သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖုယွင်စက်ရုံ အလုပ်ထုတ်ခံ ၃၀ နဲ့ အလုပ်ရှင်ကြားသဘောတူ လက်မှတ်ရေးထိုးမည်


ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်း စက်မှုဇုံက ဖုယွင် အထည်ချုပ် စက်ရုံမှာ အလုပ် ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ဖို့ စက်ရုံဘက်က သဘောတူ လိုက်တာကြောင့် သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀နဲ့ အလုပ်ရှင် ကြားမှာအလုပ်ရှင် အလုပ်သမား ဥပဒေပါပြဌာန်းထားတဲ့ လိုက်နာရမယ့် သဘောတူညီချက်တွေကို ပြန်လည် လက်မှတ်ထိုးဖို့ရှိပါတယ်။ ဒီလိုတွေ ပြေလည် သွားပေမယ့်အလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေရတာ မကြာခဏ ဆိုသလိုဖြစ်နေ တာ က တည်ဆဲ ဥပဒေတွေ အားနည်လို့လို့ ထောက်ပြနေ သူတွေ ရှိပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခ က ပေးပို့ထားပါတယ်။

မနေ့က မနက်ပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖုယွင်အထည်ချုပ် လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေကို ရန်ကုန်တိုင်းရုံးမှာခေါ်တွေ့ကာ ညှိုနှိုင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီညှိနှိုင်းမှု အပြီး စက်ရုံကိုလဲ သွားရောက်ကာ လက်ရှိ အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေနဲ့ပါသွားရောက်တွေ့ဆုံကာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေနဲ့ပတ်သတ်ပြီးညှိုနှိုင်းမှုတွေ လုပ်ပေးခဲ့တာပါ။ ဒီလို လုပ်ပေး တာကြောင့် နောက်ဆုံးမှာ ပြေလည်မှုရခဲ့ပါတယ်။

အလုပ်ထုတ်ခံ လုပ်သားတွေက တောင်းဆိုချက် ၉ ချက်တောင်းဆိုထားပြီး လက်ရှိမှာ ဘယ်နှစ်ချက် သဘောတူညီခဲ့တာကြောင့် အခုလိုပြေလည်ခဲ့သလဲဆိုတာနဲ့ပတ်သတ်လို့ ဗွီအိုအေ သတင်းဌာနက မေးတဲ့ အခါ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက

"သူတို့အယောက်၃၀ကိုပြန်လက်ခံမယ်။ ကျန်တဲ့သဘောတူညီချက်ကို ဆက်ညှိမယ်။ သဘောတူညီချက်မှာတောင်းဆို ထားတာ၉ချက်ရှိခဲ့တယ်။ မူလထဲက ၆ချက် သဘောတူတယ်။ ဒီနေ့ သူတို့ကိုလက်ခံဖို့တောင်းဆိုချက် သဘောတူခဲ့ပါတယ်။ ကျန်တာတွေကတော့ လစာအကျိုးခံစားခွင့်တွေက သူတို့တခုထဲဖြစ်နေတာ မဟုတ်ဘူးအဲအတွက်ကျနော်တို့အထည်ချုပ်တွေနဲ့ ပတ်သတ်တဲ့ လစာပေးမှုကိုညှိနှိုင်းမှု လေ့လာဆန်းစစ်မှုတွေ ဆက်လုပ်နေတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ညပိုင်းက ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဘက်က ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြ အလုပ်သမားတွေက ရန်ကုန် အစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့်ခဲ့တာမှာညတွင်းချင်းမှာဘဲ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရ အဖွဲ့က သပိတ်မှောက် အလုပ်သမားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး အခုလို ဆက်လက်ညှိနှိုင်းဖို့ ဝန်ကြီးချုပ်က ကတိပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုသဘောတူညီခဲ့တာ နဲ့ပတ်သတ်လို့ အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ မသက်ထားဆွေက

"အခြေအနေ အရပ်ရပ်အားလုံး ကတော့ အဆင်ပြေမှုရခဲ့ပါတယ်။ အခုအဆင်ပြေတာ ကတော့ လုပ်သမားတွေ လုပ်ငန်းခွင်ထဲကို အားလုံးပြေပြေ လည်လည် အဆင်ပြေပြေ ဝင်ရောက်ခွင့်ရခဲ့ပါတယ် "

ဒီလို အလုပ်ရှင် အလုပ်သမားပြဿနာတွေ ဖြစ်နေရတာ မကြာခဏ ဆိုသလိုဖြစ်နေတာက တည်ဆဲ ဥပဒေတွေ အားနည်လို့ ထောက်ပြနေသူတွေရှိပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမဂ္ဂများ အဖွဲ့ချုပ် က ကိုကျော်မျိုးက လက်ရှိဖြစ်နေရတဲ့ အလုပ်သမားအလုပ်ရှင် ပြဿနာတွေနဲ့ ပတ်သတ်လို့

"ဥပဒေအားနည်းတာရယ် လုပ်ငန်းရှင်တွေက ဥပဒေအားနည်းနေတာတွေကို အခွင့်ကောင်းယူတာပေါ့။ အလုပ်သမား ဖွဲ့စည်းတာကို လက်မခံတာက ဥပဒေကြောင်း အရ အရေးယူလို့ရတယ်ဆိုပေမယ့် အဲနေရာမှာ ကြောက်လောက်တဲ့ငွေဒဏ်၊ နောက် အရေးယူမယ့် ပြစ်ဒဏ်တွေ မရှိတော့ ဥပဒေကိုဗြောင်ချိုးဖောက်နေတယ်။ နောက်လုပ်ငန်းရှင် ကတော့ ဥပဒေကို မသိတာရယ်ပေါ့"

ဖုယွင် အထည်ချုပ် စက်ရုံက အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် အလုပ်သမား ၃၀ အလုပ် ထုတ်ခံရပြီးနောက် အလုပ်သမားတွေရဲ့ မကျေမနပ် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG