သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ နျူကလီယားအစီအစဉ် ပူးပေါင်းဆောင်ရွက်ဖို့ တောင်ကိုရီးယားစီစဉ်နေ


တောင်ကိုရီးယားသမ္မတ Yoon Suk Yeol
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol

[[Zawgyi/Unicode]]

အမေရိကန် နျူကလီယားတပ်ဖွဲ့တွေနဲ့ ပူးတွဲစီမံကိန်း ရေးဆွဲလေ့ကျင့်ရေး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ဆွေးနွေးနေတယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ပြောပါတယ်။

Chosun Ilbo သတင်းစာနဲ့အင်တာဗျူးမှာ မစ္စတာ Yoon Suk Yeol က အခုလို ပြောတာပါ။ ဒါပေမဲ့ အမေရိကန်တာဝန်ရှိသူတွေကတော့ ဒါကို အတည်မပြုသေးပါဘူး။

တောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာ သတင်းအချက်အလက်တွေကိုမျှဝေပြီး ပူးတွဲ စီမံကိန်းချ၊ အတူတကွ လေ့ကျင့်သင့်တယ်လို့ မစ္စတာယွန်းက ပြောပါတယ်။ အမေရိကန်ကလည်း ဒီ စိတ်ကူးကို အပြုသဘောမြင်တယ်လို့ ဆိုပါတယ်။ Hankook သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ တောင်ကိုရီးယားပြည်သူ ၆၇ % က နျူကလီယားလက်နက်ပိုင်ဆိုင်ရေး ကို ထောက်ခံကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကတော့ နျူကလီယားထိပ်ဖူးတွေ ထပ်တိုးထုတ်မယ့်အကြောင်း ၂၀၂၃ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့သလို နောက်ထပ် တာဝေးပစ် ဒုံးကျည်အသစ်လည်း တည်ဆောက်မယ်လို့ ပြောသွားခဲ့ပါတယ်။ စစ်ရေး သုံးသပ်သူတွေကတော့ အမေရိကန်အနေနဲ့ တောင်ကိုရီးယားနဲ့ နျူကလီယား စီမံကိန်းမျှဝေလုပ်ဆောင်နိုင်ဖွယ်မရှိသေးဘူးလို့ သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

=========================

[[Unicode]]






XS
SM
MD
LG