သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စူပါ Yagi မုန်တိုင်း ဟိုင်နန်ကို ဝင်ရောက်တိုက်ခတ်


တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှာ Yagi မုန်တိုင်း တိုက်ခိုက်နေစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှာ Yagi မုန်တိုင်း တိုက်ခိုက်နေစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)

အားပြင်းတဲ့ စူပါတိုင်ဖုန်းမုန်တိုင်း Yagi ဟာ လေတိုက်နှုန်း တနာရီ ၁၄၅ မိုင်နှုန်းနဲ့ သောကြာနေ့ နေ့လည်ပိုင်းမှာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း အရှေ့မြောက်ဘက် Wenchang မြို့ကို သောကြာညပိုင်းမှာ ဝင်ရောက်တိုက်ခတ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဟိုင်နန်ကျွန်းကို တိုက်ခိုက်ခဲ့တဲ့ လူ ၄၆ ဦးသေဆုံးခဲ့ရတဲ့ Rammasun တိုင်ဖုန်းမုန်းတိုင်းနောက်ပိုင်း ဒီ စူပါတိုင်ဖွန်းမုန်တိုင်း Yagi ဟာ အားအပြင်းဆုံး မုန်တိုင်းလည်းဖြစ်ပါတယ်။

ဟိုင်နန်ကျွန်းနဲ့ ဂွန်ကျိုးပြည်နယ်တွေမှာ အရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားသလို ဒေသခံ ၄၀၀,၀၀၀ ကျော်ကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားပါတယ်။ ဒီတိုင်ဖုန်းမုန်တိုင်းကို ဆယ်စုနှစ်တခု အတွင်း အပြင်းဆုံးမုန်တိုင်းအဖြစ်သတ်မှတ်ထားတာပါ။

တိုင်ဖုန်းမုန်တိုင်း Yagi ဟာ တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး စနေနေ့မှာတော့ ဗီယက်နမ်နိုင်ငံက ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ Halong Bay ဒေသကို ဦးတည်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဟောင်ကောင်မှာတော့ မုန်တိုင်းကြောင့် အစုရှယ်ယာဈေးကွက် သောကြာနေ့မှာ ပိတ်ထားသလို ကျောင်းတွေ၊ ရုံးတွေလည်း ပိတ်ထားပါတယ်။

Yagi မုန်တိုင်းကြောင့် ဒီသီတင်းပတ်အစောပိုင်း ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီး၊ မြေပြိုတာတွေကြုံခဲ့ရပြီး အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ပါတယ်။ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံမှာလည်း လူသောင်းနဲ့ချီ ဘေးလွတ်ရာပြောင်းရွှေ့ပေးထားရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG