သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတ အာဏာလွှဲဖို့ ငြင်းဆန်


ယီမင်သမ္မတ အာဏာလွှဲဖို့ ငြင်းဆန်
ယီမင်သမ္မတ အာဏာလွှဲဖို့ ငြင်းဆန်

အာဏာလွှဲပေးရေး သဘောတူစာချုပ်မှာ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) က လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပြီးနောက်မှာ အာရပ်နိုင်ငံများ ကောင်စီက ကြားဝင်စေ့စပ်ရေး အားထုတ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

တနင်္ဂနွေနေ့မှာ သမ္မတက လက်မှတ်ထိုးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အတိုက်အခံတွေက စနေနေ့က လက်မှတ်ထိုးခဲ့ပေမဲ့ သမ္မတက လက်မှတ်မထိုးပေးတဲ့ နောက်မှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီက ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။

ဒီအဆိုပြု သဘောတူညီချက်မှာ သမ္မတက လက်မှတ်ထိုးဖို့ ငြင်းခဲ့တာ ၃ ကြိမ်ရှိပါပြီ။ လက်မှတ်ထိုးပြီး ရက်ပေါင်း ၃၀ အတွင်းမှာ အာဏာကို သူ့လက်ထောက်ကို လွှဲပြောင်းပေးမယ်ဆိုရင် သမ္မတကို အရေးယူမှာ မဟုတ်ဘူးလို့ သဘောတူညီချက်ထဲမှာ ကမ်းလှမ်းထားတာပါ။

အစောပိုင်းတုန်းက အစိုးရကို ထောက်ခံသူ လက်နက်ကိုင်တွေ ဝိုင်းထားလို့ ဆာနာ (Sana'a) မြို့တော်မှာရှိတဲ့ သံရုံးတခုထဲမှာ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက သံအမတ်တွေ ပိတ်မိနေခဲ့ကြပါတယ်။ သံအမတ်ကြီးတွေကို ယီမင် ရဟတ်ယာဉ်တွေနဲ့ နောက်ပိုင်းမှာ ကယ်ထုတ်ပေးခဲ့ရပါတယ်။

သမ္မတကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာဟာလည်း မြို့လယ်က ရင်ပြင်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG