သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်း ဥပဒေချုပ်ကို တာဝန်မှ ရပ်စဲ


ရန်ကုန်တိုင်း ဥပဒေချုပ် (လယ်)
ရန်ကုန်တိုင်း ဥပဒေချုပ် (လယ်)

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးကို တာဝန်က ရပ်စဲလိုက်တဲ့အကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့စွဲနဲ့ သမ္မတဦးဝင်းမြင့် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၈၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၉ တို့ပါ ပြဌာန်းချက်တွေအရ တာဝန်က ရပ်စဲ လိုက်တဲ့အကြောင်း အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့် တရားဥပဒေရေးရာ အဆင့်မြင့် တာဝန်ရှိသူတဦးကို အဂတိ လိုက် စားမှုသံသယနဲ့ ဖမ်းဆီး တရားစွဲဆိုတာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်သလို ပြည်နယ်နဲ့တိုင်းဒေသကြီး ဥပဒေချုပ်တယောက်ကို တာဝန်ကရပ်စဲတာဟာ လည်း ပြုပြင်ပြောင်းလဲရေး အစိုးရနှစ်ဆက် အတွင်း ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဦးဟန်ထူးအပါအဝင် ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (အရင် သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကိုတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ၅၆ တို့နဲ့ အမှုဖွင့် အရေးယူထားတဲ့အကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်အပြီး နောက်တရက်မှာပဲ ဦးဟန်ထူးကို တာဝန်က ရပ်စဲလိုက်တာပါ။

ပြည်နယ်နဲ့ တိုင်းဒေသကြီး ဥပဒေချုပ်တွေကို သမ္မတက အမည်စာရင်းတင်သွင်းပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေက အတည်ပြု ခန့်ထားပေးရတာဖြစ်တဲ့အတွက် အခုလို သမ္မတက အမိန့်ထုတ်ပြန်ပြီး တာဝန်က ဖယ်ရှားရတာပါ။

ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ စွဲဆိုထားတဲ့အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့ တာနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးပြီးတဲ့နောက် အဆင့်မြင့် ဥပဒေဝန်ထမ်းတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးပြီး အခုလို အမှုဖွင့် အရေးယူထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG