သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း ေတာင္ပိုင္းၿမိဳ႕ႀကီးေတြကို ႐ုရွားတပ္ အျပင္းအထန္တိုက္ခိုက္ေန 


 Zaporizhzhia Nuclear ဓာတ္အားေပးစက္႐ံုမွာေစာင့္ၾကပ္ေနတဲ့ ႐ုရွားစစ္သားတဦး (ေမ ၁၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံအေရွ႕ပိုင္း Donbas ေဒသနဲ႔ ေတာင္ပိုင္းေဒသက Kherson နဲ႔ Mykolaiv ၿမိဳ႕ေတြကို ႐ုရွားတပ္ဖြဲ႔ေတြက အေျမာက္ေတြနဲ႔ အျပင္းအထန္ ပစ္ခတ္ တိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ေျပာပါတယ္။

ဒါ့အျပင္ ဥေရာပတိုက္ရဲ႕အႀကီးဆုံး Nuclear ဓါတ္အားေပးစက္႐ုံရွိရာ Zaporizhzhia ၿမိဳ႕ရဲ႕ အေရွ႕နဲ႔ ေတာင္ပိုင္းေဒသေတြကို ႐ုရွားတို႔က ေလေၾကာင္းနဲ႔ တင့္ကားေတြနဲ႔ တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီ Zaporizhzhia Nuclear ဓါတ္အားေပးစက္႐ုံအနီး ၿပီးခဲ့တဲ့ သီတင္းပတ္ကစလို႔ တင္းမာမႈေတြ ျဖစ္ေပၚေနတာမွာ ဒီစက္႐ုံကို ပစ္ခတ္တိုက္ခိုက္ေနေၾကာင္း ႏွစ္ဘက္စလံုးက အျပန္အလွန္ စြပ္စြဲ ေျပာဆိုေနၾကပါတယ္။ ယူကရိန္းကို က်ဴးေက်ာ္ တိုက္ခိုက္ၿပီး မၾကာခင္ မတ္လအတြင္းမွာပဲ ဒီစက္႐ုံကို ႐ုရွားတို႔သိမ္းပိုက္ထားခဲ့တာပါ။

စက္႐ုံအနီး ၿပီးခဲ့တဲ့ သီတင္းပတ္ကစလို႔ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေနတာေၾကာင့္ စက္႐ုံရဲ႕ ေဘးကင္း လုံျခံဳမႈကို ၿခိမ္းေျခာက္လာေနတယ္လို႔ စက္႐ုံကို လည္ပတ္ေနသူေတြက ေျပာပါတယ္။

တိုက္ခိုက္မႈေတြ ရပ္ဆိုင္းၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခြင့္မေပးရင္ ႏ်ဴကလီးယား ေဘးဒုကၡႀကီးနဲ႔ ရင္ဆိုင္ရကိန္းရွိတယ္လို႔ IAEA ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ ေအဂ်င္စီက ေျပာပါတယ္။

ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ သမၼတ Vladimir Putin ေဖေဖာ္ဝါရီလမွာ စတင္ခဲ့တဲ့ ဒီ က်ဴးေက်ာ္စစ္ကို ႐ုရွားျပည္သူေတြအေနနဲ႔ ဆန္႔က်င္ၾကဖို႔ တနဂၤေန႔က ေျပာၾကားတဲ့ ေန႔စဥ္မိန္႔ခြန္းမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။ တိတ္ဆိတ္ေနၾကတဲ့ ႐ုရွားႏိုင္ငံသားေတြဟာ စစ္ပြဲကို ေထာက္ခံသူေတြျဖစ္တယ္ လို႔လည္း သူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ယူကရိန်း တောင်ပိုင်းမြို့ကြီးတွေကို ရုရှားတပ် အပြင်းအထန်တိုက်ခိုက်နေ

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donbas ဒေသနဲ့ တောင်ပိုင်းဒေသက Kherson နဲ့ Mykolaiv မြို့တွေကို ရုရှားတပ်ဖွဲ့တွေက အမြောက်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ဒါ့အပြင် ဥရောပတိုက်ရဲ့အကြီးဆုံး Nuclear ဓါတ်အားပေးစက်ရုံရှိရာ Zaporizhzhia မြို့ရဲ့ အရှေ့နဲ့ တောင်ပိုင်းဒေသတွေကို ရုရှားတို့က လေကြောင်းနဲ့ တင့်ကားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ Zaporizhzhia Nuclear ဓါတ်အားပေးစက်ရုံအနီး ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ တင်းမာမှုတွေ ဖြစ်ပေါ်နေတာမှာ ဒီစက်ရုံကို ပစ်ခတ်တိုက်ခိုက်နေကြောင်း နှစ်ဘက်စလုံးက အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီး မကြာခင် မတ်လအတွင်းမှာပဲ ဒီစက်ရုံကို ရုရှားတို့သိမ်းပိုက်ထားခဲ့တာပါ။

စက်ရုံအနီး ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုနေတာကြောင့် စက်ရုံရဲ့ ဘေးကင်း လုံခြုံမှုကို ခြိမ်းခြောက်လာနေတယ်လို့ စက်ရုံကို လည်ပတ်နေသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်ခွင့်မပေးရင် နျူကလီးယား ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်ရကိန်းရှိတယ်လို့ IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီက ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ သမ္မတ Vladimir Putin ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ဒီ ကျူးကျော်စစ်ကို ရုရှားပြည်သူတွေအနေနဲ့ ဆန့်ကျင်ကြဖို့ တနင်္ဂနေ့က ပြောကြားတဲ့ နေ့စဉ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ တိတ်ဆိတ်နေကြတဲ့ ရုရှားနိုင်ငံသားတွေဟာ စစ်ပွဲကို ထောက်ခံသူတွေဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

XS
SM
MD
LG