လက ဗီြအိုေအနဲ႔ အင္တာဗ်ဴးတခုမွာ ရတနာနတ္မယ္က အခုလို ေျပာခဲ့ဖူးပါတယ္။

"သမိုင္းမွာ ရွင္းရွင္းလင္းလင္း ျဖစ္ေအာင္ေတာ့ ေျပာခ်င္ပါတယ္။ တကမၻာလံုးမွာရွိတဲ့ ဘယ္ႏိုင္ငံက အာဏာရွင္ပဲ ျဖစ္ေနပါေစ မ်ိဳးခ်စ္စိတ္ရွိသူအျဖစ္ကေန စခဲ့ၾကတာပါ။ အာဏာရွင္အျဖစ္ အခ်ိန္ၾကာလာတဲ့အခါ၊ သက္တမ္းရွည္လာတဲ့အခါ အဲဒီ မ်ိဳးခ်စ္ဆိုတဲ့ ရပ္တည္ခ်က္က တျဖည္းျဖည္းေပ်ာက္ကြယ္သြားတာပါ။ ျမန္မာျပည္နဲ႔ ဦးေနဝင္းကလည္း ဒီလိုပါပဲ။"

ရတနာနတ္မယ္ဟာ ဦးေန၀င္းနဲ႔ ၁၉၇၆ ခုႏွစ္၊ ဒီဇင္ဘာလက လက္ထပ္ခဲ့ၿပီးေတာ့ အိမ္ေထာင္သက္ လပိုင္းသာၾကာၿပီး ကြာရွင္းခဲ့ၾကပါတယ္။

လင္းပင္မင္းသားႀကီးရဲ ႔ ေျမးေတာ္ေတာ္စပ္သူ ရတနာနတ္မယ္ေခၚ June Rose Bellamy ကို ၁၉၃၂ ခု ဇြန္လ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ ႔မွာဖြားျမင္ခဲ့တာပါ။

သူဟာ ၁၉၅၄ ခုႏွစ္က အီတလီဆရာဝန္တစ္ဦးျဖစ္သူ Mario Lucia Postiglione နဲ႔ ပထမအိမ္ေထာင္ ထူေထာင္ခဲ့ပီး သားႏွစ္ေယာက္ ထြန္းကားၿပီးတဲ့ေနာက္ ၁၉၆၃ ခုႏွစ္မွာ ကြာရွင္းျပတ္စဲခဲ့ပါတယ္။

ကြယ္လြန္ခ်ိန္မွာ အီတလီႏုိင္ငံ၊ Florence ၿမိဳ႕မွာေနထိုင္ၿပီး အီတလီအစားအစာ ခ်က္ျပဳတ္နည္း သင္ၾကားေပးေနခဲ့တာျဖစ္ပါတယ္။

ရတနာနတ္မယ္ ကြယ္လြန္သြားၿပီ
please wait

No media source currently available

0:00 0:01:46 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရတနာနတ်မယ် ကွယ်လွန်သွားပြီ

မြန်မာနိုင်ငံရဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ စတုထ္ထမြောက်ဇနီးဖြစ်သူ ရတနာနတ်မယ် ခေါ် June Rose Bellamy ဟာ အီတလီနိုင်ငံ၊ Florence မြို့မှာ အင်္ဂါနေ့ကကွယ်လွန်သွားကြောင်း သားဖြစ်သူ Michele က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ရတနာနတ်မယ် ကွယ်လွန်ရတဲ့ အကြောင်းရင်း အတိအကျနဲ့ နာရေးအစီအစဉ် အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ COVID-19 ရောဂါကြောင့် ကွယ်လွန်တာ မဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံကို ၂၆ နှစ်ကြာ တပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ သူ့ရဲ့ခင်ပွန်းဖြစ်ခဲ့သူ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကို အာဏာရှင်အဖြစ် သတ်မှတ်ကြတာနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လက ဗွီအိုအေနဲ့ အင်တာဗျူးတခုမှာ ရတနာနတ်မယ်က အခုလို ပြောခဲ့ဖူးပါတယ်။

"သမိုင်းမှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တော့ ပြောချင်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ ဘယ်နိုင်ငံက အာဏာရှင်ပဲ ဖြစ်နေပါစေ မျိုးချစ်စိတ်ရှိသူအဖြစ်ကနေ စခဲ့ကြတာပါ။ အာဏာရှင်အဖြစ် အချိန်ကြာလာတဲ့အခါ၊ သက်တမ်းရှည်လာတဲ့အခါ အဲဒီ မျိုးချစ်ဆိုတဲ့ ရပ်တည်ချက်က တဖြည်းဖြည်းပျောက်ကွယ်သွားတာပါ။ မြန်မာပြည်နဲ့ ဦးနေဝင်းကလည်း ဒီလိုပါပဲ။"

ရတနာနတ်မယ်ဟာ ဦးနေဝင်းနဲ့ ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလက လက်ထပ်ခဲ့ပြီးတော့ အိမ်ထောင်သက် လပိုင်းသာကြာပြီး ကွာရှင်းခဲ့ကြပါတယ်။

လင်းပင်မင်းသားကြီးရဲ့ မြေးတော်တော်စပ်သူ ရတနာနတ်မယ်ခေါ် June Rose Bellamy ကို ၁၉၃၂ ခု ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့မှာဖွားမြင်ခဲ့တာပါ။

သူဟာ ၁၉၅၄ ခုနှစ်က အီတလီဆရာဝန်တစ်ဦးဖြစ်သူ Mario Lucia Postiglione နဲ့ ပထမအိမ်ထောင် ထူထောင်ခဲ့ပီး သားနှစ်ယောက် ထွန်းကားပြီးတဲ့နောက် ၁၉၆၃ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အီတလီနိုင်ငံ၊ Florence မြို့မှာနေထိုင်ပြီး အီတလီအစားအစာ ချက်ပြုတ်နည်း သင်ကြားပေးနေခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG