သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံဆိုင္ရာ အေမရိကန္ အထူးသံတမန္ က်မ္းသစၥာက်ိန္ဆို 


အာဆီယံဆုိင္ရာ အထူးသံအမတ္ႀကီးအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီးေသာ Yohannes Abraham (ဝဲ) ႏွင့္ ဒုသမၼတ Kamala Harris (ယာ) စက္တင္ဘာ (၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားဆိုင္ရာ အေမရိကန္ အထူးသံတမန္အျဖစ္ စတင္တာဝန္ထမ္းေဆာင္ဖို႔ သံအမတ္ႀကီး Yohannes Abraham မေန႔က အေမရိကန္ ဒုသမၼတ Kamala Harris ေရွ႕ေမွာက္မွာ က်မ္းသစၥာက်ိန္ဆိုပါတယ္။
Yohannes Abraham ကို အာဆီယံဆိုင္ရာ အထူးသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ဖို႔ ၿပီးခဲ့တဲ့ ေမလမွာ သမၼတဘိုင္ဒန္ အဆိုျပဳခဲ့ၿပီး ၾသဂုတ္လဆန္းမွာ အေမရိကန္ အထက္လႊတ္ေတာ္က အသံနဲ႔ မဲခြဲအတည္ျပဳခဲ့ပါတယ္။ Yohannes ဟာ သမၼတ Biden အစိုးရရဲ႕ အမ်ိဳးသားလုံၿခဳံေရးေကာင္စီမွာ တာဝန္ယူခဲ့သလို သမၼတဘိုင္ဒန္နဲ႔ ဒုသမၼတ Harris တို႔ တာဝန္ယူစ၊ အသြင္ကူးေျပာင္းေရးအဖြဲ႕မွာလည္း ပါဝင္ခဲ့ပါတယ္။ သမၼတေဟာင္း ဘရက္အိုဘားမား ရဲ႕ အိုဘားမား ေဖာင္းေဒးရွင္းမွာ တာဝန္ယူခဲ့ဖူးသလို အရင္ အိမ္ျဖဴေတာ္ အမ်ိဳးသား စီးပြားေရးေကာင္စီ ထိပ္တန္း အႀကံေပးတဦးလည္း ျဖစ္ခဲ့ပါတယ္။

ဗာဂ်ီးနီးယားျပည္နယ္ Alexandria ၿမိဳ႕မွာေနထိုင္ၿပီး Yale တကၠသိုလ္က ဘြဲ႕ရခဲ့သူ တဦးျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ အာဆီယံႏိုင္ငံေတြအၾကား ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္လာခ်ိန္မွာ ေဒသတြင္း တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈေတြကို ခ်ိန္ခြင္လွ်ာညႇိ႔ဖို႔ ႀကိဳးစားလာခ်ိန္မွာ အာဆီယံႏိုင္ငံဆိုင္ရာ သံအမတ္ ႀကီးတာဝန္ကို ထမ္းေဆာင္တာပါ။

ျမန္မာႏိုင္ငံ ဒီမိုကေရစီအေရး အေမရိကန္ျပည္ေထာင္စုက ဖိအားေပးမႈေတြတိုးလာၿပီး ေဒသတြင္းႏိုင္ငံေတြ ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ေရး ဝိုင္းဝန္း တိုက္တြန္းေနခ်ိန္မွာပဲ သမၼတ Biden အစိုးရရဲ႕ အာဆီယံႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးတာဝန္ကို Yohannes Abraham စတင္တာဝန္ယူတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Zawgyi/Unicode]]

အာဆီယံဆိုင်ရာ အမေရိကန် အထူးသံတမန် ကျမ်းသစ္စာကျိန်ဆို

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အမေရိကန် အထူးသံတမန်အဖြစ် စတင်တာဝန်ထမ်းဆောင်ဖို့ သံအမတ်ကြီး Yohannes Abraham မနေ့က အမေရိကန် ဒုသမ္မတ Kamala Harris ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။
Yohannes Abraham ကို အာဆီယံဆိုင်ရာ အထူးသံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ ပြီးခဲ့တဲ့ မေလမှာ သမ္မတဘိုင်ဒန် အဆိုပြုခဲ့ပြီး သြဂုတ်လဆန်းမှာ အမေရိကန် အထက်လွှတ်တော်က အသံနဲ့ မဲခွဲအတည်ပြုခဲ့ပါတယ်။ Yohannes ဟာ သမ္မတ Biden အစိုးရရဲ့ အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ယူခဲ့သလို သမ္မတဘိုင်ဒန်နဲ့ ဒုသမ္မတ Harris တို့ တာဝန်ယူစ၊ အသွင်ကူးပြောင်းရေးအဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။ သမ္မတဟောင်း ဘရက်အိုဘားမား ရဲ့ အိုဘားမား ဖောင်းဒေးရှင်းမှာ တာဝန်ယူခဲ့ဖူးသလို အရင် အိမ်ဖြူတော် အမျိုးသား စီးပွားရေးကောင်စီ ထိပ်တန်း အကြံပေးတဦးလည်း ဖြစ်ခဲ့ပါတယ်။

ဗာဂျီးနီးယားပြည်နယ် Alexandria မြို့မှာနေထိုင်ပြီး Yale တက္ကသိုလ်က ဘွဲ့ရခဲ့သူ တဦးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်မှာ ဒေသတွင်း တရုတ်ရဲ့သြဇာလွှမ်းမိုးမှုတွေကို ချိန်ခွင်လျှာညှိ့ဖို့ ကြိုးစားလာချိန်မှာ အာဆီယံနိုင်ငံဆိုင်ရာ သံအမတ် ကြီးတာဝန်ကို ထမ်းဆောင်တာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အမေရိကန်ပြည်ထောင်စုက ဖိအားပေးမှုတွေတိုးလာပြီး ဒေသတွင်းနိုင်ငံတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး ဝိုင်းဝန်း တိုက်တွန်းနေချိန်မှာပဲ သမ္မတ Biden အစိုးရရဲ့ အာဆီယံနိုင်ငံဆိုင်ရာ သံအမတ်ကြီးတာဝန်ကို Yohannes Abraham စတင်တာဝန်ယူတာ ဖြစ်ပါတယ်။

XS
SM
MD
LG