သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူရတနာနတ်မယ်အမှတ်တရ သားကြီးရဲ့ပြောစကားများ

ငယ်ရွယ်စဉ်ဘဝ ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)
ငယ်ရွယ်စဉ်ဘဝ ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)

[Zawgyi/Unicode]

ဒီဇင်ဘာလ ၁ ရက်နေ့က အီတလီနိုင်ငံ Florence မြို့မှာ ကွယ်လွန်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်မင်းသမီး ရတနာနတ်မယ်ဟာ ၁၉၇၆ က မြန်မာစစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ လက်ထပ်ခဲ့ပြီး ရက်ပေါင်း ၁၅၀ မှာ ကွာရှင်းပြတ်စဲခဲ့သူပါ။ ဒီဖြစ်ရပ်ကို လူအများစိတ်ဝင်စားကြပါတယ်။

ရတနာနတ်မယ်ရဲ့ ပထမအိမ်ထောင်နဲ့ရတဲ့ ကျန်ရစ်သူ သားကြီး Michele ကတော့ သူ့အမေ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ လက်ထပ်ခဲ့တာဟာ မြန်မာပြည်ကိုပြန်ပြီး မြန်မာနိုင်ငံအတွက်တစုံတရာ ကူညီလုပ်ကိုင်ပေးနိုင်ဖို့ အခွင့်အရေး တရပ်ကို ရယူခဲ့တာဖြစ်တယ်လို့ ကြေးမုံကို ပြောပြပါတယ်။

Michele ။ ။ အရှင်းဆုံးစကားနဲ့ပြောရရင်တော့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ လက်ထပ်တာဟာ သူ့ရဲ့ဘဝမှာ အကျိုးရှိတာ လုပ်ဖို့ ရလာတဲ့ အခွင့်အလမ်းတခုကို ယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံအတွက် တခုခုပြန်လုပ်ပေးဖို့အတွက် ပေါ်လာတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။ သူပြည်ပမှာ မလုပ်နိုင်တဲ့ကိစ္စကို မြန်မာနိုင်ငံကို ပြန်သွားပြီး လုပ်နိုင်မယ့် အခွင့်အလမ်းကောင်းတခုပါ။ တခြားအကြောင်းနဲ့ဆိုရင်တော့ သူဗိုလ်ချုပ်ကြီးနေဝင်းကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ပါဘူး။ သူအချိန်အကြာကြီးထဲက စောင့်စားနေတဲ့ အခွင့်အလမ်းတခုကို လက်လွတ်မခံဘဲ ယူခဲ့တာဖြစ်ပါတယ်။

ကြေးမုံက လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဇူလိုင် ၂၀၁၅ ခုနှစ်တုန်းက အီတလီကို သွားပြီး ရတနာနတ်မယ်နဲ့ ကိုယ်တိုင်တွေ့ ဆုံဖူးပါတယ်။ သူဟာ အင်မတန်ရင်းနှီးဖော်ရွေပြီး အချက်အပြုတ်ဝါသနာပါသူ တဦးပါ။

သူဟာ ကုန်းဘောင်မင်းဆက် ကနောင်မင်းသားကြီးရဲ့ မြစ်တော်ဖြစ်ပြီး လင်းပင်မင်းသားကြီးရဲ့ မြေးတော်ပါ။

ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့

ှုငယ်ရွယ်စဉ်ဘဝ ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)
1/7 ှုငယ်ရွယ်စဉ်ဘဝ ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အသေးစိတ် ဖတ်ရှုရန် Show less
ဝဲမှယာ) လင်းပင်ထိပ်တင်မကြီး၊ ရတနာနတ်မယ်၊ လင်းပင်ထိပ်တင်မလတ် (ဓာတ်ပုံ Courtesy)
2/7 ဝဲမှယာ) လင်းပင်ထိပ်တင်မကြီး၊ ရတနာနတ်မယ်၊ လင်းပင်ထိပ်တင်မလတ် (ဓာတ်ပုံ Courtesy)
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အသေးစိတ် ဖတ်ရှုရန် Show less
ှုငယ်ရွယ်စဉ်ဘဝ ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)
3/7 ှုငယ်ရွယ်စဉ်ဘဝ ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အသေးစိတ် ဖတ်ရှုရန် Show less
ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနှင့် လက်ထပ်သည့်သတင်းကို ထိုအချိန် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ (ဓာတ်ပုံ Courtesy)
4/7 ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနှင့် လက်ထပ်သည့်သတင်းကို ထိုအချိန် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။ (ဓာတ်ပုံ Courtesy)
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အသေးစိတ် ဖတ်ရှုရန် Show less
၂၀၁၅ ခုနှစ်က တွေ့ရသည့် ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)
5/7 ၂၀၁၅ ခုနှစ်က တွေ့ရသည့် ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အသေးစိတ် ဖတ်ရှုရန် Show less
ရတနာနတ်မယ်နှင့် ဗွီအိုအေဝိုင်းတော်သူ မကြေးမုံ။ (ဇူလိုင်၊ ၂၀၁၅) (ဓာတ်ပုံ ဗွီအိုအေ)
6/7 ရတနာနတ်မယ်နှင့် ဗွီအိုအေဝိုင်းတော်သူ မကြေးမုံ။ (ဇူလိုင်၊ ၂၀၁၅) (ဓာတ်ပုံ ဗွီအိုအေ)
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အသေးစိတ် ဖတ်ရှုရန် Show less
ရတနာနတ်မယ်နှင့် ဗွီအိုအေဝိုင်းတော်သူ မကြေးမုံ။ (ဇူလိုင်၊ ၂၀၁၅) (ဓာတ်ပုံ ဗွီအိုအေ)
7/7 ရတနာနတ်မယ်နှင့် ဗွီအိုအေဝိုင်းတော်သူ မကြေးမုံ။ (ဇူလိုင်၊ ၂၀၁၅) (ဓာတ်ပုံ ဗွီအိုအေ)
ကွယ်လွန်သူ ရတနာနတ်မယ်၏ မှတ်တမ်းဓာတ်ပုံတချို့ ~~~ ကှယျလှနျသူ ရတနာနတျမယျ၏ မှတျတမျးဓာတျပုံတခြို့။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

