သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး စုံစမ်းရေးမှူး Cox's Bazaar ဒုက္ခသည်စခန်းတွေ လေ့လာ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ - ၃ ရက်ကြာ သူ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဒီကနေ့မှာတော့ - Cox’s Bazar မှာရှိတဲ့ တခြားရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ထပ်မံသွားရောက်ဖို့ရှိသလို၊ အဲဒီက ဒေသခံအာဏာပိုင်တွေ၊ ပြီးတော့ ဒေသဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူတွေအပြင် နိုင်ငံတကာ NGOs တွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၂၁ ရက် အင်္ဂါနေ့ကတော့ Cox’s Bazar ဒေသက အသစ်ဆောက်လုပ်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို - ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲ အတွင်းဝန် Baki Billah နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေးအဖွဲ့ IOM က တာဝန်ရှိသူတွေနဲ့ သွားရောက်ခဲ့ပြီး ၃ နာရီကြာ အခြေအနေတွေကို မေးမြန်းစုံစမ်းခဲ့တာပါ။ လတ်တလော အဲဒီဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ၇ ထောင်လောက် ခိုလှုံနေ တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲစခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း အာဏာပိုင်တွေ ရဲ့ နယ်မြေလုံခြုံရေး ရှင်းလင်းမှု တွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာမူဆလင် ၇ သောင်းနီးပါးအထိရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် - ဒီအခြေအနေတွေကို ကိုယ်တိုင်လေ့လာစုံစမ်းဖို့ Ms. Yanghee Lee သွားရောက်တာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က ဒီခရီးစဉ်မတိုင်ခင်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တနင်္လာနေ့ကလည်း - ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali နဲ့ Ms. Yanghee Lee - ဒက္ကာမြို့မှာ တွေ့ဆုံခဲ့ ဆွေးနွေးခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali က - ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ ကိစ္စကို နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းပေးဖို့နဲ့ ရေရှည်ဖြစ်နေတဲ့ ပြဿနာအတွက် ငြိမ်းချမ်းတဲ့ အဖြေတခုရှာဖို့ လိုအပ်တယ်ဆိုတာတွေကို Ms. Yanghee Lee နဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Ms. Yanghee Lee အနေနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သူ့ခရီးစဉ်ကနေ လေ့လာတွေ့ရှိချက်တွေကို မတ်လ ၁၃ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ထံ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး မြန်မာအစိုးရကတော့ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင် အပါအဝင် စုံစမ်းရေးကော်မရှင်တွေကို ဖွဲ့စည်းထားတာပါ။ ဒါပေမဲ့လည်း အခြေအနေမှန်ကို သိရှိနိုင်ဖို့ လွတ်လပ်တဲ့ နိုင်ငံတကာက စုံစမ်းဖို့ - ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို တိုက်တွန်းနေတာဖြစ်ပါတယ်ရှင်။

ကုလလူ့အခွင့်အရေး စုံစမ်းရေးမှူး Cox's Bazaar ဒုက္ခသည်စခန်းတွေ လေ့လာ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG