သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်သက်တမ်းကုန်တော့မယ့် Prof. Yanhee Lee(တိုက်ရိုက်လေလှိုင်း)


Yanhee Lee Myanmar
Yanhee Lee Myanmar

(Zawgyi/Unicode)

မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ အထူးကိုယ်စားလှယ်တွေ တောက်လျှောက်ခန့်အပ်လာရာမှာ အခု တာဝန်ကုန်ဆုံးတော့မယ့် တောင်ကိုရီယားနိုင်ငံသူ Prof. Yanhee Lee ဟာ မြန်မာပြည်သူတွေကြားမှာတော့ အတော်လေး အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက် အရင် ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တွေနဲ့ပတ်သက်လို့ မြန်မာလူထုရဲ့ထောက်ခံမှုရခဲ့ပေမယ့်၊ Ms.Yanhee Lee လက်ထက်မှာတော့ သူ့ကို ကြိုဆိုထောက်ခံသူရှိသလိုပဲ၊ မနှစ်သက်ပဲ ဝေဖန်ကန့်ကွက်မှုတွေလည်း အတော်လေး ညံခဲ့ပါတယ်။ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ အရပ်သားအစိုးရသစ်အကြား ဆက်ဆံရေးကလည်း အတော်မပြေမပြစ်ရှိခဲ့တာပါ။

အခု လာမယ့် အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ လှုပ်ရှားမှု ရပ်တည်မှု .. စတာတွေနဲ့ ပတ်သက်လို့ သုံးသပ်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ပါဝင်ဆွေးနွေးမေးမြန်းလိုတဲ့ သောတရှင်တွေအနေနဲ့ ကိုယ့်တယ်လီဖုံးနံပတ်တွေ ကြိုတင်ပေးပို့ထားမယ်ဆိုရင် တိုက်ရိုက်လေလှိုင်းအစီအစဉ်ထုတ်လွှင့်ချိန်မှာ ခေါ်ယူပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အမြင် ကိုယ့်မေးခွန်းတွေကို စာနဲ့ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ကြိုတင်ပေးပို့ထားလို့လည်း ရပါတယ်။ ဗွီအိုအေ မြန်မာပိုင်းဖုံးနံပတ်က +1 202 382 5554 ဖြစ်ပြီး အီးမေလ်လိပ်စာက burmese@VOANews.com ဇြစ်ပါတယ်။



(Zawgyi/Unicode)



XS
SM
MD
LG