လင်းပင်မင်းသားရဲ့ သမီးတော် ထိပ်တင်မလတ်ဟာ မြန်မာနိုင်ငံမှာ အခြေချနေထိုင်တဲ့ သြစတြေးလျနိုင်ငံသား ရုက္ခဗေဒပညာရှင် Herbert Bellamy နဲ့ လက်ထပ်ခဲ့ပြီး ရတနာနတ်မယ်ကို ၁၉၃၂ ခုနှစ်မှာ မွေးဖွါးခဲ့တာပါ။ ဇွန်လမှာ မွေးလို့ June Rose Bellamy လို့လည်း အင်္ဂလိပ်အမည်ပေးပါတယ်။ သူ့ရဲ့ ပထမအိမ်ထောင်က WHO အဖွဲ့ကြီးရဲ့ ကျန်းမာရေးပညာရှင် Dr Mario Postiglione ဖြစ်ပြီး သား နှစ် ဦး မွေးဖွားခဲ့အပြီး ၁၉၅၄ ခုနှစ်မှာကတည်းက ပထမ အိမ်ထောင်ကွဲခဲ့ပါတယ်။ အဲဒီနောက်ပိုင်း Florence အီတလီမှာပဲ အခြေချနေထိုင်ခဲ့ရာက ၁၉၇၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ တွေ့ဆုံပြီး လက်ထပ်ထိမ်းမြားခဲ့တာပါ။

Michele ။ ။ သူမြန်မာပြည်ပြန်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းကို လက်ထပ်မယ်လို့ ပြောတာကို ကျနော် အမှတ်ရနေတုန်းပါ။ သူက သိပ်များများစားစား မပြောပါဘူး။ ဒီမှာရှိတာတွေအကုန်ထားခဲ့ပြီး ပေါ်လာတဲ့အခွင့်အလမ်းကို ယူရမယ်လို့ ပြောပါတယ်။ သူ့မိတ်ဆွေတွေ၊ သူ့သားတွေ၊ သူ့အလုပ်တွေအားလုံးကို ထားခဲ့ပြီးသွားခဲ့တာပါ။ ဒါပေမဲ့ သူရည်ရွယ်မေ ျှာ်လင့်ထားတာတွေ မလုပ်နိုင်တဲ့အခါမှာတော့ သူပြန်လာပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့က အသက် ၈၉ နှစ်အရွယ် ရတနာနတ်မယ် နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့အပြီး သားကြီး Michele ကိုကြေးမုံ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့မိခင်ဟာ ဗုဒ္ဓဘာသာဝင်တဦးအဖြစ် တသက်လုံးဖြူစင်ရိုးသားစွာ နေထိုင်ခဲ့သူဖြစ်တယ်လို့ သတိတရပြောပြပါတယ်။

Michele ။ ။ အမေဟာ ဗုဒ္ဓဘာသာကို သိပ်ကို ယုံကြည် သက်ဝင်သူဖြစ်ပါတယ်။ အာဏာမက်သူ၊ ပြိုင်ဆိုင်ချင်သူမျိုး မဟုတ်ပါဘူး။ သူက တခြားသူတွေအကျိုးအတွက်ကိုပဲ အမြဲလုပ်ပေးချင်သူမျိုးပါ။ ဒီအချက်က သိပ်ကိုအရေးကြီးပါတယ်။

သူ့အမေ ရတနာနတ်မယ်ဟာ သြဇာအာဏာမက်သူ မဟုတ်ဘဲ တပါးသူအကျိုးကို ဘာလုပ်ပေးရမလဲဆိုတာပဲ ကြည့်တတ်သူပါလို့လည်း ဆိုပါတယ်။ သားကြီး Michele နဲ့ ကြေးမုံဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကို မကြာခင် VOA က တင်ဆက်ဖို့ ရှိပါတယ်။

ကွယ်လွန်သူရတနာနတ်မယ်အမှတ်တရ သားကြီးရဲ့ပြောစကားများ
please wait

No media source currently available

0:00 0:04:28 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG